06/04/2025
Lesswalk နှင့် Myanmar Synergy တို့၏ပူးပေါင်းဆောင်ရွက်မှုပရဟိတလုပ်ငန်းအဖြစ် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း နေရာပေါင်း ၁၂ နေရာကျော်ရှိ အန္တရာယ်ရှိသည့်အပျက်အစီးများကို ဖယ်ရှားကူညီပေးနိုင်ခဲ့ပါသည်။ ထို့အပြင် Sky Villa Condo ရှိကြီးမားသောကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကျွန်ုပ်တို့၏ customer တစ်ဦးမှလည်း ၎င်းပိုင်ဆိုင်သည့် CASE Excavator များကိုလိုအပ်သလိုအသုံးပြုခွင့်ပေးကာ စေတနာအပြည့်ဖြင့်ပါဝင်ကူညီခဲ့သည်မှာလည်း ကျွန်ုပ်တို့အတွက် ဝမ်းသာအားတက်ဖွယ်ရာအပြည့်ဖြင့်ကြည်နူးအားတက်ခဲ့ရပါသည်။
ဤဖြစ်ရပ်တွင်မိမိတို့သည် ပြည်တွင်းပြည်ပမှလာရောက်ကူညီပေးကျသည့် ကယ်ဆယ်ရေးအဖွဲများနှင့်အတူလက်တွဲကာ အသက်များစွာကိုကူညီကယ်ဆယ်နိုင်ခဲ့ပါသည်။