01/01/2024
သင့်အိမ်ကမီးကြိုးတွေ စစ်ပြီးပြီလား?
ပုံမှန်ဝါယာရဲ့ သတ်တမ်းဟာ နှစ် ၅၀ ဝန်းကျင်ထိအသုံးခံပါတယ် ဒါဟာကွာလတီပြည့် ဂိတ်ပြည့်မှပါ ဂိတ်ပြည့်တဲ့ကြိုးမှာ ရေကြည့်ရင် ၇-၉ ပင်ထိပါပါတယ် အဲ့လိုကြိုးတောင်လက်တွေ့မှာ နှစ် ၅၀ မခံပါဘူး ၁၀ နှစ်ဝန်းကျင်လောက်ရှိလာရင်လဲပေးဖို့လိုလာပါြပီ ပုံမှန်အသုံးပြုနေရတဲ့ မီးကြိုးဟာ အချိန်ကြာလာတာနဲ့အမျှတောင့်လာပါတယ် tranking လိုအကာအကွယ်မရှိတဲ့ မီးကြိုးတွေဟာဆိုရင် သဘာဝရဲ့ အပူချိန်နဲ့ အအေးဒဏ်ကိုပိုခံရပြီး ရာဘာတွေကွာလာရာကနေ ကြိုးပူးပြီးလျှော့ခ်ဖြစ်စေတတ်ပါတယ် တခါတရံ အအေးကြိုး (-) ပျောက်တာတို့ လိုမျိုးဖြစ်ပြီး မီးလိုင်းတလိုင်းအောက်တာမျိုးကြုံရတတ်ပါတယ် အဆိုးဆုံးကတော့ ပေါက်နေတဲ့မီးကြိုးကြောင့် အပ်မိပြီး ဓါတ်လိုက်တာတွေ အိမ်ရှင်မတွေ အများဆုံးကြုံရတတ်ပါတယ် အခန့်မသင့်ရင် ဓါတ်လိုက်ပြီးအသက်အန္တရာယ် ရှိနိူင်ပါတယ် တခါတရံ အဲကွန်းတပ်တဲ့အခါမီးလိုင်းအသစ်ဆွဲတတ်ကြပါတယ် ဒါပေမဲ့ ဓါတ်တိုင်ကတက်လာတဲ့ မီးအဝင်ကြိုးကရော တအိမ်လုံးရဲ့ မီးလိုင်းနဲ့ အဲကွန်းရဲ့ ဝန်ကိုခံနိုင်ရည်ရှိရဲ့လားတော့ မစစ်ဆေးမိတတ်ကြပါဘူး BCC အောင်ဖို့ EI ရဲ့သတ်မှတ်ချက်အရ မိန်းလိုင်းအဝင်ဟာ 7044/6m ဖြစ်ရပါတယ် စနစ်ဟောင်းအိမ်တွေမှာ စံမမှီတဲ့ဝါယာတွေနဲ့ နှစ်ကြာနေတဲ့
မိန်းလိုင်းတွေရှိနေရင် အိမ်ထဲမှာကြိုက်သလို မီးလိုင်းအသစ်ဆင်လည်း စိတ်ချရမှုက 0% ပါပဲ ဒါဟာမီးကြိုးနဲ့မိန်းလိုင်းအကြောင်း အကြမ်းဖျင်းရှင်းပြတာပါ နောက်ပို့စ်တွေမှာ တခုခြင်းအသေးစိတ်ရှင်းပြပေးသွားပါမယ်