MG THANT ZIN

MG THANT ZIN ကားအ​ကြောင်းစဥ်းစား

BYD က ထုတ်တဲ့ Denza Z concept နဲ့ မသိရင် lamborghini ပဲ .....
04/05/2025

BYD က ထုတ်တဲ့ Denza Z concept နဲ့ မသိရင် lamborghini ပဲ .....

13/02/2025

ဒီအကောင့်က တခါတလေ သုံးတာ

Liverpool on fire
23/12/2024

Liverpool on fire

12/07/2024

ဟုတ်တယ်ဟေ့

ပြောလိုက် ခုချိန်။ ၁၀ သိန်းက ကား တာယာ ၁ လုံးဖိုးပဲရှိတယ်လို့

Crd

🛑 မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။🛑 မင်းရဲ့အခက်အခဲတွ...
07/07/2024

🛑 မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။

ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

🛑 မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

🛑 မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကျည်းလိုက်ပါနဲ့။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။
မပါချင် မပါဘူး။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။

သေချာတာ ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

🛑 ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား....?
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား....?
လွတ်လပ်ခွင့်ပေးလိုက်။

🛑 သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။

တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

🛑 ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့။

ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူးနော်...☺☺☺
🙏🙏🙏




26/05/2024

Dubai မှာ ကားနံပါတ်တွေက ဘာကြောင့်စျေးကွာတာလဲ

23/05/2024

အရင်တိုက်မယ်ဆိုပဲ … မမတို့များနော်

22/05/2024

တခါတလေတော့လဲဖြစ်တတ်ပါတယ်တဲ့ ။

Range မကြည့်မိရင်တော့ ဒါမျိုးဖြစ်မှာ ကျိန်းသေပါပဲ

EV ကားတစ်စီး ဝယ်တော့မယ်ဆိုရင် ကိုယ်ဝယ်တဲ့ကားက ဘာတွေပါလဲ အထီးလားအမ လားသိထားသင့်ပါတယ် ။ Battery Capacity EV ကားတစ်စီးရဲ့ အ...
14/05/2024

EV ကားတစ်စီး ဝယ်တော့မယ်ဆိုရင် ကိုယ်ဝယ်တဲ့ကားက ဘာတွေပါလဲ အထီးလားအမ လားသိထားသင့်ပါတယ် ။

Battery Capacity

EV ကားတစ်စီးရဲ့ အသက်က Battery ပါ ။ မြန်မာပြည်ကိုဝင်တာ Battery က 30kwh -ကနေ 106 kWh ထိ ရှိပါတယ် ။ Ice cream လိုကားကတော့ 13.9kwh ပဲရှိလို့ထည့်မပြောတော့ပါဘူး ။

BYD seagull ဆို 30kwh 40kwh ဆိုပီး လာတယ် ။ Geely Geometry C ကတော့ 70kwh ထည့်ပေးထားပီး Zeekr X ကတော့ 66 kWh နဲ့ Zeekr 001 ကတော့ 95kwh နဲ့ လာပါတယ် ။ Voyah Free dreamer ကတော့ မြန်မာပြည်မယ် အမြင့်ဆုံး ဖြစ်မယ်ထင်ပါတယ် 108kwh battery capacity ရှိလို့ ။ ၂ စီးလုံးက ကီလို 600 လောက်ပဲ range ပြပါတယ် ။

Range (သွားနိုင်သည့်အကွာအဝေး)

ဒီမှာတော့ Battery ထက် Range ကိုအမေးများကြပါတယ် ။ Range မှာ NEDC , CLTC , WLTP ဆိုပီး သတ်မှတ်ထားတာတွေပါပါတယ် ။
ဒါကို သိသူနည်းပါတယ် ။ NEDC ကတော့ 1980 လောက်က သတ်မှတ်ခဲ့တာဖြစ်ပီးတော့ WLTP ကတော့ 2017 မှာအသစ်ပြောင်းသတ်မှတ်ခဲ့တာပါ။ များသောအားဖြင့် ဒီမှာက CLTC range နဲ့ပြောကြတာများတယ် ။ WLTP range ကတော့ အနီးစပ်ဆုံးပြထားတဲ့ကီလိုမီတာ အတိုင်းမောင်းနှင်နိုင်ပါတယ်။ အောက်က ပုံထဲမှာ ပြထားပါတယ် ။ Tesla Modle 3 ကို CLTC နဲ့ 675 km မောင်းနှင်နိုင်တယ်လို့ပြထားပေမယ့် WLTP range နဲ့ကတော့ 547km သာသွားနိုင်မှာပါ။ ဒီတော့ အရေးကြီးတာက Range ကို သေချာသိဖို့ပါ မဟုတ်ရင် ကိုယ်သွားတဲ့ခရီးနဲ့ ကုန်သွားရင်လမ်းမှာ ဒုက္ခရောက်မှာပါ။ မြန်မာပြည်မှာတော့ အနည်းဆုံး 160km ကနေ 700km ထိ​မောင်းနှင်နိုင်တယ်ရေးထားပေမယ့် 20%-30% နှုတ်ပီးသွားဖို့တိုက်တွန်းပါရစေ ။ ဉပမာ BZ4 ဆိုရင် 615 km ပြောထားပေမယ့် 400km ကျော် လောက်သာ မောင်းနိုင်တာကိုတွေ့ရမှာပါ။

kWh (horsepower)

နောက်ကနေ လိုက်တာက မော်တာ ပါ ။ မော်တာက မြင်းကောင်ရေ နဲ့ပြောရရင် ဉပမာ 160kw ထွက်တယ်ဆိုရင် 220hp လောက်ရမှာပါ။ Lexus NX 2000cc turbo နဲ့ မြင်းကောင်ရေတူတူထွက်မှာပါ။အနိမ့်ဆုံးကတော့ 55kw ကနေ 400kw ထိရှိပါတယ် ။ ဉပမာ BYD seagull က 55kw = 74 hp ပါ ။ Geely Geometry C ကတော့ 150kw (200hp ) ထွက်ပီး Zeekr X ကတော့ 315kw(428hp) ထွက်ပါတယ် ။ Toyota bZ4X ကတော့ 160kw ထွကိပါတယ်။ BYD Han ကတော့ 363kw(487hp) နဲ့ Zeekr 001 ကတော့ 400kw (537hp) ထွက်ပါတယ် ။ ဒီတော့ Han တို့ Zeekr 001 တို့ကတော့ Sport ကားတစ်စီးလိုမြန်ဆန်ပါတယ် ။

Top speed

ဒါဆို အဲ့နောက်ကနေ မှ Top speed ဆိုတာ ရှိပါတယ် ။
Top speed 80 ကနေ 200km Over ထိရှိပါတယ် ။ လီဗာ တဆုံးနင်းပီးမောင်းနိုင်တဲ့ အမြန်ဆုံး Speed ကိုပြောတာပါ။ ဉပမာ ပြောရရင် Dayun Yuehu ဆိုရင် ကီလို ၁၀၀ ထက်ပိုနင်းလို့မရပါဘူး ။ Toyota BZ4X ကတော့ 160km/h ပါ။BYD Han တို့ Zeekr 001 တို့ကတော့ 200km အထက်ကိုနင်းလို့ရနိုင်မှာပါ။

Motor

နောက်တစ်ခုကတော့ Motor တွေကို Single motor dual motor Tri motor four electric motor ထိရှိပါတယ် ။ တနည်းပြောရရင် ရှေ့ 2 ဘီးကို မော်တာ ၁ လုံးနဲ့ လည်ပေးပီး နောက် ၂ ဘီးကို မော် တာ ၁ လုံးနဲ့လည်ပေးတာပါ။ Tesla ကတော့ ၃ လံုးနဲ့ပေါ့။ အဲ Mercedes G wagon ကတော့ အဆန်းကြီး ဘီး ၁ ဘီးကို မော်တာ ၁ လုံးစီနဲ့ 4 electric motor ထည့်ပေးထားတာပါ ။ မော် တာ ၁ လုံးစီကနေ 145 hp ထွက်လို့ ၄ လုံး ကို 580hp ထွကိမှာပါ။

Fastest electric

ဒါဆိုလာပါပီ အမြန်ဆုံးတွေက ဘာလဲမေးလာမှာ ပါ အပေါ်က ကားတွေက အကုန် တရုတ်ကားတွေပါ ။ ဒါဆို Tesla အကြောင်းဘာလို့မပြောတော့ တာလဲ သူကဆရာကြီးမလို့ပါ Tri motor နဲ့ 1000hp+
ထွက်ပီးတော့ Top speed 320km/h ကျော်ထိနင်းလို့ရပါတယ် ။

0-100km

နောက်တစ်ခုကျန်နေသေးတာရှိပါသေးတယ် အမြန်ဆုံးဆိုတဲ့ 0-100 km ကို ဘယ်လောက် ရလဲဆိုတာ ပါ။ Tesla ရဲ့ Model S ကတော့ Tri motor နဲ့ က 0-100 km ကို 2.3s ပဲကြာပါတယ် ။ မြန်ပြည်ကိုဝင်တဲ့ကားထဲမှာတော့ လောလောဆယ်မှာ BYD Han ရှိပါလိမ့်မယ် သူက 0-100 km ကို 3.9 second ပဲကြာပါလိမ့်မယ် Dual motor နဲ့ပါ ။ Leap C11 က 3.94s ပါ။ Zeekr X နဲ့ Zeekr 001 ကတော့ 0-100ကို 3.8s နဲ့ပါ ။ ဒီလောက်ဆိုတော်တော်များများသိလောက်ပါပီ ။

ဒါဆို EV ကားတစ်စီး ဝယ်ရင် စာရွက်ပေါ်ကထက် အပြင်ကလက်တွေ့ အတွေ့အကြံုတွေလဲ မေးမြန်းသင့်ပါတယ် ။ စာရွက်ပေါ်က range တွေ စာရွက်ပေါ်က Speed တွေ စာရွက်ပေါ်က အာမခံ တွေထက် လက်တွေ့ကျတာတွေက တော့ကိုယ်တိုင်စမ်းမှ သိတာမလို့ နားလည်သူတွေမေးမြန်းဝယ်ယူနိုင်ကြပါစေဗျာ

မောင်သန့်ဇင်

ကားထဲ Aircon ပျက်နေရင်ပြောနော် ……
25/03/2024

ကားထဲ Aircon ပျက်နေရင်ပြောနော် ……

Alphard ကိုဘယ်လိုများတိုက်ပစ်လိုက်တာလဲကွယ်
24/03/2024

Alphard ကိုဘယ်လိုများတိုက်ပစ်လိုက်တာလဲကွယ်

23/03/2024

2024 Hiace ကို Luxury car လို ထိုင်ခုံတွေ Star light တွေဆင်ပေးလိုက်သောအခါ ….

Address

Thir Sar Road
Yangon

Telephone

+959785140079

Website

Alerts

Be the first to know and let us send you an email when MG THANT ZIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MG THANT ZIN:

Share