Grace Pillar Construction Co.,Ltd

Grace Pillar Construction Co.,Ltd အင်ဂျင်နီယာ ( မြို့ပြ)များကိုယ်တိုင် ဦးစီးဆောင်ရွက်သော Construction , Renovation and Decoration လုပ်ငန်း

26/08/2026

မတ်မတ် ဆိတ် ဖျားနေတယ် 😫😫

လက်ရှိမှာ အိမ်ဆောက်မည့် အိမ်ရှင်များ စိုးရိမ်ဆုံးသောအရာက 🤔🤔-Contractor က ငွေလိမ်ပြေးသွားမလား🤔-အိမ်ကို ဆောက်ရင်းတန်းလန်း ...
24/08/2026

လက်ရှိမှာ
အိမ်ဆောက်မည့် အိမ်ရှင်များ စိုးရိမ်ဆုံးသောအရာက 🤔🤔

-Contractor က ငွေလိမ်ပြေးသွားမလား🤔

-အိမ်ကို ဆောက်ရင်းတန်းလန်း ထားခဲ့ပြီးထွက်ပြေးသွားမလား 🤔

-ပစ္စည်းအရည်အသွေးကို မထိန်းသိမ်းပဲ ပြီးပြီးရော ဆောက်ပေးသွားမလား 🤔

-အဲလို “မလား “ပေါင်းများစွာနှင့် သောကရောက်နေတဲ့သူတွေ အများကြီးတွေ့မြင်ရတယ်ပေါ့နော် ။

-ကိုယ်တိုင်တွေ့ကြုံခံစားဖူးတာမို့ ကိုယ်ချင်းအပြည့်အဝစာပါတယ် 🥰

-အဲတာကြောင့်ပဲ Pillar ဆိုပြီး ဖြစ်ပေါ်လာတာပါ 😍

_Grace Pillar နှင့်လက်တွဲဆောင်ရွက်ရင် -

ငွေကြေးဆိုင်ရာသောက၊ အိမ်မပြီးပဲ ထွက်ပြေးသွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှု၊ Quality များ မမှီဖြစ်နေမလားဆိုတဲ့ သံသယများ လုံးဝကင်းရှင်းမည်🥰

အတွေ့အကြုံရှိ (Civil) အင်ဂျင်နီယာများကိုယ်တိုင် ဦးစီးသော လုပ်ငန်းဖြစ်သည့်အလျောက် Design Stage မှစပြီး Finishing Work အထိ နောက်ဆံတင်း စိတ်ပူစရာမလိုပဲ၊စိတ်အေးချမ်းသာမှုကို ခံစားရပါမည်😍
(One Stop Service 🥰)

အတွေ့အကြုံ/လုပ်သက်ရင့်ဆရာမှ QC ပိုင်းကို ထပ်လောင်း တာဝန်ယူဆောင်ရွက်ပေးအုံးမှာမို့
ဆောက်မည့် အိမ်ရှင်များအနေဖြင့် QC သီးသန့် ထပ်ခေါ်စရာမလိုအောင် ပြည့်စုံနေမှာမို့ ဘာများထပ်လိုပါအုံးမလဲရှင် 😉

အာမခံချက်အပြည့်နှင့် စိတ်အေးချမ်းသာချင်ရင်
အမြန်ဆုံး Hello လိုက်ပါနော် 📞

☎️09952600700
📞09760360460

အမှတ် (၆၉၁)၊ငွေပုလဲလမ်း ၊(၃၅)ရပ်ကွက် ၊မြောက်ဒဂုံ၊ ရန်ကုန် ။

(အဟောင်းပြင်ခြင်းနှင့် Decoration လုပ်ငန်းများလည်း ဆောင်ရွက်ပေးပါသည်)

23/08/2026
18/08/2026

တခါတလေကြုံရတဲ့ ပြသာနာတွေက လူကို ပိုသန်မာစေပါတယ်

06/08/2026

☎️09952600700
📞09760360460

02/08/2026

အင်/ယာ များကိုယ်တိုင် ဦးစီးဆောင်ရွက်သည် ။
လုပ်ငန်းအပ်ပြီး နောက်ဆံမတင်းချင်သော လူကြီးမင်းတို့အတွက် အထူးသင့်တော်ပါသည်။
အထူးဝန်ဆောင်မှု အနေဖြင့်လည်း Design Stage မှ လုပ်ငန်းပြီးသည်အထိ One Stop Service ရပါမယ်😘

  to   Uploader အိမ်ဆောက်နည်းအခြေခံသဘောတရားများမြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေက...
21/07/2026

to Uploader

အိမ်ဆောက်နည်းအခြေခံသဘောတရားများ

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။
မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့်သိပ်သည်းမှု့အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ...
တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား
မြေအဝင် ၃ပေ ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။

အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ...
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။
ဥပမာ...
(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။

လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။
အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ် (၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။
ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။

အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

ဝါးငြမ်းများဆင်သောအခါ... အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

သံကိုဖြတ်တောက်သည့်အခါ... (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။

(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။

(၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။

(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊
အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန် Vi****or အသုံးပြုရာတွင် Rodတံကိုတည့်မတ်စွာထိုးရပါမည်။ Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရန်သတိပြုရမည်။

Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

သံချောင်းဆက်ရာတွင်... အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။
သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။ သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။

ရေကိုဂါလံတွက်သည့်အခါ...
အလျား အနံ အမြင့် 6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။

ရေကိုလီတာဖြင့်တွက်သည့်အခါအလျားအနံအမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"1")=600'
(11"1")=655'
(10"1")=720'
(9"1")=800'
(8"1")=900'
(7"1")=1029'
(6"1")=1200'
(5"1")=1440'
(4"1")=1800'
(3"1")=2400'
(2"1")=3600'
(1"1")=7200'
(2"1-1/2")=7200 '
(3"1-1/2")=1600 '
(6"6")=200 '
( 3"3")=800 '
(3"2")=1200 '
(4"4")=450 '
(4"2")=900 '
(4"1-1/2")=1200 '
(5"5")=288 '
(5"3")=480 '
(5"2")=720 '
(6"2")=600 '
(6"1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်...
12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ

ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

Credit: Original Uploader

21/07/2026

တောင်ပေါ်သူ မတ်မတ်အတွက်က Chipping သုံး လောင်းရတဲ့အချိန်ဟာ အားအရဆုံးအချိန် ပါပဲ 😍။

with Chipping

လောင်းပြီး မိုးအုံ့နေတော့ Temperature Crack သေးသေးလေးတောင် မပေါ်တာလေးကလည်း ချစ်ဖို့ကောင်းနေရော 😍။ (photo တွဲတင်မရလို့ 🥹)

#8-Storeyed R.C.C Building with Lift (Seismic Design)
,(35) Ward , No.(691)

#အိမ်သစ်ဆောက်မလား #အဟောင်းပြင်မှာလား ား

#နောက်လှည့်ကြည့် #နောက်ဆံတင်းစရာမလိုတဲ့ ်နော်

လက်ရာကို ကြည့်ရှုလိုသော်လည်းကောင်း ၊ ဆွေးနွေးတိုင်ပင်လိုတာများရှိပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်လို့ ရပါတယ်ရှင့် ။

Architectural Drawing မှစပြီး Structural Drawing အထိ တာဝန်ယူ ဆောင်ရွက်ပေးပါတယ်ရှင့်။

One Stop Service အကျိုးခံစားခွင့်ရှိပါမယ်ရှင့် 😜😜

☎️09952600700
📞09760360460

21/07/2026

Send a message to learn more

Address

360/35 Ngwe Pale Street , North Dagon
Yangon
11421

Telephone

+959760360460

Website

Alerts

Be the first to know and let us send you an email when Grace Pillar Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grace Pillar Construction Co.,Ltd:

Shortcuts

Share