Lush Decor Construction Co.,Ltd

Lush Decor Construction Co.,Ltd One stop service for Interior Design,Decoration,Renovation,Construction and Engineering Service.

Strong structure. Clean design. Timeless results. From construction to decoration , we handle everything.👷🏾‍♀️🏘️✨𝐋𝐮𝐬𝐡 𝐃𝐞...
25/05/2026

Strong structure. Clean design. Timeless results. From construction to decoration , we handle everything.👷🏾‍♀️🏘️✨

𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှာ interior decoration တင်မကဘဲ structure မှစပြီး detail တစ်ခုချင်းစီအထိ အပြည့်အစုံ တည်ဆောက်ပေးနိုင်တဲ့ complete solution တစ်ခုကို ပေးအပ်နေပါတယ်။အောက်တွင် ဖော်ပြထားသော အိမ်များသည်client တစ်ဦးချင်းစီ၏ life style,taste နှင့် standard ကိုတိကျစွာ နားလည်ပြီး design မှ construction အထိ စနစ်တကျ ဖန်တီးတည်ဆောက်ပေးထားခဲ့သော project များဖြစ်ပါတယ်။

ယုံကြည်စိတ်ချစွာ အလုပ်အပ်နှံပေးခဲ့သော client တစ်ဦးချင်းစီအားအထူးကျေးဇူးတင်ရှိပါသည်။လူကြီးမင်းတို့၏ စီးပွါးဥစ္စာများလဲ ဒီရေအလား တိုးပွါးပြီးကျန်းမာပျော်ရွှင်ကျပါစေလို့လဲဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ😍😍

Premium lifestyle တစ်ခုကို ဖန်တီးလိုသူများအတွက် Lush Decor Construction ရဲ့ services လေးတွေနဲ့မိတ်ဆက် ပေးလိုက်ပါတယ်ခင်ဗျာ...

💎Construction and Renovation
💎Interior Design and Decoration services
💎Free Consultation service for interior design and decoration
💎Design Layouts and 3D Designs ( including Furnitures layout ) များအား clients စိတ်တိုင်းကျသည် အထိဆွဲပေးခြင်း
💎Customized Built-in Furniture
💎M&E Design & Installation (P&S,CCTV,ACMV,ELV,etc)
💎Project Management ( Renovation & New Build )

Quality Renovation You Can Trust.
📞 Contact No:09-421139872
🏢Office Address: Building B(9),Bo Min Yaung Housing, North Dagon, Yangon.
[email protected]

Step into calm ,where design meets deep relaxation🪵🛁🤎✨𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှ Client စိတ်တိုင်းကျ  ရိုးရိုးရှင်းရှင်း...
19/05/2026

Step into calm ,where design meets deep relaxation🪵🛁🤎✨

𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှ Client စိတ်တိုင်းကျ ရိုးရိုးရှင်းရှင်း design လေးတွေကို ဖန်တီးပေးခဲ့တာပါဗျ။
ယုံကြည်စွာနဲ့ လာရောက် အလုပ်အပ်နှံပေးတဲ့ 𝐓𝐡𝐞 𝐆𝐫𝐚𝐧𝐝 𝐒𝐢𝐚𝐦 𝐛𝐞𝐚𝐮𝐭𝐲 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐒𝐩𝐚 ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။စီးပွါးဥစ္စာများလဲ ဒီရေအလား တိုးပွါးပြီး မြန်မာပြည်အနှံံမှာလဲ ဆိုင်ခွဲပေါင်းများစွာဖွင့်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ😍😍

Client -The Grand Siam - Beauty & Wellness Spa
Design by -11 𝙴𝙰𝙸𝙽 𝙳𝙴𝚂𝙸𝙶𝙽𝚂
Decorated by -Lush Decor Construction Co.,Ltd
Location - Yangon

အသစ်သစ်တွေ ဖန်တီးဖို့အတွက် Lush Decor ရဲ့ Interior Design & Decoration Service လေးတွေနဲ့မိတ်ဆက် ပေးလိုက်ပါတယ်ခင်ဗျာ...
💎Interior Design and Decoration services
💎Construction and Renovation
💎Free Consultation service for interior design and decoration
💎Design Layouts and 3D Designs ( including Furnitures layout ) များအား clients စိတ်တိုင်းကျသည် အထိဆွဲပေးခြင်း
💎Customized Built-in Furniture
💎M&E Design & Installation (P&S,CCTV,ACMV,ELV,etc)
💎Project Management ( Renovation & New Build )

Quality Renovation You Can Trust.
📞 Contact No:09-421139872
🏢Office Address: Building B(9),Bo Min Yaung Housing, North Dagon, Yangon.
[email protected]

Neutral tones. Natural flow.🤎🌿✨Minimalist in form. Maximum in feeling.True luxury doesn't shout ,it settles in your ches...
18/05/2026

Neutral tones. Natural flow.🤎🌿✨

Minimalist in form. Maximum in feeling.
True luxury doesn't shout ,it settles in your chest.

𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှ Client စိတ်တိုင်းကျ ရိုးရိုးရှင်းရှင်း design လေးတွေကို ဖန်တီးပေးခဲ့တာပါဗျ✨🌟Renovation မပြုလုပ်မှီပုံလေးတွေကိုလဲ ဝင်ကြည့်လို့ ရအောင်လို့ နောက်ဆုံးမှာ ထည့်ထားပေးပါတယ်😍

ယုံကြည်စွာနဲ့ လာရောက် အလုပ်အပ်နှံပေးတဲ့ 𝐓𝐡𝐞 𝐆𝐫𝐚𝐧𝐝 𝐒𝐢𝐚𝐦 𝐛𝐞𝐚𝐮𝐭𝐲 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐒𝐩𝐚 ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။စီးပွါးဥစ္စာများလဲ ဒီရေအလား တိုးပွါးပြီး မြန်မာပြည်အနှံံမှာလဲ ဆိုင်ခွဲပေါင်းများစွာဖွင့်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ😍😍

Client The Grand Siam - Beauty & Wellness Spa
Design by -11 𝙴𝙰𝙸𝙽 𝙳𝙴𝚂𝙸𝙶𝙽𝚂
Decorated by -Lush Decor Construction Co.,Ltd
Location - Yangon

အသစ်သစ်တွေ ဖန်တီးဖို့အတွက် Lush Decor ရဲ့ Interior Design & Decoration Service လေးတွေနဲ့မိတ်ဆက် ပေးလိုက်ပါတယ်ခင်ဗျာ...
💎Interior Design and Decoration services
💎Construction and Renovation
💎Free Consultation service for interior design and decoration
💎Design Layouts and 3D Designs ( including Furnitures layout ) များအား clients စိတ်တိုင်းကျသည် အထိဆွဲပေးခြင်း
💎Customized Built-in Furniture
💎M&E Design & Installation (P&S,CCTV,ACMV,ELV,etc)
💎Project Management ( Renovation & New Build )

Quality Renovation You Can Trust.
📞 Contact No:09-421139872
🏢Office Address: Building B(9),Bo Min Yaung Housing, North Dagon, Yangon.
[email protected]

အိမ်ကျဥ်းပေမယ့် စိတ်ရှင်းစေဖို့ နည်းလမ်း (၅)သွယ်ဘဝရဲ့ကိစ္စတော်တော်များများမှာ အဆင်ပြေဖို့ အရာရာဟာ အိမ်က အစပြုကြတယ်လို့ ဆ...
15/05/2026

အိမ်ကျဥ်းပေမယ့် စိတ်ရှင်းစေဖို့ နည်းလမ်း (၅)သွယ်

ဘဝရဲ့ကိစ္စတော်တော်များများမှာ အဆင်ပြေဖို့ အရာရာဟာ အိမ်က အစပြုကြတယ်လို့ ဆိုကြပါတယ်။ အပြင်မှာ နေ့စ္စဒူဝ ရုန်းကန်လုပ်ရှားပြီး နောက်တစ်နေ့တာအတွက် အနားယူ အင်အားဖြည့်ရတဲ့ နေရာဟာ အိမ်ပါ။ ချစ်ရသူတွေနဲ့အတူ နှလုံးသားတွေနွေးထွေးစွာနဲ့ စိတ်ခွန်အားဖြည့်နိုင်တဲ့ နေရာဟာလည်း အိမ်ကလွဲလို့ တခြားဘယ်နေရာ ရှိပါဦးလိမ့်မလဲ။
ကိုယ့်အတွက် ဒီလိုအရေးပါတဲ့ အိမ်ကလေးကို သန့်ရှင်းသပ်ရပ်ပြီး မြင်လိုက်တာနဲ့ စိတ်ထဲရှင်းသွားအောင် ဘယ်လိုရှင်းလင်း နေရာချကြမလဲ။ အိမ်က နေရာကျယ်ဝန်းနေမှ ရှင်းလင်းအောင်ထားပြီး အလှဆင်လို့ရတာ မဟုတ်ပါဘူး။ အိမ်ကျဥ်းကျဥ်းမှာ ပစ္စည်းတွေကို ကောင်းကောင်းနေရာချ၊ စီမံခန့်ခွဲတတ်ရင်လည်း ရှင်းလင်းပြီး နေချင်စဖွယ် အိမ်လေးဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ ဒါဆိုရင်တော့ အိမ်ကျဥ်းကျဥ်းမှာ စိတ်ရှင်းရှင်းနဲ့ ကြည်လင်ချမ်းမြေ့စွာနေထိုင်နိုင်ဖို့ ပြုလုပ်ရမယ့် အချက်တွေကို ပြောပြသွားပါမယ်နော်။

(၁) အဝတ်တွေကို ရှုပ်ပွမနေစေပါနဲ့။
အိမ်တစ်အိမ်၊ အခန်းတစ်ခန်း ရှုပ်ပွနေရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုက ပြန့်ကြဲရှုပ်ပွနေတဲ့ အဝတ်အစား တွေကြောင့်ပါ။ အခန်းတံခါး၊ အိမ်တံခါးကို ဖွင့်ဖွင့်ချင်း ပြန့်ကြဲနေတဲ့ အဝတ်တွေက သင့်ကိုစောင့်ကြိုနေရင် အမောဆို့သွားတယ်မဟုတ်လား။ ဒါကြောင့် အဝတ်ဟောင်းတွေကို အဝတ်ခြင်းထဲရောက်အောင်ထည့်၊ ဝတ်လက်စ အဝတ်တွေကို တို့လို့တွဲလောင်းဖြစ်တာ နည်းနိုင်သမျှ နည်းအောင် သေချာခေါက်သိမ်းထားရင် မျက်စိရှုပ်သက်သာလို့ အိမ်ရှင်းရှင်းလေး ဖြစ်သွားမှာပါ။

တလက်စတည်း အဝတ်တွေဝယ်ရင် ခေတ်ရေစီးကြောင်းနောက်လိုက်ပြီး မြင်မြင်သမျှ ဝယ်နေမယ့်အစား အရည်အသွေးကောင်းပြီး အချိန်အခါမရွေးဝတ်နိုင်မယ့် အဝတ်တွေကို ရွေးဝယ်သင့်ပါတယ်။ ဒီလိုဆိုရင် အိမ်မှာ အဝတ်တွေ ရှုပ်ပွနေမှာကို ကာကွယ်ပြီးသား ဖြစ်တဲ့အပြင် ငွေကိုလည်း ချွေတာနိုင်တာမလို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲနော်။

(၂) ပလတ်စတစ်ပစ္စည်း သုံးတာလျှော့ပါ။
မီးဖိုချောင်သုံး၊ အိမ်သုံးပစ္စည်းတွေကို ဘာပစ္စည်းပဲဖြစ်ဖြစ် အရောင်စုံပလတ်စတစ်ပစ္စည်းတွေချည်းပဲ သုံးနေခြင်းက အိမ်ရဲ့အသွင်အပြင်ကို ပိုပြီးကြည့်ရဆိုးစေပါတယ်။ ပလတ်စတစ်ဘူးခွက်တွေအစား ပြန်လည်အသုံး ပြုလို့ရတဲ့ ဖန်၊ သစ်သား၊ ကြိမ် ၊ ဝါး အစရှိတဲ့ သဘာဝပစ္စည်းလေးတွေကို အသုံးခြင်းပြုခြင်းက ကြည့်ရတာ သပ်သပ်ရပ်ရပ်ရှိပြီး ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း ပိုပြီးသင့်တော်တာပေါ့။
ဆပ်ပြာမှုန့်တွေကို ကော်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ မထည့်ဘဲ ဖန်ဘူးလေးနဲ့ထည့်တာ၊ သစ်သားမီးဖို ချောင်သုံး ပစ္စည်းလေးတွေ၊ ပလတ်စတစ်ယပ်တောင်တွေအစား နှီးယပ်တောင်လေးတွေသုံးတာက ပိုပြီး သဘာဝဆန်တဲ့အပြင် အိမ်ကိုလည်း အလှဆင်ပြီးသားဖြစ်သွားစေပါတယ်။


(၃) မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။
အိမ်ကို အဓိကရှုပ်နေစေတာ တစ်ချိန်ချိန်မှာအသုံးဝင်မလားဆိုပြီး သိမ်းထားရင်း သံ‌ယောဇဥ်တွယ်နေတဲ့ ပလတ်စတစ်အိတ်တွေ၊ ဘူးခွံပုလင်းခွံတွေ၊ ဂျပ်ဖာ အစရှိတဲ့ ပစ္စည်းတွေပါ။ ဒီပစ္စည်းတွေက နေရာယူတာ ကြောင့် ခြင်းတောင်းကြီးနဲ့တစ်လုံးအပြည့်၊ မီးဖိုချောင်မှာလည်း ဒီပစ္စည်းတွေအပြည့်နဲ့ အိမ်က ဖြစ်သင့်တာထက် ပိုပြီးရှုပ်ပွနေတာပေါ့။ ဒါကြောင့် ဈေးသွားရင်၊ စူပါမားကတ်တွေမှာ ပစ္စည်းဝယ်ရင်တတ်နိုင်သမျှ ပလတ်စတစ်အိတ်တွေ မယူဘူးလို့ ငြင်းပါ။ ထပ်ခါထပ်ခါ ပြန်သုံးလို့ရတဲ့ ဈေးဝယ်အိတ် (Eco Bag) တွေကို သုံးပါ။

ဒီလိုလုပ်ခြင်းဖြင့် အိမ်မှာရှုပ်ပွနေမယ့် ပလတ်စတစ်အိတ်တွေ လျော့နည်းသွားမယ့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း တစ်ဖက်တစ်လမ်းက အကျိုးပြုပြီးသား ဖြစ်သွားတာပေါ့။ ဘူးခွံ၊ ပုလင်းခွံ တွေကိုလည်း နောင်များအသုံးလိုနေမလားရယ်လို့ မသိမ်းထားဘဲ တစ်ခါတည်းပစ်ထုတ် လိုက်ပါတော့။ ဒီလိုဆိုရင် အမှိုက်တွေနေရာယူနေတာကြောင့် ရှုပ်ပွနေတာတွေ သက်သာသွားမှာဖြစ်လို့ ရှင်းလင်းတဲ့အိမ်ကလေး စပြီးရုပ်လုံးပေါ်လာပြီပေါ့။

(၄) ရေချိုးခန်း၊ အိမ်သာကို ‌သေချာရှင်းလင်းဆေးကြောပါ။
ဧည့်ခန်းကို အလှဆင်ထားတယ်၊ ဘုရားကျောင်းဆောင်မှာ ပန်းတွေဝေနေအောင် ထိုးထားတယ်၊ အိမ်သာထဲ ဝင်တော့ နှာခေါင်းပိတ်ဝင်ရတယ် ဆိုတဲ့ အခြေအနေမျိုး အဖြစ်မခံပါနဲ့။ ရှင်းလင်းတဲ့အိမ်ဆိုတာ လူမြင်သူမြင် နေရာတွေပဲ ကွက်ရှင်းနေရမှာ မဟုတ်ပါဘူး။ အိမ်သာ၊ ရေချိုးခန်း၊ ဘေစင်တို့လိုအိမ်လေး သာယာ သန့်ရှင်းရေး အတွက် အရေးပါတဲ့ နေရာတွေကို အနံ့အသက်ကောင်းမွန်ပြီး သန့်ရှင်းပြောင်လက်နေအောင်ထားဖို့ အင်မတန် အရေးကြီးပါတယ်။

အိမ်သာရေချိုးခန်းက ‌ကြွေပြားတွေကို ရေညှိတွေ စွဲမနေအောင် ကြွေပြား ဆေးရည်ကို အသုံးပြုပြီး ပုံမှန်ဆေးကြောပေးပါ။ နေ့တိုင်းမဆေးနိုင်ရင်တောင် တစ်ပတ်မှာ နှစ်ခါ၊ သုံးခါတော့ ဆေးသင့်ပါတယ်။ မုန့်ဖုတ်ဆိုဒါ၊ ကော်‌ဖီအကြမ်းမှုန့်၊ ရှောက်ခွံ၊ သံပုရာခွံတို့လို ကိုယ့်အိမ်မှာရှိပြီးသား ပစ္စည်း လေးတွေသုံးပြီး အနံ့ဆိုးကိုတွေ စုပ်ယူနိုင်ပါတယ်။ အနံ့တွေစုပ်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းလေး တွေကိုလည်း အလွယ်တကူဝယ်လို့ရတာကြောင့် အနံ့ဆိုးကင်းပြီး သန့်ရှင်းပြောင်လက်တဲ့ အိမ်လေးဖြစ်ဖို့ မခဲယဥ်းပါဘူး။
�(၅) အရောင်နုလေးတွေသုံးပါ။
လူအများစုက ပစ္စည်းဝယ်ရင် အညစ်အပေခံအောင်ဆိုပြီး အရောင်မှိုင်းရင့်ရင့်တွေ ဝယ်တတ်ကြပါတယ်။ ညစ်ပေမှာမစိုးရိမ်ပါနဲ့။ ပုံမှန်လျှော်ဖွတ်သန့်ရှင်းပေးရင် အရောင်နု တဲ့ ပစ္စည်းတွေလည်း သစ်လွင်နေမှာပေါ့။ လေတိုက်တဲ့အခါ လွင့်နေမယ့် သန့်ရှင်းတဲ့ခန်းစီးစလေးတွေ၊ အရောင်နုနု အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေ၊ တစ်ပတ်နှစ်ခါလျှော်ဖွတ်ထားလို့ မွှေးပျံ့နေတဲ့ မျက်နှာသုတ်ပဝါတွေက အိမ်မှာနေတဲ့သူတွေကို စိတ်ကြည်လင် လန်းဆန်းစေမှာပါ။

“ အဟောင်းတွေကို ဖယ်ထုတ်ပစ်လိုက်မှ အကောင်းတွေလာမှာ” လို့ပြောတာ ပြောတတ်ကြပါတယ်။ ကိုယ့်ရဲ့အိမ်လေး ရှင်းလင်းသပ်ရပ်နေမှ နေရထိုင်ရတာ စိတ်လက်ကြည်လင်နေပြီး လုပ်သမျှအရာရာ အဆင်ပြေနေမှာပါ။ ဒါကြောင့် အိမ်ကျဥ်းသည်ဖြစ်စေ၊ ကျယ်သည်ဖြစ်စေ နေရာတကျနဲ့ ရှင်းလင်း သပ်ရပ်နေဖို့ မလိုအပ်တာတွေကို ပစ်ထုတ်၊ သန့်ရှင်းပြောင်လက်ပြီး အနံ့အသက်ကောင်းမွန်နေအောင်ထားပြီး အဟောင်းတွေကို ကောင်းမွန်ခြင်းတွေနဲ့ အစားထိုးလိုက်ပါ။ ဒါဆိုရင် အိမ်ကျဥ်းကျဥ်းမှာ စိတ်ရှင်းရှင်းနဲ့ ကြည်လင်ချမ်းမြေ့စွာ နေထိုင်နိုင်ပြီပေါ့။

04/05/2026

A peaceful space is loading. Stay tuned! 🧖🏽‍♀️🤎🪵 ✨

Lush Decor မှ Interior Decoration, Construction and Renovation ,Built in furniture လုပ်ငန်းများကို One-Stop service ဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်အောင်ဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ။ 👷🏽‍♂️Qualit Renovations you can trusts.

Thank you for allowing us to transform your space.Contact Number:09-421139872

ကမ္ဘာ့အလုပ်သမားနေ့၊ မေလ (၁) ရက် ၂၀၂၆ မှာ 𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 က ကမ္ဘာတစ်ဝှမ်းက လုပ်သားထု၊ ဆောက်လုပ်ရေးသမားတွေ၊ အင်ဂျင်နီယာတွေနဲ့ က...
01/05/2026

ကမ္ဘာ့အလုပ်သမားနေ့၊ မေလ (၁) ရက် ၂၀၂၆ မှာ 𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 က ကမ္ဘာတစ်ဝှမ်းက လုပ်သားထု၊ ဆောက်လုပ်ရေးသမားတွေ၊ အင်ဂျင်နီယာတွေနဲ့ ကျွမ်းကျင်ပညာရှင်အားလုံးကို ရိုသေလေးစားစွာ ဂုဏ်ပြုပါတယ်။

ခင်ဗျားတို့ရဲ့ ချွေးနဲ့ လုံ့လတွေကြောင့် လှပခိုင်ခံ့တဲ့ အဆောက်အဦတွေ ပေါ်ထွန်းလာတာပါ။ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အောင်မြင်တိုးတက်ကြပါစေ။

Lush Decor Construction Co.,Ltd ဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အနေနဲ့ သင့်အနားမှာ အမြဲရှိနေမှာပါ။

𝑳𝒖𝒔𝒉𝑫𝒆𝒄𝒐𝒓; “𝑸𝒖𝒂𝒍𝒊𝒕𝒚𝑹𝒆𝒏𝒐𝒗𝒂𝒕𝒊𝒐𝒏 𝒀𝒐𝒖 𝑪𝒂𝒏 𝑻𝒓𝒖𝒔𝒕.”

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) တွင် မိတ်ဟောင်း မိတ်သစ်များအားလုံး ကိုယ်၏ကျန်းမာခြင...
30/04/2026

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) တွင် မိတ်ဟောင်း မိတ်သစ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကာ ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံ၍ သဒ္ဓါတရားထက်သန်စွာဖြင့် ကုသိုလ်ကောင်းမှုများ ပိုမိုပွားများအားထုတ်နိုင်ကြပါစေကြောင်း Lush Decor Construction Co.,Ltd မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

Simple yet luxurious 🤎🏡✨At Lush Decor, we create high-end designs with meticulous attention to every detail.𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 C...
24/04/2026

Simple yet luxurious 🤎🏡✨
At Lush Decor, we create high-end designs with meticulous attention to every detail.

𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 Construction မှ Client စိတ်တိုင်းကျ ရိုးရိုးရှင်းရှင်း design လေးတွေကို ဖန်တီးပေးခဲ့တာပါရှင်✨🌟

ယုံကြည်စွာနဲ့လာရောက်အလုပ်အပ်နှံပေးတဲ့ ကြင်စဦး အကိုနဲ့အမ ဇနီးမောင်နှံကိုလဲ ကျေးဇူးအထူးတင်ပါတယ်ရှင့်😍😍

Client -Private
Decorated by Lush Decor Construction Co.,Ltd
Location - Yangon

အသစ်သစ်တွေ ဖန်တီးဖို့အတွက် Lush Decor ရဲ့ Interior Design & Decoration Service လေးတွေနဲ့မိတ်ဆက် ပေးလိုက်ပါတယ်ရှင့်...
💎Interior Design and Decoration services
💎Construction and Renovation
💎Free Consultation service for interior design and decoration
💎Design Layouts and 3D Designs ( including Furnitures layout ) များအား clients စိတ်တိုင်းကျသည် အထိဆွဲပေးခြင်း
💎Customized Built-in Furniture
💎M&E Design & Installation (P&S,CCTV,ACMV,ELV,etc)
💎Project Management ( Renovation & New Build )

Quality Renovation You Can Trust.
Contact No:09-421139872
[email protected]

💦  မင်္ဂလာရှိသော မြန်မာနှစ်ကူး မဟာသင်္ကြန်အခါသမယတွင် မိတ်ဆွေများအားလုံး ကံကောင်းခြင်း၊ အောင်မြင်ခြင်းများနှင့်အတူ ပျော်ရ...
13/04/2026

💦 မင်္ဂလာရှိသော မြန်မာနှစ်ကူး မဟာသင်္ကြန်အခါသမယတွင် မိတ်ဆွေများအားလုံး ကံကောင်းခြင်း၊ အောင်မြင်ခြင်းများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့မှုများဖြင့် ပြည့်စုံသော နှစ်သစ်ကူးအခါသမယ ဖြစ်ပါစေကြောင်း 𝗟𝘂𝘀𝗵 𝗗𝗲𝗰𝗼𝗿 မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်ခင်ဗျာ။

Quality Renovation You Can Trust.
Contact No:09-421139872
[email protected]


11/04/2026

နှစ်သစ် resolution ထဲမှာလဲ “အိမ်လေးကိုလှအောင်ပြင်မယ်”ဆိုတာ ပါသင့်နေပြီနော်။ 🤎✨

💦မြန်မာ့နှစ်သစ်ကူးချိန်ခါလေးမှာ အသစ်တစ်ခု စတင်ဖို့ စဉ်းစားနေရင် ကိုယ်နေထိုင်တဲ့အိမ်လေးကနေစတင်လိုက်ပါ 🏡🌟✨

𝗟𝘂𝘀𝗵 𝗗𝗲𝗰𝗼𝗿 မှ Interior Decoration, Construction and Renovation , Built in furniture လုပ်ငန်းများ ကိုOne-Stop Service အဖြစ် လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ။ Quality Renovations You Can Trust.Thank you for allowing us to transform your space.Contact Number:09-421139872 [email protected]

💢🏡 မကြာမှီကျရောက်လာတော့မယ့် မြန်မာ့ရိုးရာ နှစ်သစ်မှာ စရိတ်သက်သာပြီးလွယ်ကူစွာ အိမ်အလှပြင်ဆင်လို့ရမယ့် အချက် (၇)ချက်မြန်မာ...
05/04/2026

💢🏡 မကြာမှီကျရောက်လာတော့မယ့် မြန်မာ့ရိုးရာ
နှစ်သစ်မှာ စရိတ်သက်သာပြီးလွယ်ကူစွာ အိမ်အလှပြင်ဆင်လို့ရမယ့် အချက် (၇)ချက်

မြန်မာ နှစ်သစ်ကူးကလည်း မကြာခင်ကျရောက်တော့မယ်။ ဒါကြောင့်မို့လို့ လူတိုင်းက စိတ်သစ်လူသစ်နဲ့ အရာရာကို အသစ်စတင်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ အားအင်တွေ အပြည့်နဲ့ ဖြစ်နေမှာပါ။ နေအိမ်ခန်းနဲ့ အခန်းအလှပြင်ဆင်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့လည်း အသစ်ပြင်ဆင်မှုတွေ လုပ်ဖို့စိတ်ကူးရှိတယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းတွေက စရိတ်ချွေတာပြီး အလွယ်ကူဆုံးဖြစ်လို့ စာဖတ်ရှုသူတွေအတွက် များစွာအကျိုးရှိစေမှာပါ။

အခန်းတွေကို အလှဆင်ပြီးတော့ ကိုယ်ပိုင်ပုံစံပေါင်းထည့်ပြင်ဆင်ဖို့အတွက် ဈေးကြီးနေဖို့ မလိုပါဘူး။ တတ်နိုင်တဲ့ စရိတ်၊ ဘတ်ဂျက်အပေါ် မူတည်ပြီးတော့ နေအိမ်ခန်းအလှဆင်ပြင်ဆင်ခြင်းနဲ့ ပတ်သက်လို့ အောက်ဖော်ပြပါ နည်းလမ်းကောင်းတွေကို လိုက်နာပြီး ပြင်ဆင်ဖို့ အကြံပြုပါတယ်။လက်တွေ့ လည်းကျရမယ်။ စရိတ်လည်း ချွေတာနိုင်မယ်ဆိုတဲ့ နည်းလမ်းကောင်းတွေထက် သာလွန်တာမျိုး ဘာမှ မရှိနိုင်ပါဘူး။


🧩၁။ ဈေးကြီးတဲ့ ဒီဇိုင်နာမိတ်ပရိဘောဂတွေအစား တခြားသောအရာတွေကို ရွေးချယ်ပါ
အိမ်ခန်းပိုင်ရှင်၊ အခန်းပိုင်ရှင်တွေ တော်တော်များများကတော့ ကိုယ်ပိုင်သီးသန့်၊ ဒီဇိုင်နာမိတ် ပရိဘောဂပစ္စည်းတွေနဲ့ အလှဆင်ချင်ကြပါလိမ့်မယ်။ ဒါက မှားယွင်းမှုမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဇိုင်နာတွေရဲ့ လက်ရာနဲ့ သီးသန့် ပစ္စည်းတွေက ဈေးကြီးပြီးတော့ ဘတ်ဂျက်ရွေးချယ်မှုအောက်မှာတော့ လိုက်ဖက်မှုမရှိလှပါဘူး။ ဒါကြောင့်မို့လို့ ဒီဇိုင်နာမိတ်ပစ္စည်းတွေ၊ ပရိဘောဂတွေ ရွေးချယ်မယ့်အစား တခြားသော ကောင်းမွန်တဲ့ ရွေးချယ်စရာတွေ များစွာရှိနိုင်ပါသေးတယ်။ လူကြိုက်များတဲ့ ကုလားထိုင်တွေ၊ ဈေးနှုန်းသက်သာပြီး သက်တောင့်သက်သာဖြစ်စေမယ့် ဆိုဖာ၊ ဆက်တီတွေ၊ ထမင်းစား စားပွဲကုလားထိုင်တွေနဲ့ တခြားပရိဘောဂ တွေများစွာအတွက် ဘတ်ဂျက်ဖြစ်ပြီး သင့်တော်တဲ့ ပစ္စည်းတွေကို ရွေးချယ်ပြင်ဆင်နိုင်ပါတယ်။

🧩၂။နံရံကပ်တွေကို အသစ်ပြင်ဆင်ပေးပါ
နံရံပေါ်က အနုပညာလက်ရာတွေဟာ ဈေးကြီးတယ်ဆိုပေမဲ့ သင့်အိမ်က နံရံအတွက် အသစ်ပြောင်းလဲ ပြင်ဆင်ဖို့ ဈေးကြီးကြီးနဲ့ ငွေအမြောက်အမြား သုံးစွဲစရာမလိုပါဘူး။ နံရံမှာ ဈေးကြီးကြီး အလှဆင်ခြင်းထက် တခြားသော နံရံအလှကပ်လေးတွေ၊ ဆေးရောင်လေးတွေ၊ အလှဆင်ပစ္စည်းလေးတွေနဲ့ ပြင်ဆင်ခြင်းက စရိတ်စက သက်သာပြီး လွယ်ကူရိုးရှင်းပါတယ်။ ဒီဘက်ခေတ်လို ရွေးချယ်စရာနည်းလမ်းတွေ များပြားပြီး ရွေးချယ်နိုင်တဲ့ အမျိုးအစားတွေ ပေါများစုံလင်တာက အိမ်အလှပြင်ဆင် တည်ဆောက်ခြင်းတွေမှာလည်း မိမိစိတ်ကြိုက်ရွေးချယ်မှုတွေလုပ်ဆောင်နိုင်ပါတယ်။ ဘတ်ဂျက်အပေါ် မူတည်ပြီးတော့ နံရံအလှဆင် ပြင်ဆင်မှုမှာလည်း ဒီနည်းလမ်းကို အသုံးချနိုင်ပါတယ်။

🧩၃။ကူရှင်အသစ်တွေလဲလိုက်ပါ
အိမ်ဧည့်ခန်းထဲက ဆိုဖာတွေ၊ ဆက်တီတွေမှာ ကူရှင်တွေလဲလိုက်ခြင်းက အခန်းသစ်တစ်ခန်း ရလာသလိုမျိုး ခံစားရစေနိုင်ပါတယ်။ ဆိုဖာအသစ်တစ်စုံ ဝယ်ယူဖို့ရာ မတတ်နိုင်ရင်တော့ ဒီနည်းလမ်းကို ကောင်းကောင်း အသုံးချဖို့နဲ့ လွယ်လွယ်ကူကူ အသစ်ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ အလှဆင်ကူရှင်တွေက အရောင်တွေ၊ ပုံစံမျိုးစုံ ပြောင်းလဲနိုင်တာကြောင့်လည်း ဘတ်ဂျက်ချွေတာပြီးတော့ ဧည့်ခန်းရဲ့အလှနဲ့လိုက်ဖက်ပြီး လိုသလို ပြင်ဆင်နိုင်ပါတယ်။

🧩၄။မှန်တွေနဲ့ အလှဆင်ပါ။
မှန်ချပ်တွေနဲ့ အလှဆင်ခြင်းက ဈေးကြီးတဲ့ အနုပညာလက်ရာတွေထက်စာရင် သမားရိုးကျမဟုတ်တဲ့ ဆန်းပြားတဲ့စိတ်ကူး ပြင်ဆင်မှုတစ်ခုဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မှန်တွေဟာ ပုံရိပ်ပြန်စေပြီးတော့ အခန်းတွေကို ပိုမိုကျယ်ဝန်းသယောင်ထင်စေလို့ပါ။ အခန်းထဲမှာရှိတဲ့ အလင်းရောင်ကို ပိုမို တောက်ပစေဖို့ အတွက်လည်း မှန်တွေကို အသုံးပြုနိုင်ပါတယ်။ ဘတ်ဂျက်ချွေတာပြီး အိမ်ခန်းလေးကို ဆန်းဆန်းပြားပြားနဲ့ သပ်သပ်ရပ်ရပ် အလှဆင်ချင်တယ်ဆိုရင်တော့ မှန်ချပ်တွေနဲ့ အလှဆင်ပြင်ဆင်ခြင်း နည်းလမ်းကို ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။ ပုံသဏ္ဍာန်၊ ဒီဇိုင်းမျိုးစုံရှိတဲ့ မှန်ချပ်တွေကို မိမိ ပြုပြင် ပြင်ဆင်လိုတဲ့ နေရာတွေမှာ ထားရှိနိုင်ပါတယ်။

🧩၅။မှန်ကန်တဲ့ အလင်းရောင်ရွေးချယ်ပါ။
ဧည့်ခန်းမှာရှိတဲ့ အလင်းရောင်ဟာ ဈေးကြီးတဲ့ မျက်နှာကျက် မီးအိမ်၊ မီးဆိုင်းတွေကနေလာဖို့ မလိုအပ်ပါဘူး။ လူတော်တော်များများက သူတို့တွေရဲ့ မီးအိမ်၊ မီးဆိုင်းအသစ်တွေ မဝယ်ခင်မှာ ဘယ်လိုအလင်းရောင်မျိုး လိုတာကို မစဉ်းစားမိကြပါဘူး။ အလင်းတန်းတွေ၊ မီးအိမ်တွေနဲ့ ဖယောင်းတိုင်တွေဟာ နေအိမ်တွင်းက မြင်ကွင်း၊ ရှုထောင့်ကို သတ်မှတ်ပေးနိုင်တာကြောင့် ဧည့်ခန်းရဲ့ အလင်းအမှောင်နဲ့ ပတ်သက်လို့ ဈေးကြီးကြီး ပေးဝယ်ရတဲ့ အရာတွေကနေလာတာမျိုးမဟုတ်ပဲ သဘာဝအလင်းရောင်၊ စရိတ်ချွေတာတဲ့ အလင်းအမှောင် ၊ အလင်းရောင်မျိုးရလာအောင် လုပ်ပါ။

🧩၆။အိမ်ခန်းထဲက လေထုသန့်စင်ဖို့နဲ့ စိတ်အေးချမ်းခြင်းတွေရအောင် သစ်ပင်လေးတွေစိုက်ပျိုးပါ။
ဒီအချက်က တစ်နေ့မှာ ကိုယ်ပိုင် အိမ်ခန်းလေးပိုင်ဆိုင်ရမယ်ဆိုတဲ့ အိပ်မက်လေးရှိတဲ့သူတိုင်း စဉ်းစားမိကြမှာပါ။ နေအိမ်ထဲမှာ အစိမ်းရောင်သစ်ပင်လေးတွေ စိုက်ပျိုးလိုက်ခြင်းက စိတ်နှလုံးအေးချမ်းခြင်းကို ဖြစ်စေပြီး အတွင်းခန်းထဲက လေထုကို သန့်စင်ပေးနိုင်ပါတယ်။ ထွေထူးလုပ်စရာမလိုတဲ့အပြင် စရိတ်စကလည်း များစွာကုန်ကျတာမဟုတ်လို့ အိမ်အတွင်း သစ်ပင်စိုက်ပျိုးခြင်းနည်းလမ်းက လူတိုင်းလိုက်လုပ်နိုင်ပါတယ်။ လှပတဲ့ အစိမ်းရောင်သစ်ပင်လေးတွေ၊ နံရံထောင့်လေးတွေမှာ စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ၊ တန်းလေးတွေနဲ့ ချိတ်ဆွဲထားတဲ့ နွယ်ပင်ရှည်လေးတွေက အခန်းအတွင်း အလှဖန်တီးထားသလိုဖြစ်စေသလို စိတ်ငြိမ်းချမ်းမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

🧩၇။ ကော်ဖီစားပွဲလေးတစ်ခုထားပါ။
သင့်ရဲ့အခန်းက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကော်ဖီစားပွဲဝိုင်းလေးတစ်ခုထားလိုက်ခြင်းက လက်တွေ့ကျပြီး စိတ်ကြည်နူးဖွယ်ကောင်းတဲ့ အလှဆင်ပြင်ဆင်နည်းလေးတစ်ခုဖြစ်ပါတယ်။ ကော်ဖီစားပွဲ ဝိုင်းလှလှလေးမှာ ချစ်စဖွယ်စားပွဲလေး၊ သက်တောင့်သက်သာဖြစ်တဲ့ ထိုင်ခုံလေးနဲ့ အလှပန်းအိုး၊ ကော်ဖီခွက်လှလှလေးတွေက ဧည့်ခန်းနဲ့ အိပ်ခန်း၊ အိမ်ခန်းရဲ့ နောက်ထပ် အလှအပ ပံ့ပိုးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ စရိတ်လည်းသက်သာပြီး စိတ်ကူးကောင်းကောင်းလေးတွေလည်း အလွယ်တကူထွက်နိုင်လို့ ကော်ဖီစားပွဲလေးတစ်လုံး နေရာချဖို့ စိတ်ကူးကြည့်ပါ။
ကဲ... ဒီလောက်ဆို အခုဖော်ပြပေးတဲ့ စရိတ်သက်သာ လွယ်ကူတဲ့ နည်းလမ်းလေးတွေကိုလိုက်နာပြီး နှစ်သစ်မှာ နေအိမ်ခန်းတွေအတွက် အသစ်အသစ်သော ပြင်ဆင်မှုတွေ လုပ်နိုင်ပါပြီ။ စိတ်ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ နေရာထိုင်ခင်းအသစ်လေးမှာ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ 𝐋𝐮𝐬𝐡 𝐃𝐞𝐜𝐨𝐫 မှ ဆုတောင်းပေးလိုက်ပါတယ်။

Address

Building(B-9) Bo Min Yaung Housing , North Dagon Township
Yangon

Telephone

+959421139872

Website

Alerts

Be the first to know and let us send you an email when Lush Decor Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lush Decor Construction Co.,Ltd:

Share