ကြန် - Kyan

ကြန် - Kyan ဗိသုကာပညာ၊ အနုပညာ၊ ဒဿနပညာ

-တိုတိုဖြေ-သပွတ်အူလို ရှုပ်ထွေးပွေလီလွန်းလို့ပေါ့။-ရှည်ရှည်ဖြေ-မြို့တွေဆိုတာ လူတွေ ဖန်တီးသမျှထဲမှာ အရှုပ်ထွေးဆုံး အရာပါပ...
10/08/2026

-တိုတိုဖြေ-
သပွတ်အူလို ရှုပ်ထွေးပွေလီလွန်းလို့ပေါ့။

-ရှည်ရှည်ဖြေ-
မြို့တွေဆိုတာ လူတွေ ဖန်တီးသမျှထဲမှာ အရှုပ်ထွေးဆုံး အရာပါပဲ။ သက်ဝင်လှုပ်ရှားမှု အရှိဆုံး မြို့တွေဟာဆိုရင် ရပ်ကွက်တစ်ခုနဲ့ တစ်ခု ဖြစ်ဖြစ်၊ မြို့တစ်မြို့နဲ့ တစ်မြို့ပဲ ဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်ပုံ ရေခံမြေခံ မတူကြပါဘူး။ အဲဒီလို သက်ဝင်လှုပ်ရှားမှုဆိုတာက လူတွေရဲ့ ပြုမူ နေထိုင်ပုံနဲ့ အဲဒီမြို့မှာ ရှင်သန်နေထိုင်မှုအတွက် ဘာတွေ ဖန်တီးပေးထားသလဲဆိုတဲ့ အခြေအနေတွေပေါ်မှာ မူတည်နေပြန်တယ်။ လူဆိုတဲ့ သက်ရှိတွေ ပျော်ရွှင်ဖို့ အရေးကြီးဆုံးအချက်က ‘အသိအမှတ်ပြုခံရတယ်’ လို့ ခံစားရဖို့ပါ။ တကယ်လို့များ အဆောက်အအုံတွေ၊ လမ်းမတွေ၊ ပန်းခြံတွေနဲ့ ကစားကွင်းတွေဟာ ငါတို့အတွက်ပါလားလို့ ခံစားလိုက်ရပြီဆိုရင် အဲဒီနေရာတွေဟာ ကျပ်ညပ်နေပါစေ၊ ဆူညံနေပါစေ၊ အချိန်တွေ ကုန်သွားပါစေ၊ ကုန်ကုန်ပြောရရင် ကြည့်ရဆိုးနေရင်တောင်မှ အမြဲလိုလို လက်ခံနိုင်တတ်ကြတယ်။ လှတဲ့ မြို့တွေဟာ ကောင်းမွန်တယ်ဆိုပေမဲ့ လန်ဒန်၊ တိုကျိုတို့လို ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး မြို့ကြီးတွေ ဖြစ်နေတာဟာ ကျေးလက်ဆန်တဲ့ အလှအပမျိုးကြောင့်တော့ မဟုတ်ရပါဘူးဗျာ။

သုကာ
What is Architecture and 100 Other Questions မှ နံပါတ် - ၇ ကို ဘာသာပြန် ဖော်ပြပါတယ်။
#ဗိသုကာပညာ

#ကြန်မဂ္ဂဇင်း_၂၀၂၆

ဒီဇိုင်း အစိတ်အပိုင်း၊ အရည်အသွေး၊ ပုံစံ၊ လုပ်ဆောင်ချက်၊ ထုသွင်၊ ကုန်ကြမ်း၊ အရောင် ဒါမှမဟုတ် အသုံးပြုနိုင်ပုံ စတဲ့ အရာတွေ...
05/08/2026

ဒီဇိုင်း အစိတ်အပိုင်း၊ အရည်အသွေး၊ ပုံစံ၊ လုပ်ဆောင်ချက်၊ ထုသွင်၊ ကုန်ကြမ်း၊ အရောင် ဒါမှမဟုတ် အသုံးပြုနိုင်ပုံ စတဲ့ အရာတွေထဲကမှ ကိုယ့်ထုတ်ကုန်ကနေ အဓိက ပေးချင် ပြချင်တဲ့အရာ (Core Narrative) ကို ပေါ်လွင်စေမယ့် တိကျတဲ့ စိတ်ကူးပုံဖော်ချက်ဟာ တခြား အရာအားလုံးထက် ပေါ်လွင် ထင်ရှားနေရမှာ ဖြစ်တယ်။ ဒါမှသာ ထုတ်ကုန်အကြောင်း မသိသေးသူတွေကို (သုံးစွဲဖူးသူ၊ သိတဲ့သူတွေက) မိတ်ဆက်တဲ့အခါတိုင်း အဓိက ဒီဇိုင်းအစိတ်အပိုင်း (Primary Design Component: PDC) ဟာ ပါကို ပါလာမှာ ဖြစ်တယ်။

မိုးသစ်

#ဝမ်းအိုဝမ်း
#ထုတ်ကုန်ဒီဇိုင်း၁၀၁
#ထုတ်ကုန်ဒီဇိုင်း

#ကြန်မဂ္ဂဇင်း_၂၀၂၆

Building in Myanmar ဟောပြောပွဲမှာ ရောက်နေပါပြီ
25/07/2026

Building in Myanmar ဟောပြောပွဲမှာ ရောက်နေပါပြီ

ကြန်လည်းရှိနေပါမယ်
24/07/2026

ကြန်လည်းရှိနေပါမယ်

မနက်ဖြန် ၂၅ ရက်၊ စနေနေ့မှာ အာခီတက်ဆန်းဦး ဟောပြောမယ့် “မြန်မာနိုင်ငံအတွင်း တည်ဆောက်ခဲ့သော အင်ဂျင်နီယာနှင့် ဗိသုကာတို့၏ လက်ရာ အဆောက်အအုံများ (အတိတ်၊ မျက်မှောက်နှင့် အနာဂတ်)” ဟောပြောပွဲလေးမှာ ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်း စာအုပ်တိုက်ထုတ် စာအုပ်လေးတွေ ရောင်းချပေးသွားဖို့ ရှိပါတယ်။ ပွဲကို လာမယ့်သူတွေအတွက် အထူးဈေးနှုန်းလေးတွေ စီစဉ်ထားတာမို့ ဟောပြောပွဲလေးမှာ ဆုံကြ တွေ့ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

အချိန်၊ မွန်းလွဲ ၁ နာရီမှ ၃နာရီခွဲ အထိ
နေရာ၊ Function Hall, မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်




#အာခီတက်ဆန်းဦး
#ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်းစာအုပ်တိုက်

တစ်နေရာတည်းမှာပဲ အထိုင်ချသုံးရတဲ့ ထုတ်ကုန်တွေဆိုရင်တောင်မှ ရွှေ့ပြောင်းလွယ်မှုဆိုတာ သိပ်ကို အရေးကြီးတယ်။ ကြီးကြီး လေးလေး...
23/07/2026

တစ်နေရာတည်းမှာပဲ အထိုင်ချသုံးရတဲ့ ထုတ်ကုန်တွေဆိုရင်တောင်မှ ရွှေ့ပြောင်းလွယ်မှုဆိုတာ သိပ်ကို အရေးကြီးတယ်။ ကြီးကြီး လေးလေး ပရင်တာတစ်လုံးဟာ တစ်နေရာထဲမှာ နှစ်ပေါင်းများစွာ ရှိနေနိုင်ပေမဲ့ လက်ကိုင်ဖို့ အချိုင့်အခွက်ကလေးတွေ ပြုလုပ်ပေးထားတာက စတပ်ဆင်ချိန်နဲ့ မဖြစ်မနေ ရွှေ့ပြောင်းဖို့ ဖြစ်လာတဲ့ အခါမှာ အသုံးဝင်လှတယ်။ အိမ်သုံး ရေခဲသေတ္တာတွေရဲ့ အခြေမှာ ဘီးတွေ တပ်ထားတာ၊ မွေ့ရာတွေရဲ့ ဘေးမှာ လက်ကိုင်ဖို့ ပါရှိတာတွေကလည်း အဲဒီထုတ်ကုန်တွေ သက်တမ်းတစ်ခုလုံး လိုလို အသေပဲ ရှိနေမှာဖြစ်ပေမဲ့ ရွှေ့ပြောင်းဖို့ လွယ်အောင် ဖန်တီးထားကြတာ ဖြစ်တယ်။

ထုတ်ကုန်တစ်ခုဟာ အသုံးချ သက်တမ်းကုန်လို့ တစ်စစီပြန်ဖြုတ်တဲ့အခါ၊ စွန့်ပစ်တဲ့အခါ ဒါမှမဟုတ် ပြန်လည်ဆန်းသစ် (Recycle) တဲ့အခါမှာလည်း ထပ်ပြီး ရွေ့လျားကြရပြန်တယ်။

မိုးသစ်

#ဝမ်းအိုဝမ်း
#ထုတ်ကုန်ဒီဇိုင်း၁၀၁
#ထုတ်ကုန်ဒီဇိုင်း

#ကြန်မဂ္ဂဇင်း_၂၀၂၆

-တိုတိုဖြေ-အပိုဆာဒါးတွေ ဖြေလျော့ပစ်တာပေါ့။-ရှည်ရှည်ဖြေ-၁၉၉၀ ပြည့်လွန်နှစ်တွေရောက်တော့ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်ကို မရမက လ...
19/07/2026

-တိုတိုဖြေ-
အပိုဆာဒါးတွေ ဖြေလျော့ပစ်တာပေါ့။

-ရှည်ရှည်ဖြေ-
၁၉၉၀ ပြည့်လွန်နှစ်တွေရောက်တော့ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်ကို မရမက လိုက်ရှာနေကြတာဟာ “ဆီသည်မလက်သုတ် ထူးခြားမှုကြီး” (the usual unusual) ဖြစ်လို့နေပါပြီ။ အဲဒီစကားစုကို စတင်သုံးနှုန်းခဲ့တဲ့ ဂျာနယ်ကတော့ “ထူးခြားတဲ့ ရိုးရှင်းမှု” (the unusual usual) ကိုပဲ ပိုတောင်းတချင်ခဲ့တာပါ။ ဆိုလိုချင်တာကတော့ သာမန်အဆောက်အအုံတွေထဲမှာပဲ ထူးကဲတဲ့ စွမ်းအင်၊ အသက်ဓာတ် ကိန်းဝပ်လာအောင် ဖန်တီးပေးမဲ့ ဗိသုကာလက်ရာဟန်မျိုးကိုပေါ့။ ဒါမျိုးက အပြောလွယ်သလောက် အလုပ်ခက်လှတယ်။ ရိုးရှင်းမှုဆိုတာ ပျင်းစရာကောင်းတဲ့ ပုံစံခွက်ကြီး ဖြစ်မသွားဖို့ဆိုရင် ရိုးရှင်းမှုရဲ့ နောက်ကွယ်မှာ စုံလင်ကွဲပြားမှုတွေ အများကြီး ရှိနေဖို့ လိုအပ်ပြန်တယ်။ ရိုးရှင်းတဲ့ လူနေမှုဘဝအတွက် အကောင်းဆုံး ပုံစံခွက်တစ်ခုလိုမျိုး ဖန်တီးပေးဖို့ဆိုတာ ခေတ်အဆက်ဆက်က ဗိသုကာတွေအတွက် အဓိက စိန်ခေါ်မှုတစ်ခု၊ ရှာဖွေမှုတစ်ခု ဖြစ်ခဲ့တာပါ။ ဒီလိုရှာဖွေမှုဟာ ပုံစံခွက်ထည့်ထားတဲ့ ရိုးရှင်းမှု (Simplicity of Standardization) နဲ့ ဆက်စပ်နိုင်ပေမဲ့ တကယ့် လက်တွေ့မှာတော့ ပြဿနာ၊ အခက်အခဲတွေဟာ စက်ရုံထုတ် ပုံစံခွက် ဖြေရှင်းမှု (Prefabricated Solution) တွေနဲ့တင် ဖြေရှင်းလို့ ရလောက်အောင် ရိုးရှင်းဖို့က ခက်ခဲလှပါတယ်ဗျာ။

သုကာ
What is Architecture and 100 Other Questions မှ နံပါတ် - ၇၅ ကို ဘာသာပြန် ဖော်ပြပါတယ်။

#ဗိသုကာပညာ

#ကြန်မဂ္ဂဇင်း_၂၀၂၆

ကြန်အမှတ်-၁ (Free Ebook) ဗိသုကာပညာ၊ အနုပညာ၊ ဒဿနပညာဆိုင်ရာ စာမူတွေပါဝင်တဲ့ ကြန်အမှတ်-၁ Ebook ကို ၁၃၊ ဇွန်၊ ၂၀၂၃ မှာ ထုတ်ဝ...
17/07/2026

ကြန်အမှတ်-၁ (Free Ebook)

ဗိသုကာပညာ၊ အနုပညာ၊ ဒဿနပညာဆိုင်ရာ စာမူတွေပါဝင်တဲ့ ကြန်အမှတ်-၁ Ebook ကို ၁၃၊ ဇွန်၊ ၂၀၂၃ မှာ ထုတ်ဝေခဲ့ပြီး ၄၊ ဒီဇင်ဘာ၊ ၂၀၂၄ မှာတော့ ကြန်အမှတ်-၅ ကို နောက်ဆုံး ထုတ်ဝေဖြစ်ခဲ့ပါတယ်။

အခုလထဲမှာတော့ ကြန်အမှတ်-၆ ကို ထုတ်ဝေဖို့ စီစဉ်နေပြီမို့ ကြန်မဂ္ဂဇင်းကို စာမြည်း ဖတ်ရှုလိုသူများအတွက် ကြန်အမှတ်-၁ ကို Free Ebook အဖြစ် မျှဝေပေးလိုက်ပါတယ်။

ကြန်အမှတ်-၁ Ebook ကို ဖော်ပြပါ Link ကတဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပြီး ကြန်အမှတ်-၆ ထွက်လာဖို့ကိုလည်း စောင့်မျှော်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ကြန်အမှတ်-၁ Ebook Link
https://drive.google.com/file/d/10ldZuTzIvxR612YSjrPb0HY9mxjjBP_8/view?usp=drive_link


-1 #ကြန်အမှတ်-၁

#ကြန်မဂ္ဂဇင်း_၂၀၂၆

ထိုင်ခုံတစ်လုံးဆိုတာ ဘာကိုမှ လုံးဝ မလိုအပ်တော့တဲ့ အချိန်မှသာ အရင်ဆုံး လိုချင်မိတတ်တဲ့ အရာမျိုးဖြစ်တယ်။ ဒီအချက်ကြောင့် ထိ...
15/07/2026

ထိုင်ခုံတစ်လုံးဆိုတာ ဘာကိုမှ လုံးဝ မလိုအပ်တော့တဲ့ အချိန်မှသာ အရင်ဆုံး လိုချင်မိတတ်တဲ့ အရာမျိုးဖြစ်တယ်။ ဒီအချက်ကြောင့် ထိုင်ခုံဆိုတာဟာ လူ့ယဉ်ကျေးမှု ထွန်းကားလာခြင်းအပေါ် ထူးထူးခြားခြား ထင်ဟပ်ပြနိုင်တဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့ရတယ်။ ဘာလို့လဲဆိုရင် ဒီဇိုင်းဆိုတာဟာ ရှင်သန်ရပ်တည်ဖို့ (Survival) သက်သက်အတွက် လိုအပ်တာမဟုတ်ဘဲ ယဉ်ကျေးတိုးတက်တဲ့ လူမှုဘဝ (Civilization) အတွက်သာ လိုအပ်တာကြောင့်ပါပဲ။

- Ralph Caplan (1925-2020), By Design

မိုးသစ်

#ဝမ်းအိုဝမ်း
#ထုတ်ကုန်ဒီဇိုင်း၁၀၁
#ထုတ်ကုန်ဒီဇိုင်း

#ကြန်မဂ္ဂဇင်း_၂၀၂၆

ကောင်းမွန်တဲ့ ဝေဖန်အကြံပြုချက်ဆိုတာဟာ ကိုယ့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်တာမျိုး မဟုတ်ပါဘူး။ လုပ်ငန်းခွင်ဝင်စ ဝါနုနု...
13/07/2026

ကောင်းမွန်တဲ့ ဝေဖန်အကြံပြုချက်ဆိုတာဟာ ကိုယ့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်တာမျိုး မဟုတ်ပါဘူး။ လုပ်ငန်းခွင်ဝင်စ ဝါနုနုမှာ အထက်လူကြီးက ကျွန်တော့်ကို သီးသန့်ခေါ်ပြီး “မင်း ဝေဖန်ချက်တွေကို ခံနိုင်ရည် ရှိဖို့ ပိုလိုတယ်” (You need broader shoulders) လို့ ပြောခဲ့ဖူးတယ်။ အစည်းအဝေးတစ်ခုမှာ ကျွန်တော်ရဲ့ အလုပ်အပေါ် ဝေဖန်သုံးသပ်ကြရာမှာ ပြန်ပြောပုံ၊ တုံ့ပြန်ပုံကို ကြည့်ပြီး အဲဒီလို မှတ်ချက်မျိုး ခေါ်ပြောခဲ့တာပါ။ သူပေးတဲ့ မှတ်ချက်က သိပ်မှန်နေခဲ့တယ်။

အဲဒီအချိန်မှာ ကျွန်တော်ဟာ ထိလွယ်ရှလွယ် ဖြစ်ခဲ့တယ်၊ တုံ့ပြန်ပုံကလည်း အဆင်အခြင် မဲ့ခဲ့သလို လုပ်ဖော်ကိုင်ဖက်တွေရဲ့ တန်ဖိုးရှိတဲ့ အမြင်သစ် ရှုထောင့်သစ်တွေကို အသိအမှတ်မပြုနိုင်ဘဲ အစည်းအဝေးခန်းထဲက ထထွက်လာမိခဲ့တာမျိုး။ ကျောင်းမှာ ဒီဇိုင်းဘာသာရပ်တွေ သင်ယူခဲ့တုန်းက သိပ်အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို မသင်ယူနိုင်ခဲ့ဘူး ဆိုတာပါ သဘောပေါက်ခဲ့ရတယ်။ ဝေဖန်အကြံပြုချက်တွေကို နားထောင်နိုင်စွမ်း ရှိဖို့နဲ့ အဲဒါတွေကို ပြန်အသုံးချတတ်ဖို့ဆိုတာ ဗိသုကာတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။ နှိမ့်ချတယ်ဆိုတာဟာ အရှုံးပေးလိုက်တာမျိုး မဟုတ်ပါဘူး။

ဗိသုကာကျောင်းသားတွေ အများစုမှာ စတူဒီယိုချိန်အတွက် အချိန်တွေအများကြီး ပေးရသလို အဲဒီအချိန်မှာ ကြိုးစားပြီးတော့လည်း ရေးဆွဲ လုပ်ကိုင်ရတယ်။ စတူဒီယိုအချိန်တွေဟာ ဗိသုကာတွေ လက်တွေ့လုပ်ငန်းမှာ ကြုံတွေ့ရမယ့် ဒီဇိုင်းလုပ်ငန်းစဉ်တွေအတိုင်း ကြိုတင် ပုံစံတူ လေ့ကျင့်ထားသလိုမျိုးပါပဲ။ ဒီလိုမျိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရတဲ့ ပတ်ဝန်းကျင်ထဲမှာမှ ဗိသုကာလောင်းလျာလေးတွေဟာ ပညာရပ်ဆိုင် ကျွမ်းကျင်မှုတွေကို သင်ယူကြရသလို၊ ဒီဇိုင်းပိုင်း တွေးဆနိုင်စွမ်း (Design Thinking) ကိုပါ သွေးယူ၊ ပျိုးယူရတာ ဖြစ်တယ်။

အဲဒီလို တွေ့ကြုံရတာတွေထဲမှာ ဝေဖန်သုံးသပ်ပွဲ (Critiques or Reviews: ဒီမှာတော့ ဂျူရီ (Jury) ထိုင်တယ်လို့ သုံးတယ်) ဆိုတာလည်း ပါတာပေါ့ဗျာ။ ပါမောက္ခတွေ၊ ဝေဖန်အကဲဖြတ်သူတွေက ကျောင်းသားတစ်ယောက်ရဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်၊ တိုးတက်မှုနဲ့ အပြီးသတ် လက်ရာတွေကို စစ်ဆေး အကဲဖြတ်ခွင့်ရတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။ ဒီလိုဝေဖန်ပွဲတွေဟာ ဗိသုကာပညာသင်ယူရာ လမ်းတစ်လျှောက်မှာ အမှတ်တရအဖြစ်ဆုံး၊ စိတ်ဖိစီးမှုအများဆုံးနဲ့ တစ်ခါတစ်လေမှာဆိုရင် အရှက်အရဆုံး အပိုင်းတစ်ပိုင်းလည်း ဖြစ်နေတတ်ပြန်တယ်။ ဝေဖန်သုံးသပ်ပွဲ ဂျူရီကနေ မျက်ရည်စက်လက် ငိုငိုယိုယို ထွက်လာကြတဲ့သူတွေကိုလည်း တစ်ယောက်မက မြင်ခဲ့ရဖူးတယ်။

ဗိသုကာလက်ရာတွေ ဖန်တီးရတာဟာ သိပ်ကို ပုဂ္ဂိုလ်ရေးဆန်လွန်းနေတတ်တယ်။ ဗိသုကာတိုင်းက ကိုယ့်ရဲ့ ဒီဇိုင်းအမြင်၊ ခံယူချက် (Design Filter) နဲ့သာ အဆောက်အအုံတစ်လုံးရဲ့ လုပ်ငန်းလိုအပ်ချက်တွေ (Programmatic Elements) တွေကို ခံစားပုံဖော်တတ်ကြတယ်။ ထွက်ပေါ်လာတဲ့ ဒီဇိုင်းပိုင်း ဖြေရှင်းချက်ဟာလည်း ဗိသုကာတစ်ဦးချင်းစီရဲ့ အတွေ့အကြုံနဲ့ တိမ်းညွှတ်မှု (Inclination) တွေကနေပဲ ရရှိလာတာပါ။

အဲဒီလို ဒီဇိုင်းလုပ်ငန်းစဉ်တစ်လျှောက်လုံး ပါဝင်ပတ်သက်နေတဲ့ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေ၊ အတွေးအမြင်တွေနဲ့ နှစ်သက်တဲ့ အရာတွေကို ဝေဖန်ပေးဖို့ဆိုပြီး လူအများရှေ့ ထုတ်ပြလိုက်ရပါတော့တယ်။ စိတ်နှစ်ထားတဲ့ အရာဆိုတော့ (အဆိုးချည်း ဝေဖန်ခံရမယ်ဆိုရင်) ပုဂ္ဂိုလ်ရေး သိပ်ဆန်၊ ထိခိုက်လွယ်သွားတာပေါ့။ တကယ့်ကို ကောင်းမွန်တဲ့ ဝေဖန်အကြံပြုချက်ဆိုတာ ကိုယ့်ကို စိတ်ဓာတ်ကျ ကျိုးကြေသွားအောင် မလုပ်ဘဲ အလင်းပြ၊ လမ်းပြပေးနိုင်တဲ့ အရာသာဖြစ်တယ်။

ဟမ့်တီး ဒမ့်တီး တံတိုင်းပေါ်မှာနေ
ဟမ့်တီး ဒမ့်တီး အောက်ကိုကျသလေ
ဘုရင့် စစ်သည် မြင်းသည် အစုံ
ဟမ့်တီး ဒမ့်တီး ပြန်မဆက်နိုင်ကြကုန်။

သုကာ
Doug Patt ရဲ့ How to Architect စာအုပ်ပါ E ကို ဘာသာပြန် ဖော်ပြပါတယ်။

#ဗိသုကာအတွေး
#ဗိသုကာပညာ

#ကြန်မဂ္ဂဇင်း_၂၀၂၆

ဗိသုကာပညာ ၁၀၁ နှင့် ရုပ်ရှင်ပညာ ၁၀၁
08/07/2026

ဗိသုကာပညာ ၁၀၁ နှင့် ရုပ်ရှင်ပညာ ၁၀၁

Matthew Frederick စီစဉ်တဲ့ ၁၀၁ စီးရီး စာအုပ်တွေထဲမှ " ဗိသုကာပညာ ၁၀၁ " နှင့် " ရုပ်ရှင်ပညာ ၁၀၁ " တို့ကို မူရင်း အနှစ်သာရ မပျက်စေဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဖတ်ရလွယ်ကူစေအောင် ကြန်မှ စီစဉ်ပြီး ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်းမှ ထုတ်ဝေထားပြီးဖြစ်ပါတယ် ။

" ဗိသုကာပညာ ၁၀၁ " တွင် ဒီဇိုင်းဖန်တီးခြင်း၊ ပုံဆွဲခြင်း၊ ဖန်တီးမှုအဆင့်ဆင့်၊ တင်ပြ ရှင်းလင်းပုံ တို့နဲ့ ပတ်သက်ပြီး " မျဉ်းဘယ်လို ဆွဲမလဲ " ဆိုတာကနေ ရှုပ်ထွေးလှတဲ့ အရောင်သီအိုရီ အထိ လိုရင်း တိုရှင်း ကျစ်လစ် ပြည့်စုံစွာ ပြောပြထားတဲ့ သင်ခန်းစာတွေပါဝင် ပါတယ်။

📖 စာအုပ်အချက်အလက်
- ဈေးနှုန်း၊ ၁၆,၀၀၀ ကျပ်
- အရွယ်အစား၊ ၇” x ၅”
- စာမျက်နှာ၊ ၂၀၀ (ဖြူမဲ)

" ရုပ်ရှင်ကို သာမန်ထက် ပိုပြီး အနက်အဓိပ္ပာယ် ပြည့်ပြည့်ဝဝနဲ့ ရိုးရှင်းစွာ ကြည့်ရှု ခံစားချင်သူတွေအနေနဲ့ ဒီရုပ်ရှင်ပညာ ၁ဝ၁ ကို လေ့လာ မှတ်သားမယ်ဆိုရင် ရုပ်ရှင်ဖန်တီးမှု အနုပညာနဲ့ အတတ်ပညာကို နက်နက်ရှိုင်းရှိုင်း နားလည် တန်ဖိုးထား ခံစားသွားတတ်စေမယ်" လို့ စာရေးသူ မှတ်ချက်မှာလည်း ဖော်ပြထားပါတယ်။

📖 စာအုပ်အချက်အလက်
- ဈေးနှုန်း၊ ၂၅,၀၀၀ ကျပ်
- အရွယ်အစား၊ ၇” x ၅”
- စာမျက်နှာ၊ ၂၂၀ (ဖြူမဲ)

* ဝယ်ယူဖတ်ရှုလိုသူများက *

👉 ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်း စာအုပ်တိုက်
Contempo-Horizon Messenger
https://m.me/725360620653221

👉 ကြန် - Kyan Messenger
https://m.me/111389621895581

👉 Telegram


👉 ဖြန့်ချိရေး
ကိုလတ်စာပေတို့မှ ဆက်သွယ် မှာယူနိုင်ပါတယ်။

#ဝမ်းအိုဝမ်း #၁၀၁စီးရီး
#ဗိသုကာပညာ၁၀၁
#ရုပ်ရှင်ပညာ၁၀၁
#ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်းစာအုပ်တိုက်

Address

Yangon

Alerts

Be the first to know and let us send you an email when ကြန် - Kyan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကြန် - Kyan:

Shortcuts

Share