Mata Aqua Plus

Mata Aqua Plus Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mata Aqua Plus, Swimming pool & hot tub service, No. 273, 44 Ward, Bayint Naung Road, North Dagon, Yangon.

03/09/2026

ခရီးသည် ထောင်ပေါင်းများစွာ ဆံ့တဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေပေါ်မှာ ရေကူးကန်တွေကို ဘာကြောင့် သေးသေးလေးတွေပဲ တည်ဆောက်ထားရတာလဲ...?

ရေထုထည် အလေးချိန်နဲ့ သင်္ဘောရဲ့ ဘေးအန္တရာယ် ကင်းဝေးရေးအတွက် ပါးနပ်စွာ အသုံးချထားတဲ့ အင်ဂျင်နီယာ နည်းပညာ သော့ချက်တွေကို ဒီဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ပါ!

ခရီးသွားတာ ဝါသနာပါသူတွေနဲ့ ဗဟုသုတ လေ့လာချင်သူတွေ သိထားရအောင် ဗီဒီယိုလေးကို Save ထားပြီး ချစ်ရသူတွေကို Share ပေးလိုက်ပါဦးနော်။



02/09/2026

အားစိုက်ပြီး ရုန်းကန်စရာ မလိုဘဲ ရေအောက်မှာ ပေါ့ပါးသွက်လက်စွာနဲ့ အရှိန်အဟုန်ပြင်းပြင်း သွားနိုင်တဲ့ ရေကူးသမားတွေရဲ့ လျှို့ဝှက်ချက်ကို သင်ရော သိပြီးပြီလား...?

အားကစားသမားတွေဟာ အရှိန်အဟုန်ကို ဘယ်လို ထိန်းချုပ်ထားသလဲဆိုတာ ဒီဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ပါ!

ရေကူးတာ ဝါသနာပါသူတွေနဲ့ အားကစားသမားတွေ သိထားရအောင် ဗီဒီယိုလေးကို Save ထားပြီး ချစ်ရသူတွေကို Share ပေးလိုက်ပါဦးနော်။



01/09/2026

မျက်စိနဲ့ လုံးဝ မမြင်နိုင်အောင် မသိမသာ ယိုစိမ့်နေတဲ့ နေရာဆိုးတွေကို အတိအကျ စိစစ်နိုင်မယ့် ပညာရှင်တွေရဲ့ လျှို့ဝှက်နည်းလမ်းကို သင်ရော သိပြီးပြီလား...?

အချိန်နဲ့ ငွေကြေး ကုန်ကျစရိတ် မများရအောင် ရေအောက်ထဲအထိ ဆင်းပြီး ရေစီးကြောင်း ကွဲပြားမှုကို အသုံးချကာ ချက်ချင်း အဖြေရှာနိုင်မယ့် ထိရောက်ဆန်းကြယ်တဲ့ နည်းစနစ်ကို ဒီဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ပါ!

အိမ်မှာ ရေကူးကန် ရှိသူတွေနဲ့ ထိန်းသိမ်းရေးသမားတွေ သိထားရအောင် ဗီဒီယိုလေးကို Save ထားပြီး ချစ်ရသူတွေကို Share ပေးလိုက်ပါဦးနော်။



31/08/2026

ဆယ်စုနှစ်ပေါင်းများစွာ၊ နှစ် ၁၀၀ နီးပါးအထိ မပျက်စီးဘဲ ခိုင်ခံ့နေတဲ့ အမေရိကန်က ရေကူးကန်တွေရဲ့ လျှို့ဝှက်ချက်ကို သိပါသလား...?

ရေကူးကန်ဆောက်တာ ကျင်းတူး၊ ကွန်ကရစ်လောင်းရုံနဲ့ မပြီးပါဘူး! နှစ် ၁၀၀ ခံအောင် ဘယ်လို နည်းပညာတွေ သုံးထားလဲဆိုတာ ကြည့်လိုက်ပါဦး...။



29/08/2026

အလှအပထက် ပိုအရေးကြီးတဲ့ အရာတစ်ခု ရှိနေတယ်ဆိုတာ သင် သတိထားမိရဲ့လား?

မိသားစုနဲ့အတူ ပျော်ရွှင်ရမယ့် ရေကူးကန်အချိန်လေးတွေ အန္တရာယ်ကင်းဖို့ဆိုရင် ဒီအချက်တွေကို လုံးဝမေ့ထားလို့ မရပါဘူး။

အိမ်မှာ ကိုယ်ပိုင် Pool ရှိသူတိုင်း သိထားရမယ့် Pool Safety Rules ၅ခုကို ဗီဒီယိုထဲမှာ အဆုံးထိ ကြည့်ရှုလိုက်ပါ။



27/08/2026

Multiport Valve ပေါ်က အမှတ်အသားတွေကို မှားယွင်း အသုံးပြုမိတာနဲ့တင် စက်ပစ္စည်းတွေ ပျက်စီးပြီး ရေတွေ နောက်ကျိသွားနိုင်တယ်ဆိုတာ သင်ရော သိပြီးပြီလား...?

မလိုအပ်ဘဲ ကုန်ကျစရိတ် မများရအောင် ရေကူးကန် ပိုင်ရှင်တိုင်းနဲ့ ထိန်းသိမ်းရေးသမားတိုင်း မဖြစ်မနေ သိထားရမယ့် လုပ်ဆောင်ချက်များနဲ့ ယိုစိမ့်မှု ပြဿနာ ဖြေရှင်းနည်းတွေကို ဒီဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ပါ!

အမှတ်အမှားမဖြစ်အောင် သိထားရစေဖို့ ဗီဒီယိုလေးကို Save ထားပြီး ချစ်ရသူတွေကို Share ပေးလိုက်ပါဦးနော်။


26/08/2026

ရေထဲမှာ ရုတ်တရက် အခက်တွေ့သွားတဲ့အခါ ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါးနဲ့ အန္တရာယ်ကင်းအောင် ဘယ်လို ထိန်းသိမ်းရမလဲ...?

အားကုန်သုံးပြီး ရုန်းကန်စရာ မလိုဘဲ အသက်ဘေးက လွတ်မြောက်နိုင်မယ့် အဓိက လျှို့ဝှက်ချက် (၂) ချက်ကို ဒီဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ပါ!

ရေကူးသင်နေသူတွေနဲ့ ရေကစားရတာ ကြိုက်တဲ့ မိသားစု/သူငယ်ချင်းတွေဆီ မဖြစ်မနေ Share ပေးလိုက်ပါဦးနော်။


25/08/2026

ရေကူးကန် နံရံနဲ့ ကြွေပြားပေါ်က ရေညှိနဲ့ ဂျီးစက်တွေကို ဘယ်လောက်ပဲ တိုက်တိုက် မပြောင်ဘဲ ခါးကျိုးမတတ် ပင်ပန်းနေရတုန်းပဲလား?

ရေကူးကန်တစ်ခုမှာ ရေတွေ ဘယ်လောက်ပဲ ကြည်နေပါစေ... နံရံနဲ့ ကြွေပြားကြားက အစင်းကြောင်းတွေမှာ အစိမ်းရောင်၊ အနက်ရောင် ရေညှိတွေ တင်နေရင်၊ ကန်ဘောင်တွေမှာ ထုံးဂျီးတွေ တက်နေရင် ရေဆင်းကူးချင်စိတ် လုံးဝ ပျောက်သွားရပါတယ်။ ပိုဆိုးတာက Plastic Brush အညံ့တွေနဲ့ တိုက်တဲ့အခါ ဒလက်ကျိုးထွက်သွားတာ၊ Brushခေါင်းက သေးလွန်းလို့ ကန်တစ်ကန်လုံး သန့်ရှင်းရေးလုပ်ဖို့ တစ်နေကုန် အချိန်ကုန်၊ အားစိုက်ရတာတွေကြောင့် သန့်ရှင်းရေးလုပ်ရတာ စိတ်ညစ်စရာ အလုပ်တစ်ခု ဖြစ်နေရတာပါ။

ရေကူးကန် သန့်ရှင်းရေးဆိုတာ ပုံမှန် Plastic Brush အသေးလေးတွေနဲ့ တိုက်ရုံနဲ့ မထိရောက်ပါဘူး။ ကန်နံရံနဲ့ ကြွေပြားတွေပေါ်က ကပ်ငြှိနေတဲ့ ရေညှိတွေကို အားစိုက်စရာမလိုဘဲ ဖယ်ရှားနိုင်ဖို့ ခိုင်မာတဲ့ ကိုယ်ထည်နဲ့ အလျားကျယ်တဲ့ Brush ခေါင်း လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ရေကူးကန် သန့်ရှင်းရေးလုပ်ရတဲ့ ဒုက္ခတွေကို အပြီးတိုင် ရှင်းထုတ်ပေးမယ့် Pool Wall & Tile Brush ကို မိတ်ဆက်ပေးပါရစေ။

ဒီ Brushက ပုံမှန် Brushတွေထက် အလျား 18"ကျယ်တာကြောင့် တစ်ချက်တိုက်ရုံနဲ့ ဧရိယာအကျယ်ကြီး သန့်စင်သွားပြီး သန့်ရှင်းရေးလုပ်ရတဲ့ အချိန်ကို တစ်ဝက်ကျော် သက်သာစေပါတယ်။ Brushရဲ့ ကျောဘက်ကို ပန်းကန်ပြားလိုမျိုး ခိုင်မာတဲ့ Aluminum ပါးလွှာအလွှာဖြင့် ထိန်းထားတဲ့အတွက် အားထည့်ပွတ်တိုက်သည့်အခါ ကျိုးပဲ့သွားခြင်း၊ ကွေးကောက်သွားခြင်း လုံးဝ မရှိပါဘူး။ ကန်နံရံ၊ ကြွေပြားနဲ့ ကန်ကြမ်းပြင်က ရေညှိနဲ့ အညစ်အကြေးများကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပြီး ကန်မျက်နှာပြင် Vinyl/Tile တွေကိုတော့ မခြစ်မိအောင် အရည်အသွေးမြင့် Nylon Bristles တွေနဲ့ အထူးပြုလုပ်ထားပါတယ်။ Poleတိုင် တပ်ဖို့အတွက် ခလုတ်နှိပ်ရုံနဲ့ ဘယ်လိုPole နဲ့မဆို လက်သည်းမနာဘဲ အလွယ်တကူ တပ်ဆင်/ဖြုတ်ယူနိုင်ပါတယ်။ ထောင့်စွန်းတွေ၊ ကန်ထောင့်တွေနဲ့ လှေကားထစ်များကြားရှိ အညစ်အကြေးတွေကိုပါ လွယ်ကူစွာ Cleaning လုပ်ပေးနိုင်ပါတယ်။

ဘယ်လိုကန်မျိုးမဆို ရေကူးကန် သန့်ရှင်းရေးအတွက် အချိန်ကုန်၊ လူပင်ပန်းမှုကို အပြီးတိုင် သက်သာစေမယ့် Pool Wall & Tile Brush ကို အခုပဲ မှာယူလိုက်ပါတော့။ သင့်ရဲ့ ရေကူးကန်ကို အချိန်မကုန်၊ အားမစိုက်ဘဲ အမြဲတမ်း ကြည်လင်နေစေဖို့အတွက် မှာယူချင်တယ်၊ မေးမြန်းချင်တယ်ဆိုရင်တော့ Chatboxကနေ တဆင့်လည်း မေးမြန်းနိုင်ပြီးတော့-
Phone - 09 98 58 56 161
Website - www.enviromart.com.mmသို့လည်း ဆက်သွယ် စုံစမ်း မေးမြန်းမှာယူနိုင်ပါတယ်ဗျာ။။

24/08/2026

ရေကူးကန်ထဲက ရေတွေ လျော့သွားတာဟာ သဘာဝအတိုင်း ဖြစ်တာလား၊ မမြင်နိုင်တဲ့ ယိုစိမ့်မှုကြောင့်လားဆိုတာ သင်ရော ခွဲခြားတတ်ပါသလား...?

အချိန်နဲ့ ကုန်ကျစရိတ်တွေကို မလိုအပ်ဘဲ မကုန်ရအောင် အိမ်မှာတင် ပုံးတစ်လုံးတည်းနဲ့ ရိုးရှင်းစွာ စမ်းသပ်စစ်ဆေးနိုင်မယ့် နည်းလမ်းကို ဒီဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ပါ!

အိမ်မှာ ရေကူးကန်ရှိသူတွေနဲ့ ထိန်းသိမ်းရေးသမားတွေ သိထားရအောင် ဗီဒီယိုလေးကို Save ထားပြီး Share ပေးလိုက်ပါဦးနော်။


21/08/2026

စက်ပစ္စည်းကို အသုံးပြုတဲ့အခါ ရွေးချယ်မှု မှားယွင်းတာနဲ့တင် ရေရော စက်ပါ ပျက်စီးသွားနိုင်တယ်ဆိုတာ... သင် သိပါသလား...?

သန့်ရှင်းရေးလုပ်တဲ့အခါ ဘယ်လို အခြေအနေမျိုးမှာ ဘယ်နေရာကို ပြောင်းလဲ အသုံးပြုရမလဲဆိုတာနဲ့ အရေးကြီးဆုံး သတိထားရမယ့် အချက်တွေကို ဒီဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ပါ!

စက်ပစ္စည်း ကိုင်တွယ်ရသူတွေ သတိထားနိုင်ဖို့အတွက် ဗီဒီယိုလေးကို Save ထားပြီး Share ပေးလိုက်ပါဦးနော်။



Address

No. 273, 44 Ward, Bayint Naung Road, North Dagon
Yangon
95

Alerts

Be the first to know and let us send you an email when Mata Aqua Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share