02/08/2026
ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော Bright Era မိသားစု၏ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ၊ သံဃာဝစ္စ ကုဋီပြုပြင်မွမ်းမံခြင်း ရေစက်ချအခမ်းအနားနှင့် စတုဒီသာလှူဒါန်းပွဲများအား ကျင်းပပြုလုပ်ခဲ့ပါသည် 🙏
အလှူပွဲအတွင်း Bright Era မိသားစုဝင်များမှ အလှူဒါန၏ အကျိုးကျေးဇူးများကို မျှဝေဆွေးနွေးသည့် စကားဝိုင်း၊ MD နှင့် ED တို့၏ (၁၇) နှစ်ပြည့် အထိမ်းအမှတ် မိသာစုဝင်မျဋးအား လက်ဆောင်များ ပေးအပ်ခြင်း၊ ဆန်နှင့် ဆီများ လှူဒါန်းပေးဝေခြင်း၊ ရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးခြင်း၊ မုန့်ဖိုးများ ပေးအပ်ခြင်း စသည့် ကြည်နူးဖွယ်အစီအစဉ်များဖြင့် မေတ္တာ၊ ကုသိုလ်နှင့် ပျော်ရွှင်မှုများကို အတူတကွ မျှဝေခဲ့ကြပါသည်
Bright Era သည် အိမ်များကိုသာ တည်ဆောက်ခြင်းမဟုတ်ဘဲ တန်ဖိုးရှိသော လူမှုအသိုင်းအဝိုင်းနှင့် မေတ္တာပြည့်ဝသော မိသားစုယဉ်ကျေးမှုကိုလည်း အတူတကွ တည်ဆောက်လျက်ရှိပါသည်
ကုသိုလ်လည်းရ၊ စည်းလုံးညီညွတ်မှုလည်း တိုးပွားစေခဲ့သော အမှတ်တရနေ့လေး၏ ပုံရိပ်များကို အားလုံးနှင့်အတူ မျှဝေပေးလိုက်ပါသည် 💚