KWH Technologies Ltd

KWH Technologies Ltd ဆောက်လုပ်ရေးကုမ္ပဏီ

04/08/2024

AutoCAD Design စဆွဲစဉ် ငယ်ငယ်တုန်းက-

အင်/ယာအစ်ကို တစ်ယောက်ဆီကို Architect အစ်ကို တစ်ယောက် လာတွေ့တယ်၊

သူ့ Design ကို client က ဆောက်တောင် မဆောက်ရသေး တစ်ခြားတစ်ယောက်ကူးချထားလို့တဲ့
(အဲ့ဒီခေတ်က ဒီလို social media ခေတ် မဟုတ်၊ internet တောင် ဆိုင်မှာ မကောင်းတဲ့ connection ကို လုသုံးရတဲ့ခေတ်)

အင်/ယာ အစ်ကိုက ရုံးပေါ်ခေါ်သွားပြီး permit တင်ထားတဲ့ file တွေ ပြလိုက်တော့ Architect အစ်ကိုလည်း စိတ်ဓါတ်ကျသွားတယ်။

ဟုတ်တယ်လေ သူ့ Design မှ မဟုတ်ဘူး ဘယ်လို Design ကြိုက်လည်း မိတ္တူဆိုင်မှာ အကုန်ရတယ်လေ။

နောက်ပိုင်း customer ပြတဲ့ Design ကတစ်ခု permit တင်တဲ့ Design ကတစ်ခု (ပုံတုံးကြီးပေါ့) ဆွဲရတဲ့ ခေတ်ဖြစ်သွားတယ်

Ethic ဆိုတာဘာမှန်းမသိတဲ့
ခေတ်တစ်ခေတ်ပဲလေ ။ ။

မှတ်သား ထားသင့်ပါတယ် 🙏🙏🙏🙏🙏သတိမထားမိကြတဲ့အိမ်နိမိတ်(၁၂)ချက်🏡🏡🏡🏡🏡🏡🏡🏡🏡🏡(၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မ...
12/01/2021

မှတ်သား ထားသင့်ပါတယ် 🙏🙏🙏🙏🙏

သတိမထားမိကြတဲ့အိမ်နိမိတ်(၁၂)ချက်
🏡🏡🏡🏡🏡🏡🏡🏡🏡🏡

(၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်တယ်။

(၂) နာရီအကွဲအပျက် ချိတ်မထားပါနဲ့။ ရုတ်တရက်မြည်လျှင် သေနိမိတ်ပါ။

(၃) ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ နှစ်မျိူးထည့်တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မူဖြစ်တတ်တယ်။

(၄) နံရံကို ဆေးအစိမ်းရောင်မသုတ်ပါနဲ့။ ရုတ်တရက်အဆိပ်မိတာမျိူး ဖြစ်တတ်ပါတယ်။

(၅) အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး၊ စတာတွေမထားပါနဲ့။ အိမ်သားတွေမကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တယ်။

(၆) အိမ်ထဲမှာ လုပ်ကုလားထိုင်မထားပါနဲ့။ မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။

(၇) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲမှာမစိုက်ပါနဲ့။ အလုပ်အကိုင်အဆင်မပြေဖြစ်တတ်ပါတယ်။

(၈) အိမ်ထောင်သည်တွေ ကုတင်၊ အိပ်ယာဘေး မှန်မချိတ်ပါနဲ့။ ဖောက်ပြန်တတ်ပါတယ်။ (အိပ်ရင်းကြည့်မရအောင်လွှဲချိတ်ထားပါ)

(၉) မနက်အိပ်ယာ မသိမ်းပဲမထားပါနဲ့။ ညတော်တော်နဲ့ အိပ်မပျော်ဖြစ်တတ်ပါတယ်။

(၁၀) တိရစ္ဆာန် အစစ်တွေရဲ့ အရေခွံ၊ အရိုး၊ ဦးခေါင်း စတာတွေနဲ့ အိမ်ကိုအလှမဆင်ပါနဲ့။ ကံညံနေတတ်တယ်။

(၁၁) နံရံမှာ လှေကားထောင်ရက်မထားပါနဲ့။ အမူအခင်းကြုံ၊ စွပ်စွဲခံရတတ်ပါတယ်။

(၁၂) တစ်အိမ်တည်း ဘုရားစင်နှစ်နေရာ ခွဲမထားပါနဲ့။ သားသမီးတွေ ကံညံတတ်ပါတယ်။

မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝကြပါစေ

သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်းလာဘ်ပွင့် စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ န...
01/12/2020

သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း
လာဘ်ပွင့် စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ နည်းများစွာ တွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ် များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။
အခုပြောမှာ ကတော့ မိမိနေအိမ် ၏ မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့် အောင်လာဘ် လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။
အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူး တွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာနေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏ လုပ် ငန်းဆောင်တာ များ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊
အေးအေး ချမ်းချမ်း ဖြတ် သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေပြဿ နာတွေ အဆင် မပြေမှု့တွေ အတိုက် အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။
မိမိတို့ နေအိမ် သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေ ပါတယ်။ ဒီနည်း ကိုဆောင်ရွက်မယ့် သူတွေ က မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာ မလိုပါဘူး။
မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာ မူသလဲ။ အဲဒီ မျက်နှာ မူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။

📌အရှေ့အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ တွင် နေထိုင်သူများ လာဘ်ပွင့်စေရန်…..
အရှေ့ အရပ် ကို မျက်နှာ လှည့်သော အိမ် ကို တနင်္လာဂြိုဟ်မင်း က စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ် သည်။
ထို အိမ်တွင် နေထိုင်သူ အပေါင်း တို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော် များကို ကြံရည် ကပ်လှူနိုင်သည်။
ကြံချောင်း ကို ကိုးဆစ်ဖြတ်၍ အိမ် တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရား တစ်ဆူဆူ ၏
တနင်္လာဒေါင့် တွင်လည်း လှူဒါန်းနိုင် ပါသည်။ ကြံပန်းခိုင် တို့ ကြံသကာ တို့ လှူဒါန်းနိုင်ပါသည်။

📌အရှေ့တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင် သူများလာဘ်ပွင့်စေရန်….
အရှေ့တောင် အရပ် ကို မျက်နှာ လှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ် ဟု သတ်မှတ်ပါသည်။
ဘုရား တွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါသည်။ ဆီးယို လည်း မကြာခန ဒါနပြုနိုင်ပါသည်။
သံဃာတော်များ အား ဆပ်ပြာ အလှူ ဒါနပြုနိုင်ပါသည်။ ထို ယတြာ ကိုပြုလုပ်ခြင်းအားဖြင့်ထိုနေအိမ် တွင် နေထိုင် သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်း များ ဖြစ်နိုင်ပါသည်။

📌တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့် စေရန်…..
တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။
လေတိုက် လျှင် တဖျတ်ဖျတ် လှုပ်သော ကြက်လျှာ ကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှညွန့် လှူပါ။
သံဃာတော် များ အား ရေ ၊ ယပ် အစရှိသည် တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝြခင်းများ ဖြစ်မည်။

📌အနောက်တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်….
အနောက်တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို စနေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။
သံဃာတော် များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။

📌အနောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်…..
အနောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်း မှစိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့် များ ဘုရားစင် တွင် မပြတ် လှူဒါန်း ဆက်ကပ်ပေးပါ။
ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော် ကပ်ခြင်း မကြာခဏ ပြုပါ။
သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုးတက်ခြင်းများ ရရှိ ခံစားရမည်။

📌အနောက်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်….
အနောက်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ရာဟု ဂြိုဟ်မင်း ကစိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။
အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီး သုပ် ဆက်ကပ်လှူဒါန်ပေးပါ။
သံဃာတော် များကိုလည်း ဆက်ကပ် လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်း များ ဖြစ်မည်။

📌မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်…..
မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များ ကို သောကြာ ဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။
သံဃာတော် များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ် တွင်နေထိုင် သူများ လည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

📌အရှေ့မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်…..
အရှေ့မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များ ကို တနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။
အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ် ချိတ်ဆွဲ ထားခြင်း၊ အိမ်ဘုရား အား အုန်းသီး ကပ်လှူခြင်း၊
အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း ၊ သံဃာတော်များအား လည်း ကပ် လှူဒါန်းပေးခြင်း ၊
အောင်အိုး တစ်လုံးတွင် အုန်းညွန့်(၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။

ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

Credit

 #ကြီးပွားလိုလျှင်
20/09/2020

#ကြီးပွားလိုလျှင်

05/09/2020

🌾🌾စ_ကား_သုံး_ခွန်း 🌾🌾
======+++++++======

🌳 ၁။ နွယ်ပင် မဖြစ်ပါစေနဲ့ ။

သူများကို အားကိုးတယ်ဆိုတာ ခဏပဲ ကောင်းတယ် !
အမြဲတမ်း မှီဖို့မကြိုးစားနဲ့ !
မှီလွန်းအားကြီးရင် နွယ်ပင် ဖြစ်သွားတယ် !!

နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်မတက်နိုင်ဘူး !
အမှီရှိလို့ အပေါ် ရောက်ခဲ့ပြန်လည်း -
အမှီလဲတာနဲ့အမျှ ပြုတ်ကျမှာပဲ !
ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက် -
ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပါပဲ !!

🌳 ၂။ ထမင်းပူကို မစားပါနဲ့ ။

သူများကို ဒုက္ခပေးပြီးမှ ကိုယ်နေရာရအောင် ယူရင် -
အဲဒါ ထမင်းပူစားတာနှင့် တူတယ် !!

ဒါကြောင့် မတရားတဲ့အလုပ်တွေ -
နည်းနည်းမှ မလုပ်ကြပါနဲ့ !
အကယ်၍ လုပ်ခဲ့ရင် လျှာအပူလောင်မှာပဲ !!

🌳 ၃။ ရောက်ရာဒေသ ခြေရာချခဲ့ပါ ။

ဖြစ်တည်မှုနောက်မှာ ပျောက်ကွယ်မှု လာမှာပဲ ။
ဒီတော့ ကိုယ်လည်းတစ်နေ့ လောကကြီးကနေ -
ထွက်ခွာရဦးမှာဆိုတာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့ !!

ကိုယ် မပျောက်ကွယ်ခင် အချိန်လေးမှာ
ကောင်းမှုလေး တစ်ခုခုတော့ လုပ်သင့်ပါတယ် !
ကောင်းမှုလုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို -
ခြေရာချခြင်းပဲ ဖြစ်ပါတယ် !!

..✍️

တစ်ချို့သူတွေ ပြောတဲ့ အသေးအမွှားပါဆိုတာလည်း တစ်ကယ်တော့ အသေးအမွှားဆိုတာ မရှိပါဘူး။အရာအားလုံး ဂရုစိုက်ရပါတယ်။Photo: credit...
13/08/2020

တစ်ချို့သူတွေ ပြောတဲ့ အသေးအမွှားပါဆိုတာလည်း တစ်ကယ်တော့ အသေးအမွှားဆိုတာ မရှိပါဘူး။

အရာအားလုံး ဂရုစိုက်ရပါတယ်။

Photo: credit.

ပန္နက်ရိုက်ခြင်း*ပန္နတ် ပတ်တန်းရိုက်ခြင်း နည်းပညာ နှင့် ဆက်စပ်အုပ်စုအချို့၏ နည်းပညာ*      #အဆောက်အအုံတစ်ခု ပန္နတ်ရိုက်ခြ...
10/08/2020

ပန္နက်ရိုက်ခြင်း

*ပန္နတ် ပတ်တန်းရိုက်ခြင်း နည်းပညာ နှင့် ဆက်စပ်အုပ်စုအချို့၏ နည်းပညာ*

#အဆောက်အအုံတစ်ခု ပန္နတ်ရိုက်ခြင်းကိစ္စသည် အင်မတန်မှ အရေးကြီးသော အခန်းကဏ္ဍတစ်ရပ် ဖြစ်သောကြောင့် အလေးထားဆောင်ရွက်သင့်ပါတယ်။

#အဆောက်အအုံ ထောင့်မှတ်များစိုက်တဲ့အခါဝယ် " မှန်ပန္နက် " (ပတ်တန်း) ကို နေရာမှန်မှ ၅' နဲ့ ၁၀'ကြား အကွာအဝေး စိုက်ထူရပါမယ်။

ဆိုလိုချင်တာကတော့ footing မြေကြီးတူးရမည့် ကျွင်းနဲ့ လွတ်လွတ်ကင်းကင်း ဖြစ်နေစေဖို့ပါ။ အဲ့ဒါကိုလည်း မိမိတို့ဘာသာ တွက်ချက်ပြီး အဆင်သင့်သလို ပြုလုပ်နိုင်ပါတယ်။

#အုတ်နံရံ ဗဟိုမျဉ်း ၊ အဆောက်အအုံ အပြင်မျဉ်း ကြိုက်နှစ်သက်ရာ ရွေးပြီး ကျင်တွယ်ဖမ်းနိုင်ပါတယ်။ အများသုံး အပြင်နံရံမျဉ်းကို ဖမ်းမယ်ဆိုလို့ရှိရင် ပိုလို့တောင် လွယ်ကူပါသေးတယ်။

#အဆောက်အအုံ ပန္နတ်များစိုက်ပြီးလို့ရှိရင် ထောင့်ဖြတ်အကွာအဝေး ညီမညီ ပြန်စစ်ဆေးပါ။ အရပ်ခေါ် (ဝက်ခေါင်းထိုးတယ်ပေါ့။ ကျင်တွယ်ဖမ်းခိုင်းတဲ့ သဘောပါဘဲ။)
ပိုပြီးသေချာစေချင်လို့......

#ထောင့်ပန္နတ် ရိုက်ရာ၌ ငုတ်တစ်ငုတ်ထဲ စိုက်ထူတဲ့စနစ်ကို မသုံးပါနဲ့။ တန်းပန္နတ်စနစ်ကိုသာ ရွေးသုံးပါ။

#ပန္နတ်တန်းကို ရေချိန်ကိုက်ပြုလုပ်၍ LEVEL မြေညီထပ် ကြမ်းပြင် အမြင့်နဲ့ တူညီအောင် ဆောင်ရွက်ပါ။

#ပန္နတ်တန်း စိုက်ထူပြီးလို့ရှိရင် တာဝန်ခံ အင်ဂျင်နီယာကို ကြီးကြပ်စေ၍ စစ်ဆေးစေပါ။ ပြီးစီးပြီ ဆိုလို့ရှိရင်တော့ လုပ်ငန်းစတင်နိုင်ပါပြီ။

#ပန္နတ်တန်းများကို အချိန်အတော်ကြာကြာ အသုံးပြုအုံးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ .....

၁။မြေတူးခြင်း လုပ်ငန်းနဲ့ လွတ်လွတ်ကင်းကင်းရှိတဲ့ နေရာမှာ စိုက်ပါ။

၂။လုံခြုံမှု ရှိစေရန် အကာအရန်နဲ့ ပြုလုပ်ထားပါ။

၃။အများ သိရှိနိုင်အောင်လည်း မြင်သာထင်သာရှိစေရန် အမှတ်အသားများ ပြုလုပ်ထားပါ။

၄။ခိုင်ခိုင်ခန့်ခန့် ရှိဖို့လည်း လို့အပ်ပါတယ်။


Credit

06/08/2020

#ပိုက်ဆံရှာရာတွင်

ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်တည်နေရင် အဲ့ဒီ ဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါကြောင့် ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

#ပိုက်ဆံသုံးရာတွင်

သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။
တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံး အဆောင်တွေကတော့ အပျံစားတွေချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူများ
လုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။

#ပိုက်ဆံစုရာတွင်

သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။ သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံးစုဘူးထဲမှာ အဲ့ဒီပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကို
မြှင့်တင်ရပါမယ်။ အဲ့ဒီလိုလုပ်ဖို့သင်တန်းတွေတက်ရပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒီအတွက် သင့်မှာပိုက်ဆံလိုပါတယ်။ အဲ့ဒီ စုငွေတွေကို သုံးနိုင်ပါတယ်။

#စွန့်စားရာတွင်

ရေအတိမ်အနက်ကို ခြေ ၂ချောင်းလုံးချပြီး မစမ်းပါနဲ့။မစွန့်စားနဲ့လိုပြောတာမဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်းမအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ပါးနပ်ဖို့လိုပါတယ်။ အန္တရာယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့။

#ရင်းနီးရာတွင်

ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲစုပြုံမထည့်ထားပါနဲ့။အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေအားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။

# မျှော်လင့်ရာတွင်

ရိုးသားခြင်းဆိုတာ ရှားပါးစျေးကြီးတဲ့ လက်ဆောင်မွန်တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှအသေအချာ တွက်မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့။

Credit

16/07/2020

မြန်မာဓလေ့ထုံးတမ်းအရအိမ်ဆောက်ရက် ရွေးနည်း
==================================
‌နေ့တနင်္ဂနွေ၊ အိမ်ဆောက်လေ ဒုက္ခဆင်းရဲစွ။
တနလ်ာဆောက်၊ နှစ်လမြောက်၊ ပွားရောက်ချမ်းသာရ။
အင်္ဂါဆောက်ငြား၊ ဆန်စပါး၊ ပေါများလွန်ကြွယ်၀။
လေးနှစ်,လေးလ၊ နေ့ဗုဒ္ဓ၊ ဆောက်က လွန်သုခ။
ကြာသာပတေးနေ့တွင် ဆောက်ခဲ့လျှင်၊ မျက်မြင် ချမ်းသာရ။
သောကြာဆောက်က၊ သုံးလကျ၊ သုခ ပွားတိုးလှ။
ဗုဒ္ဓဟူး အတူ၊ စနေမူ၊ နည်းယူမှတ်လေကြ။

မြန်မာဓလေ့ထုံးတမ်းအရအိမ်ဆောက်လ ရွေးနည်း
=================================
လတန်ကူးမှာ၊ အိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန်ကား၊ ဆန်,စပါး ပေါများကြွယ်တတ်လှ။
ဝါခေါင်လမှာ၊ အိမ်ဆောက်ခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်၊ အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။
ပြာသိုလမှာ၊ လူတကာ၊ များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ ချမ်းသာကြွယ်၊ ဆောင်ဘွယ် ဤခြောက်လ။
တနည်း - ကဆုန်, ဝါဆို၊ ပြာသို, တပေါင်း၊ လေးလကောင်း၊ အိမ်, ကျောင်းဆောက်ကုန်ကြ။ ကြွင်းရှစ်လတွင်၊ ဆောက်ခဲ့လျှင်၊ မ ရွှင်စိတ်သောက။
တနည်း - တန်ခူး, ဝါဆို၊ တန်ဆောင်ကို၊ ပြာဆို, တပေါင်း၊ အိမ်နှင့် ကျောင်း၊ ဆောက်ကောင်းမှတ်လေကြ။ ကြွင်းခုနှစ်လမှာ၊ အိမ်ဆောက်ခါ၊ ဗျာပါများတတ်လှ။

လောကီမှတ်ပုံ - နည်းမျိုးစုံကျမ်း

13/07/2020

ရေသန့်အင်ဂျင်နီယာ၏ အခြေခံမှတ်စု (၁၀၀)

A. INTERNAL SANITARY FIXTURES INSTALLATION SYSTEM

၁။ အိမ်သာအိုး ( Water Closet )အတွက် အနည်းဆုံး လိုအပ်သော ဧရိယာမှာ 90cm × 120 cm ဖြစ်သည်။

၂။ လက်ဆေးခွက် (Wash Basin)အတွက် အနည်းဆုံး လိုအပ်သည့် ဧရိယာမှာ 90cm ×95cm ဖြစ်သည်။

၃။ ရေချိုးရေပန်း (Shower) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 90cm ×130 cm ဖြစ်သည်။

၄။ ရေချိုးကန် (Bath Tub) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 85cm ×185 cm ဖြစ်သည်။

၅။ ဆီးသွားခွက် (Urinal) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 70cm ×95 cm ဖြစ်သည်။

၆။ လက်ဆေးခွက် (Wash Basin) ၏နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 76cm မှ 80 cm) အတွင်း ရှိရပါမည်။

၇။ ရေချိုးရေပန်း (Shower) အားကြမ်းပြင်မှ အမြင့်( 190 cm) တွင်တပ်ဆင်ရပါမည်။

၈။ ရေချိုးကန် (Bath Tub) ၏အပေါ်နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 45cm မှ 54 cm) အတွင်း ရှိရပါမည်။

၉။ ဆီးသွားခွက် (Urinal) ၏အောက်နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 60 cm ) တွင် တပ်ဆင်ရပါမည်။

၁၀။ အရှေ့တိုင်းသုံးအိမ်သာ (I.W.C Pan)၏ ကြမ်းခင်းသည် အိမ်သာအိုး (Pan)သို့ 2% Slope ဖြင့် ပြုလုပ်ထားပေးရမည်။

၁၁။ အိမ်သာရေဆွဲအိုး (Flush Cistern) သို့ ရေဖြည့် ကြာမြင့် ချိန်သည် ၂ မိနစ်ထက် အပိုစေရ။

၁၂။ ရေချိုးခန်းအပါအ၀င် သန့်စင်ခန်း (Bath & WC) တို့၏ ကြမ်းခင်းတွင် ရေဆင်းပေါက် (Floor Drain)အား (50 mm မှ 100mm) အချင်း တပ်ဆင်ရမည်။

၁၃။ ရေချိုးခန်းအပါအ၀င် သန့်စင်ခန်း ကြမ်းခင်း (Bath & WC Floor)အား ရေဆင်းပေါက် (Floor Drain) သို့ 2% Slope ဖြင့် ပြုလုပ်ထားပေးရမည်။

၁၄။ ရေချိုးရေပန်း (Shower) တစ်ခုတွင် လူတစ်ဦးသုံးစွဲနိုင်ရန် ရေအေး ပမာဏမှာ (၃၀ လီတာမှ ၄၀ လီတာ)ဖြစ်သည်။

၁၅။ ရေချိုးရေပန်း (Shower) တစ်ခုတွင် လူတစ်ဦးသုံးစွဲနိုင်ရန် ရေပူ ပမာဏမှာ (၂၀ လီတာမှ ၃၀လီတာ)ဖြစ်သည်။

၁၆။ သန့်စင်ခန်းတစ်ခု၏ လေ၀င်လေထွက်ပေါက် (Ventilation)သည် ၄င်းသန့်စင်ခန်း ကြမ်းခင်း ဧရိယာ၏ အနည်းဆုံး 1/20 ဧရိယာရှိရပါမည်။

၁၇။ သန့်စင်ခန်းအတွင်း ကြည့်မှန် (Glass Mirror) အား ကြမ်းခင်းမှ အမြင့် 120 cm တွင် တပ်ဆင်ရပါမည်။

၁၈။ သန့်စင်ခန်း၏ တံခါးအား အတွင်းသို့ ဖွင့်သည့် အနေအထား (Door Swings into Toilet)ဖြင့် တပ်ဆင်ရပါမည်။

၁၉။ လက်ကိုင်တန်း(Hand Raila)နှင့် ဆပ်ပြာခွက် (Soap Holder) အား ကြမ်းခင်းအထက် (150 cm) အမြင့် တွင် တပ်ဆင်ရပါမည်။

၂၀။ မျက်နှာသုတ်ပုဝါတန်း (Towel Rail) အား ကြမ်းခင်းအထက် (130 cm) အမြင့် တွင် တပ်ဆင်ရပါအမည်။

၂၁။ သန့်စင်ခန်းသုံး ပစ္စည်းများ (Sanitary Fixtures) တပ်ဆင်ရာတွင် တစ်ခုနှင့် တစ်ခု ဘေးဘက်အကွာအဝေး (10 cm to 25 cm) ရှိရပါမည်။

၂၂။ သန့်စင်ခန်းသုံးပစ္စည်းများ (Sanitary Fixtures) ၏ အရှေ့ဘက် (Infront of any Sanitary Fixture) နေရာ (Open Space) သည် အနည်းဆုံး 60 cm ရှိရပါမည်။

B. SOIL, SULLAGE AND SEWERAGE DISPISAL SYSTEM

၂၃။ အိမ်သာအိုး (Water Closet) မှ အထွက်ပိုက်သည် အနည်းဆုံး 100 mm Ø ရှိရမည်။

၂၄။ Bath Tub, Bidet, Basin နှင့် Sink တို့မှ အထွက်ပိုက်သည် အနည်းဆုံး 40 mm Ø ရှိရမည်။

၂၅။ Urinal မှ အထွက်ပိုက်သည် အနည်းဆုံး 50 mm Ø ရှိရမည်။

၂၆။ 100 mm Ø အထွက်ပိုက်သည် (Discharge Pipe )အတွက် အနည်းဆုံး 1.65 % ရှိရမည်။

၂၇။ 40 mm Ø အထွက်ပိုက် (Discharge Pipe)အတွက် အနည်းဆုံး 2.5% Slope ရှိရမည်။

၂၈။ 50 mm Ø အထွက်ပိုက် (Discharge Pipe)အတွက် အနည်းဆုံး 2.5% Slope ရှိရမည်။

၂၉။ အနံ့ထုတ်ပိုက် (Ventilating Pipe)၏ ထိပ်ဖျားအ၀သည် အမိုး(Roof) အထက် အနည်းဆုံး 50 cm အမြင့်တွင် ရှိရမည်။

၃၀။ အနံ့ထုတ်ပိုက် (Ventilating Pipe) ၏ ထိပ်ဖျားအ၀သည် အဆောက်အဦ နံရံရှိလေ၀င်ပေါက် (ဥပမာ-တံခါး၊ ပြတင်းများ)မှ အလျားလိုက်အကွာအဝေး အနည်းဆုံး 3မီတာ ရှိရပါမည်။

၃၁။ တစ်ရက်လျှင်သုံးစွဲသော ရေပမာဏ၏ ၈၀% သည် (Waste Water ) အဖြစ် (Sewer Line)သို့ ၀င်ရောက်သည်ဟု တွက်ချက်သည်။

၃၂။ ပြင်ပမိလ္လာ (ရေဆိုး)လိုင်း External Sewer Line အား အနည်းဆုံး 150 mm Ø ထားရပါမည်။

၃၃။ Sewer Line ၏ Slope အား Self-Clenaing Velocity = 0.6 m/sec အနည်းဆုံး ရအောင်ထားရပါမည်။

၃၄။ Sewer Line ၏ Slope အားရွေးချယ်သည့်အခါ Velocity သည် 1.2 m/sec ထက်မများရပါ။

၃၅။ Sewer Line အဖြောင့် (Straight run) ပေါ်တွင် လူ၀င်ကန် (Manhole)များ အား 30 m မှ 40 m အကွာအဝေး တွင် တစ်လုံးစီထားရှိရပါမည်။

၃၆။ Sewer Line ၏လားရာ (Direction) ပြောင်းလဲသည့်အခါတိုင်း အရွယ်အစား (Size) ပြောင်းလဲသည့်အခါ တိုင်း ၊ အနိမ့်အမြင့် ပြောင်းလဲသည့်အခါတိုင်း Manhole ထားရပါမည်။

၃၇။ Inspection Chambers 400 mm × 400 mm Size အတွက် အနက်သည် 60 cm ထက်မပိုရ။

၃၈။ Manholes 600 mm × 600 mm Size အတွက် အနက်သည် 1 m ထက်မပိုရ။

၃၉။ Manholes 900 mm × 600 mm သို့မဟုတ် 100mm Ø အတွက် အနက်သည် 1.75 m ထက်မပိုရ။

၄၀။ Manholes 1200 mm × 750 mm သို့မဟုတ် 1200mm Ø အတွက် အနက်သည် 2.5 m ထက်မပိုရ။

၄၁။ အနက် 2.5 m ထက်ပိုသော Manhole များအတွက် အနည်းဆုံးအရွယ်အစားမှာ 1400 mm × 900 mm သို့မဟုတ် 1400mm Ø ဖြစ်ရပါမည်။

C. WATER SUPPLY SYSTEM

၄၂။ ယေဘုယျအားဖြင့် တစ်ထပ်အဆောက်အဦအတွက် ရေဖိအားအမြင့် လိုအပ်ချက် (Head Required )မှာ 7 m ဖြစ်ပြီး နှစ်ထပ်အဆောက်အဦ အတွက် အမြင့်လိုအပ်ချက်မှာ 12m ဖြစ်ပါသည်။

၄၃။ များသောအားဖြင့် မြေပြင်ရေလှောင်ကန် (Ground Tank) အား ၂ ရက် သို့အဟုတ် ၃ ရက်စာ အသုံးပြုမည့် ရေပမာဏ သိုလှောင်နိုင်ရန် ဆောက်လုပ်ကြသည်။ အငယ်ဆုံး အရွယ်အစားအနေဖြင့် တစ်ရက်စာ သုံးစွဲရန် လုံလောက်သော ရေပမာဏဖြင့် သိုလှောင်ရပါမည်။

၄၄။ အမြင့်ရေလှောင်ကန် (Elevatd Roof Tank of Overhead Tank) များအား လူနေအိမ်သုံးအတွက် နေ့တစ်၀က် (1/2 day)စာ သုံးစွဲနိုင်ရန် လုံလောက်သောပမာဏဖြင့် သိုလှောင်ရန် ပြုလုပ်ရပါမည်။

၄၅။ အမြင့် ရေလှောင်ကန် (Elevated Roof of Overhead Tank)များအား အများပြည်သူသုံး အဆောက်အဦများ (ဥပမာ-ဆေးရုံ၊ ဟိုတယ်၊ စသည်) အတွက် တစ်ရက်စာ (One day Storage) သုံးစွဲရန် လုံလောက်သော ပမာဏဖြင့် သိုလှောင်ကန်ပြုလုပ်ရပါမည်။

၄၆။ Water Closet (or) Wash Basin တစ်လုံးအတွက် ရေသုံးစွဲမှု ပမာဏအား တစ်ရက်လျှင် 180 Litres နှုန်းဇြင့် တွက်ချက်ပါသည်။

၄၇။ Shower (or) Urinal (or) Sink တစ်လုံးအတွက် ရေသုံးစွဲမှု ပမာဏအား တစ်ရက်လျှင် 200 Litres နှုန်းဖြင့် တွက်ချက်ပါသည်။

၄၈။ Bath Tub (or) Sink တစ်လုံးစီသို့ ရေဝေပိုက်အား 20 mm သုံးစွဲနိုင်သည်။

၄၉။ Shower (or) Wash Basin (or) Water Closet တစ်လုံးစီသို့ ရေဝေပိုက်အား 15 mm သုံးစွဲနိုင်ပါသည်။

၅၀။ Overhead Tank သို့ရေဖြည့်ရန် ကြာမြင့်ချိန် (Filling Time) သည် သိုလှောင်အချိန် (Storage Time)၏ ¼ ဖြစ်ရမည်။

၅၁။ Overhead Tank သို့ရေတင်သော ပိုက်လိုင် (Pumping Main)အတွင်း ရေစီးနှုန်း (Velocity) အား အနည်းဆုံး 1.5 m/sec မှ အများဆုံး 3 m/sec အထိရှိစေရမည်။

D. SEPTIC TANK & SOAK PIT

၅၂။ Soak Pit (မိလ္လာရေစိမ့်ကန်) သည် သောက်သံးရေ အရင်းအမြစ် (Water Source) နေရာ နှင့် အနည်းဆုံး 20 m ကွာဝေးရပါမည်။

၅၃။ Soak Pit (မိလ္လာရေစိမ့်ကန်) ၏ အောက်ခြေ (Bottom) သည် မြေအောက်ရေမျက်နှာပြင် (Ground Water Table)၏ အထက် အနည်းဆုံး 1 m အကွာတွင် ရှိရပါမည်။

၅၄။ မိလ္လာကန် မှ အနယ်အနှစ် ခပ်ထုတ်ခြင်း (De-sluding of septic tank) အား အများအားဇြင့် တစ်နှစ်လျှင် တစ်ကြိမ် ပြုလုပ် ပေးရပါမည်။

၅၅။ Septic Tank ၏ အလျား နှင့် အနံ အချိုးမှာ 2:1 အဖြစ် ထားရပါမည်။

၅၆။ အလျား 4 m ထက် ငယ်သော Septic Tank များအား Single Chamber Septic Tank (တစ်ကန်တည်းပါသော မိလ္လာကန်) အဖြစ် အသုံးပြုလေ့ရှိပါသည်။

၅၇။ အလျား 4 m ထက် ကြီးသော Septic Tank များအား Double Chamber (၂ ကန်ပါသော) Septic Tank အဖြစ် အသုံးပြုလေ့ရှိသည်။

၅၈။ Double Chamber Septic Tank တွင် ပထမတန်း (Inlet Chamber) သည် စုစုပေါင်းအလျား၏ (2/3 length) ရှိရမည်ဖြစ်သည်။ ဒုတိယကန်သည် အလျား၏ 1/3 length ရှိရမည် ဖြစ်သည်။

၅၉။ Septic Tank ၏ အနက်သည် အများဆုံး 2 m သာရှိရပါမည်။

၆၀။ Septic Tank အ၀င် နံရံမှ 1/5 Length အကွာတွင် မိလ္လာမျက်နှင်ပြင် (liquid level) အောက် 30 cm ရှိနံရံ အတား (Baffle Wall) တစ်ခုပြုလုပ်ပေးရမည်။ ၄င်းသည် အနည်ထိုင်ရန် နေရာ (Sedimentation Zone) ဖြစ်သည်။

၆၁။ မိလ္လာရည်မျက်နှာပြင် Liquid Level) နှင့် Septic Tank အမိုး (Cover Slab) ၏ အကွာအဝေး (Free Board) မှာ အနည်းဆုံး 30 cm ရှိရမည်။

၆၂။ အ၀င်တီ (Inlet Dip tee) သည် အနည်းဆုံး 100 mm Ø ဖြစ်ပြီး Liquid Level အထက် 8 m မှ ၀င်၍ Liquid Level အောက် 30 cm မြှုပ်နေရပါမည်။

၆၃။ ပထမ Inlet Chamber မှ ဒုတိယ Chamber သို့ ရေကူးပိုက်သည် Liquid Level အောက် 30 cm တွင် ရှိရမည်ဖြစ်ပြီး၊ Baffle Wall သည် Liquid Level အထက် 20 cm အမြင့် ရှိရပါမည်။ ရေကူးပိုက်၏ အရွယ်အစားမှာ အနည်းဆုံး 100 mm ရှိရပါမည်။

၆၄။ ဒုတိယ Chamber မှ Soak Pit သို့ အထွက် တီ (Out Let Dip tee) သည် အနည်းဆုံး 100 mm Size ရှိ၍ Liquid Level နှင့် အညီတွင် ထွက်ပြီး၊ Dip Tee ၏ အောက်ဖက် အ၀သည် Liquid Level အောက် 40 cm တွင် ရှိရပါမည်။

၆၅။ Vent Pipe (အနံ့ထုတ်ပိုက်) သည် အနည်းဆုံး 50 mm ရှိ၍ အမြင့်မှာ Cover အထက် အနည်းဆုံး 2.5 m ရှိရပါမည်။

၆၆။ Soak Pit အတွက် အသုံးပြုမည့် မြေနေရာ၏ ရေစိမ့်၀င်နှုန်း (Percolation Rate) အား စမ်းသပ်၍ Soak Pit အတွင်း ၀င်ရောက်မည့် ရေဆိုးပမာဏအား တွက်ချက်၍ လိုအပ်သောမျက်နှာပြင်ဧရိယာအား အောက်ပါပုံသေနည်းဖြင့် တွက်ချက်ရပါသည်-

လိုအပ်သောမျက်နှာပြင် ဧရိယာ = တစ်ရက်၀င်မည့်ရေဆိုးပမာဏ(Lit/day)

တစ်ရက်စိမ့်၀င်နှုန်း (Lit/m2/day)

၆၇။ Soak Pit ၏ အောက်ခြေဧရိယာ (Bottom Area) အား ထည့်သွင်းစဉ်းစားရန် မလိုပါ။

E. FIRE FIGHTING SYTEM

(A) Hose Reel

၆၈။ ပိုက်ပျော့ခွေ (Hose Reel) ဖြင့် မီးငြိမ်းသတ်ခြင်း စံနစ်သည် ကနဦး မီးဘေးအန္တရာယ် ကာကွယ်ခြင်း (1st Aid for Extinguishing Fire) သာဖြစ်သည်။

၆၉။ Hose Reel တစ်ခွေ၏ အလျားမှာ 18 m မှ 25 m အထိရှိသည်။

၇၀။ Hose Reel အရွယ်အစားမှာ 20 mm Ø သို့မဟုတ် 25 mm Ø ဖြစ်သည်။

၇၁။ Hose Reel ထိပ်တွင် တပ်ဆင်မည့် Nozzle သည် 8 mm Ø မှ 13 mm Ø ဖြစ်သည်။

၇၂။ Hose Reel တစ်ခွေသည် ကြမ်းခင်းဧရိယာ 800 m2 အတွက် လုံလောက်သည်။

၇၃။ Nozzle မှ အထွက် ရေပမာဏမှာ 0.5 Lit/sec ထက်မနည်းရပါ။

၇၄။ Nozzle မှ အထွက် ရေဖိအား( Pressure) မှာ 200 Kpa (100 Kpa=14.7 lb/in2) လိုအပ်ပါသည်။၄င်း ဖိအား ပမာဏကြောင့် Nozzle မှာ ထွက်သော ရေသည် ဒေါင်လိုက်အမြင့် (Vertical Height) 5 m တက်ပြီး၊ အလျားလိုက် အကွာအဝေး (Horizontal diatance) 8 m ထွက်ပါသည်။

၇၅။ Hose Reel သို့ပေးပို့သော ပင်မရေဝေပိုက်လိုင်း (Supply Main) သည် 40 mm Ø ထက်မငယ်ပါ။ အများအားဖြင့် 15 m အမြင့် အဆောက်အဦးအတွက် 50 mm Ø ပိုက်သုံး၍ 15 m အထက်မြင့်သော အဆောက်အဦ အတွက် 65 mm Ø ပိုက်သုံးပါသည်။

၇၆။ မီးသတ်ရေလှောင်ကန် (Fire Ground Tank) ၏ ရေလှောင်ပမာဏ (Capacity) မှာ Hose Reel ၂ ခု တစ်ပြိုင်တည်း ၂ နာရီကြာ အသုံးပြုနိုင်မည့် ပမာဏဖြစ်ရမည်။

2 Nos. × 0.5 Lit/sec× 60 min ×60 hour× 2 Hours = 7.2 m3 ~

1000

Say 10 m3 Storage Tank For fire Fighting

(B) Fire Hydrant

၇၇။ အဆောက်အဦ အတွင်းတပ်ဆင်သော် Wall Mounted Fire Hydrant နှင့် အဆောက်အဦ ပြင်ပ တွင် တပ်ဆင်သော PillE Type or Stand Post Type Fire Hydrant ဟူ၍ နှစ်မျိုးရှိသည်။

၇၈။ Internal အသုံးပြုသော Wall Mounted Type အား Hotels, Museums, Hospitals, Banks, Factories အစရှိသော အဆောက်အဦ ကြီး များအတွင်း တပ်ဆင်သည်။

၇၉။ Internal Hydrant အား Building Area 1000m2 ထက်ငယ်လျှင် အနည်းဆုံး (၁)လုံး၊1000m2 မှ 5000m2 အတွင်းအနည်းဆုံး (၂)လုံး၊ 5000m2 မှ 10000m2 အတွင်းအနည်းဆုံး (၂)လုံးနှင့် 10000m2 နှင့်အထက် 5000m2 တိုးတိုင်း အနည်းဆုံး (၁)လုံး ထပ်မံတပ်ဆင်ပေးရပါမည်။

၈၀။ ပြင်ပမီးသတ်ငုတ် (External Fire Hydrant)အား အဆောက်အဦမှ 6 m အကွာအဝေးတွင် တပ်ဆင်ပြီး၊ မီးသတ်ငုတ်တစ်လုံးနှင့် တစ်လုံး အကွာအဝေးမှာ 150 m ထက်မပိုရပါ။

၈၁။ Hydrant တစ်ခုမှ ရေထွက်ပမာဏသည် အနည်းဆုံး 4 Litre/sec ရှိရပါမည်။

၈၂။ Hydrant Nozzle မှ ထွက်မည့် Pressure သည် အနည်းဆုံး 2 Kg/cm2 ရှိရပါမည်။

၈၃။ ပင်မရေတွန်းပိုက်လိုင်း(Pumping Main)သည် အဆောက်အဦ အမြင့် 45m အတွက် 100 mm Ø ဖြစ်ပြီး၊ 45m ထက်မြင့်သော အဆောက်အဦအတွက် 150 mm Ø သုံးစွဲရပါမည်။

၈၄။ မီးသတ်ရန် ရေလှေင်ကန် (Storage Tank for Fire Fighting) ၏ ပမာဏ ကို Fire Fighting 2 Nos. အနည်းဆုံး (၂)နာရီ ကြာ သုံးစွဲနိုင်ရန်တွက်ချက်ထားရှိပါမည်။

2 Nos. × 4 Lit/sec× 60 min ×60 hour× 2 Hours = 57.6 m3 ~

1000

Say 60 m3 Storage Tank For fire Fighting

F. GENERAL

၈၅။ လူနေအိမ် (Residential)တွင် လူတစ်ဦးအတွက် လိုအပ်သော ကြမ်းခင်းဧရိယာ (Floor Area) မှာ12.5 m2 ဖြစ်သည်။

၈၆။ ထိုင်ခုံ အသုံးပြုသော အစည်းအဝေးခန်းမများတွင် လူတစ်ဦးအတွက် လိုအပ်သော ကြမ်းခင်းဧရိယာမှာ 0.6 m2 ဖြစ်သည်။

၈၇။ စိုက်ခင်းများ (Horticulture) အတွက် ရေလိုအပ်ချက်မှာ 2 to 3 Litres/sq.m/day ဖြစ်သည်။

၈၈။ ကျွဲ၊နွား၊ မြင်းများ အစရှိသော တိရိစ္ဆာန်များအတွက် ရေလိုအပ်ချက်မှာ အများဆုံး 60 Litres/day/head ဖြစ်သည်။

၈၉။ လူတစ်ဦးတစ်ရက် ရေချိုးရန် လိုအပ်သော ရေပမာဏမှာ ၅၅ လီတာဖြစ်သည်။

၉၀။ လူတစ်ဦးတစ်ရက် အ၀တ်လျှော်ရန် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။

၉၁။ လူတစ်ဦးတစ်ရက် ရေဆွဲအိုးသုံး အိမ်သာ အသုံးပြုရန်လိုအပ်သော ရေပမာဏမှာ ၃၀ လီတာဖြစ်သည်။

၉၂။ လူတစ်ဦးအတွက် တစ်ရက်ချက်ပြုတ်ရန် လိုအပ်သော ရေပမာဏမှာ ၅ လီတာဖြစ်သည်။

၉၃။ လူတစ်ဦးသောက်သုံးရန် လိုအပ်သော ရေပမာဏမှာ ၅ လီတာဖြစ်သည်။

၉၄။ လူတစ်ဦးအတွက် ဆေးကြောသန့်စင်ရန် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။

၉၅။ မြို့ရေပေးရေးတွင် လူနေအိမ် သုံးစွဲရန် (Domestic Purpose) လူတစ်ဦး တစ်ရက်လျှင် လိုအပ်သော ရေကမာဏမှာ ၁၃၅ လီတာဖြစ်သည်။

၉၆။ မြို့ရေပေးရေးတွင် စက်ရုံသုံးရန် (Industrial Usage) လူတစ်ဦးတစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၁၀ လီတာဖြစ်သည်။

၉၇။ မြို့ရေပေးရေးတွင် အများပြည်သူသုံးရန်(Public Use) လူတစ်ဦးတစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၁၀ လီတာဖြစ်သည်။

၉၈။ မြို့ရေပေးရေးတွင် စီးပွါးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သုံးရန် (Business and Trade Use) လူတစ်ဦး တစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။

၉၉။ မြို့ရေပေးရေးတွင် စွန့်ပစ်ရန်နှင့် ဆုံးရှုံးသွားသော (Waste and Losses) ရေပမာဏမှအား လူတစ်ဦးလျှင် ၅၅ လီတာနှုန်းဖြင့် တွက်ချက်ပါသည်။

၁၀၀။ ရေတစ်ဂါလံတွင် ကျောက်ချဉ် (Alum) ပါ၀င်နှုန်းမှာ အမျာဆုံး 2 grains( 2 grains per gallon) သာဖြစ်သည်။ (7000 grains= 1 lb)

credit to original uploader

HOSE REEL SYSTEMHose reel ကို exit နဲ့ နီးစပ်တဲ့နေရာ၊ protected corridors ရဲ့outside၊ lobby၊ staircase ရဲ့အပြင်ဖက် အစရှိ...
29/11/2018

HOSE REEL SYSTEM

Hose reel ကို exit နဲ့ နီးစပ်တဲ့နေရာ၊ protected corridors ရဲ့outside၊ lobby၊ staircase ရဲ့အပြင်ဖက် အစရှိတဲ့နေရာတို့မှ တပ်ဆင်တာကြပါတယ်။

Hose reel ကို အနှောင့်အယှက်မရှိ အမြဲတမ်းအဆင်သင့် အသုံးပြုနိုင်သည့် နေရာတွင် တပ်ဆင်ရမည်။ (Singapore တွင် Hosereel ကို obstructed ဖြစ်နေ၍ SCDF မှ ဒါဏ်ရိုက်တာတွေ့ဖူးသည်)

Hosereel ကို ထိခိုက်ပျက်ဆီးမှု မဖြစ်အောင်၊ ခွင့်ပြုချက်မရှိပဲ မသုံးရအောင် cabinet တပ်ဆင်ကြသည်။ cabinet ကိုလည်း သော့မတပ်ဆင်သင့်ပါဘူး။ သော့တပ်ထားရမယ်ဆိုလျှင်လည်း glass panel (break glass) တပ်ထားရမယ်။ လိုအပ်လျှင် မှန်ခွဲ၍ တံခါးဖွင့်နိုင်အောင်။
တစ်ခါတစ်လေ key ကို box နဲ့ သီးခြား တပ်ဆင်ကြသည်။
Hose Reel ရဲ့ coverage က 36M ဖြစ်ပြီး၊ တိုင်းရာမှာ ဘာမှ အတားအဆီး မရှိပဲ route အတိုင်း ဖြစ်ရပါမယ်။

Hosereel ရဲ့ discharge က အနည်းဆုံး 10M နဲ့ flow rate 0.4 L/S ဖြစ်ရပါမည်။ အများအားဖြင့် RI မှာ 10M discharge ပဲ စစ်တာများပါတယ်။ (flow rate တောင်းတဲ့ RI လည်း ကြုံဖူးပါတယ်၊ Hose reel flow meter အတွက်အခက်အခဲ ကြုံဖူးပါတယ်)
ဒီ system မှာ အများဆုံး pressure 12 bar ထက် မပိုရပါဘူး။ ပုံမှန်တော့ 50 PSI လောက်ပဲ သုံးပါတယ်။

Pipe size ကတော့ 50mm ထက် မနည်းရပါဘူး၊ Hosereel drum connection မှာတော့ 25 mm pipe size သုံးပါတယ်။

Hosereel မှာ water pressure လိုအပ်သည်။ Hosereel plant room တွင် pump (duty and standby)၊ pressure vessel နဲ့ Hose reel tank တို့ပါဝင်သည်။ space သိပ်အများကြီး မလိုအပ်၍ သီးသန့် မထားပဲ တစ်ခြား system တွေရဲ့ pump room တွေမှာ ထားကြသည်။ တစ်ချို့နေရာတွေမှ roof top open space တွင် ထားကြသည်။
PUB နဲ့ join ပြီး pump/tank မထားပဲ direct feed အနေနဲ့လည်း သုံးသည်။
Hose reel tank ကို သီးသန့်မသုံးပဲ တစ်ခြား pump တွေကနေလည်း supply လုပ်ကြသည်။ (PUB tank နဲ့သွား မ join တာပိုကောင်းသည်။ PUB pipes ကနေ direct သွား join လျှင် PUB accept ဖြစ်တဲ့ ပိုက်သုံးရသည်။ ဥပမာ- copper pipes)

Sprinkler main pipes (CV header) နဲ့ လည်း connect လုပ်ပြီး Hose reel pump မသုံးပဲ သုံးတတ်သည်။ ဒါပေမယ့် pressure release valve တတ်ပေးရသည်။

Hose reel tank/pump ကို အထပ်မြင့်ရဲ့ roof top မှာတပ်ဆင်ထားလျှင် အောက်အထပ် တစ်ထပ်ထပ် မှာ pressure release valve တပ်ဆင်ရသည်။ (base on calculation)

Hose reel panel ကိုတော့ Fire alarm panel နဲ့ link လုပ်ထားသည်။ monitoring module)
Hose reel tank level status (low, high). တစ်ချို့ tank တွေမှာ low low level တွေပါ တတ်ဆင်ကြသည်။ (low low level ဖြစ်လျှင် pump မ run နိုင်အောင်)
Pump status (run, stop, trip) အစရှိသည်များကို monitoring လုပ်ရန်အတွက်။
Hose reel tank level အတွက် electrode sensor တပ်ဆင်ရသည်။ တစ်ချို့ tank တွေမှာ electrode sensor 2 ခု တပ်ဆင်ကြသည် (HR and PUB). (တစ်ချို့ Hose reel တွေကို water use လုပ်လျှင် alarm ဖြစ်အောင် fire alarm installer က link လုပ်ထားသည်။)

မှတ်ချက်။ beginner များအတွက် အခြေခံ အချက်အလက်များသာ ဖြစ်ပါသည်။

KWH Technologies

Address

No. 347(1/F), Kyauk Pyar Set Street, Ward (2), Thamine, Mayangone Township
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959895442227

Website

Alerts

Be the first to know and let us send you an email when KWH Technologies Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KWH Technologies Ltd:

Share

Services

KWH Technologies Ltd မှ အောက်ပါလုပ်ငန်းများကို လူကြီးမင်းတို့ စိတ်တိုင်းကျသည်အထိ ဈေးနှုန်းသက်သာ မှန်ကန်စွာဖြင့် နေရာဒေသမရွေး လိုက်လံ ဆောင်ရွက်ပေးနေပါသည်။

တည်ဆောက်ပြီးပါက အဆောက်အဦး၏ Quality အာမခံ အပြည့်အဝပေးပါသည်။

- အဆောက်အဦးများ ဒီဇိုင်းရေးဆွဲ ပေးခြင်း၊ ခန့်မှန်း ကုန်ကျစရိတ် တွက်ချက်ပေးခြင်း။ - အဆောက်အအုံများ၊ ဆိုင်ခန်းများ၊ အလုပ်ရုံများကို R.C , Steel Structure ဖြင့် တည်ဆောက်ပေးခြင်း။ - ခြံစည်းရိုးလုပ်ငန်း နှင့် Home Decoration လုပ်ငန်းများ ဆောင်ရွက်ခြင်း။ - Plumbing & Sanitary Installation လုပ်ငန်းများ တပ်ဆင်ပေးခြင်း နှင့် ပြုပြင်ဆောင်ရွက်ခြင်း၊

စုံစမ်းမေးမြန်းလိုပါက Office: အမှတ် ၃၄၇ (ပထမထပ်)၊ ကျောက်ပြားစက် လမ်း၊ (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ Phone: +95(9) 89544 2227