27/06/2018
ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားမွ UEHRD စီမံကိန္းအတြက္ အလွဴေငြမ်ား ေပးအပ္လွဴဒါန္း
(၂၇-၆-၂၀၁၈ ရက္၊ ေနျပည္ေတာ္)
ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈအကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ့ၿဖိဳးေရးစီမံကိန္း (UEHRD) အတြက္ ျပည္ပေရာက္ ျမန္မာနိုင္ငံသားမ်ားက လွဴဒါန္းလာသည့္ ေအာက္ေဖာ္ျပပါအလွဴေငြမ်ားအား အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္မွ ယေန႔ မြန္းလြဲ ၁၄၀၀ နာရီတြင္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမ၌ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးထံသို႔ ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သိရွိရပါသည္ -
(က) ၾသစေၾတးလ်နိုင္ငံ၊ ဆစ္ဒနီၿမိဳ႕ေန ျမန္မာမိသားစုမ်ားမွ လွဴဒါန္းေငြ ၾသစေၾတးလ် ေဒၚလာ (၁၅,၀၀၀)
(ခ) ေဆာ္ဒီအာေရဗ်နိုင္ငံ၊ ဂ်ဒၵါးၿမိဳ႕တြင္ေနထိုင္သည့္ ျမန္မာနိုင္ငံသားတစ္ဦးမွ လွဴဒါန္းေငြ အေမရိကန္ေဒၚလာ (၃,၉၀၀)
(ဂ) ျမန္မာသံ႐ုံး၊ ဝါရွင္တန္ၿမိဳ႕ရွိ သံအမတ္ႀကီးႏွင့္ သံ႐ုံးဝန္ထမ္းမ်ား၊ အေမရိကန္နိုင္ငံရွိ ျမန္မာနိုင္ငံသားမ်ားႏွင့္ ျမန္မာနိုင္ငံသားေဟာင္းမ်ားမွ လွဴဒါန္းေငြ အေမရိကန္ေဒၚလာ (၁၁,၀၀၀)
(ဃ) အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕တြင္ ေနထိုင္လ်က္ရွိၾကေသာ ျမန္မာနိုင္ငံသားမ်ားမွ လွဴဒါန္းေငြ အေမရိကန္ေဒၚလာ (၂၅၀)
(င) ရခိုင္ျပည္နယ္ ပညာေရးက႑ ဖြံ့ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား သို႔မဟုတ္ အျခား လိုအပ္သည့္ ပညာေရးက႑မ်ားအတြက္ အသုံးျပဳရန္ မကာအို-ျမန္မာကုန္သည္ႀကီး မ်ားအသင္း (Macau Myanmar Chamber of Commerce) မွ လွဴဒါန္းေငြ အေမရိကန္ေဒၚလာ (၆၃၅၀)
------------------------------------------------------------------------
(Unicode Version)
ပြည်ပရောက် မြန်မာနိုင်ငံသားများမှ UEHRD စီမံကိန်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
(၂၇-၆-၂၀၁၈ ရက်၊ နေပြည်တော်)
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများက လှူဒါန်းလာသည့် အောက်ဖော်ပြပါအလှူငွေများအား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ ယနေ့ မွန်းလွဲ ၁၄၀၀ နာရီတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည် -
(က) သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နေ မြန်မာမိသားစုများမှ လှူဒါန်းငွေ သြစတြေးလျ ဒေါ်လာ (၁၅,၀၀၀)
(ခ) ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ္ဒါးမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃,၉၀၀)
(ဂ) မြန်မာသံရုံး၊ ဝါရှင်တန်မြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ အမေရိကန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၁၁,၀၀၀)
(ဃ) အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် နေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၂၅၀)
(င) ရခိုင်ပြည်နယ် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သို့မဟုတ် အခြား လိုအပ်သည့် ပညာရေးကဏ္ဍများအတွက် အသုံးပြုရန် မကာအို-မြန်မာကုန်သည်ကြီး များအသင်း (Macau Myanmar Chamber of Commerce) မှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၆၃၅၀)