06/10/2020
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
လုပ်ငန်းရှင် မိတ်ဆွေများအပေါင်းနှင့် လုပ်ဖော်ကိုင်ဖက်
မိတ်ဆွေများအားလုံး "ကာလနာ" ကပ်ဘေး
အမြန်ဆုံးကင်းဝေးကြပါစေ။
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
လူတိုင်းနားလည်နိုင်သော မြေတိုင်းပညာ၏ အခြေခံသဘောတရားများ (အပိုင်း၁)
Basically Introduction To Theory Of Survey
ဘယ်အဆောက်အဦးမှ မြေကြီးနဲ့ကင်းကွာလို့ မရပါဘူး Civil Engineering ဘာသာရပ်တွေထဲမှာ suvey ကိုမြေတိုင်းတဲ့ဘာသာရပ်အဖြစ်လူသိများပါတယ် တကယ်တော့ Survey ဆိုတာက ကိုယ်မသိသေးတဲ့အရာတစ်ခုကို သိအောင်လုပ်တာ
ဒါကြောင့်မြေတိုင်းတာနဲ့ပတ်သတ်လာရင် survey ဆိုတာ ကိုယ်မသိသေးတဲ့အတိုင်းတာတွေကို သိအောင်လုပ်တာ ဒီလိုပြန်လို့ရပါတယ် Suvery ဟာ အင်ယာဘာသာရပ်တွေထဲမှာ အခက်ဆုံးပါ suvery ကျွမ်းကျင်ဖို့ဆိုရင် ကိုယ့်ရဲ့သင်္ချာအဆင့်တန်းက သင်္ချာပညာရှင်နီးပါးရှိရပါမယ် ကြယ်တွေရဲ့တည်နေရာ ကမ္ဘာမြေကြီးလည်ပတ်ပုံ လတ္တီကျူး လောင်ဂျီကျူးအစရှိတာတွေကိုသိဖို့ Astronomy ကိုလည်းကျွမ်းကျင်ရပါမယ် ဒီနေရာမှာလူအများစုမသိလို့မှားကြတာက
Astronomy = နက္ခတဗေဒ = survey အတွက်သုံးတယ် (Astrology မဟုတ်)
နောက်ပြီးနောက်တစ်ချက်အရေးကြီးတာက နောက်ဆုံးပေါ်တဲ့နည်းပညာတွေ instrument တွေ စတဲ့အရာအားလုံးနဲ့လည်း up-to-date ဖြစ်နေရပါမယ် နည်းပညာတိုးတက်လာတာနဲ့အမျှ လူကြောင့်ဖြစ်တဲ့ Error တွေနည်းလာပေမဲ့ အဓိကသိသင့်တဲ့ principle လေးတွေကိုတော့ သိထားသင့်ပါတယ် civil အင်ယာတစ်ယောက်အနေနဲ့ survey ဟာမဖြစ်မနေကျွမ်းကျင်ရမဲ့ထဲမှာတော့မပါဘူး ဒါပေမဲ့ အခြေခံသဘောတရားလေးတွေတော့ background knowledge ရှိထားသင့်ပါတယ် ဒီနေရာမှာကျတော့ post ရဲ့ခေါင်းစဉ်ကို လူတိုင်းနားလည်နိုင်တယ်လို့ပြောရတာက ကျွန်တော်ကိုယ်တိုင်က survey ကို အခြေခံအဆင့်လောက်ဘဲနားလည်ထားလို့ပါ
ကျောင်းတွေမှာ survey ကို ပထမနှစ်နဲ့တတိယနှစ် စုစုပေါင်း ၂ နှစ်သင်ရပါတယ် ပထမနှစ်မှာက Survey အမည်နဲ့ပါ တတိယနှစ်ကျတော့ Astronomy ကျွန်တော်အပိုင်း ၅ ပိုင်းခွဲတင်ပါမယ် အားလုံးပြီးရေးပြီးရင်တော့ ကျောင်းမှာသင်ခဲ့သမျှကုန်ပါပြီ
ဒီတိုင်းသမရိုးကျရေးနေရင် ဆွဲဆောင်မှုရှိမှာမဟုတ်လို့ မေးခွန်းအဖြေ ပုံစုံလေးနဲ့ ရေးပါမယ်....................
Survey ကဘာတွေလည်း ? ?
အခြေခံအားဖြင့် survey မှာအပိုင်းနှစ်ပိုင်းရှိတယ် ...... ကမ္ဘာမြေကြီးကို ပြင်ညီတစ်ခုအဖြစ်ယူဆပြီးတိုင်းတဲ့ Plane Survey နဲ့ ကမ္ဘာမြေကြီးက ခုံးနေတယ်လို့ ယူဆပြီး အခုံးအတိုင်းတိုင်းတဲ့ Geodesic survey ၊ အခုက Plane Survey ကိုဦးစားပေးရေးသွားပါမယ် Area ကသေးနေရင် Plane Survey အဖြစ်ယူဆပြီးတိုင်းလို့ရတယ် ၊ Area အရမ်းကြီးရင်တော့ geodesic အဖြစ်နဲ့ဘဲတိုင်းရတယ် plane အဖြစ်နဲ့ယူဆပြီးတိုင်းလို့မရတော့ပါဘူး
ဒီနေရာမှာလူအများဆုံးမှားပြီးမသိကြတာက
Geology - Earth မြေကြီးကိုလေ့လာတာ
Geography - ပုံစံကိုလေ့လာတာ
Geometry - မြေတိုင်းဘာသာရပ် Egypt ကနေလာတယ်...................................
Geometry ဆိုတာဘာလည်း ? ?
Geometry ဟာ Geo(မြေကြီး) Measure(တိုင်းတာခြင်း) ဆိုတဲ့ ခေါမ (Greek) စာလုံး ဂျီသြမီတာ ကနေဆင်းသက်လာခြင်းဖြစ်ပါတယ် ရှေးခေတ်လူသားများက လက်တွေ့ဘ၀တွေမှာ အကွာအဝေးများတိုင်းတာရန် အဆောက်အအုံပုံစံများ ရေးဆွဲရန်စသဖြင့် အသုံးဝင်တဲ့ ဥပဒေများကို ဖော်ထုတ်ခဲ့ပါတယ် အဲ့ဒီဥပဒေက လက်ရှိ ဂျီသြေမေတြီပညာရဲ့ အခြေခံအစိတ်အပိုင်းများဖြစ်ပါတယ် ဒီအကြောင်းကို ပဉ္စမတန်း သင်္ချာအတွဲ ၂ မှာရေးထားပါတယ်.................................
survey ဘယ်လိုတိုင်းမှာလည်း ဘာတွေတိုင်းမှာလည်း ? ?
Survey တိုင်းတဲ့နေရာမှာ အဆင့် ၂ဆင့်ရှိတယ်
ပထမက - ကွင်းဆင်းပြီးတိုင်းတာပုံဆွဲ ( Field Work to Office Work )
ဒုတိယက - ရလာတဲ့ပုံကို မြေပြင်မှာပြန်ဆွဲတာ (Office Work to Field Work )
Survey ကိုပုံစံနှစ်မျိုးနဲ့ ခွဲခြားသတ်မှတ်ကြပါတယ် ပထမအသုံးပြုမှုအပေါ်မှာမူတည်ပြီးခွဲတယ်
ဥပမာ - Reconaisance sruvey - အကြိုကင်းထောက်တဲ့အခါမှာသုံးတယ်
Route Survey - လမ်းကြောင်းတိုင်းတာတဲ့အခါမှာသုံးတယ်
City Survey -မြို့ကြီးရဲ့ service
Land Survey - မြိ့ပြင် လယ်ကွင်းယာကွင်းတွေကို တိုင်းတာခြင်း
Topographic Survey - Topography-- topographic map လမ်းဖောက်တဲ့နေရာမှာသုံးတာ
Photogrammetry Survey - ကောင်းကင်ကနေ လေယဉ်ပျံပြီး ဓါတ်ပုံရိုက် မြေတိုင်းတာ
နောက်တစ်မျိုးက ကိုယ်သုံးတဲ့ ပစ္စည်း instruments ပေါ်မည်တည်ပြီးခွဲကြတာ
ဥပမာ Theodolite နဲ့တိုင်းရင် Theodolite survey
Chain နဲ့ တိုင်းရင် Chain survey GPS ဆိုရင် GPS Survey .... အစရှိသဖြင့်ပါ
နောက်မေးခွန်းတစ်ခုက ဘာတွေတိုင်းမှာလည်းဆိုတဲ့နေရာမှာ suvey ကိုဘယ်လိုဘဲတိုင်းတိုင်း ဘာနဲ့ဘဲတိုင်းတိုင်း တိုင်းတာမှုနှစ်မျိုးအမြဲတန်းလုပ်ပါတယ်
Distance တိုင်းတာခြင်း - - Distance မှာ horizontal distance ရှိတယ် Vertical Distance ရှိတယ် vertical distance တိုင်းတာကို Levelling လုပ်တယ်လို့ခေါ်ပါတယ်
Angle တိုင်းတာခြင်း - Angle မှာလည်း Horizontal တိုင်းတာရှိတယ် vertical တိုင်းတာရှိတယ် horizontal ဆိုရင် Left and right ရှိပြီး Vertical မှာဆိုရင်တော့ အပေါ်တက်တာနဲ့ အောက်ကိုဆင်းတဲ့ Grade ... ဆိုပြီးရှိပါတယ်..............................................................
ကျတော့အဓိကထားရေးချင်တာက ဒီအပိုင်းပါ . . . ဒါကို Survey ရဲ့ အသက်လို့တောင်ပြောလို့ရပါတယ်
" Suvey ရဲ့ Basic Principle ၄ ခုကဘာတွေလည်း "
1.Interserction - မြေပြင်မှာရှိတဲ့အမှတ်သားတွေကိုရှာတာ အမှတ်တစ်ခုရဲ့တည်နေရာကိုပြောဖို့ဆိုရင် အမှတ်နှစ်ခုရဲ့ အမှတ်သားနဲ့ ညွန်းဖို့လိုပါတယ် အဲ့လိုညွန်းနိုင်ဖို့ဆိုရင် point တစ်ခုဟာ အနည်းဆုံး မရွေ့လျားနိင်တဲ့ အမှတ်နှစ်ခုလိုပါတယ် ဒါဟာ plane မှာပါ Space မှာဆိုရင် သုံးခုထက်ပိုရပါမယ် ဒါနဲ့တစ်ဆက်ထည်းပြောချင်တာက Resection ဆိုတဲ့ ဝေါ်ဟာရပါ Resection ဆိုတာက ကိုယ်တိုင်းတာမှန်မမှန်ဆိုတာကို အဲ့အမှတ်ရဲ့ တည်နေရာကို တခြားအမှတ်တစ်ခုရဲ့တည်နေရာကို ကြည့်ပြီးမှဆုံးဖြတ်တယ် ဥပမာ ကိုယ်ရွေးထားတဲ့တည်နေရာဟာ ရန်ကုန်မြို့ကြီးရဲ့ တည်နေရာဟုတ်မဟုတ်စစ်ချင်ရင် မန်းလေးမြို့ရဲ့တည်နေရာကိုကြည့်ပြီးမှ ဆုံးဖြတ်တယ် ဥပမာ မန်းလေးမြို့ကနေဘယ်လောက်ဝေးလည်း
နောက်ဥပမာတစ်ခုက အဆောက်ဦးရဲ့ Ground Floor ဆိုတာ သူ့အပေါ်မှာ ရှိနေတဲ့အထပ်တွေကို ကြည့်ပြီးမှပြောရတာပါ လူတစ်ယောက်အရပ် ၆ပေမြင့်တယ်ဆိုတာ သူ့ခြေဖ၀ါးကနေ ခေါင်းထိပ်ထိ အမှတ်ကိုကြည့်ပြီးမှဆုံးဖြတ်တယ်
2.Triangulation - အမှတ် ၂ ခုဆုံးတဲ့အမှတ် ။ ဒါကို ရေလည်ခေါင်မှာ pile ရိုက်တဲ့အခါတွေမှာသုံးပါတယ် ဥပမာ ကိုယ်က ရေထဲမှာ pile ရိုက်ရမဲ့အမှတ်ကို ရှာချင်ရင် Chain ကိုင်ပြီး ရေကူးသွားလို့မရပါဘူး တတြိဂံရဲ့ နိယာမအတိုင်း ကုန်းပေါ် point 2 point ကနေ Line နှစ်ကြောင်း လှန်းပစ်လိုက်ပါတယ် နှစ်ခု cross ဖြစ်တာက ကိုယ်လိုချင်တဲ့ အမှတ်ပါ
3.Offect - Line တစ်ကြောင်းရဲ့ ဒေါင့်မှတ်ကျ အကွာအဝေး ဒါကို လမ်းအကွေ့တွေ super elevation လုပ်တဲ့နေရာတွေမှာသုံးပါတယ်
4.Transverse - (Measure Length and direction of a survey Line, such as bearing,distance) Transverse မှာနှစ်မျိုးရှိပါတယ် open transverse & close transverse .. suvery line တွေရဲ့ direction ကို ပုံစံနှစ်မျိုးနဲ့သတ်မှတ်ကြပါတယ်
ပထမပုံစံက တစ်လိုင်းနဲ့တစ်လိုင်းကြည့်ပြီးမှ ဆုံးဖြတ်တယ် ဥပမာ ကိုယ်ခြံခပ်မဲ့ ဧရိယာဟာ Regular shape လေးထောင့်မဟုတ်တော့ဘူးဆိုရင် တစ်လိုင်းနဲ့တစ်လိုင်းမှီခိုပြီး ဒေါင့်တွေတိုင်းသွားတာပါ A Line က B Line နဲ့ ဒေါင့်ဘယ်လောက်ကနေဆက်သွားတယ် C က B ရဲ့ ဒေါင့်ဘယ်လောက်ကနေဆက်သွားတယ် စသဖြင့် consecutive lines တွေကြားကဒေါင့်တွေနဲ့ ဖော်ပြပါတယ်
ဒုတိယပုံစံက Refrence direction ဒါမှမဟုတ်ရင် meridian တစ်ခုကိုမူတည်ပြီးညွှန်းတယ် ( ဒါကို bearing တွေနဲ့ ဖော်ပြကြပါတယ် )
.........................
Bearing ဆိုတာဘာတွေလည်း ? ? ?
Bearing အကြောင်းလည်း နဲနဲလောက်ထပ်ရေးချင်ပါတယ် bearing တွေကို အရပ်မျက်နှာတွေမှာမူတည်ပြီးဆွဲကြတယ် ။ အများအားဖြင့် မြောက်အရပ်ပေါ်မှာ မူတည်ပြီးသတ်မှတ်ကြပါတယ် မြောက်အရပ်ကလည်း သုံးမျိုးထပ်ရှိပြန်ပါတယ်
True North - စကြာဝဋာရဲ့ မြောက်အရပ်စွန်းစွန်းကိုညွှန်ပြတာ (ဓူဝံကြယ်)
Magnetic North - ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းကိုညွန်ပြတာ
Grid North မြေပုံရဲ့ မြောက်အရပ်
True North ကိုတိုင်းရင် True bearing . . . True Medridiam လို့ခေါ်
Magnetic North ကိုတိုင်းရင် Magnetic Meridiam .... Magnetic bearing
Megnetic North ကိုသိရင် true north ကိုသအောင်လုပ်လို့ရသလိုပဲ သူတို့နှစ်ခုက အပြန်အလှန်ဆက်သွယ်ချက်ရှိပါတယ် true north ကနေ magnetic bearing ကိုနုတ်တာကို magnetic declination လို့ခေါ်ပါတယ်။
ကွင်းဆင်းရင် အများစုက true north ကိုမသုံးပါဘူး Magnetic bearing ကိုဘဲသုံးကြပါတယ် အကြောင်းရင်းက အချိန်ကြာလို့ပါ ခုဏကပြောခဲ့သလို true north ကိုသိချင်ရင် star shooting လုပ်ရပါတယ်
ဒါပေမဲ့လုပ်ငန်းလိုအပ်ချက်ကတော့ true bearing ကိုပိုလိုတယ် အထူးသဖြင့် လမ်းဖောက်ရင် တိကျမှု ပိုလိုချင်ရင် true bearing ကိုပိုသုံးကြပါတယ် true bearing ကိုရဖို့ က star shooting လုပ်ရ အဲ့လိုလုပ်ဖို့က Astronomy ကိုသိရမယ်
special credit & share with ko aung hla min naing