27/08/2026
"ရိုးရိုး" ရန်ကုန် ရောက်ပါပြီနော။
နှင်းဆီ၊ စံပယ်၊ ယုဇန၊ ရွက်လှ....
ခရမ်းချဥ်၊ ရုံးပတီ၊ ငရုတ်....
စသော စသော အားလုံးရင်းနှီးကျွမ်းဝင်ပြီးသား ရိုးရိုး အပင်မျိုးလေးတွေ အတွက် ရိုးရိုးလေး စိုက်နိုင်ကြစေဘို့ပါ လို့ ရိုးရိုး ပဲ ပြောလိုက်ပါရစေနော။
ဆန်းပြားမှ ခမ်းနားမှ ဆိုတာတွေ ကနေ ခန ခွဲထွက်ပြီး ရွာက အမေ့ ခြံ၊ အမျိုး ခြံ တွေထဲ အပင်လေးတွေ စိုက်သလို လွယ်လွယ်ရှင်းရှင်း
"ရိုးရိုး" နဲ့ စိုက်လိုက်မယ်ဆိုရင်လည်း...အားလုံး...
လှပါတယ်။
ပွင့်ပါတယ်။
မွှေးပါတယ်။
သီးပါတယ် ဆိုတာလေးပါ။
မိုးတွေညို့ညို့မှာ တခုခု ကို လွမ်းသလိုလို သတိရသလိုလို ဖြစ်လာရင် "ရိုးရိုး" နဲ့ သာ အပင်တပင်လောက် ထ စိုက်ကြည့်လိုက်ပါလို့။