29/07/2026
ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်)နေ့ ဆုတောင်းလွှာ
🙏🏻 ယနေ့ ၂၉.၇.၂၀၂၆ (ဗုဒ္ဓဟူးနေ့)တွင် ကျရောက်သည့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်) နေ့ဟာဆိုရင်
-ဘုရားလောင်း ပဋိသန္ဓေတည်စံမြန်းတော်မူသောနေ့
-လောကီစည်းစိမ်တို့ကို စွန့်ပယ်ကာတောထွက်တော်မူခဲ့သောနေ့
-သံသရာလွတ်မြောက်ကြောင်း ဓမ္မစကြာတရားဦးကို ဟောကြားတော်မူခဲ့သောနေ့
-ကမ္ဘာပေါ်တွင် ပထမဆုံး သံဃာရတနာ စတင်ပေါ်ထွန်းခဲ့သောနေ့
-ရဟန်းသံဃာတော်များ ဝါဆိုဝါကပ် စတင်သီတင်းသုံးတော်မူခဲ့သောနေ့လည်းဖြစ်ပါတယ်။
ဤကဲ့သို့ထူးမြတ်သော နေ့ထူးနေ့မြတ်ကြီး၏ မေတ္တာအရှိန်အဝါတို့ကြောင့်Ko Tin Aung Construction မိတ်ဟောင်းမိတ်သစ် Customer များအားလုံး၊ လုပ်ဖော်ကိုင်ဖက်များနှင့် ၇ ရက်သားသမီးများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပြီး၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကာ စီးပွားလာဘ်လာဘများ အစဉ်တစိုက် တိုးတက်ကြီးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာနေ့
#ဓမ္မစကြာအခါတော်နေ့