Ecowatts Myanmar

Ecowatts Myanmar Powering a renewable future

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မြတ်မှာမြန်မာပြည်သူ ပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ...
29/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မြတ်မှာ

မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ၊

လိုအင်ဆန္ဒများ ပြည့်ဝပြီး ကောင်းကျိုးလိုရာများ ပြည့်စုံကြပါစေလို့ Ecowatts Myanmar မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏🏻

☀️ 𝐒𝐨𝐥𝐚𝐫  တပ်မယ်ဆို 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကို ဘာကြောင့် ရွေးချယ်သင့်လဲ?☀️ နေ့စဉ်ဘဝနဲ့ စီးပွားရေးလုပ်ငန်းများ အဟန့်အတားမရှိ ပု...
21/07/2026

☀️ 𝐒𝐨𝐥𝐚𝐫 တပ်မယ်ဆို 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

☀️ နေ့စဉ်ဘဝနဲ့ စီးပွားရေးလုပ်ငန်းများ အဟန့်အတားမရှိ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် 𝐒𝐨𝐥𝐚𝐫 စွမ်းအင်ဟာ လုံခြုံစိတ်ချရဆုံး စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်လာပါပြီ။ 💡

ရေရှည်မှာ 💰 သက်သာစိတ်ချရပြီး ထိရောက်မှုအပြည့်ရှိတဲ့ 𝐒𝐨𝐥𝐚𝐫 စနစ်တစ်ခု ပိုင်ဆိုင်နိုင်ဖို့ အရည်အသွေးမြင့် ပစ္စည်းများနှင့် 🛠️ စနစ်ကျသော ကျွမ်းကျင်အဖွဲ့အစည်းကို ရွေးချယ်တာက ✅ အကောင်းဆုံး ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

✨ 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ဆို...

👨‍🔧 ကျွမ်းကျင်အင်ဂျင်နီယာများ

သင့်အိမ်နဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ လျှပ်စစ်အသုံးပြုမှုကို သေချာတွက်ချက်ပြီး အထိရောက်ဆုံး 𝐒𝐨𝐥𝐚𝐫 𝐒𝐲𝐬𝐭𝐞𝐦 ကို ဒီဇိုင်းဆွဲ၊ တပ်ဆင်ပေးပါတယ်။

🔋 အရည်အသွေးမြင့် ပစ္စည်းများကိုသာ အသုံးပြုတာကြောင့် ရေရှည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

🛠️ 𝐄𝐧𝐝-𝐭𝐨-𝐄𝐧𝐝 𝐒𝐞𝐫𝐯𝐢𝐜𝐞

𝐒𝐢𝐭𝐞 𝐒𝐮𝐫𝐯𝐞𝐲၊ 𝐃𝐞𝐬𝐢𝐠𝐧၊ 𝐈𝐧𝐬𝐭𝐚𝐥𝐥𝐚𝐭𝐢𝐨𝐧 ကနေ အသုံးပြုပုံရှင်းပြပေးတဲ့အထိ အစအဆုံး ဝန်ဆောင်မှုပေးပါတယ်။

🤝 𝐀𝐟𝐭𝐞𝐫-𝐒𝐚𝐥𝐞𝐬 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞

တပ်ဆင်ပြီးတဲ့နောက်ပိုင်းမှာလည်း 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 နဲ့ 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐒𝐮𝐩𝐩𝐨𝐫𝐭 ကို ဆက်လက်ပံ့ပိုးပေးတာကြောင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။

💰 ကုန်ကျစရိတ်သက်သာပြီး စွမ်းအင်လွတ်လပ်မှုရရှိ

လစဉ် လျှပ်စစ်ခကို လျှော့ချနိုင်ရုံသာမက မီးပျက်ချိန်တွေမှာလည်း အဆင်ပြေစွာ အသုံးပြုနိုင်တဲ့ ကိုယ်ပိုင်စွမ်းအင်စနစ်ကို ပိုင်ဆိုင်နိုင်ပါတယ်။

🌞 အရည်အသွေး၊ ယုံကြည်မှုနဲ့ ရေရှည်အသုံးခံတဲ့ 𝐒𝐨𝐥𝐚𝐫 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 ကို ရွေးချယ်ချင်တယ်ဆိုရင် 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။

📍 အမှတ် (၃၂၄)၊ ကောလိယလမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့

📞 𝟎𝟗 𝟖𝟖𝟓 𝟓𝟑𝟐𝟑𝟐𝟑 . 𝟎𝟗 𝟖𝟖𝟓𝟓 𝟒 𝟐𝟑𝟐𝟑

16/07/2026

မအူပင်မြို့နယ် အေးချမ်းသာ Hotel
Deye30 kW Maintenance
#မအူပင် Ecowatts Myanmar

အေးမြတဲ့အရသာတိုင်းရဲ့ နောက်ကွယ်မှာ ယုံကြည်စိတ်ချရတဲ့ 𝐏𝐨𝐰𝐞𝐫 𝐒𝐲𝐬𝐭𝐞𝐦 တစ်ခု ရှိပါတယ်။ ❄️⚡𝐋𝐢𝐪𝐮𝐨𝐫 𝐒𝐭𝐨𝐫𝐞 တစ်ဆိုင်အတွက် အရည်အသွေ...
14/07/2026

အေးမြတဲ့အရသာတိုင်းရဲ့ နောက်ကွယ်မှာ ယုံကြည်စိတ်ချရတဲ့ 𝐏𝐨𝐰𝐞𝐫 𝐒𝐲𝐬𝐭𝐞𝐦 တစ်ခု ရှိပါတယ်။ ❄️⚡

𝐋𝐢𝐪𝐮𝐨𝐫 𝐒𝐭𝐨𝐫𝐞 တစ်ဆိုင်အတွက် အရည်အသွေးဆိုတာ ထုတ်ကုန်ကောင်းရုံနဲ့ မပြီးပါဘူး။ မီးပျက်ချိန်မှာတောင် အကောင်းဆုံးအခြေအနေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ဒါကြောင့် တောင်ဒဂုံမြိုနယ်မှာ ရှိတဲ့ 𝐇𝐞𝐢𝐧 𝟓𝟓 𝐋𝐢𝐪𝐮𝐨𝐫 𝐒𝐭𝐨𝐫𝐞 အတွက် 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ယုံကြည်စိတ်ချရတဲ့ 𝐁𝐚𝐜𝐤𝐮𝐩 𝐏𝐨𝐰𝐞𝐫 𝐒𝐲𝐬𝐭𝐞𝐦 ကို တပ်ဆင်ပေးခဲ့ပါတယ်။

𝐈𝐧𝐬𝐭𝐚𝐥𝐥𝐞𝐝 𝐒𝐲𝐬𝐭𝐞𝐦 ⚡ 𝐆𝐫𝐨𝐰𝐚𝐭𝐭 𝐒𝐏𝐅 𝟔𝟎𝟎𝟎 𝐄𝐒 𝐏𝐥𝐮𝐬 𝟔𝐤𝐖 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫
🔋 𝐋𝐕𝐓𝐎𝐏𝐒𝐔𝐍 𝐋𝐕𝐓𝐒𝟓𝟏𝟐𝟑𝟏𝟒 𝐆𝟑 𝟓𝟏.𝟐𝐕 𝟑𝟏𝟒𝐀𝐡 (𝟏𝟔𝐤𝐖𝐡) 𝐋𝐢𝐅𝐞𝐏𝐎₄ 𝐁𝐚𝐭𝐭𝐞𝐫𝐲

𝐆𝐫𝐨𝐰𝐚𝐭𝐭 𝟔𝐤𝐖 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫 နှင့် 𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 မြင့်မားတဲ့ 𝐋𝐕𝐓𝐎𝐏𝐒𝐔𝐍 𝐋𝐢𝐅𝐞𝐏𝐎₄ 𝐁𝐚𝐭𝐭𝐞𝐫𝐲 ကို အသုံးပြုထားတာကြောင့် မီးပြတ်ချိန်မှာတောင် ရေခဲသေတ္တာများ၊ မီးအလင်းရောင်နှင့် လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းများကို တည်ငြိမ်စွာ ဆက်လက်အသုံးပြုနိုင်ပြီး လုပ်ငန်းလည်ပတ်မှုကို အနှောင့်အယှက်မဖြစ်စေပါဘူး။

𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့က စနစ်တကျ ဒီဇိုင်းရေးဆွဲပြီး သေသပ်လုံခြုံစွာ တပ်ဆင်ပေးထားတာကြောင့် ရေရှည်အသုံးပြုမှုအတွက်လည်း စိတ်ချယုံကြည်နိုင်ပါတယ်။

𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ လူနေအိမ်၊ ဆိုင်ခန်း၊ စားသောက်ဆိုင်၊ ရုံးခန်းနှင့် လုပ်ငန်းအမျိုးမျိုးအတွက် ယုံကြည်စိတ်ချရတဲ့ 𝐁𝐚𝐜𝐤𝐮𝐩 𝐏𝐨𝐰𝐞𝐫 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 များကို လိုအပ်ချက်နဲ့ကိုက်ညီအောင် ဒီဇိုင်းရေးဆွဲကာ ကျွမ်းကျင်စွာ တပ်ဆင်ပေးလျက်ရှိပါတယ်။

📞 𝟎𝟗 𝟖𝟖𝟓𝟓 𝟑 𝟐𝟑𝟐𝟑 . 𝟎𝟗 𝟖𝟖𝟓𝟓 𝟒 𝟐𝟑 𝟐𝟑
📍 𝐍𝐨.𝟑𝟐𝟒, 𝐊𝐚𝐰𝐥𝐢𝐲𝐚 𝐒𝐭, 𝟏𝟑 𝐖𝐚𝐫𝐝, 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚, 𝐘𝐚𝐧𝐠𝐨𝐧. See less

𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 – 𝐏𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐚 𝐫𝐞𝐧𝐞𝐰𝐚𝐛𝐥𝐞 𝐟𝐮𝐭𝐮𝐫𝐞

စားသောက်ဆိုင်တစ်ဆိုင်မှာ မီးပြတ်သွားရင် ဘာတွေဖြစ်နိုင်မလဲ။ပွဲမှာယူထားတဲ့ အော်ဒါတွေ နောက်ကျနိုင်တယ်၊ မီးဖိုလုပ်ငန်းတွေ ရပ...
13/07/2026

စားသောက်ဆိုင်တစ်ဆိုင်မှာ မီးပြတ်သွားရင် ဘာတွေဖြစ်နိုင်မလဲ။

ပွဲမှာယူထားတဲ့ အော်ဒါတွေ နောက်ကျနိုင်တယ်၊ မီးဖိုလုပ်ငန်းတွေ ရပ်တန့်သွားနိုင်တယ်၊ ဖောက်သည်တွေလည်း အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါပေမယ့် တာမွေမြို့နယ်၊ ကျောက်မြောင်းရှိ #ငွေကျိုင်းတုံစားသောက်ဆိုင်တစ်ဆိုင်မှာတော့ ဒီလိုအခက်အခဲတွေကို 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐁𝐚𝐜𝐤𝐮𝐩 𝐏𝐨𝐰𝐞𝐫 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 နဲ့ ယုံကြည်စိတ်ချစွာ ဖြေရှင်းနိုင်ခဲ့ပါပြီ။

ဒီ Project အတွက် 𝐆𝐫𝐨𝐰𝐚𝐭𝐭 𝟔𝐤𝐖 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫 နဲ့ 𝐋𝐯𝐭𝐨𝐩𝐬𝐮𝐧 𝐆𝟑 𝐋𝐢𝐭𝐡𝐢𝐮𝐦 𝐁𝐚𝐭𝐭𝐞𝐫𝐲 (𝟑𝟏𝟒𝐀𝐡) ကို အသုံးပြုပြီး တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့ 𝐁𝐚𝐜𝐤𝐮𝐩 𝐏𝐨𝐰𝐞𝐫 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 ကို တပ်ဆင်ပေးထားပါတယ်။

မီးပြတ်သွားချိန်မှာလည်း 𝐁𝐚𝐜𝐤𝐮𝐩 𝐏𝐨𝐰𝐞𝐫 က အလိုအလျောက် အလုပ်လုပ်ပေးတာကြောင့် လုပ်ငန်းလည်ပတ်မှု မရပ်တန့်ဘဲ ဆက်လက်ဆောင်ရွက်နိုင်သလို၊ မရှိမဖြစ် လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေကိုလည်း တည်ငြိမ်စွာ အသုံးပြုနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ နေအိမ်၊ ဆိုင်ခန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အရည်အသွေးမြင့် 𝐁𝐚𝐜𝐤𝐮𝐩 𝐏𝐨𝐰𝐞𝐫 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 တွေကို 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ကျွမ်းကျင်တဲ့ ဝန်ဆောင်မှုနဲ့ အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါတယ်။

📞 𝟎𝟗 𝟖𝟖𝟓𝟓 𝟑 𝟐𝟑𝟐𝟑 . 𝟎𝟗 𝟖𝟖𝟓𝟓 𝟒 𝟐𝟑 𝟐𝟑
📍 𝐍𝐨.𝟑𝟐𝟒, 𝐊𝐚𝐰𝐥𝐢𝐲𝐚 𝐒𝐭, 𝟏𝟑 𝐖𝐚𝐫𝐝, 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚, 𝐘𝐚𝐧𝐠𝐨𝐧. See less

𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 – 𝐏𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐚 𝐫𝐞𝐧𝐞𝐰𝐚𝐛𝐥𝐞 𝐟𝐮𝐭𝐮𝐫𝐞

🌧️ မိုးရာသီရောက်ပြီဆိုတော့ 𝗦𝗼𝗹𝗮𝗿 𝗣𝗮𝗻𝗲𝗹 ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။ "မိုးရွာနေတော့ 𝗦𝗼𝗹𝗮𝗿 𝗣𝗮𝗻𝗲𝗹 က သန့်ရှင်းသွားမှာပဲ" ...
08/07/2026

🌧️ မိုးရာသီရောက်ပြီဆိုတော့ 𝗦𝗼𝗹𝗮𝗿 𝗣𝗮𝗻𝗲𝗹 ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။

"မိုးရွာနေတော့ 𝗦𝗼𝗹𝗮𝗿 𝗣𝗮𝗻𝗲𝗹 က သန့်ရှင်းသွားမှာပဲ" လို့ တွေးမိတတ်ပါတယ်။

ဒါပေမယ့် မိုးရေက ဖုန်မှုန့်တချို့ကို ဆေးကြောပေးနိုင်ပေမယ့် သစ်ရွက်၊ ငှက်အညစ်အကြေးနဲ့ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကိုတော့ အပြည့်အဝ ဖယ်ရှားပေးနိုင်တာ မဟုတ်ပါဘူး။

ဒီလိုအညစ်အကြေးတွေ စုပုံလာတဲ့အခါ 𝗦𝗼𝗹𝗮𝗿 𝗣𝗮𝗻𝗲𝗹 က နေရောင်ခြည်ကို အရင်လို ထိထိရောက်ရောက် မစုပ်ယူနိုင်တော့ဘဲ စနစ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။

ကားတစ်စီးကို ပုံမှန်ဆေးကြောပြီး ဂရုစိုက်သလိုပဲ 𝗦𝗼𝗹𝗮𝗿 𝗦𝘆𝘀𝘁𝗲𝗺 ကိုလည်း အချိန်အခါအလိုက် သန့်ရှင်းရေးလုပ်ပေးတာက ရေရှည်အသုံးပြုဖို့ ပိုအဆင်ပြေစေပါတယ်။

𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာတော့ 𝗦𝗼𝗹𝗮𝗿 𝗣𝗮𝗻𝗲𝗹 𝗖𝗹𝗲𝗮𝗻𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ကို ကျွမ်းကျင်တဲ့အဖွဲ့နဲ့ ဝန်ဆောင်မှုပေးနေပါတယ်။ သန့်ရှင်းရေးအပြင် အခြေခံစစ်ဆေးမှုတွေလည်း ပြုလုပ်ပေးတာကြောင့် သင့် Solar System ကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာပါ။

📩 မိုးရာသီအတွင်း 𝗦𝗼𝗹𝗮𝗿 𝗣𝗮𝗻𝗲𝗹 ကို ဂရုစိုက်ချင်တယ်ဆိုရင် 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

📞 𝟎𝟗 𝟖𝟖𝟓𝟓 𝟑 𝟐𝟑𝟐𝟑 . 𝟎𝟗 𝟖𝟖𝟓𝟓 𝟒 𝟐𝟑 𝟐𝟑
📍 𝐍𝐨.𝟑𝟐𝟒, 𝐊𝐚𝐰𝐥𝐢𝐲𝐚 𝐒𝐭, 𝟏𝟑 𝐖𝐚𝐫𝐝, 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚, 𝐘𝐚𝐧𝐠𝐨𝐧. See less

🌞 နယ်မြို့၊ ကျေးရွာဒေသမှာ နေလို့ Solar တပ်ဆင်ဖို့ အခက်အခဲရှိမယ်လို့ ထင်နေပါသလား?📍 စိတ်ပူစရာ မလိုတော့ပါဘူး! 🚚 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌...
03/07/2026

🌞 နယ်မြို့၊ ကျေးရွာဒေသမှာ နေလို့ Solar တပ်ဆင်ဖို့ အခက်အခဲရှိမယ်လို့ ထင်နေပါသလား?
📍 စိတ်ပူစရာ မလိုတော့ပါဘူး!

🚚 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 က မြို့တွင်းသာမက နယ်မြို့များနှင့် ကျေးရွာဒေသများအထိ အရောက်လာရောက်ကာ Solar System များကို ကျွမ်းကျင်စွာ တပ်ဆင်ပေးနေပါတယ်။

🏡 အိမ်သုံး၊ 🏪 ဆိုင်သုံး၊ 🌾 စိုက်ပျိုးရေးလုပ်ငန်းသုံး၊ 🏭 လုပ်ငန်းသုံး စတဲ့ လိုအပ်ချက်အမျိုးမျိုးအတွက် သင့်တော်တဲ့ 𝐒𝐨𝐥𝐚𝐫 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 ကို သေချာအကြံပေးပြီး အရည်အသွေးမြင့် ပစ္စည်းများဖြင့် စနစ်တကျ တပ်ဆင်ပေးလျက်ရှိပါတယ်။

💚 နေရာဝေးလို့ Service မရမှာ၊ အခက်အခဲရှိမှာဆိုတဲ့ စိုးရိမ်မှုတွေ မလိုတော့ပါဘူး။ 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ကျွမ်းကျင်အဖွဲ့က နေရာဒေသမရွေး အကောင်းဆုံးဝန်ဆောင်မှုကို ပေးနိုင်ဖို့ အမြဲအသင့်ရှိနေပါတယ်။

⚡ မီးပြတ်တဲ့အချိန်တွေမှာလည်း စိတ်အေးချမ်းစွာ အသုံးပြုနိုင်ဖို့ ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းအတွက် တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအင်ကို Solar နဲ့ စတင်အသုံးပြုလိုက်ပါ။

📞 ဘယ်ဒေသမှာပဲ ရှိရှိ Solar တပ်ဆင်ဖို့ စိတ်ကူးရှိတယ်ဆိုရင် 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကို အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။ 🚚 သင့်နေရာအရောက် ဝန်ဆောင်မှုပေးပြီး ယုံကြည်စိတ်ချရတဲ့ 𝐒𝐨𝐥𝐚𝐫 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 ကို အကောင်းဆုံး တပ်ဆင်ပေးသွားပါမယ်။ ☀️💚

📞 𝟎𝟗 𝟖𝟖𝟓𝟓 𝟑 𝟐𝟑𝟐𝟑 . 𝟎𝟗 𝟖𝟖𝟓𝟓 𝟒 𝟐𝟑 𝟐𝟑

📍 𝐍𝐨.𝟑𝟐𝟒, 𝐊𝐚𝐰𝐥𝐢𝐲𝐚 𝐒𝐭, 𝟏𝟑 𝐖𝐚𝐫𝐝, 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚, 𝐘𝐚𝐧𝐠𝐨𝐧.

⛈️☀️ မိုးရွာရင် ဆိုလာက အလုပ်လုပ်ပါ့မလား?မိုးရာသီရောက်လာတာနဲ့ ဆိုလာစနစ် အသုံးပြုနေသူတွေရော၊ တပ်ဆင်ဖို့ စဉ်းစားနေသူတွေရော ...
24/06/2026

⛈️☀️ မိုးရွာရင် ဆိုလာက အလုပ်လုပ်ပါ့မလား?

မိုးရာသီရောက်လာတာနဲ့ ဆိုလာစနစ် အသုံးပြုနေသူတွေရော၊ တပ်ဆင်ဖို့ စဉ်းစားနေသူတွေရော အမေးများဆုံး မေးခွန်းတစ်ခု ရှိပါတယ်။

"မိုးရွာနေရင်၊ တိမ်တွေအုပ်နေရင် ဆိုလာစနစ်က လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်သေးလား?"🤔

အဖြေကတော့ "ထုတ်လုပ်ပေးနိုင်ပါတယ်" ✅

ဆိုလာပြားတွေဟာ နေရောင်ခြည် တိုက်ရိုက်ရရှိမှသာ အလုပ်လုပ်တာ မဟုတ်ဘဲ တိမ်ကြားက ဖြာကျလာတဲ့ အလင်းရောင် (Diffused Light) ကိုပါ အသုံးပြုပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်ပါတယ်။

ဒါကြောင့် မိုးရွာတဲ့နေ့တွေမှာလည်း ဆိုလာစနစ်က ဆက်လက် လည်ပတ်နေမှာဖြစ်ပေမယ့် နေသာတဲ့နေ့တွေလိုတော့ စွမ်းအင်ထုတ်လုပ်နိုင်မှု အပြည့်အဝ မရရှိနိုင်ပါဘူး။ 💡

မိုးရာသီမှာ ဆိုလာစနစ်ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ဖို့ အောက်ပါအချက်လေးတွေကို သိထားသင့်ပါတယ်။

🔋 Battery Storage ရဲ့ အရေးပါပုံ
နေသာတဲ့အချိန်မှာ ရရှိတဲ့ စွမ်းအင်တွေကို ဘက်ထရီထဲမှာ သိုလှောင်ထားနိုင်တာကြောင့် မိုးရွာတဲ့အချိန်နဲ့ ညဘက်တွေမှာလည်း လိုအပ်သလို ပြန်လည်အသုံးပြုနိုင်ပါတယ်။

🧼 ဆိုလာပြားများကို သန့်ရှင်းစွာ ထိန်းသိမ်းပါ
မိုးရေက ဖုန်မှုန့်အချို့ကို ဆေးကြောပေးနိုင်ပေမယ့် သစ်ရွက်ခြောက်များနှင့် အမှိုက်အကြွင်းအကျန်များ ကပ်ငြိနေနိုင်တာကြောင့် ပုံမှန် စစ်ဆေးသန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

⚡ အရည်အသွေးကောင်းတဲ့ Inverter ကို ရွေးချယ်ပါ
စွမ်းဆောင်ရည်မြင့် Inverter များက အလင်းအားနည်းတဲ့ အချိန်တွေမှာတောင် စွမ်းအင်ကို အကောင်းဆုံး ပြောင်းလဲထုတ်လုပ်ပေးနိုင်ဖို့ ကူညီပေးပါတယ်။

မိုးရာသီရောက်လို့ ဆိုလာစနစ်ရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်စရာ မလိုပါဘူး။ 🌧️☀️

မှန်ကန်တဲ့ System Design နဲ့ Battery Backup သာ ရှိထားမယ်ဆိုရင် မီးပျက်တဲ့ဒဏ်ကို လျော့နည်းစေပြီး နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေစွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

ဆိုလာစနစ်နဲ့ ပတ်သက်ပြီး သိလိုသမျှကို Comment မှာ မေးမြန်းနိုင်သလို 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ 🤝✨

📞 𝟎𝟗 𝟖𝟖𝟓𝟓 𝟑 𝟐𝟑𝟐𝟑 . 𝟎𝟗 𝟖𝟖𝟓𝟓 𝟒 𝟐𝟑 𝟐𝟑

📍 𝐍𝐨.𝟑𝟐𝟒, 𝐊𝐚𝐰𝐥𝐢𝐲𝐚 𝐒𝐭, 𝟏𝟑 𝐖𝐚𝐫𝐝, 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚, 𝐘𝐚𝐧𝐠𝐨𝐧.

𝐄𝐜𝐨 𝐖𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 – 𝐏𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐚 𝐑𝐞𝐧𝐞𝐰𝐚𝐛𝐥𝐞 𝐅𝐮𝐭𝐮𝐫𝐞 ☀️✨



မီးပျက်လည်း စိတ်မပျက်စေရဖို့… ☀️🔋လျှပ်စစ်မီး မတည်ငြိမ်တဲ့အချိန်တွေမှာ အိမ်မှာနေရတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရတာပဲဖြစ်ဖြစ် အဆင...
21/06/2026

မီးပျက်လည်း စိတ်မပျက်စေရဖို့… ☀️🔋

လျှပ်စစ်မီး မတည်ငြိမ်တဲ့အချိန်တွေမှာ အိမ်မှာနေရတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရတာပဲဖြစ်ဖြစ် အဆင်မပြေမှုတွေ များစွာ ကြုံရတတ်ပါတယ်။

ဒီလိုအခက်အခဲတွေကို လျော့နည်းစေဖို့ 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ နေအိမ်တစ်အိမ်အတွက် အရည်အသွေးမြင့် 𝐒𝐨𝐥𝐚𝐫 𝐒𝐲𝐬𝐭𝐞𝐦 တစ်စုံကို အောင်မြင်စွာ တပ်ဆင်ပေးခဲ့ပါတယ်

အခုတပ်ဆင်ပေးခဲ့တဲ့ စနစ်မှာတော့ -

✅ 𝐒𝐨𝐥𝐚𝐫 𝐏𝐚𝐧𝐞𝐥: 𝐉𝐢𝐧𝐤𝐨 𝟓𝟗𝟎𝐖 (𝟒.𝟕𝟐𝐤𝐖𝐩) ~ 𝟖 𝐍𝐨𝐬
✅ 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫: 𝐆𝐫𝐨𝐰𝐚𝐭𝐭 𝐒𝐏𝐄 𝟏𝟐𝟎𝟎𝟎𝐄𝐒(𝟏𝟐𝐤𝐖) ~ 𝟏 𝐍𝐨𝐬
✅ 𝐁𝐚𝐭𝐭𝐞𝐫𝐲: 𝐋𝐕𝐓𝐎𝐏𝐒𝐔𝐍 𝟑𝟏𝟒𝐀𝐡 𝐆𝟑 × (𝟏𝟔.𝟎𝟖𝐤𝐖𝐡) ~ 𝟏 𝐍𝐨𝐬

နေရောင်ခြည်ကနေ ရရှိတဲ့ စွမ်းအင်ကို ထိရောက်စွာ အသုံးချနိုင်ပြီး မီးပျက်တဲ့အချိန်တွေမှာတောင် အရေးကြီးတဲ့ လျှပ်စစ်ပစ္စည်းတွေကို ဆက်လက်အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

အရစ်ကျစနစ်ဖြင့်လည်း တပ်ဆင်နိုင်လို့ ငွေအလုံးအရင်း မလိုသလို၊ ရေရှည်မှာလည်း လျှပ်စစ်ခကို သိသိသာသာ ချွေတာပေးမှာပါ။

မိတ်ဆွေတို့ နေအိမ်နှင့်် လုပ်ငန်းအတွက် ယုံကြည်စိတ်ချရတဲ့ 𝐒𝐨𝐥𝐚𝐫 𝐒𝐲𝐬𝐭𝐞𝐦 တပ်ဆင်လိုတယ်ဆိုရင် 𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကို အခုပဲ ဆက်သွယ်လိုက်ပါ။

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬:
𝟎𝟗 𝟖𝟖𝟓𝟓𝟑 𝟐𝟑𝟐𝟑, 𝟎𝟗 𝟖𝟖𝟓𝟓𝟒 𝟐𝟑𝟐𝟑

📍 𝐀𝐝𝐝𝐫𝐞𝐬𝐬:
𝐍𝐨.𝟑𝟐𝟒, 𝐊𝐚𝐰𝐥𝐢𝐲𝐚 𝐒𝐭, 𝟏𝟑 𝐖𝐚𝐫𝐝, 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚, 𝐘𝐚𝐧𝐠𝐨𝐧..

☀️ အရင်းအနှီးတစ်ခုတည်းနဲ့ ရေရှည်အတွက် စိတ်အေးရမယ့် အခွင့်အရေး! ✨အခုခေတ်မှာ မီးမှန်မှန်သုံးရဖို့အတွက် ပူပန်နေရတာတွေကို အာ...
15/06/2026

☀️ အရင်းအနှီးတစ်ခုတည်းနဲ့ ရေရှည်အတွက် စိတ်အေးရမယ့် အခွင့်အရေး! ✨

အခုခေတ်မှာ မီးမှန်မှန်သုံးရဖို့အတွက် ပူပန်နေရတာတွေကို အားလုံးပဲ ငြီးငွေ့နေကြပြီဟုတ်? 🤔

အိမ်မှာ Solar တပ်ချင်ပေမယ့် တစ်ခါတည်း ငွေအများကြီး စိုက်ထုတ်ရမှာကို တွေးပြီး လက်တွန့်နေစရာ မလိုတော့ပါဘူး။

𝐄𝐜𝐨𝐰𝐚𝐭𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ Solar စနစ်ကို "အရစ်ကျစနစ်" နဲ့ စိတ်ကြိုက် စတင်တပ်ဆင်နိုင်ပါပြီ။

ဒါဟာ ကုန်ကျစရိတ်တစ်ခုတင်မဟုတ်ဘဲ လူကြီးမင်းတို့ရဲ့ အနာဂတ်အတွက် စမတ်ကျကျ ရင်းနှီးမြှုပ်နှံလိုက်တာပဲ ဖြစ်ပါတယ်။

ရေရှည်မှာ မီတာခနဲ့ လျှပ်စစ်စရိတ်တွေကို သိသိသာသာ ချွေတာပေးနိုင်မယ့်အပြင်၊ ၂၄ နာရီလုံး မီးအပြည့်အဝရရှိမှာမို့ မီးပျက်မယ့်ဒုက္ခကနေပါ စိတ်အေးလက်အေး လွတ်မြောက်သွားမှာ ဖြစ်ပါတယ်။

ငွေကြေးစိုက်ထုတ်မှုကို အသက်သာဆုံးဖြစ်အောင် အရစ်ကျစနစ်နဲ့ ပံ့ပိုးပေးထားတာမို့ လျှပ်စစ်စွမ်းအင်အတွက် ရေရှည်စိတ်အေးရဖို့ အခုပဲ ECOWATTS နဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။ 🏠🔋

📞 𝟎𝟗 𝟖𝟖𝟓𝟓𝟑 𝟐𝟑𝟐𝟑, 𝟎𝟗 𝟖𝟖𝟓𝟓𝟒 𝟐𝟑𝟐𝟑
📍 𝐍𝐨.𝟑𝟐𝟒, 𝐊𝐚𝐰𝐥𝐢𝐲𝐚 𝐒𝐭, 𝟏𝟑 𝐖𝐚𝐫𝐝, 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚

Address

No. 324, Kawliya Street, 13Ward, South Oakkalapa
Yangon
11091

Website

Alerts

Be the first to know and let us send you an email when Ecowatts Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ecowatts Myanmar:

Shortcuts

Share