War Lay Online Home Shop

War Lay Online Home Shop Construction Co.,Ltd

မန်းလေးတို့စစ်ဘေးရှောင်သူများ  မန်းလေးမှာပူလို့အခန်းရှာမရလို့ ဆိုရင်  မေမြို့ ဒီRCတိုက်မှာသွားနေလို့ရပါတယ်  တစ်ထပ်ကို၁၀ခ...
09/07/2024

မန်းလေးတို့စစ်ဘေးရှောင်သူများ မန်းလေးမှာပူလို့အခန်းရှာမရလို့ ဆိုရင် မေမြို့ ဒီRCတိုက်မှာသွားနေလို့ရပါတယ် တစ်ထပ်ကို၁၀ခန်းရှိ ရေမီး အိမ်သာ အစုံပါပြီး ✍️အခမဲ့🙏အောက်ပါဖုန်းကို ဆက်သွယ်လိုက်ပါ✍️✍️၂လ၃လထိနေလို့လည်းရပါတယ်တဲ့ ပိုင်ရှင်တိုက်ရိုက်ဆက်သွယ်လို့ရ👇👇
#转发分享给需要的人
曼德勒一户好心人家在

一楼有10个套房
二楼有10个套房
水电齐全,离东島中文学校就3-5分钟,主人今天说可以不收费让避难者暂住两三个月哦[合十]
如有谁的亲友由腊戌、胶脉!
等等外地下來而不适应曼德勒炎热气候,想到眉苗东岛居住的可联系以下联系方式,会🈶人为您们联系好心主人哈!
📱手机:09772786618

Mei S

Crd Kyauku Pages

အလွန်အစွမ်းထက်သော" အဌာနမေတံ ဂါထာ" ရွတ်ဖတ်ပူဇော်ရန်အတွက်၁။ နံနက် ၅း၀၀ ~ ၆း၀၀ အတွင်း၂။ သောက်တော်ရေ (၅)ခွက် ဆီမီး (၅)တိုင် ...
24/11/2023

အလွန်အစွမ်းထက်သော" အဌာနမေတံ ဂါထာ" ရွတ်ဖတ်ပူဇော်

ရန်အတွက်

၁။ နံနက် ၅း၀၀ ~ ၆း၀၀ အတွင်း

၂။ သောက်တော်ရေ (၅)ခွက် ဆီမီး (၅)တိုင် အမွှေးတိုင်(၅)တိုင်

ပူဇော်ပြီး

၃။ ( ၅ )ပါးသီလခံယူပြီးလျှင် အောက်ပါ အဌာနမေတံ ဂါထာကို

(၉)ခေါက် / (၂၇)ခေါက်ကို ရွတ်ဖတ်ပူဇော် ပါလျှင် (၁)လအတွင်း

ထူးကဲသောအကျိုးများကို ခံစားရပါမည်။

ထိုဂါထာကို ရွတ်ဖတ်ပူဇော်နေသည့်ကာလအတွင်းးး

* မည်သို့သော အောက်လမ်းအတက်ပညာမှမပြုစား မနှောင့်

ယှက်နိုင်ပါ။

* မိမိ၏ အသက်ကို မည်သူမျှ နှုတ်ယူခွင့် မရနိုင်ပါ။

* ကုသ၍မပျောက်နိုင်သော ရောဂါများကိုလဲ ထူးခြားစွာပျောက်

ကင်းနိုင်ပါသည်။

* မိမိ၏ လာဘ်လာဘကိုလဲ မည်သူမျှ မတားဆီး မပိတ်ပင်နိုင်ပါ။

ရှိပြီးသားစည်းစိမ်ဥစ္စာတို့သည်လည်း မပျောက်ပျက်နိုင်ရာ။

လာဘ်လာဘတို့သည်လည်း ထူးခြားစွာ ပွင့်လင်းလာပါသည်။

* မိမိ၏ ဉာဏ်ပညာ (ကံ ဉာဏ် ဝီရိယ)တို့ကိုလည်း မည်သူမျှ မ

တားဆီး မပိတ်ပင်နိုင်ပါ။

* မိမိ၏ ရှိပြီးသော ကိုယ်လက်အင်္ဂါအစိတ်အပိုင်း (လက္ခဏာကြီး

ငယ် အသွယ်သွယ်)တို့ကိုလည်း မည်သူမျှ မဖျတ်ဆီးနိုင်ပါ။

အန္တရာယ်ကင်းစွာ နေရပါသည်။

သေကံမရောက် သက်မပျောက်စေခဲ့သော/ အလွန်အစွမ်းထက်

သော/ ဗုဒ္ဓစာပေကျန်းဂန်များမှ ဆင်းသက်လာသော ထိုဂါထာ

ကို ဓမ္မဒါနအဖြစ် မျှဝေပေးလိုက်ပါတယ်သူတော်ကောငိးတို့****

အဌာနမေတံဂါထာတော်🙏🙏🙏

🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲
#အဌာနမေတံဂါထာတော်
**********************
အဌာနမတေံ ဘိက်ခဝေ အန၀ကာသော။
ယံပရူပက္ကမေန တထာဂတံ ဇီဝိတာဝေါရောပေယျ။
အနုပက်ကမနေ ဘိက်ခဝေ တထာဂတာ ပရိနိဗ်ဗာယန်တိ။
ဧတေန သစ္စဝဇ္ဖေန၊ သောတ္ထိမေ(တေ)ဟောတု သဗ္ဗဒါ။.........................................

ဂါထာတော်အနက်
ဘုရားရှင်တို့ မည်သည် သူတပါးတို့၏
လုံ့လ ပယောဂဖြင့် သေရိုး ထုံးစံမရှိ။
အချိန်တန်မှသာ အလိုအလျှောက်
ပရိနိဗ္ဗာန် စံတော်မူကြသည်။

ဒီ အဌာနမတေံ ဂါထာက
အဆိုးတွေကို ကင်းလွှတ်စေတယ်...
ဘုရားရှင်ရဲ့ နှုတ်ထွက် ဂါထာဖြစ်တယ်...
ဂါထာကို တစ်ခေါက်ရွတ်တိုင်း
ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုပွားများပြီးရွတ်ဆိုပါ...
အထူးအရေးကြီးတဲ့ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရင် အခက်အခဲပြသနာနဲ့ကြုံတွေ့နေရင်
တနေ့ ၁၀၈ ခေါက် ရွတ်ဖတ်ပူဇော်...
ရွတ်ဖတ်ပူဇော်ပြီးရင် -
အကျွန်ုပ်သည် အဌာနမေတံ ဂါထာကို
၁၀၈ ခေါက်ရွတ်ဖတ်ပွားများ ပြီးပါပြီ...
ဤစကားသည်မှန်ပါတယ်...
ဤမှန်တဲ့သစ္စာစကားကြောင့်
ဤမှန်တဲ့သစ္စာရဲ့တန်ခိုးကြောင့်၄င်း
အဌာနမေတံ ရဲ့ တန်ခိုးကြောင့်၎င်း
အဌာနမေတံ ဂါထာကိုရွတ်ဖတ်ပွားများရတဲ့ ကုသိုလ်ကောင်းမှုကြောင့်၎င်း
အဌာနမေတံ ဂါထာကိုစောင့်ရှောက်နေကြသော နတ်များဧ။်တန်ခိုးတော်
ကြောင့်၎င်း
အဌာနမေတံ ဂါထာကိုလာရောက်နာယူကြ‌ေသာနတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း
ယနေ့ ယခု ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့ တန်ခိုးတေဇောအာနုဘော်အရှိန်အဝါကြောင့်လည်းကောင်း တပည့်တော်အခုလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်း အနှောက်အယှက် အပိတ်အပင် အဟန့်အတား အန္တရာယ်ဆိုးများကနေ လွှတ်မြှောက်ပါစေ။ဘုရားတပည့်တော်/မကြုံတွေ့နေရသော/ကြုံတွေ့လာနိုင်သော အဆိုးတွေများကနေလွှတ်မြှောက်ပါစေ..

ဆရာတော်အရှင်ဆန္ဒဓိက (ရွှေပါရမီတောရ)🙏🙏🙏

#မူရင်းရေးသားသူအားcrdပေးပါသည်။

15/11/2023

#ပညာရှိ_သူတော်ကောင်းတွေရဲ့
#ခိုက်ရန်_ဒေါသတွေ_ပြေငြိမ်းနည်း . . . .

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

နေ့တိုင်း စိတ်ဆိုးနေ
နေ့တိုင်း စိတ်တိုနေရင်
ကြမ်းတမ်းတဲ့သူ ဖြစ်လာတယ် ။

🍃

သူများကို စိတ်ဆိုးနေတုန်းမှာ
ကိုယ့်အသိဉာဏ် မထွက်တော့ဘူး ။

🍃

သူများအကြောင်းကို
အပြစ် ရှာနေတာဟာ
ကိုယ့်မှာ တကယ် တန်ဖိုးရှိတဲ့အလုပ်
လုပ်စရာ မရှိလို့ပဲ ။

🍃

တန်ဖိုးရှိတဲ့ အလုပ်ကို
အချိန်ပြည့် လုပ်နေတဲ့ သူမှာ
ဘယ်သူ့ကိုမှ တာရှည်စိတ်ဆိုးနေဖို့
အချိန်မရှိဘူး။

🍃

ဒေါသဟာ
ကိုယ့်ကို မတရားတဲ့သူ၊
မမျှတတဲ့သူ ဖြစ်အောင်၊
ကြမ်းကြုတ်ရက်စက်တဲ့သူ
ဖြစ်အောင်လုပ်တယ်၊

🍃

ဒေါသကြီးလာရင်
တရားတယ်, မတရားဘူး၊
မျှတတယ်, မမျှတဘူး၊
လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာကို
မချင့်ချိန်နိုင်တော့ဘူး ။

🍃

လွန်လွန်ကျွံကျွံ ပြောမိတတ်တယ်။
အမှားတွေ လုပ်မိတတ်တယ်။

🍃

အဲဒီတော့.......
ပြဿနာတွေက ပိုပြီးတက်သွားတယ်။
အဲဒီပြဿနာတွေကို
လိုက်ပြီးဖြေရှင်းရတာ အချိန်ကုန်တယ်။
ငွေကုန်တယ်၊ လူပင်ပန်းတယ်။

🍃

ဒါကြောင့်
ဒေါသဟာ တွက်ခြေမကိုက်ဘူး။
ပေးရတာ များပြီးတော့
ပြန်ရတာ နည်းတယ်။

🍃

ဒေါသဖြစ်ရတာ နည်းချင်ရင်
စိတ်ပျက်ရတာ နည်းချင်ရင်
အသွားရှိတိုင်း အပြန် မရှိနိုင်ဘူး
ဆိုတာကို မမေ့ပါနဲ့။

🍃

ကိုယ်တတ်နိုင်တဲ့အခါ
ဘာမှ ပြန်မမျှော်လင့်ပဲ...
ကူညီလိုက္ပါ။

🍃

လောကကြီးက
ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး
ကိုယ့်အလာကို စောင့်မျှော်
ကြိုဆိုနေတာမှ- မဟုတ်တာ ..
သူ့ဟာသူ ဖြစ်ချင်သလို
ဖြစ်နေတဲ့ လောကကြီး။

🍃

ဒီလောကကြီးထဲမှာ
ကိုယ်က_မွေးဖွားလာရတာ၊
ဒါကို နားလည်ပြီး adapt - လုပ်ပြီး
ညှိနှိုင်းပြီး နေသွားရမှာ။

🍃

ဒီ_စိတ်တိုစရာတွေဟာ
ကိုယ်နဲ့ အမြဲလိုလို ရှိနေတတ်တဲ့
အဖော်ပဲ။
( အဖော်ကောင်းတော့ မဟုတ်ဘူး )

🍃

သူတို့ကို ကိုင်တွယ်တတ်အောင်
လေ့လာထားရမယ်။
သူတို့နဲ့နေတတ်အောင်လည်း လုပ်ထားရမယ်။

🍃

လုံးလုံးကြီး ရှောင်လို့က
ဖြစ်နိုင်တာမှ မဟုတ်ဘဲနော် ။

🍃

အရေးမကြီးတဲ့ ရပိုင်ခွင့်တချို့ကို
မရမက ရအောင် မလုပ်ပါနဲ့ ...

🍃

ဘယ်သူ့ကိုမှ
အလွန်အကျွံ အလိုမလိုက်ပါနဲ့ ...

🍃

အလိုလိုက်တာ များလေ
ရတာနဲ့ မကျေနပ်လေ ဖြစ်တတ်တယ်..။

🍃

" ပရစေ နဝိဇာနန်တိ၊ မယမတ်ထေ၊
ယမာမေသ " တဲ့ ..

ပညာနည်းတဲ့
တချို့လူတွေဟာ
တို့_သေမှာပါလား ဆိုတာကို
သတိမရဘူး။
မသိဘူး၊ မေ့နေတယ်။

🍃

" ပရစေ နဝိဇာနန်တိ၊ မယမတ်ထေ ယမာမသေ။
ယစေ တတ်ထ ဝိဇာနန်တိ၊ သတော သမျမနျိတမဒဂေါ " တဲ့။

ပညာရှိ တချို့ကတော့
တစ်နေ့ တို့_သေမှာပါလား ဆိုတာကို
သိတဲ့ အတွက်ကြောင့်
ခိုက်ရန် ဒေါသတွေဟာ ပြေငြိမ်းပါတယ်.. တဲ့။

🍃

ဆရာတော်ဦးဇောတိက🙏🙏🙏
{ မဟာမြိုင်တောရ }

.မျှဝေကုသိုလ်ယူဓမ္မဒါနပြုပါ၏ 🙏🙏🙏

ဘုရားသမီးတော်
🙏နွယ်သဒ္ဒါထွန်းဇော် 🙏
၁၅.၁၁.၂၀၂၃
ဗုဒ္ဓဟူးနေ့
တန်ဆောင်မုန်းလဆန်း ( ၃ ) ရက်

Crd #နွယ်သဒ္ဒါထွန်းဇော်
(16.11.2023 -Thuday / 00:31 AM )

🍎C2U Inner Perfume Set လေးပါရှင့်    လက်လီဈေး ၁၁၀၀၀ကျပ်လက်ကားဈေး  ၉၉၀၀ကျပ်📌မိန်းခလေး တစ်ကဒ်လောက်တော့‌‌‌ေဆာင်ထားသင့်တယ်နေ...
14/11/2023

🍎C2U Inner Perfume Set လေးပါရှင့်

လက်လီဈေး ၁၁၀၀၀ကျပ်
လက်ကားဈေး ၉၉၀၀ကျပ်

📌မိန်းခလေး တစ်ကဒ်လောက်တော့‌
‌‌ေဆာင်ထားသင့်တယ်နော်

Inner perfume သုံးသင့်လားဆိုရင် ..?
သုံးသင့်ပါတယ်နော်💕💕💕

သူ့ အနံ့လေးတွေက ဈေးကြီးတဲ့ရေမွှေးလိုဘဲ luxury ဆန်တယ် ။

ပိုးမွှားကင်း၊ ရောင်ရမ်းမှုမရှိ၊ ရောဂါပိုးမ၀င်အောင် pH level ထိန်းညှိပေးတယ်၊

အတွင်းခံကို တစ်စက်သာ ချပီးသုံးပါ✅

နောက်ရက် ရေလျှော်ရင်တောင် အနံ့လေးကမွှေးနေတုန်းဘဲ၊

ချိုင်းအနံ့၊ ‌ပေါင်ခြားထဲက အနံ့ဆိုးတွေကို လျှော့ချပေးနိုင်တယ်၊

alcohol မပါ၀င်ပါ❌ပုံမှန်ရေမွေးတွေလို အသားအရေကို ယားယံခြောက်သွေ့တာမျိုး မဖြစ်စေပါ၊

❗️ရာသီလာနေရင် : tampons ပေါ်ကို ၁ စက် ၂စက်ချပေးပါ လုံးဝအနံ့မနံတော့ဘူးနော်❗️

Lay online home shop

✨✨ ဆောင်းအငွေ့အသက်လေးနဲ့ လုံးဝHot စေမဲ့ လက်ဆောင်ပေးလို့လဲတင့်တယ်တဲ့ B r a n d တံဆိပ်အစုံ ခြုံပုဝါအသားကောင်းလေး ဝင်ရောက်ထ...
14/11/2023

✨✨ ဆောင်းအငွေ့အသက်လေးနဲ့
လုံးဝHot စေမဲ့ လက်ဆောင်ပေးလို့လဲ
တင့်တယ်တဲ့ B r a n d တံဆိပ်အစုံ
ခြုံပုဝါအသားကောင်းလေး ဝင်ရောက်ထားပါတယ်ရှင့်🥳🥳

လက်ကားစျေး ၅၄၀၀ကျပ်
လက်လီဈေး ၆၅၀၀ကျပ်ပါရှင့်
Lay online home shop

29/10/2023

#သီတင်းကျွတ်လပြည့်နေ့ ..
#ကံဇာတာအညံ့ရှိနေသောကြောင့်
လကြတ်ခြင်းကိုမကြည့်သင့်သော
နေ့နာမ်( ၃ )ခု...
video

29/10/2023

#သီတင်းကျွတ်လပြည့်နေ့
#လကြတ်ခြင်းအဟော
#ဆောင်ရန်ရှောင်ရန်များ
#(ဆရာ- Naung Htake tin) ၏
TikTok video အားလေးစားစွာဖြင့် Crd ပေးပါသည်။

ခရီးထွက်ရင်လိုရမယ်ရ Share ထားပါ။ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ 🛣 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ) 🛣 ၇၂...
29/10/2023

ခရီးထွက်ရင်လိုရမယ်ရ Share ထားပါ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ

🛣 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)

🛣 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

🛣 ၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

🛣 ၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

🛣 ၁၁၅မိုင် (ဖြူးလမ်းခွဲ)

🛣 ၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

🛣 ၁၄၅မိုင် (ခပေါင်းတံတား)

🛣 ၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

🛣 ၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

🛣 ၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)

🛣 ၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

🛣 ၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

🛣 ၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

🛣၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

🛣 ၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။

ခရီးမိုင်အကွားဝေးများ

ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်
ရန်ကုန် - ညောင်လေးပင် 98 မိုင်
ရန်ကုန် - ဖဒို 115 မိုင်
ရန်ကုန် - မဒေါက် 110 မိုင်
ရန်ကုန် - ရွှေကျင် 114 မိုင်
ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်
ရန်ကုန် - ဖြူး 142 မိုင်
ရန်ကုန် - ဇေယျ၀တီ 144 မိုင်
ရန်ကုန် - တောင်ငူ 175 မိုင်
ရန်ကုန် - ရေတာရှည် 192 မိုင်
ရန်ကုန် - ဆွာ 201 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်
ရန်ကုန် - ပျော်ဘွယ် 312 မိုင်
ရန်ကုန် - မိတ္ထီလာ 338 မိုင်
ရန်ကုန် - တောင်သာ 381 မိုင်
ရန်ကုန် - မြင်းခြံ 396 မိုင်
ရန်ကုန် - စစ်ကိုင်း 425 မိုင်
ရန်ကုန် - မန္တလေး 430 မိုင်
ရန်ကုန် - မုံရွာ 495 မိုင်
ရန်ကုန် - ပြင်ဦးလွင် 472 မိုင်
ရန်ကုန် - ရွှေဘို 500 မိုင်
ရန်ကုန် - တန့်ဆည် 560 မိုင်
ရန်ကုန် -လားရှိုး 605 မိုင်
ရန်ကုန် - တောင်ကြီး 424 မိုင်
ရန်ကုန် - လွိုင်ကော် 377 မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်
ရန်ကုန် - တမူး 725 မိုင်

ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)
ရန်ကုန် -လက်ပံတန်း 85 မိုင်
ရန်ကုန် - ပြည် 179 မိုင်
ရန်ကုန် - ပေါက်ခေါင်း 203 မိုင်
ရန်ကုန် - အောင်လံ 223 မိုင်
ရန်ကုန် - ကြံခင်း 245 မိုင်
ရန်ကုန် - မြန်အောင် 250 မိုင်
ရန်ကုန် - တောင်တွင်းကြီး 280 မိုင်
ရန်ကုန် - မကွေး 331 မိုင်
ရန်ကုန် - မင်းဘူး 332 မိုင်
ရန်ကုန် - အထက်မင်းလှ 350 မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်
ရန်ကုန် - ချောက် 408 မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်
ရန်ကုန် - ပခုက္ကူ 445 မိုင်
ရန်ကုန် - မြင်းခြံ 456 မိုင်
ရန်ကုန် - နွားထိုးကြီး 476 မိုင်
ရန်ကုန် - တောင်ကုတ် 279 မိုင်
ရန်ကုန် - သံတွဲ 323 မိုင်
ရန်ကုန် - ကျောက်ဖြူ 400 မိုင်
ရန်ကုန် - စစ်တွေ 634 မိုင်

ရန်ကုန်မှ (ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း)
ရန်ကုန် - မအူပင် 51 မိုင်
ရန်ကုန် - အိမ်မဲ 75 မိုင်
ရန်ကုန် - မြောင်းမြ 102 မိုင်
ရန်ကုန် - လပွတ္တာ 150 မိုင်
ရန်ကုန် - ဂွ 146 မိုင်
ရန်ကုန် - ဆပ်သွား 182 မိုင်
ရန်ကုန် - ရေကြည် 90 မိုင်
ရန်ကုန် - ငသိုင်းချောင်း 93 မိုင်
ရန်ကုန် - ဟင်္သာတ 96 မိုင်
ရန်ကုန် - ထူးကြီး 133 မိုင်
ရန်ကုန် - ပုသိမ် 115 မိုင်
ရန်ကုန် - ချောင်းသာ 150 မိုင်
ရန်ကုန် - ငွေဆောင် 145 မိုင်
ရန်ကုန် - ဖျာပုံ 85 မိုင်
ရန်ကုန် - ဘိုကလေး 105 မိုင်
ရန်ကုန် - ညောင်တုန်း 35 မိုင်
ရန်ကုန် - ကျောင်းကုန်း 74 မိုင်
ရန်ကုန် - ဇလွန် 86 မိုင်
ရန်ကုန် - ကျိုက်လတ် 74 မိုင်
ရန်ကုန် - ဝါးခယ်မ 93 မိုင်
ရန်ကုန် - ကျုံပျော် 96 မိုင်
ရန်ကုန် - ရွှေလောင်း 78 မိုင်
ရန်ကုန် - ရုံးဒေါင့် 80 မိုင်
ရန်ကုန် - ကျိုက်ပိ 85 မိုင်
ရန်ကုန် - လေးမျက်နှာ 110 မိုင်
ရန်ကုန် - သာပေါင်း 142 မိုင်

ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း
ရန်ကုန်-ကျိုက်ထို 110 မိုင်
ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်
ရန်ကုန် - တောင်စွန်း 120 မိုင်
ရန်ကုန် - ဘီးလင်း 128 မိုင်
ရန်ကုန် - သထုံ 152 မိုင်
ရန်ကုန် - မုတ္တမ 190 မိုင်
ရန်ကုန် - မော်လမြိုင် 194 မိုင်
ရန်ကုန် - မုဒုံ 208 မိုင်
ရန်ကုန် - သံဖြူဇရပ် 230 မိုင်
ရန်ကုန် - ကျိုက္ခမီ 245 မိုင်
ရန်ကုန် - ဘားအံ 180 မိုင်
ရန်ကုန် - သာမည 200 မိုင်
ရန်ကုန် - ကော့ကရိတ် 235 မိုင်
ရန်ကုန် - မြ၀တီ 279 မိုင်
ရန်ကုန် - ရေး 287 မိုင်
ရန်ကုန် - ထား၀ယ် 397 မိုင်
ရန်ကုန် - မြိတ် 550 မိုင်
ရန်ကုန် - ကော့သောင်း 745 မိုင်

နေပြည်တော်လမ်းပိုင်း
နေပြည်တော် - ရန်ကုန် 210 မိုင်
နေပြည်တော် - မကွေး 160 မိုင်
နေပြည်တော် - မန္တလေး 180 မိုင်
နေပြည်တော် - ညောင်ဦး 183 မိုင်
နေပြည်တော် - တောင်ကြီး 174 မိုင်
နေပြည်တော် - မုံရွာ 260 မိုင်
နေပြည်တော် - တောင်ငူ 75 မိုင်
နေပြည်တော် - လွိုင်ကော် 250 မိုင်
နေပြည်တော် - ပြည် 150 မိုင်

မန္တလေး လမ်းပိုင်း
မန္တလေး - တောင်ကြီး 204 မိုင်
မန္တလေး - လားရှိုး 175 မိုင်
မန္တလေး - မူဆယ် 288 မိုင်
မန္တလေး - မိုးကုတ် 115 မိုင်
မန္တလေး - မင်းလှ 250 မိုင်
မန္တလေး - ပြည် 373 မိုင်
မန္တလေး - တောင်ငူ 255 မိုင်
မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်
မန္တလေး - မြင်းခြံ 96 မိုင်
မန္တလေး - ပြင်ဦးလွင် 42 မိုင်
မန္တလေး - ရွှေဘို 70 မိုင်
မန္တလေး - ရေဦး 95 မိုင်
မန္တလေး - တန့်ဆည် 110 မိုင်
မန္တလေး - တမူး 295 မိုင်
မန္တလေး - ပုလဲ 110 မိုင်
မန္တလေး - စဉ့်ကူ 60 မိုင်
မန္တလေး - မတ္တရာ 20 မိုင်
မန္တလေး - ရွေကူ 245 မိုင်
မန္တလေး - ဗန်းမော် 270 မိုင်
မန္တလေး - ထီးချိုင့် 170 မိုင်
မန္တလေး - ကသာ 230 မိုင်
မန္တလေး - ကလေး 210 မိုင်
မန္တလေး - တကောင်း 130 မိုင်
မန္တလေး - သပိတ်ကျင်း 90 မိုင်
မန္တလေး - ငါးအိုး 200 မိုင်
မန္တလေး - ပခုက္ကူ 125 မိုင်
မန္တလေး - ဆည်တော် 30 မိုင်

#သွားမယ်&တည်မယ်(myanmartravel)

#မူရင်းရေးသားသူနှင့် အဆင့်ဆင့် shareသူများကိုလေးစားစွာဖြင့်( Credit ) ပေးပါသည်။ #အချက်အလက်များ မှားယွင်နေပါက ဖြည့်စွက်ကာထောက်ပြပေးကြပါအုန်းနော်။
all 🙏🙏🙏

သီတင်းကျွတ်လပြည့်နေ့တွင် လကြတ်မည်ဖြစ်ပြီး အခါမကောင်းသောကြောင့် ရှောင်သင့်တာတွေကို ပြောပြပါ့မယ်နော်။ မြန်မာသက္ကရာဇ် ၁၃၈၅ ...
27/10/2023

သီတင်းကျွတ်လပြည့်နေ့တွင် လကြတ်မည်ဖြစ်ပြီး
အခါမကောင်းသောကြောင့် ရှောင်သင့်တာတွေကို ပြောပြပါ့မယ်နော်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊သတင်းကျွတ်လပြည့်နေ့ ၊တနင်္ဂနွေနေ့ နံနက် ၁၂နာရီ ၃၁ မိနစ်ကနေ ၂နာရီ ၅၄ မိနစ်အတွင်း အမြင့်ဆုံးရောက်ရှိ လကြတ်မည်ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ နံနက် ၈နာရီ ၀၇ မိနစ်ကနေ ည ၁၂ နာရီ အတွင်း အချိန်ထိ အခါမကောင်းပါ၊ သေစေတတ်သော ကာလဒဏ္ဏယုဂ် ရတဲ့ အခါဖြစ်ပါတယ်။

လကြတ်ခြင်းဟာ ကောင်းကျိုးသက်ရောက်မှုထက် ဆိုးကျိုးသက်ရောက်မှုကို ဖြစ်စေတတ်သလို လကြတ် အရောင်ပေါ်မူတည်ပြီး နိမိတ်ဟောကျမ်းထုတ်ကြတာတွေလည်း ရှိပါတယ်။

လကြတ်ခြင်းအရောင်မှာ အနီရောင်၊ ကြေးနီရောင်၊ အနီဖျော့ အဆင်းရှိလျှင်
စစ်ဘေး၊မီးဘေး, ငတ်မွတ်ဘေး, ရောဂါဘေး၊ နာဖျားဆင်းရဲဘေး၊ မိုးကြိုးလောင်မီးဘေး၊ မီးနှင့်စပ်သည့် အလုပ်သည်တို့ ထိခိုက်ခြင်းများ ကြုံရပါမယ်။ မိုးသည်းထန်စွာရွာခြင်း နှင့် သားငှက်တို့ပျက်စီးခြင်းလည်း ကြုံရပါမယ်။

ဒါ့အပြင် ကျမအနေနဲ့ ချစ်သော သူများကို အထူးသတိပေးချင်တာကတော့
လကြတ်ခြင်းကို တနင်္လာသားသမီးများ လုံး၀ မကြည့်သင့်ပါ။
ဒါ့အပြင် ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇ နှင့်စားပြီး အကြွင်း ၅ ရသူများ၊
အကြွင်း ၄ ရသူများ၊အကြွင်း ၃ ရသူများနဲ့ အကြွင်း ၇ ရသူများ လကြတ်ခြင်းကို မကြည့်သင့်ပါ။

ကြည့်မိလျှင် ကံအားနည်းသွားတတ်ပါတယ်။ ငွေကြေးဆိုင်ရာကိစ္စများတွင် ပြဿနာကြုံရခြင်း၊
လာဘ်ပိတ်ခြင်း၊ ကျန်းမာရေး ကျဆင်းခြင်း၊ ငွေလိမ်ခံရခြင်း၊ မေတ္တာဓါတ်အားနည်းခြင်း
စိတ်ကူး ဆုံးဖြတ်ချက်များ အမှားများ ပြုလုပ်မိခြင်း စတာတွေ ကြုံရတတ်ပါတယ်။
ဒါကြောင့် မကြည့်မိစေဖို့ မေတ္တာနဲ့ တိုက်တွန်းပါတယ်။

အဲဒီနေ့မှာ
ဘုရားရှိခိုးခြင်း၊ သီလယူခြင်း၊ မေတ္တာဘာ၀နာ ပွားခြင်း ဖြင့်သာ နေထိုင်သင့်ပါတယ်နော်။
ချစ်သောသူများအားလုံး ဘေးကင်းလိုရာပြည့်ကြပါစေ။
မေတ္တာဖြင့်

May Thingyan Hein-Myitmakha

crd..

06/08/2023

လိုရင် ရှာရခက်လို့ပါ
____________________

12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန်လုံး
၄ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗပေ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1 ft3 = 6.24 Gallons
1Gallon = 2 Viss ( ပိသာ )
1CWT = 31.11 Viss
1lb = 0.278 Viss
Water 1Gallon = 8.34 lbs
Glue 1Gallon = 10.70 lbs
1Inch = 2.54 centimeter
1cm = 0.3937 inch
1ft = 0.3048 meter
1 m = 3.28 ft
1 m2 = 10.80 ft2
1 Yard (ကိုက် ) = 0.9144 m
1 m = 1.0940 yards
1mile = 1.6090 Km
1Km = 0.6214 Mile
1 Gallon = 4.54 Liters
1Liter = 0.22 Gallon
1Ounces = 28.53 Grams
1Gram = 0.0352 Ounce
1Kg = 2.2 lb
1lb = 0.4536 Kg
၁ ကျပ်သား = ၁၆.၃၂၉၃ ဂရမ်

၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

1 ton = 50 cft
အသား ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ × ဗြက် ၂၀ လက်မ ×အရှည် ၁၈ ပေ
(သို့)
၄၀၀ လက်မ × အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်။
(ကျသင့်ငွေ=ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷7200)
ဥပမာ 1တန် 720000ဖြင့် 4" 2" အရှည် 9ပေ အချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ=4×2×9×720000×50÷7200 ကျပ်
=360000 ကျပ်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧကရှိသော စတုရန်းပုံအနားတစ်ဖက် = ၂၀၈.၇၁ပေ(၂၀၉)
၁ ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄ ပေ(၈၃၆)
မြေဧက ဖွဲ့နည်း တွက်နည်း နှင့် စိုက်ပျိုးပင် တွတ်နည်း
=============
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနား ၅မျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
#ခြံမြေကွက်အကျယ်အဝန်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(A) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(B) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
(C) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

Credit... Original Uploader

------------------------------------------------------------------
မိတ်ဆွေတို့ အတွက် ...
အကျိုးတစုံတရာရှိတယ်ဆိုရင်မိတ်ဆွေတို့ရဲ့အပေါင်းအသင်းသူငယ်ချင်းတွေ အတွက်လဲ Share လုပ်သွားလိုက်ပါအုန်း။ ။

တစ်ဗူးဝယ်နှစ်ဗူးရတဲ့  🍀 Centella Extract 🐦 Bird`s Nest Extract အထူးပါဝင်တာမို့ဝက်ခြံ အဆီဖု နဲ့ Senstive Skin သမားတွေပါလိ...
01/04/2023

တစ်ဗူးဝယ်နှစ်ဗူးရတဲ့

🍀 Centella Extract
🐦 Bird`s Nest Extract အထူးပါဝင်တာမို့
ဝက်ခြံ အဆီဖု နဲ့ Senstive Skin သမားတွေပါ
လိမ်းချယ်လို့ရတယ်နော် •••

Full Coverage မို့ ပါးပါးကြည်ကြည်လေးဆို
တစ်ထပ်လောက်ပုတ်ပြီးလိမ်းရုံပဲနော်••••

Beauty Flawless မို့အပြစ်အနာဆာများကိုလည်း
ဖုံးအုပ်ပေးနိုင်တဲ့ Cushion လေးပါနော် •••

ရွှေဝါရောင်ကိုအခြေခံထားတာမို့
ဖြူသူရော ညိုသူပါ အဆင်ပြေတဲ့ Color လေးပါ...

ပြည့်တန်ဆာကို အကြွေးနဲ့ငှါးပြီး..လိင်ဆက်ဆံတတ်ကြတဲ့ တချို့ယောကျာ်းတွေဟာဘုန်းနိမ့် ကံနိမ့် ဉာဏ်နိမ့်မှာကြောက်လို့ အိမ်က ထမ...
07/03/2023

ပြည့်တန်ဆာကို အကြွေးနဲ့ငှါးပြီး..
လိင်ဆက်ဆံတတ်ကြတဲ့ တချို့ယောကျာ်းတွေဟာ
ဘုန်းနိမ့် ကံနိမ့် ဉာဏ်နိမ့်မှာ
ကြောက်လို့
အိမ်က ထမိန်တန်းဆို ဝေးဝေးက ရှောင်ကြသတဲ့

အရက်သမား
မယား တံခါးပိတ်.. အရိုက်ခံရရင်
အတိတ်ကံညံ့လို့ သူ့ဝဋ်ကြွေး သူဆပ်ရတာ ဒဲ့

လင်မယားကွဲပြီဟေ့ဆို အဖေက နောက်မိန်းမ
ထပ်ယူတာ
တို့နိုင်ငံရဲ့ လှေကား၃ထစ်ဖလော်ဆော်ဖီပဲ

အမေ့ခမျာ ဒုက္ခသုက္ခ တွေပုခုံးပေါ်တင်ရင်း
ကလေးကို တသက်လုံးရှာကျွေးရတော့တာ
တို့နိုင်ငံရဲ့ ဆေးမှင်ရည်စုပ်ထိုးဥပဒေပဲ

လူကြီးတွေ ဘယ်လောက်မှားမှား
လူငယ်မှာပဲ အပြစ်ရှိတယ်
မြေမြိုခံရတဲ့..ဟို..အိပ်ယာဝင်ပုံပြင်ကို
ကြားဖူးကြတယ်မို့လား.?
ငရဲအိုးထဲမှာလည်း ဆီပူတွေက အပြည့်လေ

တနှစ်ပတ်လုံး အလေလိုက်လာတဲ့
တို့လမ်းထဲက ကလေးတွေ..
စာမေးပွဲနီးမှ လက်ပူတိုက်ပြီး
ဘိုးဘိုးကြီးနတ်နန်း ပန်းသွားဆက်..

Whyနဲ့ မေးရင် becauseနဲ့ဖြေ
didနဲ့မေးရင် V2ပြောင်း..

လင်ကောင်းသားကောင်းရဖို့များဆို
တို့လမ်းထဲက အပျိုကြီးတွေဟာ
မြနန်းနွယ်.. အပူပြေးကပ်

လာဘ်ပေါချင်ရင် ဟိုဂါထာ၃ခေါက်ရွတ်
ထီပေါက်ချင်ရင် ဒီဂါထာ၅ခေါက်ရွတ်..

လက်ကြောသာ မတင်းသာ..
ကိုးနဝင်းအကြောင်းသိချင်လို့
မိုးလင်းပေါက်.. ထိုင်စောင့်ကြတဲ့သူတွေချည့်ပဲ

ပုတီး ကြာကြာစိပ်ရင် ချမ်းသာ ထီပေါက်
နိဗ္ဗာန်ရောက်မယ် ထင်နေကြတုန်းပဲ

ညောင်ပင်,ပတ်ဝိုင်းထားတဲ့ နေ့နံဘုရားတွေ
ခမျာလည်း ရွှဲရွဲစို..ခိုက်ခိုက်ကိုတုန်လို့

သုဿန်သာ ခဏခဏရောက်ပီး သံဝေဂသာ အလွှတ်ရသားဒယ် တရားမပေါက်တဲ့ အဖွဲ့က သပ်သပ်ကို ရှိတာ

ငိုချဖို့ အဆင်မပြေလို့သာ
ငါ့မှာ ရယ်လိုက်ရတယ်
မြင်နေကြားနေရတာက
တစက်မှရယ်စရာမကောင်းတဲ့$တစ်လွဲ
ပြက်လုံးတွေ

#𝕤𝕙𝕠𝕣𝕥𝕟𝕠𝕥𝕖𝕤
#𝕔𝕣𝕖𝕕𝕚𝕥-𝕠𝕣𝕚𝕘𝕚𝕟𝕒𝕝-𝕨𝕣𝕚𝕥𝕖𝕣

Address

YANGON.
Yangon

Website

Alerts

Be the first to know and let us send you an email when War Lay Online Home Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share