Htun Nay Wun Thitsar Co., Ltd.

Htun Nay Wun Thitsar Co., Ltd. Authorized distributor of DEVELON Heavy Machinery, Compact equipment, Industrial, Road Construction

Authorized distributor of doosan Heavy Machinery,Compact equipment,industrial,Road Construction Equipment,special Attachments and Services Company ltd.

စိတ်ချရတဲ့စွမ်းဆောင်ရည်နဲ့ လေဖိအားလည်းမှန်၊ အကြမ်းလည်းခံတဲ့ 𝐇𝐏375𝐖𝐂𝐔 𝐀𝐢𝐫 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬𝐨𝐫✨လုပ်ငန်းခွင်ထဲမှာ စက်ပစ္စည်းတွေ စွမ်...
11/06/2026

စိတ်ချရတဲ့စွမ်းဆောင်ရည်နဲ့ လေဖိအားလည်းမှန်၊ အကြမ်းလည်းခံတဲ့ 𝐇𝐏375𝐖𝐂𝐔 𝐀𝐢𝐫 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬𝐨𝐫✨

လုပ်ငန်းခွင်ထဲမှာ စက်ပစ္စည်းတွေ စွမ်းဆောင်ရည်မပြည့်ဝလို့ လုပ်ငန်းကြန့်ကြာရတဲ့ဒုက္ခက တကယ်ကို ခေါင်းခဲစရာကိစ္စပဲဖြစ်ပါတယ်။ အထူးသဖြင့်
🔸သတ္တုတူးဖော်ရေးလုပ်ငန်း
🔸ကျောက်တူးဖော်ရေးလုပ်ငန်း
🔸ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာလုပ်ငန်းခွင်တွေမှာ လေဖိအားမမှန်တာ၊ လေအားခဏခဏကျတာတွေကြောင့် လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်လာပြီး Deadline မှီဖို့ ရုန်းကန်ရတတ်ပါတယ်။

🗣ဒီလိုအခက်အခဲတွေကို အပြီးတိုင်ဖြေရှင်းဖို့အတွက် စိတ်ချရတဲ့စွမ်းဆောင်ရည်၊ မှန်ကန်တဲ့လေဖိအားနဲ့ အကြမ်းခံနိုင်ရည်ရှိတဲ့ Air Compressor ကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

ဒါဆို Doosan အမှတ်တံဆိပ်ဖြစ်တဲ့ 𝐇𝐏375𝐖𝐂𝐔 𝐀𝐢𝐫 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬𝐨𝐫 ကိုသာ ရွေးချယ်လိုက်ပါ။✨

👷‍♂️𝐇𝐏375𝐖𝐂𝐔 𝐀𝐢𝐫 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬𝐨𝐫 က အဆင့်မြင့်နည်းပညာတွေပေါင်းစပ်ထားတဲ့ USA Made ဖြစ်ပြီး American နိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ထားတဲ့အတွက် Quality & Performance ပိုင်းကတော့ လုံးဝ စိတ်ချယုံကြည်ရပါတယ်။

375 CFM ရှိတဲ့လေအားပမာဏကို စဉ်ဆက်မပြတ်တည်ငြိမ်စွာ ထုတ်ပေးနိုင်တာကြောင့် ဘယ်လို Heavy-duty လုပ်ငန်းမျိုးမှာမဆို စက်အရှိန်ကျသွားတာမျိုး လုံးဝမရှိဘဲ စွမ်းဆောင်ရည်အပြည့်အဝ ရရှိစေမှာဖြစ်ပါတယ်။👍

👷‍♂️ကြမ်းတမ်းခက်ခဲတဲ့လုပ်ငန်းခွင် ပတ်ဝန်းကျင်နဲ့ ရာသီဥတုဒဏ်တွေကို ကြံ့ကြံ့ခံနိုင်အောင် အရည်အသွေးမြင့် Components တွေနဲ့ တည်ဆောက်ထားတာကြောင့် ရေရှည်အကြမ်းခံပြီး ပြုပြင်ထိန်းသိမ်းစရိတ်ကို သက်သာစေသလို Engine ပိုင်းမှာဆိုရင် ကြံ့ခိုင်မှုရှိပြီး လုပ်ငန်းခွင်ဒဏ်ခံနိုင်ရည်မြင့်မားတဲ့ Cu**in Engine အမျိုးအစားကို အသုံးပြုထားတာကြောင့် ဆီစားနှုန်းကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

စက်ကို တစ်နေရာကနေ တစ်နေရာ ရွေ့ပြောင်းမယ်ဆိုရင်လည်း ဘီးနဲ့ဆွဲယူနိုင်ဖို့အတွက် Draw Bar တွေကို တပ်ဆင်ထားသလို ဆွဲယူရာမှာ စိတ်ချသေချာစေဖို့အတွက် Safety Chain သာမက ရပ်တန့်ပြီး အလုပ်လုပ်နေချိန်မှာလည်း မရွေ့လျားနိုင်အောင် Electric Brake တွေကိုပါ တပ်ဆင်ပေးထားတာကြောင့် Safety ဖြစ်စေမှာဖြစ်ပါတယ်။✅

📣ယခုလို စွမ်းဆောင်ရည်မြင့်မားပြီး လေဖိအားလည်းမှန်၊ အကြမ်းလည်းခံတဲ့ 𝐇𝐏375𝐖𝐂𝐔 𝐀𝐢𝐫 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬𝐨𝐫 ကို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨.,𝐋𝐭𝐝 မှာ ဆက်သွယ်မှာယူနိုင်ပါတယ်။📞

အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎Contact : 09 428 222 333, 09 428 222 444, 09 428 222 555

☎Rental : 09 428210007, 09 799777551

☎Sales : 09 428210001

☎Service : 09 428212000

☎Spare Parts : 09 767676451

📧Email : [email protected]

📱Hotline Ph No: +95 9 428210001

🌐Website - http://www.htunnaywun.com.mm

🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju






စွမ်းအင်မပြတ်၊ လုပ်ငန်းအရှိန်မရပ်တန့်စေဖို့ Generator ကောင်းကောင်းတစ်လုံး ရွေးချယ်စို့။✨💁‍♂️လူကြီးမင်းတို့ရဲ့စက်ရုံ၊ အလု...
03/06/2026

စွမ်းအင်မပြတ်၊ လုပ်ငန်းအရှိန်မရပ်တန့်စေဖို့ Generator ကောင်းကောင်းတစ်လုံး ရွေးချယ်စို့။✨

💁‍♂️လူကြီးမင်းတို့ရဲ့စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းခွင်တွေမှာ စွမ်းအင်ခဏတာ ပြတ်တောက်သွားတာနဲ့ လုပ်ငန်းလည်ပတ်မှုတွေ တန့်သွားတာ၊ အချိန်ကြန့်ကြာပြီး ဆုံးရှုံးမှုတွေဖြစ်ပေါ်တာမျိုး ကြုံတွေ့ဖူးကြမှာပါ။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ယနေ့ခေတ် စီးပွားရေးလောကမှာ "အချိန်"နဲ့ "အဆက်မပြတ်လည်ပတ်နိုင်မှု"က အောင်မြင်မှုရဲ့အဓိကသော့ချက်ပဲဖြစ်ပါတယ်။ ဒီတော့စွမ်းအင်ပြတ်တောက်သွားလို့ လုပ်ငန်းအရှိန်ရပ်သွားရတဲ့အခြေအနေမျိုးကို တွေးပူစရာမလိုဘဲ ဘယ်လိုအခြေအနေမျိုးမှာမဆို စွမ်းအင်အပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့ဆိုရင် စိတ်ချရပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Generator ကောင်းကောင်းတစ်လုံး ရှိနေဖို့က မရှိမဖြစ် အရေးကြီးလာပါပြီ။👍

🗣ဒါကြောင့် လုပ်ငန်းခွင်အသီးသီးရဲ့ စွမ်းအင်လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 ကနေ တင်သွင်းဖြန့်ချိရောင်းချပေးနေတဲ့ကမ္ဘာ့အဆင့်မီ စွမ်းဆောင်ရည်မြင့် အရည်အသွေးကောင်းမွန်စိတ်ချရတဲ့ Generator တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 ကနေ ဘယ်လို Generator မျိုးတွေကို တင်သွင်းဖြန့်ချိရောင်းချပေးနေတာလဲ❓

⚡𝐀𝐆𝐆 𝐍𝐑𝐆 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫
⚡𝐁𝐚𝐢𝐅𝐚 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫
⚡𝐏𝐨𝐰𝐞𝐫𝐋𝐢𝐧𝐤 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 အစရှိတဲ့ အရည်အသွေးမြင့်၊ စွမ်းဆောင်ရည်မြင့်တဲ့ Generator တွေကို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 က တင်သွင်းဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။

⚡𝐀𝐆𝐆 𝐍𝐑𝐆 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫
𝐀𝐆𝐆 𝐍𝐑𝐆 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 ကတော့ Emergency Stand by Power (ESP) အနေနဲ့ 33 kVA ကနေ 3,000 kVA အထိ ထုတ်လုပ်ပေးထားပြီး ခက်ခဲကြမ်းတမ်းတဲ့ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင်ပါ အထူးထုတ်လုပ်ထားတဲ့မီးစက်မျိုးဖြစ်ကြောင့် ဈေးကွက်မှာ လူကြိုက်အများဆုံး Generator မျိုးဖြစ်ပါတယ်။

⚡𝐁𝐚𝐢𝐅𝐚 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫
𝐁𝐚𝐢𝐅𝐚 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 မှာဆိုရင်လည်း ဆွီဒင်နိုင်ငံထုတ် နာမည်ကြီး Volvo Penta Engine ကို အသုံးပြုထားသလို Stamford Alternator, Deepsea Controller တွေပေါင်းစပ်ဖွဲ့စည်းထားပြီး ကျစ်လျစ်မာကြောမှုကြောင့် လူကြိုက်များရေပန်းစားတဲ့ မီးစက်အမျိုးအစားဖြစ်ပါတယ်။

ဒါတင်မက လုပ်ငန်းခွင်အတွင်း ကြမ်းကြမ်းတမ်းတမ်း မညှာမတာ အသုံးပြုနိုင်ပြီး ဆီစားနှုန်း အထူးသက်သာရုံသာမက ကုန်ထုတ်စွမ်းအင် ပိုမိုအသုံးပြုနိုင်တာကြောင့် အခုလို စက်သုံးဆီစျေးနှုန်းမြင့်တက်နေတဲ့အခြေအနေမျိုးမှာ လုပ်ငန်းအတွက် ကုန်ကျစရိတ်လျှော့ချနိုင်ပြီး အကျိုးအမြတ်များစွာ ပေးစွမ်းနိုင်တဲ့မီးစက်မျိုးလည်းဖြစ်ပါတယ်။

Prime Power Output အနေနဲ့ 85 kVA/ 68kW ကနေ 700kVA/ 560kW အထိ ထုတ်လုပ်ထားပြီး မီးစက်နယ်ပယ်မှာ လှည့်ကြည့်စရာမလိုလောက်အောင်ကို Quality က ကောင်းမွန်တဲ့ Generator ပဲဖြစ်ပါတယ်။

⚡𝐏𝐨𝐰𝐞𝐫𝐋𝐢𝐧𝐤 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫
𝐏𝐨𝐰𝐞𝐫𝐋𝐢𝐧𝐤 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 ကလည်း Prime Power Output အနေနဲ့ 30kVA ကနေ 3000kVA အထိ ထုတ်လုပ်ထားပြီး စျေးတန်၊ အရည်အသွေးမှန်ကန်မှုကြောင့် လူကြိုက်များတဲ့ Generator တစ်မျိုးဖြစ်ပါတယ်။

ယခုလို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 ကနေ တင်သွင်းဖြန့်ချိရောင်းချပေးနေတဲ့ Generator တွေက
✅ဆီစားနှုန်းသက်သာခြင်း
✅အသံလုံပြီး ဆူညံမှုကင်းခြင်း
✅ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း
✅လေထုညစ်ညမ်းမှုကိုလည်း လျှော့ချပေးနိုင်ခြင်း အစရှိတဲ့အားသာချက်တွေ​ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားမှာ အသုံးအများဆုံးဖြစ်တဲ့ Generator အမျိုးအစားတွေဖြစ်ပြီး Quality & Performance အပိုင်းအတွက်လည်း စိတ်ချယုံကြည်ရသလို ပြင်ဆင်စရိတ်သက်သာကာ အပိုပစ္စည်းတွေကိုလည်း အလွယ်တကူရရှိနိုင်ပါတယ်။

လူကြီးမင်းတို့အနေနဲ့လည်း
🔹𝐓𝐞𝐥𝐞𝐜𝐨𝐦 𝐂𝐨𝐦𝐩𝐚𝐧𝐲
🔹𝐃𝐚𝐭𝐚 𝐂𝐞𝐧𝐭𝐞𝐫
🔹𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐒𝐜𝐡𝐨𝐨𝐥
🔹𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 & 𝐂𝐨𝐥𝐥𝐞𝐠𝐞
🔹𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 𝐂𝐨𝐦𝐩𝐥𝐞𝐱
🔹𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
🔹𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 ( 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐂𝐥𝐢𝐧𝐢𝐜 )
🔹အပြည်ပြည်ဆိုင်ရာလေဆိပ်
🔹စက်ရုံ၊ အလုပ်ရုံ
🔹ရုံးခန်းနဲ့ အိမ်ရာအဆောက်အဦး
🔹ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း အစရှိတဲ့လုပ်ငန်းမျိုးလုပ်ကိုင်နေတယ်ဆိုရင် Generator ကောင်းကောင်းတစ်လုံးတော့ မဖြစ်မနေဆောင်ထားသင့်ပါတယ်။

📣ဒါကြောင့် လူကြီးမင်းတို့လုပ်ငန်းအတွက် ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့်၊ စွမ်းဆောင်ရည်စိတ်ချယုံကြည်ရတဲ့ Generator မျိုးကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 ကနေ အခုပဲ ဆက်သွယ်ဝယ်ယူလိုက်ပါ။📞

အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎Contact : 09 428 222 333, 09 428 222 444, 09 428 222 555

☎Rental : 09 428210007, 09 799777551, 09 253989100

☎Sales : 09 428210001

☎Service : 09 428212000

☎Spare Parts : 09 767676451

📧Email : [email protected]

📱Hotline Ph No: +95 9 428210001

📱Generator Sales Team Hotline No: 09 428210006

🌐Website - http://www.htunnaywun.com.mm

🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju








စက်ယန္တရားကြီးတွေနဲ့ မော်တော်ကားတွေမှာ Engine ရဲ့ ရုန်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တဲ့လျှို့ဝှက်ချက်က ဘာလဲ❓စက်ယန္တရ...
29/05/2026

စက်ယန္တရားကြီးတွေနဲ့ မော်တော်ကားတွေမှာ Engine ရဲ့ ရုန်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တဲ့လျှို့ဝှက်ချက်က ဘာလဲ❓

စက်ယန္တရားကြီးနဲ့ မော်တော်ကားတွေမှာ Engine Power ရုန်းအားအပြည့်ထွက်ဖို့နဲ့ ဆီစားနှုန်းသက်သာဖို့ဆို Turbocharger က အဓိကအသက်သွေးကြောပဲဖြစ်ပါတယ်။✨

👷‍♂️Turbocharger ဆိုရာမှာ Turbocharger နဲ့ Supercharger ဆိုပြီး (၂) မျိုးရှိပြီး အခြေခံအားဖြင့် နှစ်မျိုးလုံးရဲ့ ရည်ရွယ်ချက်က အင်ဂျင်ထဲကို လေ (Oxygen) များများသိပ်ထည့်ပေးပြီး အင်ဂျင်ရုန်းအား (Power) ပိုထွက်လာအောင် လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့မောင်းနှင်ပုံနည်းစနစ်က မတူညီသလို အသုံးပြုတဲ့ Engine အမျိုးအစားကလည်း မတူညီပါဘူး။

1️⃣Turbocharger က ပုံမှန်ကားတွေနဲ့ စက်ယန္တရား (Excavator) တွေမှာ အသုံးအများဆုံးစနစ်ဖြစ်ပြီး အင်ဂျင်က ထွက်လာတဲ့အိပ်ဇောငွေ့ (Exhaust gas) ကို ပြန်လည်အသုံးပြုပြီး မောင်းနှင်တာ ဖြစ်ပါတယ်။

2️⃣Supercharger ကတော့ အိတ်ဇောငွေ့ကို မသုံးဘဲ အင်ဂျင်နဲ့ချိတ်ဆက်ပြီး အင်ဂျင်လည်ပတ်မှုကနေ ပန်ကာကြိုး (Belt) နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး မောင်းနှင်တာမျိုးဖြစ်ပါတယ်။ ပြိုင်ကားနဲ့ အချို့ Engine ကြီးတွေမှာ အသုံးများပါတယ်။

Engine Power မြှင့်တင်ပေးတဲ့ Turbocharger (တာဘို)ကို ဘယ်လိုဂရုစိုက်မလဲ❓

👷‍♂️Excavator အင်ဂျင်တွေမှာ အင်ဂျင်ပါဝါ ကောင်းမွန်ဖို့နဲ့ ဆီစားသက်သာဖို့အတွက် Turbocharger က အဓိက တာဝန်ယူပေးထားပါတယ်။ ဒါပေမယ့် တာဘိုဆိုတာ အလွန်မြင့်မားတဲ့အရှိန် (RPM) နဲ့ လည်ပတ်ရသလို အလွန်ပူပြင်းတဲ့အိတ်ဇောအပူဒဏ်ကိုလည်း တိုက်ရိုက်ခံရတဲ့အတွက် ဂရုမစိုက်ရင် အပျက်စီးအလွယ်ဆုံး အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

ဘယ်လိုလက္ခဏာမျိုးကနေ တာဘိုပျက်တော့မှာကို သိနိုင်လဲ❓

❗ပုံမှန်မဟုတ်သောအသံထွက်ခြင်း
စက်မောင်းနေစဉ် လေချွန်သံလိုမျိုး စူးရှတဲ့အသံတွေ ထွက်လာရင် တာဘို ဒလက် (Impeller) နဲ့ အိမ် (Housing) ထိနေတာမျိုး ဖြစ်နိုင်ပါတယ်။

❗မီးခိုးမဲများထွက်လာခြင်း
တာဘိုက လေလုံလုံလောက်လောက် မသွင်းပေးနိုင်ရင် လောင်စာနဲ့ လေအရောမှာ လောင်စာများပြီး မီးအကုန်မလောင်တဲ့အတွက် မီးခိုးမဲတွေထွက်လာတတ်ပါတယ်။

❗အင်ဂျင်ရုန်းအားကျလာခြင်း
ဝန်ပိတဲ့အချိန် (ဒါမှမဟုတ်) အရုန်းအဆွဲလုပ်ရမယ့်အချိန်တွေမှာ တာဘိုက လေလုံလုံလောက်လောက် မသွင်းပေးနိုင်ရင် အင်ဂျင်က အားမရှိတော့ဘဲ အရုန်းအဆွဲအား သိသိသာသာကျဆင်းသွားတတ်ပါတယ်။

❗ဆီယိုစိမ့်ခြင်း
တာဘိုရဲ့ လေဝင်လေထွက်ပိုက် (Hose) တွေထဲမှာ အင်ဂျင်ဝိုင်တွေ စိုနေတာ၊ စိမ့်နေတာတွေ့ရရင် တာဘို Seal တွေ ပျက်နေပြီလို့ ဆိုလိုတာပဲဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့ရပြီဆိုရင် Turbocharger ကို အမြန်ဆုံးပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး တာဘိုသက်တမ်းရှည်စေမယ့်ထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။😉

👷‍♂️တာဘို ပျက်စီးရခြင်းရဲ့ (၈၀%) က "အင်ဂျင်ဝိုင်" ကြောင့်ဖြစ်ပါတယ်။ ဒီတော့ အောက်ပါနည်းလမ်းတွေအတိုင်း ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

✅မှန်ကန်သော အင်ဂျင်ဝိုင်ကိုသုံးပါ။
အလွန်မြန်တဲ့အရှိန် (RPM) နဲ့ လည်ပတ်ရတဲ့တာဘိုရဲ့ Shaft ကို အင်ဂျင်ဝိုင်နဲ့ ချောဆီကျွေးရတာဖြစ်တာကြောင့် အင်ဂျင်ဝိုင် အမျိုးအစားမမှန်ကန်ရင် (ဒါမှမဟုတ်) ညစ်ပတ်နေရင် Shaft ပွန်းစားပြီး တာဘို ခဏခဏ လဲရပါလိမ့်မယ်။ ဒါကြောင့် စက်ရုံက Recommend ပေးထားတဲ့ API နဲ့ SAE Grade ကိုသာ တိတိကျကျအသုံးပြုရမှာဖြစ်ပါတယ်။

✅Air Filter ကို အမြဲစစ်ဆေးပါ။
လေစစ် (Air Filter) ပိတ်နေရင် တာဘိုက လေကို အတင်းအားစိုက်ဆွဲရတဲ့အတွက် အတွင်းက Seal တွေကို ဒဏ်ပိစေပြီး ဆီယိုစိမ့်လာတတ်ပါတယ်။

Operator တွေအနေနဲ့လည်း တာဘိုသက်တမ်းကြာရှည်စေဖို့ ဒီလိုအလေ့အကျင့်တွေကို ပြုမူလိုက်နာသင့်ပါတယ်။👍

📌Idle စောင့်ပေးပါ။
စက်စနှိုးချင်းမှာ အင်ဂျင်အရှိန်ကို ချက်ချင်း မတင်လိုက်ပါနဲ့။ အင်ဂျင်ဝိုင်တွေ တာဘိုဆီ အနှံ့အပြား ရောက်ရှိသွားဖို့အတွက် (၅) မိနစ်လောက် အင်ဂျင်အနှေးလည်နဲ့ နှိုးထား (Idle ထား) ပေးသင့်ပါတယ်။

📌စက်မရပ်ခင် စောင့်ပါ။
ဒါက အရေးကြီးဆုံးပါ။ အလုပ်ပြင်းပြင်းထန်ထန် လုပ်ပြီးပြီးချင်း စက်ချက်ချင်းရပ်လိုက်ရင် တာဘိုထဲမှာ ကျန်ခဲ့တဲ့အင်ဂျင်ဝိုင်တွေက အပူလွန်ကဲပြီး လောင်ကျွမ်းသွားတတ်ပါတယ်။ ဒါဟာ တာဘို Shaft ကို ဂျီးတက်စေပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် အနည်းဆုံး (၅) မိနစ်လောက် Idle ထားပြီးမှ စက်ရပ်တဲ့အလေ့အကျင့်ကို လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။

တာဘို အသစ်လဲရတာက အင်ဂျင်ဝိုင်နဲ့ လေစစ်ကို အချိန်မှန်လဲပေးတာထက် အဆပေါင်းများစွာ ပိုပြီး ကုန်ကျစရိတ် များပါတယ်။ ဒါကြောင့် Preventive Maintenance ကို အလေးထားဖို့ကိုလည်း အကြံပြုတိုက်တွန်းလိုက်ပါရစေ။🆗

👷‍♂️အခုလောက်ဆို Engine ရဲ့ ရုန်းအားကို သိသိသာသာ မြှင့်တင်ပေးတဲ့ Turbocharger ပျက်စီးနေနိုင်တဲ့လက္ခဏာ၊ Turbocharger သက်တမ်းကြာရှည်စေမယ့် ထိန်းသိမ်းသင့်တဲ့နည်းလမ်း၊ လိုက်နာသင့်တဲ့အလေ့အကျင့်တွေကို သိရှိသွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

📣အကယ်၍ လူကြီးမင်းတို့အနေနဲ့ အရည်အသွေးမြင့်၊ စွမ်းဆောင်ရည်မြင့်ပြီး ခေတ်မီနည်းပညာတွေပေါင်းစပ်ထားတဲ့ Construction Equipment & Industrial Applications Product တွေ လိုအပ်လာပြီဆို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 ကိုသာ သတိရလိုက်ပါ။✨

အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎Contact : 09 428 222 333, 09 428 222 444, 09 428 222 555

☎Rental : 09 428210007, 09 799777551

☎Sales : 09 428210001

☎Service : 09 428212000

☎Spare Parts : 09 767676451

📧Email : [email protected]

📱Hotline Ph No: +95 9 428210001

🌐Website - Htun Nay Wun Thitsar Co.,Ltd

🌐Viber - Htun Nay Wun Thitsar Co.,Ltd. on Viber











🌙✨❝ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ ❞ယနေ့ကျရောက်တဲ့ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ အချိန်အခါသမယမှာ အစ္စလာမ်ဘာသာဝင်များန...
28/05/2026

🌙✨❝ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ ❞

ယနေ့ကျရောက်တဲ့ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ အချိန်အခါသမယမှာ အစ္စလာမ်ဘာသာဝင်များနှင့်တကွ မိတ်ဆွေအပေါင်းအသင်းများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍ ဘဝအမောများကင်းဝေးကာ ကျန်းမာပျော်ရွှင်နိုင်ကြပါစေကြောင်း 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။





𝐎𝐧𝐞 𝐌𝐚𝐜𝐡𝐢𝐧𝐞, 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬✨👷‍♂️လုပ်ငန်းခွင်တစ်ခုမှာ စက်ယန္တရားမျိုးစုံ အသုံးပြုနေရလို့ ကုန်ကျစရိတ်တွေ ပိုများနေတယ်။...
25/05/2026

𝐎𝐧𝐞 𝐌𝐚𝐜𝐡𝐢𝐧𝐞, 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬✨

👷‍♂️လုပ်ငန်းခွင်တစ်ခုမှာ စက်ယန္တရားမျိုးစုံ အသုံးပြုနေရလို့ ကုန်ကျစရိတ်တွေ ပိုများနေတယ်။ နေရာကျဉ်းကျဉ်းလေးထဲမှာ အလုပ်မတွင်ဘဲ အချိန်တွေ ကြန့်ကြာနေရလို့ စိတ်ပျက်နေရတယ်။

ဒီပြဿနာအားလုံးကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပေးမယ့် Solution ရှိပါတယ်။ အဲဒါကတော့ အရွယ်အစားသေးပေမယ့် စွမ်းဆောင်ရည်မြင့်မားတဲ့ 𝐁𝐨𝐛𝐜𝐚𝐭 𝐒510 𝐒𝐤𝐢𝐝-𝐒𝐭𝐞𝐞𝐫 𝐋𝐨𝐚𝐝𝐞𝐫 ပဲဖြစ်ပါတယ်။👍

🗣Bobcat Brand လို့ ကြားလိုက်ရပြီဆို မြင့်မားတဲ့စက်ရဲ့စွမ်းဆောင်ရည်၊ ကျစ်ကျစ်လျစ်လျစ်နဲ့ အကြမ်းခံနိုင်တဲ့ဒီဇိုင်းရှိမှန်း အားလုံးက သိပြီးသားပါ။

ခေတ်နဲ့အညီပြောင်းလဲနေတဲ့ နည်းပညာတွေကို အသုံးချပြီး အရည်အသွေးကို ပိုမိုကောင်းမွန်လာအောင် ဖန်တီးပေးနေတာကြောင့်လည်း Bobcat က ကမ္ဘာကျော် Brand အဖြစ် ယနေ့အထိ နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်စွာရပ်တည်နေနိုင်ခဲ့တာပဲဖြစ်ပါတယ်။✅

👷‍♂️ယခုလို အရည်အသွေးရှိတဲ့ Bobcat ကနေ ထုတ်လုပ်ထားတဲ့ 𝐁𝐨𝐛𝐜𝐚𝐭 𝐒510 𝐒𝐤𝐢𝐝-𝐒𝐭𝐞𝐞𝐫 𝐋𝐨𝐚𝐝𝐞𝐫 မှာဆိုရင် Attachment မျိုးစုံကို အလွယ်တကူ လဲလှယ်ချိတ်ဆက် အသုံးပြုနိုင်တာက အဓိကအားသာချက်ပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်အခြေအနေအလိုက်
🔸မြေကြီး၊ သဲ၊ ကျောက်ခဲနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို သယ်ယူရွှေ့ပြောင်းဖို့ Bucket
🔸ကုန်ပစ္စည်းတွေနဲ့ လေးလံတဲ့ထုပ်ပိုးမှုတွေကို သယ်မဖို့ Fork
🔸လုပ်ငန်းခွင်အတွင်းက ဖုန်မှုန့်တွေနဲ့ အမှိုက်သရိုက်တွေကို အမြန်ဆုံး သန့်ရှင်းရေးလုပ်ဖို့ Sweeper
🔸စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ ခြံစည်းရိုးတိုင် စိုက်ဖို့အတွက်ဖြစ်စေ မြေကျင်းတွေကို တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် တူးဆွဖို့ Auger အစရှိတဲ့ Attachment တွေကို ပြောင်းလဲတပ်ဆင်လိုက်ရုံနဲ့ လုပ်ငန်းခွင်ကို လွယ်ကူမြန်ဆန်စွာ ပြီးမြောက်စေမှာပဲဖြစ်ပါတယ်။

ဒီလို Attachment မျိုးစုံ ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်တာကြောင့် 𝐁𝐨𝐛𝐜𝐚𝐭 𝐒510 𝐒𝐤𝐢𝐝-𝐒𝐭𝐞𝐞𝐫 𝐋𝐨𝐚𝐝𝐞𝐫 က
🔹ဆောက်လုပ်ရေးလုပ်ငန်း
🔹စိုက်ပျိုးရေးလုပ်ငန်း
🔹ဥယျာဥ်ခြံမြေပြုပြင်တည်ဆောက်ရေးလုပ်ငန်း
အစရှိတဲ့လုပ်ငန်းတွေအတွက် အားထားရာလို့လည်း ဆိုနိုင်ပါတယ်။
🗣ဒါတင်မက 𝐁𝐨𝐛𝐜𝐚𝐭 𝐒510 မှာ တပ်ဆင်ထားတဲ့ Responsive Control System ကြောင့် မောင်းနှင်ရတာ အလွန်ညင်သာပြီး စက်ရဲ့ တုံ့ပြန်မှုက စက္ကန့်မခြား တိကျသလို ကျဉ်းမြောင်းတဲ့နေရာတွေမှာတောင် လိုသလို ကွေ့ပတ်မောင်းနှင်နိုင်တဲ့ Precise Maneuverability ကြောင့်
📌Loading (ပစ္စည်းအတင်အချလုပ်ခြင်း)
📌Grading (မြေညှိခြင်း)
📌Material Handling (ကုန်ပစ္စည်းရွှေ့ပြောင်းသယ်ယူခြင်း) အစရှိတဲ့လုပ်ငန်းတွေကို အမှားအယွင်းမရှိ၊ တိတိကျကျနဲ့ အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါသေးတယ်။

📣ဒါကြောင့် လုပ်ငန်းခွင်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့နဲ့ ကုန်ကျစရိတ်တွေကို အကျိုးရှိရှိ လျှော့ချဖို့ဆိုရင် 𝐎𝐧𝐞 𝐌𝐚𝐜𝐡𝐢𝐧𝐞, 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 ဆိုတဲ့အတိုင်း 𝐁𝐨𝐛𝐜𝐚𝐭 𝐒510 𝐒𝐤𝐢𝐝-𝐒𝐭𝐞𝐞𝐫 𝐋𝐨𝐚𝐝𝐞𝐫 ကိုသာ ရွေးချယ်လိုက်ပါ။

𝐁𝐨𝐛𝐜𝐚𝐭 𝐒510 𝐒𝐤𝐢𝐝-𝐒𝐭𝐞𝐞𝐫 𝐋𝐨𝐚𝐝𝐞𝐫 ကို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ 📞

အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎Contact : 09 428 222 333, 09 428 222 444, 09 428 222 555

☎Rental : 09 428210007, 09 799777551

☎Sales : 09 428210001

☎Service : 09 428212000

☎Spare Parts : 09 767676451

📧Email : [email protected]

📱Hotline Ph No: +95 9 428210001

🌐Website - http://www.htunnaywun.com.mm

🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju





23/05/2026

စက်ယန္တရားတိုင်းအတွက် ခိုင်မာတဲ့ကွန်ရက်နဲ့အတူရှိနေတာ 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 ✨

👷‍♂️ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ယနေ့ခေတ်မှာ လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် စက်ယန္တရားပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေက အရေးကြီးဆုံး ကဏ္ဍကနေ ပါဝင်နေပါတယ်။

အထူးသဖြင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ တူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မပျက် လည်ပတ်နိုင်ဖို့အတွက်
🔸အရည်သွေးမြင့်မားတဲ့စက်ယန္တရား
🔸ယုံကြည်စိတ်ချရတဲ့ဝန်ဆောင်မှုတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။

🗣အရည်အသွေးမြင့်စက်ယန္တရားနဲ့ စိတ်ချယုံကြည်ရတဲ့ဝန်ဆောင်မှုမျိုးတွေ မရှိဘူးဆိုရင် လုပ်ငန်းခွင်မှာ စက်ပစ္စည်းချို့ယွင်းမှုကြောင့် အချိန်ကြန့်ကြာတာမျိုး၊ အရည်အသွေးမမီတဲ့စက်ပစ္စည်းတွေကြောင့် မကြာခဏပျက်စီးဆုံးရှုံးရပြီး ကုန်ကျစရိတ်များတာမျိုးတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။

ယခုလိုအခက်အခဲပြဿနာတွေနဲ့ ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် အရည်အသွေးမြင့်၊ စွမ်းဆောင်ရည်မြင့်ပြီး ခေတ်မီနည်းပညာတွေပေါင်းစပ်ထားတဲ့ Construction Equipment & Industrial Applications Product တွေအတွက် ခိုင်မာတဲ့ကွန်ရက်နဲ့အတူ 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 က အသင့်ရှိနေပါပြီ။✨

👷𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 ဆိုတာ ကမ္ဘာ့အဆင့်မီ Heavy Machinery တွေကို ၂၀၁၀ ခုနှစ်ကစတင်ပြီး လူကြီးမင်းတို့ဆီ လက်ဝယ်အရောက် ဖြန့်ချိရောင်းချပေးခဲ့တာ အခုဆို သက်တမ်းအနေနဲ့ (၁၆) နှစ်တိုင်တိုင်ရှိနေပြီဖြစ်တဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။

ဒါ့အပြင် ခိုင်မာတဲ့ကွန်ရက်အဖြစ် မြန်မာနိုင်ငံအနှံ့ ရုံးခွဲပေါင်း (၁၆) ရုံးဖွင့်လှစ်ထားပြီး စက်ယန္တရားမျိုးစုံကို ရောင်းချပေးခြင်းအပြင် ရေတိုစီမံကိန်းလုပ်ငန်းတွေအတွက် စက်ယန္တရားများ ငှားရမ်းခြင်းအစရှိတဲ့ဝန်ဆောင်မှုတွေနဲ့အတူ အရည်အသွေးမြင့် Spare Parts တွေကိုပါ ရောင်းချပေးနေပါတယ်။👍

𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 ကနေ လူကြီးမင်းတို့အနေနဲ့ ကမ္ဘာ့အဆင့်မီ Brand တွေဖြစ်တဲ့
🔹DEVELON
🔹BOBCAT
🔹AMMANN
🔹SINOTRUK
🔹DOOSAN
🔹SOOSAN
🔹JLG
🔹NRG
🔹POWERLINK 🔹BAIFA အစရှိတဲ့စက်ယန္တရားတွေကို Quality & Performance စိတ်ချယုံကြည်ရပြီး အရွယ်အစားစုံ၊ အမျိုးအစားစုံ စိတ်တိုင်းကျရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။

👷‍♂️ဒါတင်မက 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 မှာ Technical Skills & Soft Skills Training တွေကို စနစ်တကျပို့ချပေးထားတဲ့ Skillful Employees တွေကိုပါ ခန့်အပ်ထားတာကြောင့် စိတ်ကျေနပ်မှုအပြည့်၊ ယုံကြည်မှုအပြည့်နဲ့ စက်ယန္တရားတွေကို ရွေးချယ်ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
ဒီတော့ လုပ်ငန်းခွင်မှာ အသုံးပြုမယ့် Products တွေကို
✅High Quality & High Performance နဲ့ပြည့်စုံစေချင်တယ်။
✅High Productivity ပေးစွမ်းနိုင်တာမျိုး ပိုင်ဆိုင်ချင်တယ်။
✅နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေ ပေါင်းစပ်ထားတာမျိုးလိုချင်တယ်ဆိုရင် လူကြီးမင်းတို့နဲ့ အနီးဆုံး 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 ရဲ့ရုံးခွဲတွေမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

📣ဒါကြောင့် အခိုင်မာဆုံးကွန်ရက်နဲ့အတူ အရည်အသွေးမြင့်စက်ယန္တရားတွေ လိုအပ်လာပြီဆို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 ကို ဆက်သွယ်ဖို့ မမေ့နဲ့နော်။

အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄
📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎Contact : 09 428 222 333, 09 428 222 444, 09 428 222 555
☎Rental : 09 428210007, 09 799777551
☎Sales : 09 428210001
☎Service : 09 428212000
☎Spare Parts : 09 767676451
📧Email : [email protected]
📱Hotline Ph No: +95 9 428210001
🌐Website - http://www.htunnaywun.com.mm
🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju



&industrialapplicationproducts

ကျဉ်းမြောင်းတဲ့နေရာတွေအတွက် အားထားရာ 𝐁𝐨𝐛𝐜𝐚𝐭 𝐄45 ပါ။✨👷‍♂️လုပ်ငန်းခွင်တစ်ခုမှာ နေရာအကန့်အသတ်ရှိတာက အင်ဂျင်နီယာနဲ့ Operator...
15/05/2026

ကျဉ်းမြောင်းတဲ့နေရာတွေအတွက် အားထားရာ 𝐁𝐨𝐛𝐜𝐚𝐭 𝐄45 ပါ။✨

👷‍♂️လုပ်ငန်းခွင်တစ်ခုမှာ နေရာအကန့်အသတ်ရှိတာက အင်ဂျင်နီယာနဲ့ Operator တွေအတွက်တော့ တကယ့်စိန်ခေါ်မှုတစ်ခုပါပဲ။ ဘေးပတ်ပတ်လည်မှာ အဆောက်အအုံ၊ တံတိုင်းတွေရှိနေတဲ့အခါ စက်ကြီးတွေလှည့်ပတ်ဖို့ မလွယ်ကူသလို အမှားအယွင်းတစ်ခုဖြစ်ရင်လည်း ထိခိုက်ပျက်စီးမှုတွေ များနိုင်ပါတယ်။

ဒါ့အပြင် နေရာကျဉ်းတဲ့လုပ်ငန်းခွင်တွေမှာ စက်ယန္တရားတွေ မောင်းနှင်ရာမှာ ဒီလိုအခက်အခဲမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

❗လှည့်ပတ်ရန် ခက်ခဲခြင်း
စက်အနောက်မြီး (Tail Swing) ထွက်နေရင် ဘေးက အုတ်တံတိုင်း ဒါမှမဟုတ် တိုင်တွေကို တိုက်မိမှာ စိုးရိမ်ရတဲ့အတွက် အလုပ်လုပ်ရတာ သိပ်မတွင်ကျယ်ပါဘူး။
❗မြေပြင်ပျက်စီးမှု
စက်ကြီးလွန်းရင် မလိုအပ်ဘဲ ပတ်ဝန်းကျင်က မြေပြင်နဲ့ လမ်းတွေကို ပျက်စီးစေပါတယ်။
❗တိကျမှုအားနည်းခြင်း
နေရာကျဉ်းတဲ့အခါ မြေတူးတာ ဒါမှမဟုတ် ပစ္စည်းရွှေ့တာတွေမှာ တိကျဖို့ ခက်ခဲတတ်ပါတယ်။
❗ကုန်ကျစရိတ်ပိုခြင်း
စက်ကြီးဝင်မရလို့ လူအင်အားနဲ့ လုပ်ရတဲ့အခါ အချိန်ပိုကြာပြီး ကုန်ကျစရိတ် ပိုများလာတတ်ပါတယ်။

🗣ဒီတော့ ကျဉ်းမြောင်းတဲ့လုပ်ငန်းခွင်တွေမှာ အခုလိုကြုံတွေ့ရတဲ့အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 မျိုးကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

ကျဉ်းမြောင်းတဲ့လုပ်ငန်းခွင်တွေအတွက် အားထားရတဲ့ 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 မျိုးကတော့ 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ပဲဖြစ်ပါတယ်။✨

👷‍♂️𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ရဲ့ အကြီးမားဆုံး အားသာချက်က Zero Tail Swing စနစ်ပဲဖြစ်ပါတယ်။ စက်ရဲ့ အနောက်ပိုင်းက လည်ပတ်တဲ့အခါမှာ ချိန်း (Track) အပြင်ဘက်ကို ထွက်မသွားတာကြောင့်
🔹နံရံတွေ၊ ခြံစည်းရိုးတွေနဲ့ ကပ်လျက် အလုပ်လုပ်ရတဲ့အခါ တိုက်မိမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
🔹နေရာကျဉ်းကျဉ်းလေးတွေထဲမှာ အားကောင်းကောင်းနဲ့ လွတ်လွတ်လပ်လပ် တူးဆွနိုင်မှာဖြစ်ပါတယ်။

အရွယ်အစားက သေးငယ်ပေမယ့် စွမ်းဆောင်ရည်မြင့် Engine နဲ့ ခိုင်မာတဲ့ Hydraulic စနစ်တွေကြောင့် တူးဖော်နိုင်စွမ်း (Digging Force) ကတော့ အားရစရာဖြစ်ပြီး မာကျောတဲ့မြေလွှာတွေကို တူးရတာပဲဖြစ်ဖြစ်၊ လေးလံတဲ့ပစ္စည်းတွေကို မတာပဲဖြစ်ဖြစ် အင်အားအပြည့်နဲ့ ဆောင်ရွက်ပေးနိုင်ပါတယ်။👍

👷‍♂️ဒါ့အပြင် စက်အစိတ်အပိုင်းတွေ အလွယ်တကူ စစ်ဆေးပြုပြင်နိုင်အောင် စက်ဖုံးဖွင့်လိုက်ရုံနဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေကို တိုက်ရိုက်ထိတွေ့နိုင်ခြင်း၊ နေ့စဉ် စစ်ဆေးရမည့်နေရာများ စုစည်းပေးထားခြင်း အစရှိတဲ့ပုံစံမျိုးနဲ့ပါ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

အဆင့်မြင့် Engine စနစ်က အလုပ်လုပ်နိုင်စွမ်း (Productivity) ကို မလျှော့ချဘဲ လောင်စာဆီစားသုံးမှုကို အထိရောက်ဆုံး လျှော့ချပေးသလို Operator အတွက်ကိုလည်း ကျယ်ဝန်းတဲ့ Cabin အပြင် လွယ်ကူတဲ့ Control စနစ်တွေပါဝင်လို့ တစ်နေကုန် အလုပ်လုပ်ရင်တောင် ပင်ပန်းမှုနည်းပါးစေမှာဖြစ်ပါတယ်။🆗

ဒီလိုအရည်အသွေးနဲ့ စွမ်းဆောင်ရည်ရှိတဲ့ 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ကို
🔸ဆောက်လုပ်ရေးလုပ်ငန်း
🔸စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်း
🔸အခြေခံအဆောက်အဦနှင့် လျှပ်စစ်/ ရေပိုက်လိုင်းလုပ်ငန်း
🔸လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အစရှိတဲ့လုပ်ငန်းမျိုးတွေမှာ သင့်လျော်ရာ Attachment တွေ ပြောင်းလဲတပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ နေရာကျဉ်းတဲ့လုပ်ငန်းခွင်တွေအတွက် အားထားရတဲ့ 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ကို စိတ်ဝင်စားဝယ်ယူချင်တယ်ဆို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ 📞

အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎Contact : 09 428 222 333, 09 428 222 444, 09 428 222 555
☎Rental : 09 428210007, 09 799777551
☎Sales : 09 428210001
☎Service : 09 428212000
☎Spare Parts : 09 767676451

📧Email : [email protected]

📱Hotline Ph No: +95 9 428210001

🌐Website - http://www.htunnaywun.com.mm

🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju







အမြင့်ပေတိုင်းမှာ အလုပ်လုပ်ဖို့ အကောင်းဆုံးလက်တွဲဖော်။✨👷‍♂️အမြင့်ပိုင်းလုပ်ငန်းတွေ လုပ်ကိုင်ရတဲ့အခါ ဘေးကင်းလုံခြုံမှု (S...
12/05/2026

အမြင့်ပေတိုင်းမှာ အလုပ်လုပ်ဖို့ အကောင်းဆုံးလက်တွဲဖော်။✨

👷‍♂️အမြင့်ပိုင်းလုပ်ငန်းတွေ လုပ်ကိုင်ရတဲ့အခါ ဘေးကင်းလုံခြုံမှု (Safety) နဲ့ ယုံကြည်မှု (Confidence) ရှိနေဖို့က အဓိကအကျဆုံးပါပဲ။ လုံခြုံမှုရှိမှသာ အလုပ်ကို အာရုံစိုက်နိုင်မှာဖြစ်သလို ယုံကြည်မှုရှိရှိ လုပ်ကိုင်နိုင်မှလည်း လုပ်ငန်းခွင်က အဆင်ပြေချောမွေ့စွာနဲ့ သတ်မှတ်ချိန်အတွင်း ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။

ဒါတင်မက အမြင့်ပိုင်းလုပ်ငန်းတွေမှာ စွမ်းဆောင်ရည်မြင့်မားပြီး တည်ငြိမ်မှုရှိတဲ့စက်ယန္တရားတွေကို အသုံးပြုခြင်းကလည်း အချိန်ကုန်သက်သာစေရုံတင်မကဘဲ အမှားအယွင်းမရှိ အလုပ်ပြီးမြောက်စေမှာဖြစ်ပါတယ်။👍

ဒီတော့ အမြင့်ပိုင်းလုပ်ငန်းခွင်တွေမှာ ဘေးကင်းလုံခြုံမှုရှိပြီး ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ ရွေးချယ်သင့်တာကတော့ ကမ္ဘာကျော် 𝐉𝐋𝐆 𝐋𝐢𝐟𝐭 တွေပဲဖြစ်ပါတယ်။✨

👷‍♂️USA ထုတ်ဖြစ်တဲ့ 𝐉𝐋𝐆 𝐁𝐫𝐚𝐧𝐝 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐋𝐢𝐟𝐭 က နည်းပညာပိုင်းသာမက စွမ်းဆောင်ရည်ပိုင်းပါ စိတ်ချယုံကြည်ရသလို အမျိုးအစားအနေနဲ့
1️⃣Scissor Lifts
2️⃣Telescopic Boom Lifts (၂) မျိုးရှိပြီး Model အနေနဲ့ကတော့
🔸3246𝐄𝐒 𝐒𝐜𝐢𝐬𝐬𝐨𝐫 𝐋𝐢𝐟𝐭𝐬
🔸𝐑-𝐒𝐞𝐫𝐢𝐞𝐬 4045𝐑 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐒𝐜𝐢𝐬𝐬𝐨𝐫 𝐋𝐢𝐟𝐭𝐬
🔸660𝐒𝐉 𝐓𝐞𝐥𝐞𝐬𝐜𝐨𝐩𝐢𝐜 𝐁𝐨𝐨𝐦 𝐋𝐢𝐟𝐭𝐬 (၃) မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

✅3246𝐄𝐒 𝐒𝐜𝐢𝐬𝐬𝐨𝐫 𝐋𝐢𝐟𝐭𝐬
3246𝐄𝐒 𝐒𝐜𝐢𝐬𝐬𝐨𝐫 𝐋𝐢𝐟𝐭𝐬 က ဒီဇိုင်းအနေအထားအရ ကျစ်လျစ်ခိုင်ခံ့ပြီး Hydraulic Hoses (2) ခု၊ Hydraulic Fitting (4) ခုပါဝင်တာကြောင့် အချိန်တိုအတွင်း လုပ်ငန်းကို တွင်ကျယ်ပြီးမြောက်စေနိုင်ပါတယ်။

✅𝐑-𝐒𝐞𝐫𝐢𝐞𝐬 4045𝐑 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐒𝐜𝐢𝐬𝐬𝐨𝐫 𝐋𝐢𝐟𝐭𝐬
𝐑-𝐒𝐞𝐫𝐢𝐞𝐬 4045𝐑 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐒𝐜𝐢𝐬𝐬𝐨𝐫 𝐋𝐢𝐟𝐭𝐬 ကတော့ ကိုယ်ထည်ပိုင်းကို All Steel နဲ့ တည်ဆောက်ထားပြီး Indoor သာမက Outdoor မှာပါ အသုံး​ပြုနိုင်တဲ့ Platform Lift မျိုးဖြစ်ပါတယ်။

✅660𝐒𝐉 𝐓𝐞𝐥𝐞𝐬𝐜𝐨𝐩𝐢𝐜 𝐁𝐨𝐨𝐦 𝐋𝐢𝐟𝐭𝐬
660𝐒𝐉 𝐓𝐞𝐥𝐞𝐬𝐜𝐨𝐩𝐢𝐜 𝐁𝐨𝐨𝐦 𝐋𝐢𝐟𝐭𝐬 က (66 𝐟𝐭) Boom Lift၊ ထိန်းချုပ်ရရိုးရှင်းလွယ်ကူတဲ့ခလုတ်၊ ဘေးကင်းလုံခြုံမှုရှိပြီး လုပ်ငန်းခွင်ကို သတ်မှတ်ချိန်အတွင်း မြန်ဆန်စွာပြီးမြောက်စေနိုင်တဲ့ Model၊ ဆီစားသက်သာတဲ့ Diesel Engine အပြင် အမိုက်စား Feature တွေဖြစ်တဲ့ Standard Oscillating Axel, Four-Wheel Drive တွေပါဝင်တဲ့ Lift အမျိုးအစားဖြစ်ပါတယ်။

𝐉𝐋𝐆 𝐋𝐢𝐟𝐭 တွေက ဘယ်လိုလုပ်ငန်းမျိုးတွေမှာ အထောက်အကူပေးသလဲ❓

🔹အဆောက်အဦအပြင်ပိုင်း သန့်ရှင်းရေးပြုလုပ်ခြင်း/ ဆေးသုတ်ခြင်း
🔹မျက်နှာကျက်/ နံရံများပြုပြင်မွမ်းမံခြင်း
🔹ကြော်ငြာဆိုင်းဘုတ်ကြီးများတပ်ဆင်ခြင်း
🔹အမြင့်နေရာရှိမီးလုံး/ မီးသီးများတပ်ဆင်ခြင်း
🔹သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း အစရှိတဲ့လုပ်ငန်းတွေမှာ လုပ်ငန်းခွင် အဆင်ပြေချောမွေ့မှုနဲ့ ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုအတွက် အထောက်အကူများစွာ ပေးစွမ်းနိုင်ပါတယ်။

👷‍♂️ယခုလို အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေရှိတဲ့ 𝐉𝐋𝐆 𝐋𝐢𝐟𝐭 တွေနဲ့ဆို ဘေးကင်းလုံခြုံမှုအပြည့်ရှိပြီး အမြင့်ပေတိုင်းမှာ ယုံကြည်မှုရှိရှိ အလုပ်လုပ်နိုင်မှာ သေချာပါတယ်။

📣ဒါကြောင့် လူကြီးမင်းတို့လုပ်ငန်းနဲ့ သင့်လျော်ကိုက်ညီတဲ့ 𝐉𝐋𝐆 𝐁𝐫𝐚𝐧𝐝 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐋𝐢𝐟𝐭 ကို အခုပဲ ရွေးချယ်လိုက်ပါ။ 𝐉𝐋𝐆 𝐁𝐫𝐚𝐧𝐝 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐋𝐢𝐟𝐭 ကို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨.,𝐋𝐭𝐝 မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။📞

အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎Contact : 09 428 222 333, 09 428 222 444, 09 428 222 555

☎Rental : 09 428210007, 09 799777551

☎Sales : 09 428210001

☎Service : 09 428212000

☎Spare Parts : 09 767676451

📧Email : [email protected]

📱Hotline Ph No: +95 9 428210001

🌐Website - http://www.htunnaywun.com.mm

🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju








🌍𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 👩‍👦‍👦  ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်နေ့ဟာဆိုရင် "ကမ္ဘာ့အမေများနေ့"အဖြစ်သတ်မှတ်ထားတဲ့ မေလရဲ့ဒုတိယအပတ...
10/05/2026

🌍𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 👩‍👦‍👦

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်နေ့ဟာဆိုရင် "ကမ္ဘာ့အမေများနေ့"အဖြစ်သတ်မှတ်ထားတဲ့ မေလရဲ့ဒုတိယအပတ် တနင်္ဂနွေနေ့ပဲဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ "ကမ္ဘာ့အမေများနေ့"မှာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အမေများအားလုံး အနာရောဂါများကင်းရှင်း၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကာ ပျော်ရွှင်ဖွယ်နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 မှ ဂါရဝပြုရင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙏




08/05/2026

လုပ်ငန်းခွင်အရှိန်အဟုန်ကို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 ရဲ့ 𝐌𝐚𝐜𝐡𝐢𝐧𝐞𝐫𝐲 𝐑𝐞𝐧𝐭𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 နဲ့ မြှင့်တင်လိုက်ပါ 🚜💨

အသစ်စတင်တော့မယ့် စီမံကိန်းတွေ၊ ရေတိုလုပ်ငန်းခွင်တွေမှာ စက်ယန္တရား အခက်အခဲဖြစ်နေပြီလား ❓

စက်ယန္တရားကြီးတွေကို ဝယ်ယူဖို့ မလိုအပ်ဘဲ စိတ်ချလက်ချယုံကြည်မှုအပြည့် နဲ့ငှားရမ်းအသုံးပြုနိုင်မယ့် 𝐑𝐞𝐧𝐭𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 လည်း 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 မှာရှိနေပါတယ်။

𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 မှာဆိုရင် လူကြီးမင်းတို့ရဲ့ လုပ်ငန်းလိုအပ်ချက်အလိုက်...

✅𝐁𝐨𝐛𝐜𝐚𝐭 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫
◾ 𝐄𝟒𝟓 ◾ 𝐄𝟔𝟐 ◾ 𝐄𝟖𝟎
✅ 𝐃𝐎𝐎𝐒𝐀𝐍 𝐇𝐲𝐝𝐫𝐚𝐮𝐥𝐢𝐜 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫
◾ 𝐃𝐗𝟐𝟐𝟓𝐋𝐂𝐀 ( 𝐌𝐞𝐝𝐢𝐮𝐦 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 )
◾ 𝐃𝐗𝟑𝟎𝟎𝐋𝐂𝐀 ( 𝐌𝐞𝐝𝐢𝐮𝐦-𝐋𝐚𝐫𝐠𝐞 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 )
◾ 𝐃𝐗𝟑𝟔𝟎𝐋𝐂𝐀-𝟕𝐌 ( 𝐥𝐚𝐫𝐠𝐞 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 )
◾ 𝐃𝐗𝟓𝟎𝟎𝐋𝐂𝐀 ( 𝐋𝐚𝐫𝐠𝐞 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 )
..စတဲ့ အရည်အသွေးမြင့် စက်ယန္တရားကြီးတွေကို ငှားရမ်းနိုင်မှာဖြစ်ပါတယ်။

𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 မှာ 𝐑𝐞𝐧𝐭𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 ယူမယ်ဆိုရင်..

👉 စက်ယန္တရားတိုင်းကို အမြဲတမ်း 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 လုပ်ထားလို့ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် အပြည့်နဲ့ လုပ်ဆောင်နိုင်ပြီး အရည်အသွေးအာမခံချက်အပြည့်ပေနိုင်ပါတယ်။ လုပ်ငန်းအမြန်ပြီးစီးဖို့အတွက် အချိန်ကြန့်ကြာမှုမရှိဘဲ ငှားရမ်းနိုင်လို့ လုံးဝအဆင်ပြေစေမှာပါ။

👉 ဒါ့အပြင် မိမိတို့ အသုံးလိုသလောက် ရက်အကန့်အသတ်အလိုက် ညှိနှိုင်းငှားရမ်းနိုင်ခြင်းကြောင့် လုပ်ငန်းရှင်တွေအတွက် အဆင်ပြေစေမယ့် Service တစ်ခုဆိုရင်လည်း မမှားပါဘူး....

ဒါကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည် မြင့်မားဖို့ လိုအပ်တဲ့ စက်ယန္တရားတွေကို အရည်အသွေးစိတ်ချလက်ချနဲ့ အဆင်ပြေပြေ ငှားရမ်းချင်တယ်ဆိုရင် 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 ကိုသာ သတိရလိုက်ပါ 🙋‍♂️

📍 အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨. 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭 𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.
☎️ Rental Service Contact No: 09 428210007, 09 799777551
📱 Hotline: +95 9 428210001
📧 Email: [email protected]
🌐 Website: http://www.htunnaywun.com.mm
🌐Viber - https://invite.viber.com/?
g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju





Address

Block No. 246, Q-1, Corner Of Mingyi Mahar Min Khaung Street & Myin Wun U Aung, Thu Street, Hlaing Tharyar Industrial Zone-2, Hlaing Tharyar Township
Yangon
11401

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00

Telephone

09428210001

Alerts

Be the first to know and let us send you an email when Htun Nay Wun Thitsar Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htun Nay Wun Thitsar Co., Ltd.:

Share