18/07/2024
ဒါန-သည် သတ္တဝါတို့၏ အားထားမှီခိုရာ ဖြစ်သော ကြောင့် “သီဟာသနရာဇပလ္လင်ကြီး”နှင့် တူ၏။ ထိုဒါနအမှု ပြုသည့်အခါ ရတနာသုံးပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်သော သံဃာရတနာတော်မြတ်တို့အား ကာလဒါန လှူဒါန်းရခြင်းသည် မွန်မြတ်သော အလှူဒါန တစ်ခုလည်း ဖြစ်တယ်။
ထိုကာလဒါနထဲတွင် ဝါဆိုသင်္ကန်း ကပ်လှူခြင်းအမှုသည် အမွန်မြတ်ဆုံး ထဲတွင် ပါဝင်သော ကာလဒါန တစ်ခုဖြစ်တယ်။ ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလဒါန အကျိုးကို လည်း ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည် အဆင်း လှပခြင်းနဲ့ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူ ရတဲ့ အကျိုးအားကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင် သည့် အကျိုးကျေးဇူးများလည်း ရရှိမှာဖြစ်ပါတယ်။
ထို့ကြောင့် ၂၀၂၄ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့ တွင် Ayeyar Hinthar Holdings Company Limited ရှိ ဝန်ထမ်းမိသားစုဝင်များနှင့် အတူ ၎င်းအုပ်ချုပ်မှုအောက်ရှိ ကုမ္ပဏီများ စုပေါင်း၍ Ayeyar Hinthar Holdings Company Limited ၏ အစည်းအဝေးခန်းမတွင် သံဃာတော်များအား ဝါဆိုမြတ်သင်္ကန်း၊ လှူဖွယ်ဝတ္တုငွေနှင့် အတူ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ခြင်းအား သာဓုခေါ်ယူနိုင်ရန် မျှဝေအပ်ပါသည်။
English Below:
Dana can be likened to the "thihasana throne" because it serves as the foundation upon which all creatures depend. Engaging in the act of charity by donating kaldana to the monks, who are among the Three Jewels, constitutes a noble donation.
The Waso Robe donation encompasses both a Sivaradana donation and a kaldana donation. Thus, individuals who contribute this robe not only reap the benefits associated with kaldana, such as fulfilling their needs and desires, but also gain the merits of robe donation, leading to a life adorned with beauty. At the end of their life, the merit from robe donation will facilitate an easy transition into monastic life and provide the spiritual rewards of witnessing Maghful Nirvana.
In light of this, on Wednesday, July 17, 2024, Ayeyar Hinthar Holdings Company Limited, together with the family members of the employees and its subsidiary companies, convened in the meeting hall of Ayeyar Hinthar Holdings Company Limited to bless the monks. The gathering included the donation of a daily meal and monetary contributions to the monks, signifying a collective act of generosity.