20/08/2026
“ဒီဇိုင်းက အချိုးအစားမကျဘူးဖြစ်နေတယ် (Out of Proportion)” ဖြစ်နေသလို
“Scale ကို သေချာ မကစားတတ်သေးဘူး” ဆိုရင်
Scale နဲ့ Proportion က ဘာကွာသလဲ?
Scale (စကေး/အရွယ်အစား):
အဆောက်အဦးတစ်ခုရဲ့ အရွယ်အစားကို
လူ့ခန္ဓာကိုယ် (Human Body) ဒါမှမဟုတ် ဘေးပတ်ဝန်းကျင်နဲ့ နှိုင်းယှဉ်လိုက်တဲ့ အချိုးအစားပါ။
Human Scale မှာတော့ လူနဲ့ နီးစပ်ပြီး နွေးထွေးလုံခြုံစိတ်ရရှိစေနိုင်တဲ့ အရွယ်အစားမျိုး
Monumental Scale မှာတော့ လူထက် အဆပေါင်းများစွာ ကြီးမားပြီး ခန့်ညားထည်ဝါမှုကိုပေးတဲ့ အရွယ်အစားမျိုးပါ။
Proportion (အချိုးအစား):
အဆောက်အဦးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ တစ်ခု
ဥပမာ - ပြတင်းပေါက်နဲ့ နံရံ၊ အမြင့်နဲ့ အနံတွေကြားက အချိုးကျမှုပဲဖြစ်ပါတယ်။
Scale & Proportion ကို ကစားတတ်တဲ့ ဗိသုကာတစ်ယောက်ဟာ ဒါကို ဒီဇိုင်းမှာ ဘယ်လိုအသုံးချလဲ?
ဥပမာ။
နွေးထွေးလုံခြုံစေချင်ရင် (Cozy & Intimate)
မျက်နှာကျက်ကို နိမ့်ပေးပြီး အခန်းအကျယ်ကို လူတစ်ယောက်စာနဲ့ အချိုးကျအောင် ထားပေးလိုက်တာမျိုး...
ခန့်ညားထည်ဝါ စေချင်ရင် (Grand & Monumental)
တိုင်ကြီးတွေကို အမြင့်ကြီး ထူလိုက်ပြီး တံခါးအမြင့်ကြီးတွေ သုံးကာ
လူတွေကို သေးငယ်သွားသလို ခံစားရစေပြီး လေးစားကြောက်ရွံ့စိတ် (Awe) ဖြစ်ပေါ်စေအောင်ဖန်တီးလိုက်တာမျိုးပါ။