Golden Tiffany Construction

Golden Tiffany Construction GTC is Service Provider of Construction & Electrical Projects in Myanmar.

ရွှေပေါက်ကံမြို့နယ် မှာ တာဝန်ယူ ဆောက်လုပ်နေတဲ့ 17’x50’RC (2) ထပ်+ Roof Slabလုပ်ငန်းလေးပါ။ 👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆ...
27/02/2026

ရွှေပေါက်ကံမြို့နယ် မှာ တာဝန်ယူ ဆောက်လုပ်နေတဲ့
17’x50’
RC (2) ထပ်+ Roof Slab
လုပ်ငန်းလေးပါ။

👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်
📞 0943181203 ကိုဆက်သွယ်မေးမြန်းနိုင်ပါ
👉ရုံးခန်းလိပ်စာကတော့....
အမှတ် ၁၇၂/၅ခ၊ ပဥ္စမထပ်၊ က-၃ လမ်း၊ မြို့သစ် (က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။


အနောက်လှည့်အိမ်တွေ ညနေခင်းပူတာကို ဘယ်လိုကာကွယ်မလဲ? အနောက်ဘက်က ဝင်လာတဲ့ နေရောင်ဟာ "Low Angle Sun" ဖြစ်တဲ့အတွက် နံရံတွေ၊ ပ...
17/01/2026

အနောက်လှည့်အိမ်တွေ ညနေခင်းပူတာကို ဘယ်လိုကာကွယ်မလဲ?

အနောက်ဘက်က ဝင်လာတဲ့ နေရောင်ဟာ "Low Angle Sun" ဖြစ်တဲ့အတွက် နံရံတွေ၊ ပြတင်းပေါက်တွေကနေတဆင့် အိမ်ထဲကို အပူတိုက်ရိုက်ရောက်ရှိစေပြီး ညဘက်အထိ အိမ်က ပူအိုက်နေတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ ဒီနည်းလမ်း (၅) မျိုးကို သုံးနိုင်ပါတယ်။

▪️ Vertical Fins & Louvers (ဒေါင်လိုက် အကာအရံများ)

အနောက်ဘက်က နေရောင်က ဘေးတိုက်ဝင်တာဖြစ်လို့ အမိုး (Overhang) ထုတ်တာထက် စာရင် Vertical Fins သို့မဟုတ် Louvers တွေ တပ်ဆင်တာက ပိုထိရောက်ပါတယ်။
ဒါတွေက နေရောင်ကို တိုက်ရိုက်မထိအောင် ကာကွယ်ပေးသလို၊ လေဝင်လေထွက် (Ventilation) ကိုလည်း မပိတ်ပင်ပါဘူး။ Design အရလည်း Modern ဖြစ်စေပါတယ်။

▪️ Cavity Wall / Insulated Wall (နံရံနှစ်ထပ်ကာခြင်း)

သာမန် အုတ်နံရံ (Single Brick Wall) က အပူကို စုပ်ယူထားပြီး ညဘက်ကျမှ အိမ်ထဲကို ပြန်ထုတ်ပေးတာ (Thermal Lag) ကြောင့် အိမ်က ပူနေတာပါ။
Cavity Wall: နံရံနှစ်ထပ်ကြားမှာ Air Gap ထားပြီး ဆောက်လုပ်တာက အပူကို အိမ်ထဲမရောက်အောင် တော်တော်လေး တားဆီးပေးပါတယ်။
AAC Blocks: သာမန်အုတ်နီခဲအစား အပူဒဏ်ခံနိုင်တဲ့ AAC Block တွေကို အနောက်ဘက်ခြမ်းမှာ သုံးသင့်ပါတယ်။

▪️ Buffer Zones Planning (အခန်းဖွဲ့စည်းပုံ ပြောင်းလဲခြင်း)

အနောက်ဘက်ခြမ်းမှာ အိပ်ခန်း (Bedroom) သို့မဟုတ် ဧည့်ခန်း (Living Room) တွေကို အတတ်နိုင်ဆုံး မထားဘဲ Buffer Zones တွေကို ထားရှိသင့်ပါတယ်။
ဥပမာ - လှေကား (Staircase)၊ ရေချိုးခန်း (Bathroom)၊ စတိုခန်း (Storage) သို့မဟုတ် Corridor တွေကို အနောက်ဘက်မှာ ခံထားလိုက်ရင် လူနေတဲ့နေရာတွေဆီ အပူမရောက်အောင် သူတို့က ကာကွယ်ပေးပါလိမ့်မယ်။

▪️ High-Performance Glass (မှန်အမျိုးအစား ရွေးချယ်ခြင်း)

အနောက်ဘက်မှာ ပြတင်းပေါက် မဖောက်မဖြစ် ဖောက်ရမယ်ဆိုရင်တော့ သာမန်မှန်အစား Low-E Glass (Low Emissivity) သို့မဟုတ် Double Glazing ကို သုံးသင့်ပါတယ်။
ဒါ့အပြင် အပြင်ဘက်ကနေ External Shading Device တစ်ခုခု (ဥပမာ - ဝါးကပ်၊ သစ်သားပြား) နဲ့ တွဲသုံးရင် ပိုကောင်းပါတယ်။

▪️ Green Buffer (သစ်ပင်များဖြင့် ကာကွယ်ခြင်း)

သဘာဝတရားက အကောင်းဆုံး အပူကာကွယ်ဆေးပါပဲ။
အနောက်ဘက်ခြမ်းမှာ အရိပ်ရ အပင်ကြီးတွေ (Shade Trees) စိုက်ပျိုးတာ၊ ဒါမှမဟုတ် နံရံမှာ နွယ်ပင်တွေ (Green Facade) တင်တာက အိမ်ကို အေးမြစေရုံသာမက Visual အရပါ စိမ်းလန်းစေပါတယ်။

အနောက်လှည့်အိမ်ဖြစ်ပေမယ့် Passive Cooling Design တွေကို စနစ်တကျ ထည့်သွင်းစဉ်းစားထားမယ်ဆိုရင် အပူဒဏ်ကနေ ကာကွယ်နိုင်ပြီး နေထိုင်ရတာ သက်တောင့်သက်သာ ရှိစေမှာပါ။

Merry Christmas 🎁🎄 ခရစ်စမတ်ချိန်ခါလေးမှာ မိသားစုနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ 💕
25/12/2025

Merry Christmas 🎁🎄

ခရစ်စမတ်ချိန်ခါလေးမှာ မိသားစုနဲ့ အတူ
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ 💕

 #ကွန်ကရစ်ခြံစည်းရိုး တည်ဆောက်ရာတွင် လိုက်နာရမည့် အခြေခံ အဆင့်ဆင့်နှင့် သိထားသင့်သော အချက်အလက်များကို  ရှင်းပြပေးပါ့မယ် ...
01/12/2025

#ကွန်ကရစ်ခြံစည်းရိုး တည်ဆောက်ရာတွင် လိုက်နာရမည့် အခြေခံ အဆင့်ဆင့်နှင့် သိထားသင့်သော အချက်အလက်များကို ရှင်းပြပေးပါ့မယ်

#ကွန်ကရစ်ခြံစည်းရိုးတည်ဆောက်ခြင်းအဆင့်ဆင့်

ကွန်ကရစ်ခြံစည်းရိုး ခိုင်ခိုင်မာမာရှိစေရန် အောက်ပါအဆင့်များကို စနစ်တကျ လုပ်ဆောင်ရပါမည် :

1. #ဆိုက်ကလီရင်းလုပ်ခြင်း (Site Clearing): ကွန်ကရစ်လောင်းမည့်နေရာကို မြေပြင်ညီအောင်လုပ်ပါ။ မြက်၊ ကျောက်စ၊ သစ်ပင်၊ ခြုံနွယ်များနှင့် ကွန်ကရစ်ဂျိုးဟောင်းများကို ရှင်းလင်းပစ်ပါ ။

2. #အောက်ခံမြေပြင်ဆင်ခြင်း (Subgrade Preparation): ကွန်ကရစ်အောက်ခံမြေသည် သိပ်သည်းကျစ်လစ်ပြီး မရွေ့လျားသော "subgrade" ကောင်းဖြစ်ရပါမည် ။ မြေပြောင်းရွေ့နေပါက အပေါ်က ကွန်ကရစ်လည်း အက်ကြောင်းထွက်ပြီး ပျက်စီးတတ်ပါသည် ။

3. #အောက်ခံအခင်းခင်းခြင်း (Subbase Laying): အောက်ခံမြေပေါ်တွင် ကျောက်စရှိသော "hard-core" ကို အနည်းဆုံး ၄ လက်မမှ ၈ လက်မအထိ ခင်းပါ ။ ခင်းပြီးလျှင် စက်ရိုက်၍ (သို့မဟုတ်) လက်တုံးဖြင့် သိပ်သည်းအောင်လုပ်ပါ ။

4. #ပုံသွင်းခြင်း (Formwork): ကွန်ကရစ်လောင်းမည့် ပုံစံကြေးမုံပြင်ကို တောင့်တင်းခိုင်မာစွာ ပြုလုပ်ပါ ။

5. #သံချောင်းတပ်ဆင်ခြင်း (Rebar Installation): ခိုင်ခံ့မှုအတွက် သံချောင်းများ တပ်ဆင်ပါ ။

6. #ကွန်ကရစ်ရောစပ်ခြင်း (Concrete Mixing): လူတို့သောက်သုံးနိုင်သော ရေကို အသုံးပြုရပါမည် ။ ပင်လယ်ရေ သို့မဟုတ် ဆားဓာတ်ပါသောရေသည် ကွန်ကရစ်၏ ခိုင်ခံ့မှုကို ကျဆင်းစေပါသည် ။

7. #ကွန်ကရစ်လောင်းခြင်း (Concrete Pouring): ကွန်ကရစ်ကို ညီညာစွာ လောင်းချပါ ။

8. #မျက်နှာပြင်ညီအောင်လုပ်ခြင်း (Screeding & Trowelling): ကွန်ကရစ်မျက်နှာပြင်ကို ညီအောင်လုပ်ပြီး ချောမွတ်အောင် ပြုလုပ်ပေးပါ ။
9. အပူကြောင့်အက်ကွဲမှု ကာကွယ်ခြင်း (Control Joint): အပူအေးခြင်းကြောင့် ကွန်ကရစ် ကျုံ့/ဆန့်မှုဖြစ်ပါက အက်ကွဲမသွားစေရန် ကြိုတင်အက်ကြောင်းများ ဖော်ပေးပါ ။

10. #အစိုဓာတ်ထိန်းခြင်း (Curing): ကွန်ကရစ် ခိုင်ခံ့မှုရရှိစေရန် လောင်းပြီးသည့်နောက် ရက်သတ္တပတ်အနည်းငယ်ကြာ ရေဖျန်းကာ အစိုဓာတ်ထိန်းပေးပါ ။

💡 အထူးသတိထားရမည့် အချက်များ

· #ရေအရည်အသွေး : ကွန်ကရစ်လုပ်ငန်းတွင် သောက်သုံးရေကို အသုံးပြုရန် အရေးကြီးပါသည် ။ ဆာလဖိတ်ဓာတ် ၀.၅% ပါဝင်သောရေသည် ခိုင်ခံ့မှုကို ၄% ကျစေပြီး ဆား ၅% ပါဝင်ပါက ၃၀% အထိ ခိုင်ခံ့မှုကျဆင်းနိုင်ပါသည် ။

#သံဖြတ်တောက်ခြင်း : သံချောင်းကို ၉၀ ဒီဂရီချိုးလိုပါက လိုအပ်သော အရှည်ထက် ၉ လက်မ ပိုဖြတ်ရပါမည် ။

🧱 အခြားခြံစည်းရိုး အမျိုးအစားများ

ကွန်ကရစ်ခြံစည်းရိုးအပြင် နှစ်သက်ရာ အခြားရွေးချယ်စရာများလည်း ရှိပါသည် :

ခြံစည်းရိုး အမျိုးအစား အားသာချက်များ အားနည်းချက်များ

သံခြံစည်းရိုး (Wrought Iron) အကြမ်းခံ၊ ခြစ်ရာဒဏ်ခံနိုင်င် သံချေးတက်နိုင်၊ ပုံမှန်ဆေးကြောသုတ်ဆီလိမ်းပေးရန် လို

သစ်သားခြံစည်းရိုး (Wood) ဒီဇိုင်းအမျိုးမျိုး၊ သဘာဝအလှ ထိန်းသိမ်းမှုမရှိလျှင် ဆွေးမြေ့လွယ်၊ ရေမှကာကွယ်သည့်ဆေးလိမ်းပေးရန် လို

အလူမီနီယံခြံစည်းရိုး (Aluminum) ပေါ့ပါးခိုင်ခံ့၊ သံချေးမတက်၊ ထိန်းသိမ်းရလွယ် သစ်သားထက် စျေးကြီးနိုင်

ဝိုင်နီးလ်ခြံစည်းရိုး (Vinyl) အရောင်စုံ၊ ဆေးသုတ်စရာမလို၊ မှိုမစွဲ သစ်သားထက် စျေးကြီးနိုင်ပါတယ်


Ground Floor Column, 1st Floor Rebar & Concert work လုပ်ငန်းလေး17’x50’RC (2) ထပ်+ Roof Slabရွှေပေါက်ကံမြို့နယ်👉အိမ်​ဆောက...
26/11/2025

Ground Floor Column, 1st Floor Rebar & Concert work လုပ်ငန်းလေး

17’x50’
RC (2) ထပ်+ Roof Slab
ရွှေပေါက်ကံမြို့နယ်

👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်
📞 0943181203 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

👉ရုံးကိုလူကိုယ်တိုင်လာရောက်ပြီး အသေးစိတ်ဆွေးနွေးချင်တဲ့လူကြီးမင်းတို့အတွက် ရုံးခန်းလိပ်စာကတော့....
အမှတ် ၁၀၂/1A၊ ပထမထပ်၊ က-၂ လမ်း၊ မြို့သစ် (က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။




လှိုင်သာယာမြို့နယ်မှာရှိတဲ့ Ground Column & 1st floor Slab လုပ်ငန်းလေး👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်📞 0943181203 ကိ...
19/08/2025

လှိုင်သာယာမြို့နယ်မှာရှိတဲ့ Ground Column & 1st floor Slab လုပ်ငန်းလေး

👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်
📞 0943181203 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

👉ရုံးကိုလူကိုယ်တိုင်လာရောက်ပြီး အသေးစိတ်ဆွေးနွေးချင်တဲ့လူကြီးမင်းတို့အတွက် ရုံးခန်းလိပ်စာကတော့....
အမှတ် ၁၀၂/1A၊ ပထမထပ်၊ က-၂ လမ်း၊ မြို့သစ် (က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။




ချစ်စရာ (၁)ထပ်အိမ် ဒီဇိုင်းဆန်းလေးများ🩷🩷🩷  photos 👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်📞 0943181203 ကိုဆက်သွယ်မေးမြန်းနိုင...
16/08/2025

ချစ်စရာ (၁)ထပ်အိမ် ဒီဇိုင်းဆန်းလေးများ🩷🩷🩷

photos

👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်
📞 0943181203 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

👉ရုံးကိုလူကိုယ်တိုင်လာရောက်ပြီး အသေးစိတ်ဆွေးနွေးချင်တဲ့လူကြီးမင်းတို့အတွက် ရုံးခန်းလိပ်စာကတော့....
အမှတ် ၁၇၂/၅ခ၊ ပဥ္စမထပ်၊ က-၃ လမ်း၊ မြို့သစ် (က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။




Golden Tiffany Construction Co.,Ltd မှ ရွှေပေါက်ကံမြို့နယ်မှာ အသစ်တည်ဆောက်မည့်  RC (၂) ထပ် အိမ်ပုံစံ လေးပါ။ ယုံကြည်စွာ လ...
15/08/2025

Golden Tiffany Construction Co.,Ltd မှ ရွှေပေါက်ကံမြို့နယ်မှာ အသစ်
တည်ဆောက်မည့် RC (၂) ထပ် အိမ်ပုံစံ လေးပါ။ ယုံကြည်စွာ လုပ်ငန်းအပ်နှံတဲ့ အိမ်ရှင်မိသားစု စီးပွါးလာဒ်လာဘများ ဒီရေအလားတိုးပွါးပြီး ပြည့်စုံကြွယ်ဝသူများဖြစ်ကြပါစေလို့ GTC ကုမ္ပဏီမှ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်🙏🙏🙏

👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်
📞 0943181203 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

👉ရုံးကိုလူကိုယ်တိုင်လာရောက်ပြီး အသေးစိတ်ဆွေးနွေးချင်တဲ့လူကြီးမင်းတို့အတွက် ရုံးခန်းလိပ်စာကတော့....
အမှတ် ၁၇၂/၅ခ၊ ပဥ္စမထပ်၊ က-၃ လမ်း၊ မြို့သစ် (က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။




Brick Work အုပ်စီခြင်း လုပ်ငန်းလေး👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်📞 0943181203 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 👉ရုံးကို...
09/08/2025

Brick Work အုပ်စီခြင်း လုပ်ငန်းလေး

👉အိမ်​ဆောက်ဖို့စုံစမ်းချင်တယ်ဆိုရင်
📞 0943181203 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

👉ရုံးကိုလူကိုယ်တိုင်လာရောက်ပြီး အသေးစိတ်ဆွေးနွေးချင်တဲ့လူကြီးမင်းတို့အတွက် ရုံးခန်းလိပ်စာကတော့....
အမှတ် ၁၀၂/1A၊ ပထမထပ်၊ က-၂ လမ်း၊ မြို့သစ် (က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။




Address

𝐍𝐨. 𝟏𝟎𝟐/𝟏𝐀, 𝐊𝐚 𝟐𝐧𝐝 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐲𝐨𝐭𝐡𝐢𝐭 (𝐊𝐚+𝐊𝐡𝐚) 𝐖𝐚𝐫𝐝, 𝐈𝐧𝐬𝐞𝐢𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩
Yangon
11401

Telephone

+95943181203

Website

Alerts

Be the first to know and let us send you an email when Golden Tiffany Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share