Ngapali Construction

Ngapali Construction Construction Company

ပုံစံ (၇) မြေကွက်ဝယ်ရင် ဒါတွေ သတိထား !Ngapali ကပြောပြပေးသွားမယ့် “မြေအကြောင်းသိကောင်းစရာ” ထဲကမှ ပုံစံ (၇) ဆိုတာ ဘာလဲ ❓ပု...
21/08/2026

ပုံစံ (၇) မြေကွက်ဝယ်ရင် ဒါတွေ သတိထား !

Ngapali ကပြောပြပေးသွားမယ့်
“မြေအကြောင်းသိကောင်းစရာ” ထဲကမှ
ပုံစံ (၇) ဆိုတာ ဘာလဲ ❓

ပုံစံ (၇) မြေကွက်ဝယ်ရင် ဘာတွေ သတိထား
သင့်လဲ ❓ စတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး
တင်ထားပေးလိုက်ပါပြီ 👇🏻🙇🏻‍♂️

ပုံစံ (၇) ဆိုတာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်၊ လယ်ယာမြေကို လက်ဝယ်ထားရှိပြီး စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုတဲ့ လက်မှတ်ကို ခေါ်ပါတယ် ✍️

ဒီမြေကွက်နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲဆိုရင်
ပုံစံ (၇) ရှိရုံနဲ့တင် ကိုယ်ပိုင်မြေလိုမျိုး ချက်ချင်း အိမ်ဆောက်ပြီး လူနေထိုင်ခွင့်မရှိသလို ❌

✔️ အိမ်ဆောက် လူနေထိုင်ဖို့ သို့မဟုတ် အခြား စီးပွားရေး လုပ်ငန်းတစ်ခုခု လုပ်ကိုင်ဖို့ဆိုရင်
လယ်ယာမြေ ဥပဒေ ပုဒ်မ (၃၀) အရ "အခြားနည်း သုံးစွဲခွင့်" ကို အစိုးရထံ အဆင့်ဆင့် ထပ်မံ လျှောက်ထားဖို့လိုပြီး

အစိုးရထံကနေ အမိန့်မကျသေးဘဲ အဆောက်အအုံ ဆောက်လုပ်မိပါက ဥပဒေအရ ပြန်လည် ဖျက်သိမ်းခိုင်းတာ၊ ဒဏ်ကြေးရိုက်ခံရတာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။

🏠 ပိုင်ဆိုင်မှုအတွက် ဂရန်မြေအဖြစ် ပြောင်းချင်တယ်ဆိုရင်တော့
လယ်ယာမြေ ဥပဒေ ပုဒ်မ (၃၀) အရ "အခြားနည်း သုံးစွဲခွင့်" ရထားပြီးမှ လျှောက်ထားနိုင်ခွင့်ရှိသလို အချိန်နဲ့ ကုန်ကျစရိတ်ကို ကြိုတင် တွက်ချက်ထားဖို့လည်း လိုပါမယ်။

ဒါကြောင့် ပုံစံ (၇) မြေကွက်တွေကို ဝယ်ယူတော့မယ်ဆိုရင် စာရွက်စာတမ်း ခိုင်မာမှု ရှိ/မရှိနဲ့ အခြားနည်း သုံးစွဲခွင့် လျှောက်ထားလို့ ရ/မရကို မဝယ်ခင် သေချာ စိစစ်ပြီးမှ ဝယ်ယူကြဖို့ တိုက်တွန်းလိုက်ပါတယ် 💯

အိမ်၊ ခြံ၊ မြေ ဝယ်ယူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်းအရင်းတွေနဲ့ ခိုင်မာစိတ်ချရတဲ့ အိမ်ရာပရောဂျက်တွေအကြောင်းကိုတော့ Ngapali Page မှာ ဆက်လက် စောင့်မျှော် ဖတ်ရှုနိုင်ပါတယ်နော် 🏠🙇🏻‍♂️

သန္ဓေ၊ တောထွက်၊ ဓမ္မစက် မိန့်မြွက် သံချို၊ လဝါဆို🙏🏻 မြတ်ဗုဒ္ဓ၏ လေးနက်လှသော ဖြစ်တော်စဉ်လေးပါးဖြင့် ထူးမြတ်လှသည့် 🙏🏻ယနေ့ ဝ...
29/07/2026

သန္ဓေ၊ တောထွက်၊ ဓမ္မစက် မိန့်မြွက် သံချို၊ လဝါဆို

🙏🏻 မြတ်ဗုဒ္ဓ၏ လေးနက်လှသော ဖြစ်တော်စဉ်လေးပါးဖြင့် ထူးမြတ်လှသည့် 🙏🏻

ယနေ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မင်္ဂလာရှိသော အချိန်အခါမှစ၍ 🙇🏻‍♂️🌕

လူနတ်ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်အတူ စီးပွားဥစ္စာ ဒီရေအလား တိုးတက်ကြပါစေကြောင်း..... ✨🙏🏻

Ngapali မိသားစုမှ နှစ်ထွေသဒ္ဓါ ကြည်ဖြူစွာဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ✨🙏🏻





မိုးရာသီမှာ မြေကွက်သွားကြည့်ရင် ဒါတွေစစ်ကြည့် 💯မ်ိုးရာသီမှာ မြေကွက်ကြည့်တဲ့အခါ ဒါတွေကို သေချာကြည့်ခဲ့ပါ 👇▪️ မြေကွက်ရဲ့ ရ...
28/07/2026

မိုးရာသီမှာ မြေကွက်သွားကြည့်ရင် ဒါတွေစစ်ကြည့် 💯

မ်ိုးရာသီမှာ မြေကွက်ကြည့်တဲ့အခါ ဒါတွေကို သေချာကြည့်ခဲ့ပါ 👇

▪️ မြေကွက်ရဲ့ ရေဝပ်နိုင်ခြေ ရှိ/မရှိ
မိုးရွာပြီးချိန် မြေပြင်ပေါ်မှာ ရေတွေ အိုင်ပြီး ကြာရှည်စွာ ဝပ်နေသလား၊ ဒါမှမဟုတ် ရေစီးရေလာ ကောင်းမွန်စွာနဲ့ ချက်ချင်း ပြန်လည်
ခြောက်သွေ့သွားသလား ဆိုတာကို သေချာကြည့်ခဲ့ဖို့လိုသလို
▪️ ပတ်ဝန်းကျင်ရဲ့ ရေနုတ်မြောင်းစနစ်မြေကွက်ဘေးပတ်လည်မှာရှိတဲ့ ရေမြောင်းတွေ ရေလျှံတတ်သလား၊ ပိတ်ဆို့နေပြီး လမ်းပေါ်
အထိ ရေကျော်တာမျိုး ရှိ/မရှိကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်

ဒီအချက်တွေကို သေချာသွားရောက် စစ်ဆေးထားဆ်ိုရင်
☑️ ဝယ်ယူပြီးနောက်ပိုင်း အိမ်ဆောက်မယ့်အခါကျမှ မြေဖို့ရမယ့်စရိတ်၊ ရေနုတ်မြောင်းစနစ် ပြန်ပြင်ရမယ့်စရိတ် စတဲ့ မလိုလားအပ်တဲ့ အပိုဘတ်ဂျက် ကုန်ကျမှုတွေကနေ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်သလို
☑️ မိုးသည်းထန်စွာ ရွာသွန်းချိန်မှာတောင် ရေကြီးရေလျှံမှု ဘေးကင်းမယ့် မြေကွက်ကောင်းကို စိတ်ချလက်ချ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

မိုးတွင်းမြေကွက်ကြည့်ဖို့ဆိုရင်တော့
🏠 စီမံကိန်းမစတင်ခင်ကတည်းက မြေကွက်အမြင့်၊ လမ်းအကျယ်နှင့် ရေနုတ်မြောင်းစနစ်တွေကို မိုးရာသီမှာပါ ရေဝပ်ခြင်း လုံးဝမရှိအောင် စနစ်တကျ အင်ဂျင်နီယာအဆင့်ဆင့်နဲ့ တည်ဆောက်ပေးထားတဲ့ Ngapali Construction ရဲ့ စီမံကိန်းတွေကိုသတိရလိုက်ပါနော်။ 🤝🙇🏻‍♂️

အသေးစိတ် စုံစမ်းရန်
☎️ 09-443066000
☎️ 09-443066111
☎️ 09-451572488





မြေကွက်ဝယ်တဲ့အခါ ဘေးပတ်ဝန်းကျင်ကို မဖြစ်မနေ လေ့လာသင့်တဲ့အချက်များ 🏠 မြေကွက်ဝယ်တဲ့အခါ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ဝယ်သင့်/မဝ...
27/07/2026

မြေကွက်ဝယ်တဲ့အခါ ဘေးပတ်ဝန်းကျင်ကို မဖြစ်မနေ လေ့လာသင့်တဲ့အချက်များ 🏠

မြေကွက်ဝယ်တဲ့အခါ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ဝယ်သင့်/မဝယ်သင့် ရှိတဲ့အလျောက်

ဝယ်ယူနေထိုင်ပြီဆိုကာမှ ပတ်ဝန်းကျင်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် မဝယ်ခင် ဘာတွေကို ကြိုတင်လေ့လာရမလဲဆ်ိုရင် ❓

▪️နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စက်ရုံ၊ အလုပ်ရုံနဲ့ အမှိုက်ကန်တွေ ရှိမရှိ ကြိုတင်ကြည့်ရှုဖို့လိုပြီး

▪️ ရပ်ကွက်တွင်း လုံခြုံရေးနှင့် သွားလာရလွယ်ကူမှု ရှိမရှိက်ိုလည်း ကြည့်ရှုသင့်ပါတယ်

ဒါမှသာ ဝယ်ယူပြီးမှ ပတ်ဝန်းကျင်ရဲ့ ဆူညံသံတွေ၊ ညစ်ညမ်းမှုတွေကြောင့် စိတ်မချမ်းသာဖြစ်ရမယ့် ဒုက္ခတွေကနေ ကင်းဝေးစေပြီး ကိုယ်တိုင်နေဖို့ပဲဖြစ်ဖြစ်၊ ပြန်ရောင်းဖို့ပဲဖြစ်ဖြစ် စိတ်အေးရတဲ့ မြေကွက်ကောင်းကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ✔️🏠

အိမ်ခြံမြေ ဝယ်ယူတဲ့အခါ မြေကွက်တင်မကဘဲ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုပါ ပိုင်ဆိုင်ခွင့်ရဖို့က အရေးကြီးဆုံးအချက် ဖြစ်သလို ✨

မြေလည်းဝယ်ချင်တယ်၊ ဘေးပတ်ဝန်းကျင် အနေအထားတွေနဲ့ လုံခြုံရေးကိုလည်း စိတ်ချထားချင်တယ်ဆိုရင်တော့...

စီမံကိန်းဧရိယာတစ်ခုလုံးကို စနစ်တကျ ခြံစည်းရိုးခတ်၊ ဂိတ်စနစ်နဲ့ လုံခြုံရေးအပြည့်ယူပေးထားပြီး သာယာအေးချမ်းတဲ့ လူနေမှုပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပုံဖော်ပေးထားတဲ့

Ngapali Construction ရဲ့ စီမံကိန်းတွေမှာ မိသားစုအတွက် အကောင်းဆုံးနဲ့ အလုံခြုံဆုံး အနာဂတ်ကို စိတ်ချလက်ချ ဖန်တီးလိုက်ပါနော်။ 🤝🙇🏻‍♂️

အသေးစိတ် စုံစမ်းရန်
☎️ 09-443066000
☎️ 09-443066111
☎️ 09-451572488





အရပ်စာချုပ်ချုပ်ရုံနဲ့ ဥပဒေအရ စိတ်မချရသေးတဲ့ အကြောင်းအရင်းဆိုတာ 🏠နှစ်ဦးနှစ်ဖက် သဘောတူပြီး ရှေ့နေတွေ၊ အသ်ိသက်သေတွေ ရှေ့မှ...
24/07/2026

အရပ်စာချုပ်ချုပ်ရုံနဲ့ ဥပဒေအရ စိတ်မချရသေးတဲ့ အကြောင်းအရင်းဆိုတာ

🏠နှစ်ဦးနှစ်ဖက် သဘောတူပြီး ရှေ့နေတွေ၊
အသ်ိသက်သေတွေ ရှေ့မှာ လက်မှတ်ထိုးထားတာပဲလေ

စာချုပ် မခိုင်လုံစရာ ဘာအကြောင်းရှိမှာလဲ။❔

ဆိုပြီး ကိုယ်ချုပ်လိုက်တဲ့ စာချုပ်ဟာ တရားဝင်လား ? "အရပ်စာချုပ် လား” ?
ဥပဒေကြောင်းရာ အရသေချာမသိဘူးဆ်ိုရင် မလ်ိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိလာနိုင်ပါတယ်။ 🙅🏻

ဒါဆို “အရပ်စာချုပ်” ဆိုတာဘာလဲ ❔ အရပ်စာချုပ်ချုပ်ရုံနဲ့ ဥပဒေအရ စိတ်မချရသေးတဲ့ အကြောင်းအရင်းတွေဆိုတာ ဘာလဲ ❔
သိရှိရအောင် Ngapali ကနေ ပြောပြပေးလိုက်ပါတယ် 💭🙇🏻‍♂️

"အရပ်စာချုပ်" ဆိုတာ တရားဝင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး (ORD) မှာ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရှေ့နေ၊ သက်သေတွေရှေ့မှာ ဝယ်ယူသူနဲ့ ရောင်းချသူနှစ်ဦး သဘောတူ အလွတ် လက်မှတ်ရေးထိုးထားတဲ့ အရောင်းအဝယ် ကတိစာချုပ် ဖြစ်ပါတယ်။ 📝

အရပ်စာချုပ်ချုပ်ရုံနဲ့ ဥပဒေအရ စိတ်မချရ
သေးတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်
မလဲဆိုရင် …

❎ အရပ်စာချုပ်တရားဝင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး (ORD) မှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့အတွက် ဥပဒေအရ တရားဝင်ပိုင်ဆိုင်ခွင့် သက်သေအဖြစ် အပြည့်အဝ အသုံးမဝင်သလို
❎ မူရင်းပိုင်ရှင်က မြေကွက်ကို အခြားသူတစ်ဦးထံ ထပ်မံရောင်းချသွားတာမျိုး (သို့) ပိုင်ရှင်ရဲ့ အမွေဆက်ခံသူတွေဘက်က ကန့်ကွက်တရားစွဲဆိုလာရင် အရပ်စာချုပ်တစ်ခုတည်းနဲ့ ခုခံကာကွယ်ဖို့ ဥပဒေကြောင်းအရ အားနည်းလွန်းပါတယ်။

ဒါကြောင့် မြေပဲဝယ်ဝယ်၊ မြေပဲရောင်းရောင်း
“အရပ်စာချုပ်” ချုပ်ဆိုတာမျိုးမဟုတ်ဘဲ တရားဝင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး (ORD) မှာ စနစ်တကျ မှတ်ပုံတင်ပြီး စာချုပ်ချုပ်ဆိုသင့်ပါတယ်။ ✔️📝

မြေလည်းဝယ်ချင်တယ်၊ စာချုပ်ရုံး လုပ်ငန်းစဉ်တွေနဲ့ အခွန်ကိစ္စတွေကိုလည်း နားမလည်လို့ စိတ်ပူနေရတယ်ဆိုရင်တော့...✔️🏠

🏠 အရောင်းအဝယ် စာချုပ်ချုပ်ဆိုခြင်းမှစလို့ တရားဝင် စာချုပ်ရုံး မှတ်ပုံတင်ခြင်း၊ ဝယ်ယူသူအမည်ပေါက် ဂရန်ရသည်အထိ

စာရွက်စာတမ်းကိစ္စအဝဝကို ဥပဒေကြောင်းအရ စနစ်တကျ အစအဆုံး တာဝန်ယူ ကူညီ ဆောင်ရွက် ပေးနေတဲ့ Ngapali Construction နဲ့ချိတ်ဆက်လိုက်ပါနော်။ 🤝🙇🏻‍♂️

အသေးစိတ် စုံစမ်းရန်
☎️ 09-443066000
☎️ 09-443066111
☎️ 09-451572488





ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ကို လေးစားစွာ ဂုဏ်ပြုကြိုဆိုရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားသည့် ခေါင်းဆောင...
19/07/2026

ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ကို လေးစားစွာ ဂုဏ်ပြုကြိုဆိုရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားသည့် ခေါင်းဆောင်ကြီးများကို Ngapali Construction မှ ဂါရဝပြုအပ်ပါသည်။ 🙇🏻‍♂️🇲🇲

#အာဇာနည်နေ့


အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ စိတ်အေးရဆုံးအာမခံချက်ဆိုတာ 💯🏠 အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ စိတ်အေးရဆု...
07/07/2026

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ စိတ်အေးရဆုံးအာမခံချက်ဆိုတာ 💯

🏠 အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ စိတ်အေးရဆုံးအာမခံချက်ဖြစ်အောင်

Ngapali မှာ ဝယ်ယူသူတွေအတွက် ဘာတွေကို အစအဆုံး တာဝန်ယူပေးလဲဆိုရင်

▪️မြေရာဇဝင် သမိုင်းကြောင်းတစ်လျှောက် အရပ်စာချုပ်အဆင့်ဆင့် လွှဲပြောင်းမှုမှစပြီး ကြားထဲမှာ စာချုပ်ပျောက်ဆုံးတာမျိုး မရှိရလေအောင် ဥပဒေကြောင်းအရ ရာနှုန်းပြည့် သေချာစိစစ်ပေးနေပြီး
▪️ ဝယ်ယူပြီးနောက် ကြားပိုင်ရှင်တွေ သို့မဟုတ် မူရင်းပိုင်ရှင်ရဲ့ အမွေဆက်ခံသူတွေဘက်က ကန့်ကွက်တာ၊ တရားစွဲဆိုတာမျိုးတွေ လုံးဝမရှိဘဲ စိတ်အေးချမ်းသာစွာ ပိုင်ဆိုင်နိုင်အောင် သေချာစီစစ်ပေးနေသလို

☑️ နောင်တစ်ချိန် တရားဝင် အမည်ပေါက် ဂရန်လျှောက်တဲ့အခါမျိုးမှာလည်း အဆင့်ဆင့် လိုက်လံဖြေရှင်းရမယ့် အချိန်နဲ့ ငွေကြေး ကုန်ကျမှုတွေကို ကြိုတင်ကာကွယ်နိုင်ပေးနေသလို
☑️ အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်းမှစလို့ ဝယ်ယူသူအမည်ပေါက် ရသည်အထိ ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်း ကိစ္စအဝဝကို စနစ်တကျ ကူညီဆောင်ရွက်ပေးနေတာဖြစ်လို့

ကိုယ်ပိုင်အိမ်နဲ့ မြေကွက်တစ်ကွက် ပိုင်ဆိုင်ဖို့ ပြင်ဆင်တဲ့အခါ ငွေကြေးဆုံးရှုံးမှုမရှိဘဲ ရေရှည်အတွက် စိတ်ချရတဲ့အာမခံချက်တစ်ခု ဖြစ်စေမှာ အသေအချာပါပဲ။ ✔️🙇🏻‍♂️

ဒါကြောင့် အိမ်ခြံမြေကိစ္စနဲ့ ပတ်သက်ပြီးအစစအရာရာ ပြည့်စုံကာ စိတ်အချရဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆို

Ngapali Construction ရဲ့ စီမံကိန်းတွေကို စိတ်ချလက်ချ ရွေးချယ်လိုက်ပါနော်။ 🤝🙇🏻‍♂️

အသေးစိတ် စုံစမ်းရန်
☎️ 09-443066000
☎️ 09-443066111
☎️ 09-451572488





2026 Mid-Year မှာ အမြတ်အစွန်းအကျန်ဆုံး ရင်းနှီးမြှုပ်နှံမှု📈 2026 ခုနှစ်ရဲ့ နှစ်ဝက် (Mid-Year) ကာလကို ရောက်ရှိလာပြီဒီနှစ...
06/07/2026

2026 Mid-Year မှာ အမြတ်အစွန်းအကျန်ဆုံး ရင်းနှီးမြှုပ်နှံမှု

📈 2026 ခုနှစ်ရဲ့ နှစ်ဝက် (Mid-Year) ကာလကို ရောက်ရှိလာပြီ

ဒီနှစ်အတွင်းမှာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု အနေနဲ့ မြေဝယ်ထားချင်တယ်ဆိုတဲ့ သူတွေအတွက် ….

အမြတ်အစွန်းအကျန်ဆုံး ရင်းနှီးမြှုပ်နှံမှု ကိုရှာနေတယ် ဆိုရင် Ngapali Construction ရှိပါတယ်။ ✨🏠

Ngapali Construction ကရောင်းချပေးနေတဲ့ စီမံကိန်းတွေအကုန်လုံးက
☑️ ဂရန်မြေ အမည်ပေါက် ပိုင်ဆိုင်မှု ခိုင်မာသေချာတာကြောင့် ဝယ်ပြီး ပြန်ရောင်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ ရေရှည်လက်ဝယ်ထားတဲ့အခါမှာပဲဖြစ်ဖြစ် ရာနှုန်းပြည့် စိတ်အေးရစေမှာဖြစ်သလို
☑️ ရန်ကုန်မြို့ရဲ့ စီးပွားရေးအရ အချက်အချာကျပြီး လူစည်ကားတဲ့ နေရာကောင်း (Prime Location) တွေမှာသာ တည်ရှိတာကြောင့် အငှားသွက်ပြီး ပြန်လည်ရောင်းချချင်တဲ့အခါမှာလည်း အမြန်ဆုံး အလှည့်အပြောင်းဖြစ်စေပြီး
☑️ ခေတ်မီပြီး ခိုင်ခံ့စနစ်ကျတဲ့ တည်ဆောက်မှု Standard တွေကြောင့် အချိန်ကြာလာတာနဲ့အမျှ Property Value က ကျဆင်းသွားခြင်းမရှိဘဲ ပိုမိုတန်ဖိုးတက်လာစေမှာပါ။
☑️ စနစ်ကျတဲ့ Maintenance ဝန်ဆောင်မှုတွေနဲ့ ဝယ်ယူသူတိုင်းအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုလည်း အပြည့်ပေးထားတာကြောင့်

2026 နှစ်ဝက်ကာလမှာ ကိုယ့်ရဲ့ ငွေကြေးတွေကို အပုပ်မခံဘဲ စိတ်ချရတဲ့ နာမည်ကောင်း၊ ခိုင်မာတဲ့ ပိုင်ဆိုင်မှုတွေနဲ့အတူ အမြတ်အစွန်းအကျန်ဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ Ngapali Construction နဲ့ အခုပဲ လက်မလွှတ်ရအောင် ချိတ်ဆက်လိုက်ပါနော်။ 🤝🏠

အသေးစိတ် စုံစမ်းရန်
☎️ 09-443066000
☎️ 09-443066111
☎️ 09-451572488






👩🏻 ဒီနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ ကနေစပြီး မြန်မာအမျိုးသမီးများအားလုံး စိတ်ချမ်းသာ၊ ကို...
03/07/2026

👩🏻 ဒီနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ ကနေစပြီး မြန်မာအမျိုးသမီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့

ကြိုးစားအားထုတ်မှုတိုင်းကနေ ပျော်ရွှင်အေးချမ်းတဲ့ အနာဂတ်လူနေမှုဘဝတွေကို စိတ်ချလက်ချ ဖန်တီးပုံဖော်နိုင်ပါစေကြောင်း...
🏠 Ngapali Construction မိသားစုမှ လှိုက်လှဲစွာ ဆုတောင်းဂုဏ်ပြုလိုက်ရပါတယ်နော်။ 🙇🏻‍♂️✨



မြေမဝယ်ခင် ပိုင်ဆိုင်မှု မှန်/မမှန် ဘယ်လိုစစ်မလဲ🤔🏠 မြေကွက်တစ်ကွက်ကို စိတ်ကြိုက်တွေ့လို့ မဝယ်ခင်မှာ ငွေကြေးဆုံးရှုံးမှုမရ...
30/06/2026

မြေမဝယ်ခင် ပိုင်ဆိုင်မှု မှန်/မမှန် ဘယ်လိုစစ်မလဲ🤔

🏠 မြေကွက်တစ်ကွက်ကို စိတ်ကြိုက်တွေ့လို့ မဝယ်ခင်မှာ ငွေကြေးဆုံးရှုံးမှုမရှိစေဘဲ အလိမ်အညာမခံရအောင် သေချာစစ်ဆေးဖို့ ဆိုရင်

သက်ဆိုင်ရာ မြေစာရင်းရုံး (သို့မဟုတ်) ဌာနတွေမှာ တရားဝင် စစ်ဆေးရမယ့် အဆင့်တွေရှိပါတယ်။

ဒီအဆင့်တွေက ဘာတွေဖြစ်မလဲဆိုတာ Ngapali Construction ကနေ ပြောပြပေးလိုက်ပါတယ်။ 👇🏻🙇🏻‍♂️

☑️ မူရင်းမြေပုံညှပ်နဲ့ မြေရာဇဝင် (ပုံစံ-၁၀၁/၁၀၅) တရားဝင် ဟုတ်/မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်းဌာနမှာ အမည်ပေါက် တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။
☑️ ရောင်းချသူဟာ တကယ့်မူရင်းအမည်ပေါက် ဟုတ်မဟုတ် သို့မဟုတ် တရားဝင် ကိုယ်စားလှယ် လွှဲစာ (GP/SP) ရှိမရှိ ကိုလည်း စစ်ဆေးဖို့လိုပါတယ်
☑️ မြေကွက်မှာ အဆင့်ဆင့်ချုပ်ဆိုခဲ့တဲ့ အရပ်စာချုပ်များ ရှိပါက စာချုပ်အဆက်အစပ် မှန်ကန်မှု ရှိ/မရှိ သေချာတွက်ချက်စစ်ဆေးသင့်ပါတယ်။
☑️ အရောင်းအဝယ်မပြုလုပ်မီ ကန့်ကွက်မယ့်သူ ရှိ/မရှိကို နေ့စဉ်ထုတ်သတင်းစာတွေမှာ တရားဝင် ကြော်ငြာထည့်သွင်းခြင်း ရှိမရှိ စစ်ဆေးသင့်ပါတယ်

နောင်ရေးအတွက် စိတ်အေးရပြီး ပိုင်ဆိုင်မှု မှန်ကန်ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ချင်တယ်ဆိုရင် အခုပြောပြပေးခဲ့တဲ့ အဆင့်တွေကို လုပ်ဆောင်ရမှာပဲ ဖြစ်သလို ✔️🏠

ဒီလိုရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်း စစ်ဆေးရမယ့် အဆင့်တွေ၊ အရှုပ်အရှင်း ဖြစ်လာနိုင်မယ့် Risk တွေကို ကိုယ်တိုင်လိုက်မလုပ်ချင်ဘူး ဆိုရင်တော့...

Ngapali Construction မှာ ဥပဒေအရာရှိတွေ ကိုယ်တိုင် စနစ်တကျ စိစစ်ပြီးလုပ်ဆောင်ပေးနေတာဖြစ်တဲ့အပြင် ဝယ်ယူသူအမည်ပေါက် "ဂရန်မြေ" ရသည်အထိ ကနဦးကတည်းက တရားဝင် အာမခံချက်အပြည့်နဲ့ ရောင်းချပေးနေတာဖြစ်လို့

စာရွက်စာတမ်းအတွက် ရာနှုန်းပြည့် စိတ်ချလက်ချထားပြိး ရင်းနှီးမြှုပ်နှံနိုင်ပါပြီနော်။ 💯🙇🏻‍♂️

အသေးစိတ် စုံစမ်းရန်
☎️ 09-443066000
☎️ 09-443066111
☎️ 09-451572488






#ဂရန်မြေအမည်ပေါက်

Address

Shwe Mya Yar Housing/2
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

959 451572488

Alerts

Be the first to know and let us send you an email when Ngapali Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ngapali Construction:

Shortcuts

Share