12/03/2025
Neon Spaမှဒီနေ့ဖြစ်သွားတာလေးနဲ့ပတ်သက်ပြီးအနူးအညွတ်တောင်းပန်အပ်ပါတယ်
ဒီနေ့မနက်၉နာရီလောက်ကအကိုနဲ့အမ၂ယောက်လာအနှိပ်ခံပါတယ်
ကျမတို့ဆီရောက်တော့ထိုင်းရိုးရာအနှိပ်2sectionယူပါတယ်
၁၁ခွဲမှာသူငယ်ချင်းတွေနဲ့ဘီယာသောက်ဖို့ချိန်းထားတာစောနေသေးလို့အချိန်လာဖြုန်းတာလို့ပြောပါတယ်
ဒီရောက်တော့ကျမတို့ကခြေထောက်ကိုဆားကြမ်းလေးနဲ့ရေနွေးလေးစိမ်ပြီးအရင်ပွတ်ပေးပါတယ်
အဲ့လိုပွတ်ပေးခြင်းဖြင့်ခန္ဓာကိုယ်မှာရှိတဲ့အပူတွေထွက်ပြီးချက်ချင်းကိုပေါ့ပါးသွားစေပါတယ်
မျက်စိလည်ကြည်လင်စေပြီးအညောင်းအညာလည်းပြေသွားစေပါတယ်
ဆားပွတ်တာကဝန်ဆောင်မူ့အနေနဲ့ပေးတာပါအချိန်စမမှတ်ပါဘူး
စနှိပ်တော့မှအချိန်စမှတ်တာပါ
ရောက်တာနဲ့နှိပ်တဲ့သူတွေကိုစောင့်နေရတာလည်းမရှိပါဘူး
ချက်ချင်းတန်းနှိပ်ပေးတာပါ
အဲ့အချက်ကို အကိုနဲ့အမကတော်တော်သဘောကျသွားပါတယ်
အတွင်းပိုင်းအပြင်အဆင်နဲ့အိပ်ယာခင်းတွေကလည်း၁ခါသုံးတွေသုံးထားလို့၁နာရီကို၁၂၀၀၀တည်းဆိုတာဟုတ်ရဲ့လားလို့သေချာအောင်ပြန်မေးပါတယ်ဒီကြားထဲဆားလည်းပွတ်ပေးလို့မသေချာမှာဆိုးလို့ထပ်မေးတာပါလို့ပြောပါတယ်
ကျမတို့ကလည်း၁နာရီ၁၂၀၀၀ပါဆားပွတ်ပေးတာကအခမဲ့ပါစနှိပ်တဲ့အချိန်မှအချိန်စမှတ်တာပါလို့ရှင်းပြပေးလိုက်ပါတယ်
ကျမတို့ကဆားပွတ်ပေးပြီးစနှိပ်ပါတယ်အခန်းထဲမှာလည်းတီးလုံးလေးလည်းဖွင့်ထားတော့အညောင်းပြေယုံတင်မကဘူးစိတ်ပင်းပန်းတာတွေနဲ့အလုပ်ကစိတ်ညစ်စရာရှိတာတွေတောင်မေ့သွားတယ်လို့ပြောပါတယ်
နောက်တခေါက်ကျရင်အိမ်ကအဖေနဲ့အမေပါခေါ်ပြီးထပ်လာအုန်းမယ်လို့ပြောပါတယ်
သူကြိုက်တဲ့အချက်တွေကအခန်းထဲမှာဆေးလိပ်နဲ့ဘီယာသောက်ခွင့်မရှိတော့အခန်းထဲမှာဆေးလိပ်နံ့တို့ဘီယာအနံ့တို့မရှိဘူးလို့ပြောပါတယ်
ပြီးတော့မြောက်ဒဂုံမှာမိသားစုလာလို့သင့်တော်နဲ့ကျန်းမာရေးSpaရှာနေတာအခုမှအဆင်ပြေသွားတယ်လို့ပြောပါတယ်
၁၁နာရီ၁၅မှာ၂နာရီပြည့်လို့အကိုနဲ့အမကိုအချိန်ပြည့်သွားတဲ့အကြောင်းပြောတော့အမကသူအမျိုးသားကိုသူငယ်ချင်းတွေချိန်းထားတာကိုမသွားတော့ဘူးဒီမှာနှိပ်ရတာအရမ်းအဆင်ပြေလို့ထပ်နှိပ်မယ်လို့ပြောတာက်ုအကိုကမဆိုင်းမတွဘဲသူငယ်ချင်းတွေကို
မြောက်ဒဂုံ
တိုက်နံပတ်၅၅
စီးပွားရွေးဖွံ့ဖြိုးရေးဇုန်
ဦးဝိစာရလမ်းမကြီးပေါ်
တပင်ရွှေထီးလမ်းထိပ်
Sakuraသွားဆေးခန်းရှေ့ကNeon Spaမှာအနှိပ်ခံနေလို့မလာနိူင်တော့ကြောင်းဖုန်းနဲ့လှမ်းပြောလိုက်ပါတယ်
သူငယ်ချင်းတွေကလည်းNeon Spaဆိုလာခဲ့မယ်အခုလိုင်းပေါ်မှာနံမည်ကြီးနေတာဆိုပြီးကျမတိုNeon Spaကိုရောက်လာပါတယ်၆ယောက်ပါ
ပထမတော့သူငယ်ချင်း၆ယောက်က၁နာရီဘဲအနှိပ်ခံမယ်ဆိုပြီးအဆင်ပြေတာနဲ့၂နာရီယူသွားပါတယ်
အခုလိုသူငယ်ချင်းတွေနဲ့ဘီယာသောက်ဖို့ချိန်းထားတဲ့အကိုနဲ့အမတို့ရဲ့Neon Spaမှာအရမ်းအဆင်ပြေလို့အစီအစဥ်ပျက်သွားတဲ့အတွက်ကျမတို့ရဲ့Neon Spaမှအနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင့်