T&P Air-con and Electrical Services

T&P Air-con and Electrical Services ဈေးနှုန်းမှန်၍ စေတနာထားတာ T & P ရဲ့ဆော?

13/08/2026

🚩အဲကွန်းဆေးတိုင်း ဂက်စ်ဖြည့်စရာလိုသလား?

နဂိုကတည်းက ပိုက်အယိုအစိမ့်မရှိ ဂက်စ်အပြည့်ရှိပြီးသား အဲကွန်းတွေဟာ အချိန်တန်လို့ဖြုတ်ဆေးဆားဗစ်လုပ်တဲ့အခါ ဂက်စ်ထပ်ဖြည့်စရာမလိုပါဘူး။

အဲကွန်းဂက်စ်ဟာအင်ဂျင်ဝိုင်တွေလို အချိန်ကြာလို့ အရည်အသွေးကျသွားတယ်လို့တော့ မရှိပါဘူး။
(ကွန်ပရက်ဆာဆီအရည်အသွေးမကောင်းလို့ ၊ စက်ဆင်ချိန်မှာစက်ထဲ ပိုက်ထဲ လေနဲ့ရေငွေ့ကျန်ခဲ့လို့ အဲကွန်းဂက်စ်နဲ့လေရယ် ရေငွေ့ရယ် ရောပြီး အပူစုပ်နိုင်တဲ့အရည်အသွေးပျက်သွားတာတော့ရှိပါတယ်)

ပြောစရာရှိတာက အဲကွန်းတွေဆေးတဲ့အခါ ပိုင်ရှင်အများစုက တစစီဖြုတ်ဆေးတာက ပိုကောင်းတယ်လို့ထင်တတ်ကြပါတယ်။

ကောင်းတာတွေလည်းရှိပါတယ်။
ဖုန်ထူတဲ့ဒီတိုင်းပြည်မှာ တနှစ်တခါလောက်မှ ဆေးမယ်ဆိုရင်တော့ ဖြုတ်ဆေးသင့်ပါတယ်။

အဲဒီလိုမဟုတ်ပဲ အဲကွန်းဆေးတိုင်း တစစီဖြုတ်ဆေးမယ်ဆိုရင် အားနည်းချက်တေ‌ွရှိပါတယ်။

1/♦️စက်က စကူတွေ ၊အစိတ်အပိုင်းတွေဟာ ခဏခဏ အကြိမ်များစွားအဖြုတ်အတပ်လုပ်မိလို့ စကူတွေချောင်ပြီး စက်ကအသံမည်လာတာ ၊ စက်အစိတ်အပိုင်းတွေချောင်ပြီး လျော့တိလျောရဲ ဖြစ် အသံထွက်လာတာ ပျက်စီးတာတွေဖြစ်နိုင်ပါတယ်။

2/♦️ဂက်စ်ပိုက်တွေခဏခဏဖြတ်တပ်လုပ်လို့ ပိုက်ကော်လာတွေပါးပြီး ဂက်စ်ယိုစိမ့်တာတွေဖြစ်လာမှာပါ။

♦️ဖြုတ်ဆေးဖို့ ဂက်စ်ကိုအောက်ဒိုးထဲသိမ်းတဲ့အခါ တချို့ အဲကွန်းဆားဗစ်လုပ်တဲ့အဖွဲ့တွေဟာ
🔺အလုပ်ကိုလောလောလောလုပ်လို့ဖြစ်စေ ၊
🔺ပေါ့ဆမိလို့ဖြစ်စေ
🔺မကျွမ်းကျင်လို့ဖြစ်စေ
🔺နဂိုကအကြိမ်ကြိမ်ဖြုတ်ဆေစထားလို့ပိုက်ကော်လာတွေပါးနေရင်ဖြစ်စေ
🔺ပိုက်ရဲ့အဆက်တွေသေသေချာချာ မကြပ်မိတဲ့အခါဖြစ်‌စေ
🔺ဂက်စ်သိမ်းရာမှာ စနစ်တကျမသိမ်းမိတဲ့အခါ
ဖြစ်စေဂက်စ်တွေလေ့လွင့်တာ‌ဖြစ်နိုင်ပါတယ်။ အဲဒီအခါ အဲကွန်းဟာဂက်စ်လျော့လို့ပြန်ဖြည့်ဖို့လိုအပ်မှာပါ။

လေလွင့်မှုကများတဲ့အခါ R410A လို ဂက်စ်မျိုးသုံးထားတဲ့စက်တွေဆိုရင် သူ့ရဲ့ဂက်စ်ဖွဲ့စည်းပုံက မတူညီတဲ့
ဂက်စ်နှစ်မျိုးကို 50%စီ အချိုးကျ ပေါင်းစပ်ထားတာမလို့ ဂက်စ် ယိုစိမ့်သွားရင်က စက်ထဲကျန်နေတဲ့ဂက်စ်အချိုးအစားကိုအချိုးမညီဖြစ်တတ်ပါတယ် ။အဲဒီအခါ ရှိပြီးသားဂက်စ်ကို အကုန်အစင်ပြန်ထုတ်ပြီး အစအဆုံးအသစ်ဖြည့်ရမှာပါ။
အဲဒီလိုဖြစ်တတ်လို့ကုန်ကျစာရိတ်ပိုများမှာပါ။

⛔⛔အဲဒီအတွက် မလိုအပ်ရင် အဲကွန်းကို တစစီဖြုတ်ဆေးတာမလုပ်သင့်ပါဘူး။ ဆားဗစ်လုပ်တဲ့အခါဂက်စ်ပြန်ဖြည့်ရတဲ့ပြဿနာရဲ့ အဓိကအကြောင်းအရင်းက တစစီဖြုတ်ဆေးတာပါပဲ။

တကယ်ကို အသေးစိတ်ကျွမ်းကျင်တဲ့အဖွဲ့တွေကတော့
နဂိုကမှာဂက်စ်ရှိနေရင် ဖြုတ်ဆေးသည်ဖြစ်စေ မဆေးသည်ဖြစ်စေ ဂက်စ်ပြန်ဖြည့်ပေးစရာမလိုပါဘူး။

(ပြဿနာတရပ်လည်းရှိပါသေးတယ်တချို့ပိုင်ရှင်များကဆားဗစ်လုပ်ရင် ဂက်စ်ဖြည့်မှလကျေနပ်တဲ့ပြဿနာပါ၊မဖြည့်ရင် လာပြင်တဲ့သူကိုမတတ်ဘူးထင်ကြသေးပါသတဲ့😬)

⛔စက်တွေရဲ့ ရပ်နေတဲ့အချိန် ဂက်စ်ပြည့်မပြည့်သိဖို့ကတော့
🔺 ဂက်စ်သုံးတဲ့စက်ဆိုရင် မမောင်းခင်မှာ 150 PSI ၀န်းကျင်၊ စက်မောင်းချိန်မှာ 60 to 80PSI ကြား
🔺 /R32ဂက်စ်သုံးတဲ့ အဲကွန်းစက်ဆိုရင် မမောင်းခင်မှာ 250 PSI၀န်းကျင် ၊ စက်မောင်းချိန် 110 to 150 PSI ကြားရှိနေရင် ဂက်စ်ပြည့်နေတယ်လို့ ယူဆနိုင်ပါတယ်။

#ကိုနန္ဒမိုး

လူကြီးမင်းတို့အတွက် Air-conနဲ့ပက်သတ်လို့ လိုအပ်တာရှိရင် ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံဖြင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပါတယ် ☺

T & P Air-con and Electrical Service
(Door to Door Service)
☎️ 09 254210381
☎️09 680018852

🔵 T & P Air-con and Electrical Service 🔵(Door to Door Service)၃ နှစ်ကျော်ကြာ မလေးရှားမှာ အလုပ်လုပ်ပြီးနောက်အခုတော့ မိမိရ...
12/08/2026

🔵 T & P Air-con and Electrical Service 🔵
(Door to Door Service)

၃ နှစ်ကျော်ကြာ မလေးရှားမှာ အလုပ်လုပ်ပြီးနောက်
အခုတော့ မိမိရဲ့ Air-con Service လုပ်ငန်းကို ပြန်လည်စတင်နေပါပြီ။ 🙏

မိတ်ဟောင်းများကိုလည်း ပြန်လည်တွေ့ဆုံချင်သလို
မိတ်ဆွေသစ်များနဲ့လည်း ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုကောင်းတွေ ပေးသွားချင်ပါတယ်။ 🤝

❄️ Air-con မအေးခြင်း / အအေးမလုံလောက်ခြင်း
🧼 Air-con ဆေးကြောသန့်စင်ခြင်း
🔧 ပြုပြင်စစ်ဆေးခြင်း
📍 နေရာရွှေ့တပ်ဆင်ခြင်း
💧 ရေယိုခြင်း ပြုပြင်ခြင်း
❄️ Air-con အသစ် တပ်ဆင်ခြင်း

အိမ်တိုင်ရာရောက် Door to Door Service 🚐
ကျွမ်းကျင် Technical များမှ စစ်ဆေး၊ ပြုပြင်၊ ဆေးကြောပေးပါတယ်။

📞 09 254210381
📞 09 680018852

မိတ်ဟောင်း၊ မိတ်သစ်အားလုံးကို အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ❤️
T & P ကို ပြန်လည်စတင်ပါပြီ။

Available Services From T&P Air-con service.....,..........................................................................
12/08/2026

Available Services From T&P Air-con service.....,..............................................................................

✅ Air-con များ မအေးခြင်း
✅Air-con များ အအေး လုံလောက်မှု့ မရှိခြင်း
✅Air-con များကို ဆေးကြောသန့်စင်မှု့ ပြုလုပ်လိုခြင်း
✅Air-con များ၏ လုပ်ဆောင်မှု့များ ပုံမှန်အတိုင်းလည် ပတ်မှု့ ရှိမရှိ စစ်ဆေးလိုခြင်း
✅Air-con တပ်ဆင်ရန်နေရာ အခက်အခဲအတွက် အဆင်မပြေမှု့များ ဖြစ်နေခြင်း
✅အသုံးပြုလျက်ရှိသော Air-con များကိုနေရာရွှေ့ပြောင်း တပ်ဆင်မှု့ ပြုလုပ်လိုခြင်း
✅Air-con ရေစိမ့်ကျသော ပြသနာနှင့် ရင်ဆိုင် နေရပါခြင်း
✅ Air con အသစ်တပ်ဆင်လိုခြင်း

ဖုန်းလေး တစ်ချက် နှိပ်လိုက်ရုံဖြင့် လူကြီးမင်းတို့၏ အိမ် အရောက်သို့ကျွမ်းကျင် Technical များမှလာရောက်
👨🏼‍🔧 စစ်ဆေး စမ်းသပ်ပေးခြင်း
👨🏼‍🔧 ပြုပြင်ပေးခြင်း
👨🏼‍🔧 ဆေးကြောသန့်စင်ပေးခြင်း
👨🏼‍🔧 တိုင်းတာ တွက်ချက်ပေးခြင်း
👨🏼‍🔧 ဆွေးနွေး အကြုံပြုပေးခြင်း အစရှိသော ဝန်ဆောင်မှု များကို လုပ်ဆောင်ပေးနေပါသည်။

လူကြီးမင်းတို့အတွက် Air-conနဲ့ပက်သတ်လို့ လိုအပ်တာရှိရင် ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံဖြင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပါတယ် ☺

T & P Air-con and Electrical Service
(Door to Door Service)
☎️ 09 254210381
☎️09 680018852

လာမယ့် ဧပြီ ၁ ရက်နေ့မှ ၆ရက်နေ့အတွင်း ရန်ကုန်တိုင်း ဒေသအားလုံး နေ့ဘက် လက်ရှိပူနေတာထက် နှစ်ဆပိုပူသလို ခံစားရမယ်။ အချို့နေရ...
30/03/2026

လာမယ့် ဧပြီ ၁ ရက်နေ့မှ ၆ရက်နေ့အတွင်း ရန်ကုန်တိုင်း ဒေသအားလုံး နေ့ဘက် လက်ရှိပူနေတာထက် နှစ်ဆပိုပူသလို ခံစားရမယ်။ အချို့နေရာတွေ အပူလှိုင်းဖြတ်နေသလို ခံစားရမယ်။ နေ့ဘက်တင်မဟုတ်ဘဲ ညအပူချိန်တွေလဲ တိုးလာမယ်။ အားလုံး အထူးဂရုစိုက် နေထိုင်ကြရန်။ ဘိုးဘွားများ၊ ကလေးများ၊ ကျန်းမာရေး ချုချာသူများကိုလဲ အထူးဂရုစိုက်ပေးကြပါ။ မကြာခဏ ရေအနည်းငယ် သောက်ပေးပါ။ နေပူထွက်ရင် ဦးထုပ်၊ ထီး ယူသွားပါ။ စေတနာ ရှေ့ထားပြီး သတိပေးလိုက်ပါတယ်။

27-03-2026/6:00PM
Data Soure:GEM/ECMWF/UKMO/ICON/JMA
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#အပူချိန် #တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ #မိုးလေဝသ
Card...original post

ရန်ကုန် အနီရောင်အဆင့် -ကမ္ဘာ့တတိယမြောက် အဆိုးဆုံးတဲ့ရန်ကုန်မြို့ လေထုညစ်ညမ်းမှု "အနီရောင်အဆင့်" သို့ ရောက်ရှိ - ကမ္ဘာ့တတ...
29/03/2026

ရန်ကုန် အနီရောင်အဆင့် -ကမ္ဘာ့တတိယမြောက် အဆိုးဆုံးတဲ့

ရန်ကုန်မြို့ လေထုညစ်ညမ်းမှု "အနီရောင်အဆင့်" သို့ ရောက်ရှိ - ကမ္ဘာ့တတိယမြောက် အဆိုးဆုံးဖြစ်လာ 🔴💨
ရန်ကုန်မြို့သူ မြို့သားများအားလုံး သတိထားကြဖို့ပါ! လက်ရှိမှာ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်းမှာ နံပါတ် (၃) နေရာအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း DVB သတင်းဌာန ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ⚠️

ဒီနေ့မနက်ပိုင်း တိုင်းတာချက်တွေအရ လေထုအရည်အသွေးအညွှန်းကိန်း (AQI) ဟာ ၁၆၉ အထိ ရှိနေပြီး ဒါဟာ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ရတဲ့ "အနီရောင်အဆင့်" အခြေအနေပဲ ဖြစ်ပါတယ်။

ဘာတွေသတိထားရမလဲ? 🤔
ကျန်းမာသူများ: အသက်ရှူရခက်ခဲတာ၊ လည်ချောင်းယားတာနဲ့ မျက်စိစပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကလေးနှင့်လူကြီးများ: အသက်ရှူလမ်းကြောင်းရောဂါအခံရှိသူတွေအတွက် ဒီအဆင့်ဟာ တော်တော်လေး အန္တရာယ်ရှိပါတယ်။

ဘယ်လိုကာကွယ်မလဲ? ✅
၁။ အပြင်ထွက်ရင် သာမန် Mask တွေထက် ဖုန်မှုန့်အမှုန်အမွှား (PM 2.5) ကို ကာကွယ်နိုင်တဲ့ N95 (သို့မဟုတ်) KN95 Mask တွေကို ဦးစားပေးတပ်ပါ။
၂။ လည်ချောင်းမခြောက်အောင်နဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားဖို့ ရေများများသောက်ပေးပါ။
၃။ မလိုအပ်ဘဲ အပြင်မှာ အချိန်အကြာကြီး နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။

မိမိတို့ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ သိရအောင် ဒီသတင်းကို အမြန်ဆုံး Share ပေးလိုက်ကြပါဦး။ အားလုံးပဲ ဘေးကင်းကြပါစေ
Card.... original post

Address

Yangon

Telephone

+95 9254210381

Website

Alerts

Be the first to know and let us send you an email when T&P Air-con and Electrical Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share