SG Pann Ayeyar Concrete

SG Pann Ayeyar Concrete Building a better tomorrow ~~~

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ မြေကြီးရဲ့ သဘာ၀ Moistur...
15/09/2025

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ မြေကြီးရဲ့ သဘာ၀ Moisture Content နှင့် Dry Unit Weight ပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

လမ်းလုပ်ငန်းဖြစ်ဖြစ်၊ အဆောက်အအဦမြေဖို့လုပ်ငန်းဖြစ်ဖြစ် Backfilling Soil တွေကို Compaction ပြုလုပ်ပြီးနောက် Field Density စစ်ဆေးရပါတယ်။ အဆိုပါလုပ်ငန်းအတွက် မဖြစ်မနေသိထားရမယ့် အရာတွေက Nature of soil, moisture content နှင့် dry unit weight (or) dry density တို့ဖြစ်ပါတယ်။

မြေကြီးရဲ့အတွင်းသဘာ၀
=================
မြေကြီးဟာ အမြင်အရ အစိုင်အခဲ အတုံးပုံစံ ရှိနေပေမယ့် အနုစိပ်ခွဲခြမ်းကြည့်မယ်ဆိုရင် Soil Particle တစ်ခုနဲ့တစ်ခုကြားမှာ ခေါင်းပွအခန်းလွတ် Void Space တွေရှိနေကြတယ်။ တစ်ချို့ Void တွေက လေ Air သာရှိပြီး တချို့ကတော့ ရေ Water/Moisture တွေနဲ့ပြည့်နေကြတယ်။ Soil Sample တစ်ခုရဲ့ ထုထည် Volume ကိုတွက်မယ်ဆိုရင် Volume of solid soil မြေသားထု + Volume of Void (Air+water ခေါင်းပွထု + ရေထု) ပေါင်းရမယ်။

V = Vs + Vw + Va

အလးချိန် Weight of soil sample ဆိုရင် မြေသားထုအလေးချိန် Weight of solid soil နဲ့ Weight of Water ရေအလေးချိန် ကိုပေါင်းရမှာပေါ့ (လေအလေးချိန် Weight of Air က Negligible ဖြစ်လို့ ထည့်မတွက်ကြ)

W = Ws + Ww

Soil အကြောင်းပြောရင် အ‌သုံးအများဆုံးအခြေခံနှစ်ခုဖြစ်တဲ့ မြေကြီးအစိုဓါတ် Moisture Content နဲ့ အလေးချိန် Unit Weightကို သိထားဖို့လိုမယ်။ သတ်မှတ်မြေကြီးထုထည်တစ်ခု Given volume of soil sample မှာပါတဲ့ ရေရဲ့ အလေးချိန် Ww ကို အဆိုပါ Sample ရဲ့ မြေသားထု အလေးချန် Ws နဲ့စားလျှင် မြေကြီးရဲ့‌ရေပါ၀င်မှု အစိုဓါတ် Moisture Content ရပါတယ်။

ω = Ww / Ws .......(1)

Unit Weight Of Soil Sample ဆိုတာ သတ်မှတ်ထုထည်မှာရှိတဲ့ မြေကြီးရဲ့အလေးချိန်ဖြစ်ပါတယ်။

ƴ = W / V …….(2)

ဒါဟာ အစိုဓါတ်ရှိနေတဲ့ သာမန်မြေကြီးရဲ့ အလေးချိန် Moist unit weight ပဲဖြစ်ပါသေးတယ်။ Field ထဲ Engineering Calculation လုပ်တဲ့အခါကျတော့ အစိုဓါတ်မရှိတဲ့ မြေသားအနေနဲ့ Moisture ကိုဖယ်ထုတ်ပြီး တွက်ရပါတယ်။ အစိုဓါတ်မပါတဲ့ မြေကြီးရဲ့ အလေးချိန် Dry Unit Weight လိုချင်ရင် ရေမပါတဲ့ မြေသားအလေးချိန် Weight of solid soil ကိုထုထည်နဲ့စားရပါတယ်။

ƴd = Ws / V …….(3)

အထက်ပါ Equation (1), (2)နှင့်(3) တို့ကို ချိတ်ဆက်တွက်ထုတ်လိုက်ရင် Field မှာ အသုံး၀င်တဲ့အောက်ပါ Equation ကိုရပါမယ်။ Moist unit weight ကို (1+Moisture content%) နှင့် စားလျှင် Dry unit Weight ရပါတယ်။

ƴd = ƴ / (1+ ω )

ကျောင်းမှာလည်းသင်ခဲ့ရတယ်၊ လက်တွေ့လုပ်ငန်းခွင်မှာလည်း အသုံးချရတဲ့ Formula တွေမို့ မြို့ပြအင်ယာ‌ တွေသိထားသင့်ပါတယ်။

SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

(၁၁.၀၄.၂၀၂၅) သာကေတ၊ ဧရာဝဏ်ကျောင်းတိုက်၌ SG Pann Ayeyar မှ ဝန်ထမ်းများ၊ ၎င်းတို့၏ ခင်ပွန်းနှင့်သားသမီးများအား GM မှ ပစ္စည...
11/04/2025

(၁၁.၀၄.၂၀၂၅) သာကေတ၊ ဧရာဝဏ်ကျောင်းတိုက်၌ SG Pann Ayeyar မှ ဝန်ထမ်းများ၊ ၎င်းတို့၏ ခင်ပွန်းနှင့်သားသမီးများအား GM မှ ပစ္စည်းလေးပါးအလှူဖြင့် ဒုလ္လဘရဟန်းနှင့်ကိုရင်ဝတ်နေစဉ်မှတ်တမ်းဓာတ်ပုံများအား “နတ်လူသာဓုခေါ်ဆိုနိုင်ရန်အလို့ငှာ” တင်ခွင့်ပြုပါရှင့်။🙏🏻🙏🏻🙏🏻

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Deformed Bar ထုတ်လုပ်ပု...
11/04/2025

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Deformed Bar ထုတ်လုပ်ပုံ၊ ပါ၀င်ပစ္စည်းနှင့်စံနှုန်း ပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

နန်းဆွဲခြင်း (Hot Rolled Process)
========================
Steel Deformed Bar တွေကို သံရည်ကျိုစက် Steel Mill မှာ သံတိုသံစ (Steel Scrap) တွေ၊ သံရိုင်းတုံး (Iron Ore) တွေကိုအရည်ကျို သန့်စင်ပါတယ်။ နီရဲတောက်လောင်နေတဲ့ သံပူတုံး လေးတွေကို လိုချင်တဲ့ Size ရအောင် စက်တွေနဲ့အဆင့်ဆင့် နန်းဆွဲပါတယ် (Hot rolled)။ Ribbed/Deformed Shaped တွေဖော်ပြီး Bar Mark အမှတ်အသားတွေရိုက်နှိပ်ကာ လိုချင်တဲ့ အရှည်ဖြတ်တောက်ထုတ်လုပ်ပြီး စျေးကွက်တင်ပို့ကြပါတယ်။

Composition of rebar
=================
Steel Rebar မှာ Carbon, Manganese, Phosphorous, Sulfur နှင့် အခြားဓာတ်များပါ၀င်ကြတယ်။ Carbon ပါ၀င်မှုအနည်းအများက Steel Strength အပေါ်သက်ရောက်မှုရှိပါတယ်။ Lower Carbon >> Higher Strength >> Higher Ductility (Elongation & Bending) ဖြစ်ပါတယ်။ Carbon ပါ၀င်မှုနည်းလေ သံချောင်းလုံးခံနိုင်ရည်အားတက်လေ၊ Fabrication (Bar Bending ) လုပ်ရကိုင်ရကောင်းလေပါပဲ။

လိုက်နာရမည့် ASTM Standard
======================
Rebar Manufacturing & Testing လုပ်ငန်းအများစုက ASTM A-615 Standard ကို Follow လုပ်ကြပါတယ်။ Yield Strength, Tensile Strength နဲ့ Elongation တွေက Standard Requirement တွေဖြစ်ကြပါတယ်။ ASTM အရ Grade 40 Deformed Bar ရဲ့ Minimum Yield Strength ဟာ 40000psi (280Mpa) ရှိရမယ်။ Minimum Tensile Strength ကတော့ 60000psi (420Mpa) ရှိရပါမယ်။ Grade 60 အတွက် Yield and Tensile 420Mpa-620Mpa စသဖြင့်ပေါ့။ Elongation ကလည်း Rebar Size ပေါ်မူတည်ပြီး သတ်မှတ် % ရှိရပါမယ်။ အထက်ပါတန်ဖိုးတွေကို Laboratory တွေမှာ Testing Machine တွေသုံးပြီး ရှာဖွေနိုင်ပါတယ်။

SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

Batching Plant ကုမ္ပဏီဆိုတာက Concrete ရဲ့ Quality ပိုင်းနဲ့ပတ်သက်လို့ 100% အာမခံချက်အပြည့်အဝရှိရမယ်။ ဝန်ဆောင်မှုပိုင်းမှ...
10/04/2025

Batching Plant ကုမ္ပဏီဆိုတာက Concrete ရဲ့ Quality ပိုင်းနဲ့ပတ်သက်လို့ 100% အာမခံချက်အပြည့်အဝရှိရမယ်။ ဝန်ဆောင်မှုပိုင်းမှာလည်း ကောင်းမွန်ရမယ်။💯✅

စတဲ့အချက်များနဲ့ကိုက်ညီတဲ့ Batching Plant ကိုရှာနေတယ်ဆိုရင်တော့ မင်မင်တို့ SG Pann Ayeyar က လူကြီးမင်းတို့အနားမှာ အမြဲအသင့်ရှိနေကြောင်းပြောချင်ပါတယ်‌‌။😉😉

ဒါကြောင့် မင်မင်တို့ SG Pann Ayeyar ကိုဆက်သွယ်ပြီး လူကြီးမင်းတို့ ကွန်ကရစ်လုပ်ငန်းများကို လက်တွဲပုံဖော်လိုက်ပါနော်။ 🙋🏻‍♂️🙋🏻‍♀️

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ငလျင်ကြောင့်အနည်းငယ်ထိခ...
09/04/2025

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ငလျင်ကြောင့်အနည်းငယ်ထိခိုက်ထားတဲ့ အဆောက်အဦမှာ ဘာတွေစစ်သင့်သလဲ? ပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

Verticality
========
အဆောက်အဦရဲ့ Column, Wall တွေ တည့်မတ်မှု Verticality ပုံမှန်ပဲလား၊ ယိုင်နေသလား Visual Check မျက်မြင်စစ်မယ်၊ Spirit Level / Survey Equipment တွေနဲ့စစ်မယ်။

Structural Cracks
==============
Column တိုင်ခြေနဲ့ ကြမ်းခင်းအောက်နား (near beam-column joint) နေရာတွေ၊ Column နားက Beam နေရာတွေမှာ Cracks ပေါ်နေသလားစစ်မယ်၊ Plaster ရှိနေရင် Plaster ကိုအရင်ခွာပြီးမှ ကွန်ကရစ်သားကို စစ်မယ်။ Visual Check/ Cracks width indicator တွေနဲ့စစ်မယ်။

Concrete Strength
===============
Column/Beam စသည့် Structural Member တွေရဲ့ Existing concrete strength ကို လွယ်ကူမြန်ဆန်တဲ့ Rebound Hammer ဖြင့်စစ်မယ်။

Architectural Walls
===============
Wallcracks တွေက wall-column joint, wall-beam joint တွေမှာပဲပေါ်သလား၊ Door & Window Opening တွေမှာ ပေါ်သလား၊ Diagonal Crack တွေလားစစ်မယ်။ Wall Crack ဟာ ဟိုဘက်၊ ဒီဘက် တိုးယိုပေါက် အက်သွားသလားစစ်မယ်။ Lintel & Stiffener တွေသေချာထည့်ထားတဲ့ Reinforced Brick Wall တွေဆိုလျှင် ကြံ့ခိုင်မှု ပိုမိုကောင်းမွန်နိုင်သေးတယ်။

Differential Settlement
===================
အဆောက်အဦဟာ တစ်ဖက်ဖက်ကိုအနည်းငယ်စောင်း‌/ယိုင်သွားလျှင် Foundation (Footing) နှင့် Short Column မှာ ထိခိုက်မှုရှိနိုင်တယ်။ မြေကြီးအောက်ပိုင်းဖြစ်လို့ မျက်မြင်စစ်ဖို့ခက်ခဲပြီး အန္တရာယ်ရှိနိုင်တယ်။ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးမှ Foundation ပိုင်းကို စစ်သင့်တယ်။

Safety First
=========
ငလျင်ကြောင့်ထိခိုက်ထားတဲ့ အဆောက်အဦထဲကို ရုတ်တရက်မ၀င်ပါနဲ့။ လိုအပ်တဲ့ PPE (Hard Hat, Safety Shoes) တွေ၀တ်သင့်တယ်။ ယာယီ ငြမ်း၊ Pipe Support တွေကို ဦးစွာ ထောက်ထား၊ ကျားကန်ထားပြီး စိတ်ချရတဲ့ အနေအထားရောက်မှ On-site testing တွေပြုလုပ်သင့်ပါတယ်။ Aftershocks ဆိုတဲ့ နောက်ဆက်တွဲငလျင်တွေက အချိန်မ‌ရွေးလှုပ်နိုင်တဲ့အတွက် အချိန်တိုင်းသတိထား ဆောင်ရွက်သင့်တယ်။

စစ်ဆေးပြီးနောက် Structural Defect တွေဖြစ်ပေါ်နေလျှင်တော့ နားလည်တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေနဲ့ သေချာအောင်ထပ်မံစစ်ဆေးပြီးမှ ဘယ်လိုပြုပြင်သင့်တယ်ဆိုတာမျိုး ဆက်သွားသင့်ပါတယ်။

‌SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါရှင့်။😍😍မင်မင်တို့ SG Pann Ayeyar ရဲ့ Product မိတ်ဆက် Video (or) Photo လေးများအပြင် တစ်ခြားသော Activi...
08/04/2025

အားလုံးပဲ မင်္ဂလာပါရှင့်။😍😍
မင်မင်တို့ SG Pann Ayeyar ရဲ့ Product မိတ်ဆက် Video (or) Photo လေးများအပြင် တစ်ခြားသော Activity များ၊ စိတ်ဝင်စားစရာ တင်ဆက်မှုများနဲ့ အဆက်မပြတ်စေဖို့အတွက် SG Pann Ayeyar Concrete ရဲ့ Official TikTok Account လေးဖြစ်တဲ့👇🏻👇🏻👇🏻

https://www.tiktok.com/?_t=ZS-8vJS1is5Dr5&_r=1 ကို Follow လေးလုပ်ထားလို့ရပြီဖြစ်ကြောင်း ပြောပါရစေနော်။😉😉

လူကြီးမင်းတို့ TikTok Search Bar မှာ လို့ရိုက်ရှာရင်လဲ မင်မင်တို့ရဲ့ TikTok Acc လေးကိုတွေ့နိုင်ပါတယ်နော်။🙋🏻‍♂️🙋🏻‍♀️

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Non-Conformance Report ...
07/04/2025

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Non-Conformance Report (NCR) ပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

Non conformance identification
=========================
Formwork ခွာပြီးနောက် Post concrete inspection စစ်တဲ့အခါ Column အောက်ခြေနားမှာ Big Honeycomb ဖြစ်ပေါ်နေတာတွေ့ရပြီး Rebar ကိုပါမြင်ရပါတယ်။ Project Specification အရ Honeycomb Grade D&E လို့သတ်မှတ်ပါတယ်။

Root-caused Analysis
=================
Very congested rebar at column သံချောင်းလုံးများ ပြွတ်သိပ်နေခြင်း၊ Concrete casting height မြင့်လို့ Vi****or ကို အောက်ခြေအထိရောက်အောင်ထိုးတာ မထိရောက်ခြင်း၊ Formwork corner gap ဖြစ်လို့ Cement paste များယိုထွက် Leakage ဖြစ်ခြင်း။

Corrective Action Report
====================
Loose concrete တွေ၊ Air Void တွေကို ဖယ်ပြီး အမာခံကွန်ကရစ်သားရတဲ့အထိ ပြန်ထွင်းထုတ်မယ်။ သံပေါ်လာလျှင် သံချေးတက်နေသလားစစ်မယ်။ သံချေးတက်နေလျှင် Wire Brush ဖြင့် သန့်ရှင်းမယ်။ လိုအပ်လျှင် Anti-corrosive paint သုတ်မယ်။ Defect Area ကျဥ်းလျှင် Bonding agent apply လုပ်မယ်။ Structural repair mortar တစ်မျိုးမျိုးဖြင့် Patching လုပ်ပြီးဖာထေးမယ်။ Defect Area ကျယ်လျှင်၊ နက်လျှင် Formwork ပိတ်ပြီး Non-shrink cement grout တစ်မျိုးမျိုးဖြင့်လောင်းမယ်။ ( Before repair & after repair inspection ပြုလုပ်မယ်)။

Preventive Action Report (PAR)
========================
နောင်အလားတူပြဿနာမဖြစ်အောင် Formwork အဆက်တွေ လုံအောင်လုပ်မယ်။ Column height မြင့်လျှင် ခါးလယ်မှာ အပေါက်ဖောက်ပြီး လောင်းမယ်။ Vi****or ကို အောက်ခြေအထိ ကြိုတင်ထည့်ထားပြီး ကွန်ကရစ်လောင်းမယ်၊ Vi****or ထိုးမယ်။ Formwork အပြင်ဘက်ကနေ သစ်သားတူတွေနဲ့ ခပ်ဖွဖွထုပြီး External Vibration လုပ်မယ်။ Long Column လောင်းတိုင်းမှာ Preventive Action အနေနဲ့ ယခုနည်းလမ်းတွေကို လိုက်နာမယ်။

NCR ကို Photo Record တွေ၊ Layout Drawing တွေ၊ သုံးစွဲမယ့် Material Specification တွေ Attach တွဲပြီး Client consultant approval ယူ၊ ခွင့်ပြုချက်ရလျှင် ပြင်ဆင်လို့ရပါပြီ။

Continual improvement ဖြစ်ဖို့ NCR ကနေ Lesson-learnt လုပ်ရပါမယ်။

‌SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ သံချေးတက်နေတဲ့ Rusted R...
05/04/2025

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ သံချေးတက်နေတဲ့ Rusted Rebar ကိုမသုံးသင့်ဘူးလား ပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

Reinforcement Bar တွေဟာ လေ၊ ရေနဲ့ထိတွေ့ရင် သံချေးတက်ပါတယ် (Rusting)။ တစ်ခါတစ်လေ သံချောင်းလုံးတွေကို ချက်ချင်းအသုံးမပြုနိုင်ဘဲ လချီကြာအောင် နှစ်ပေါက် အောင်ထားရတတ်ပြီး အမိုးအကာနှင့် သေချာမထားမိတဲ့ အခါ သံချေးများစွာတက်တတ်ပါတယ်။ လုပ်ငန်းခွင်မှာ သံချေးနည်းနည်း တက်တာနဲ့ သံဘရပ်ရှ်နဲ့ ပွတ်ခိုင်းတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ သံချေးအနည်းငယ်တက်လာတာက Concrete နဲ့ Bonding တောင်ပိုကောင်းစေတယ်လို့ အချို့အင်ဂျင်နီယာတွေက ယူဆသလို Standard တွေမှာလည်း‌ ဖော်ပြထားပါတယ်။သံချေးတက်တာများလျှင်‌တော့ Brush နဲ့ ပွတ်တိုက်တဲ့ hand-wire-brushed test ပြုလုပ်ပြီး Sample ယူကာ Lab; မှာစစ်ဆေးလို့ Strength/Size Requirement ပြည့်မီနေသေးလျှင်၊ Rebar Rib အရစ်ကလေးတွေရဲ့ Min Height ရှိနေသေးလျှင် အသုံးပြုလို့ရပါကြောင်း (ASTM/ACI) မှာ ဖော်ပြထားပါတယ်။ သံချေးမပါတဲ့၊ သန့်ရှင်းတဲ့ Free from any grease and contaminant သံချောင်းလုံးတွေကတော့ အကောင်းဆုံးဖြစ်မှာပါ။

ACI 318 ရဲ့ Rusted Rebar ဖော်ပြချက်
===========================
Section 7.4.2 of ACI 318 မှာဖော်ပြထားတာက သံချေးတက်နေတဲ့ Rebar တွေ၊ ချော်ခဲ‌ (Mill Scale ) တွေရှိနေတဲ့ Rebar တွေဟာ hand-wire-brushed test ပြုလုပ်ပြီးနောက် ASTM A-615 သတ်မှတ်ချက်တွေအတွင်းမှာ ရှိနေသေးလျှင် အသုံးပြုနိုင်ပါတယ်။

ASTM A-615 ရဲ့ Rusted Rebar ဖော်ပြချက်
===============================
Section 12 of ASTM A615 မှာတော့ သံချေးတက်နေတဲ့ Rebar တွေ၊ ချော်ခဲ‌ (Mill Scale ) တွေရှိနေတဲ့ Rebar တွေဟာ hand-wire-brushed test ပြုလုပ်ပြီးနောက် Lab; မှာ စစ်ဆေးပြီး Weight, Dimensions, Cross-sectional area and tensile properties တွေပြည့်မီနေသေးလျှင် သုံးစွဲနိုင်ပါတယ်။

ခုခေတ်အခြေအနေအရ ပစ္စည်းရှားပါးသလို ‌‌‌စျေးလည်းကြီးမြင့်လို့ သံချောင်းလုံးတွေအများကြီး၀ယ်ပြီး သိုလှောင်ထားတာမျိုး သိပ်မလုပ်ကြသလို ၀ယ်ပြီးချက်ချင်း အသုံးပြုကြလို့ သံ‌ချေးတက်တဲ့ အ‌ခြေအနေအထိ မ‌ရောက်နိုင်ဘူးထင်ပါတယ်။ သံချေးတက်နေလျှင်လည်း သန့်ရှင်းရေးနည်းနည်းပါးပါးလုပ်ပြီး သုံးကြရတာပါပဲ။ သံချေးတက်တာ သိပ်ပြဿနာမကြီးဘူးလို့ပဲ မြင်မိပါတယ်။

‌SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ သံချောင်းလုံး Rebar ပေါ...
04/04/2025

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ သံချောင်းလုံး Rebar ပေါ်က Marking များ ပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

Rebar မျက်နှာပြင်မှာ ဖောင်းကြွစာသားတွေ၊ အမှတ်အသားတွေ ရိုက်နှိပ်ထားပါတယ်။ အများအားဖြင့် Manufacture ရဲ့ Trade name symbol, Grade, size စသည်တို့ အဓိကပါ၀င်ကြပါတယ်။ ဥပမာ Oman နိုင်ငံထုတ် West Amber brand rebar မှာ UIS 500 16 စသဖြင့် ရိုက်နှိပ်ထားပါတယ်။ UIS က သူတို့ရဲ့Trade Name ဖြစ်ပြီး 500 ကတော့ Minimum yield strength in MPa ဖြစ်ပါတယ်။ 16 က Rebar diameter ဖြစ်ပါတယ်။ Alliance Steel (Malaysia) ထုတ်ဆိုလျှင် AS 16 500 စသည်ဖြင့် ရေးထားတတ်ပါတယ်။

Grade
=====
Rebar Manufacturer တွေကိုးကားတဲ့ သက်ဆိုင်ရာ Reference Standard အလိုက် Rebar Grade အခေါ်အဝေါ်တွေကွဲပြားကြတယ်။ ASTM အရ Grade 40 (min yield strength 40000psi (280Mpa), Grade 60 စသည်ဖြင့်ခေါ်ကြသလို HRB400, HRB500 rebar (HRB က Hot-rolled Ribbed Bar, 400/500 က 400MPa/500Mpa min yield strength ပါ), B500B (min yield strength 500MPa), SD50 (min yield strength 50Kgf/mm2, 490MPa) စသဖြင့် ကွဲပြားကြပေမယ့် ‌ရေးထားတဲ့ တန်ဖိုးကိုကြည့်ပြီး Minimum Yield Strength ကို သိရှိနိုင်ပါတယ်။

‌SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အိမ်တစ်လုံးရဲ့ အဓိပ္ပာယ်ဆိုတာက ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်တို့ဖြင့် ပုံဖော်တည်ဆောက်ထားတဲ့ အိမ်သက်သက်မဟုတ်ဘဲ ချစ်ရသူတွေနဲ့...
03/04/2025

အိမ်တစ်လုံးရဲ့ အဓိပ္ပာယ်ဆိုတာက ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်တို့ဖြင့် ပုံဖော်တည်ဆောက်ထားတဲ့ အိမ်သက်သက်မဟုတ်ဘဲ ချစ်ရသူတွေနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာနဲ့ခိုလှုံရာနေရာတစ်ခု ဖြစ်တယ်လို့ မင်မင်ကတော့ ခံယူထားပါတယ်။🏡❤️

ဒီလို ချစ်ရတဲ့မိသားစုတွေနဲ့အတူ နေထိုင်ဖို့ရာအတွက် ခိုင်ခံ့ကောင်းမွန်တဲ့ အဆောက်အဦကောင်းတစ်ခုကို နည်းမှန်၊ လမ်းမှန်ဖြင့် တည်ဆောက်ချင်တယ်ဆိုရင်တော့ မင်မင်တို့ SGPA Concrete ကို အမြန်ဆက်သွယ်ဖို့ပြောချင်ပါတယ်နော်။😊😊

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

(၀၂.၀၄.၂၀၂၅) စက်ရုံဝန်းအတွင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပြီး သာ‌ကေတ၊ ဧရာဝဏ်ဆရာတော်ဘုရားကြီးအား စစ်ကိုင်း...
02/04/2025

(၀၂.၀၄.၂၀၂၅) စက်ရုံဝန်းအတွင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပြီး သာ‌ကေတ၊ ဧရာဝဏ်ဆရာတော်ဘုရားကြီးအား စစ်ကိုင်းငလျင်ဘေး၌ လိုအပ်သလို လှူဒါန်းနိုင်ရန်အတွက် SG Pann Ayeyar Concrete မိသားစုများ၏ နဝကမ္မ အလှူတော်ငွေအဖြစ် ၁,၀၀၀,၀၀၀/- ကျပ်အား လှူဒါန်းသမှုပြုနေသော မှတ်တမ်းဓာတ်ပုံများကို အားလုံးပဲ သာဓု ခေါ်ဆိုနိုင်စေရန်အလို့ငှာ ကုသိုလ်အဖြစ်ဝေမျှခွင့်ပြုပါရှင့်။🙏🏻🙏🏻🙏🏻

ချစ်သောမိတ်ဆွေများလည်း လှူဒါန်းရသော ကုသိုလ်ကံအစုစုတို့အား ထပ်တူထပ်မျှရရှိပြီး ကျန်းမာဘေးကင်းကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။🙏🏻🙏🏻🙏🏻

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ သံချောင်းလုံး (Reinforc...
02/04/2025

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ သံချောင်းလုံး (Reinforcement Bar or Rebar) ပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

‌ရောမခေတ်ကတည်းက သံ (Cast Iron) တွေ၊ သစ်သားချောင်းတွေကို Masonry Construction တွေမှာ သုံးစွဲခဲ့ကြတယ်။ ၁၉ရာစုအရောက်မှာတော့ သံ (Cast Iron) အစား သံမဏိ (Steel) ကိုအသုံးပြုပြီး ပိုမိုမြင့်မားခိုင်ခံ့တဲ့ ကွန်ကရစ်အဆောက်အဦး(Tall R.C.C Building) တွေတည်ဆောက်လာကြတယ်။ Plane Steel Bar တွေကနေတစ်ဆင့် Ribbed Steel Bar (Deformed Bar) တွေထုတ်လုပ်လာကြပြီး Modern building and construction တွေ တည်ဆောက်လာနိုင်ကြတယ်။

Reinforcement Bar (Rebar) ဆိုတာ အားကူပေးတဲ့ သံချောင်းပေါ့။ ကွန်ကရစ် (Concrete) ဟာ ဖိအား (Compressive Strength) ဒဏ်ကိုအတော်အတန်ခံနိုင်ပေမယ့် ဆွဲအား (Tensile Strength) ဒဏ်ခံနိုင်မှု သိပ်နည်းပါတယ်။ ဒါကြောင့် ကွန်ကရစ်ထဲမှာ သံချောင်းလုံးထည့်ပြီး (အားကူ) ပေါင်းစပ်လိုက်တဲ့အခါကျတော့ ဖိအားရော ဆွဲအားပါခံနိုင်တဲ့ Reinforced Concrete Structural Member တွေရရှိပါတယ်။ ဒါကြောင့် အားကူ သံချောင်းထည့်ထားတဲ့ ကွန်ကရစ်၊ သံကူကွန်ကရစ် (RC) လို့ခေါ်ကြတာပေါ့။

ယခင်က ပြောင်ချောသံချောင်း (Plain Bar) တွေသုံးခဲ့ပေမယ့် ထုတ်လုပ်မှုနည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကွန်ကရစ်နဲ့သံချောင်း စွဲကပ်တွဲဆက်မှု (Bonding) ပိုကောင်းတဲ့၊ Strength ပိုကောင်းတဲ့ အရစ်(Ribbed) ပါ သံချောင်းလုံး (Deformed Bar) တွေ ပိုမိုသုံးစွဲလာခဲ့ကြပါတယ်။ Plain Bar တွေကိုတော့ Dowel Bar အနေနဲ့ Brick laying work တွေ Expansion Joint in Concrete Road Pavement တွေမှာ အဓိက သုံးစွဲလျက်ရှိပါသေးတယ်။

‌SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 0943110038 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-43110038
Hotline:09-428936770/09-428936773
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

Address

226(B), Mya Khwar Nyo Street, Industrial Zone, Tharkayta Township
Yangon

Alerts

Be the first to know and let us send you an email when SG Pann Ayeyar Concrete posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SG Pann Ayeyar Concrete:

Share