Chan Thar Theik Di Construction.,Ltd

Chan Thar Theik Di Construction.,Ltd Construction

လှိုင်သာယာမြို့နယ်၊အနော်ရထာလမ်းမပေါ်ရှိ PAE အဆောက်အဦ First Floor အား Ready made concrete ဖြင့် အိမ်ရှင် စိတ်တိုင်းကျဆော...
19/08/2024

လှိုင်သာယာမြို့နယ်၊အနော်ရထာလမ်းမပေါ်ရှိ PAE အဆောက်အဦ First Floor အား Ready made concrete ဖြင့် အိမ်ရှင် စိတ်တိုင်းကျဆောင်ရွက်ပေးနေပါသည်🙏🙏🙏
အဆောက်အဦ ဆောက်လုပ်လိုသောအိမ်ရှင်များအနေဖြင့် လုံးချင်း PAEစနစ်ဖြင့်လည်းကောင်း၊အထပ်နိမ့်အထပ်မြင့်များ ကိုလည်းတာဝန်ယူတည်ဆောက်ပေးလျက်ရှိပါသည်☎☎☎09986699134

မြောက်ဥက္ကလာ သန္တာ လမ်းမ ကြီး ပေါ်တွင်တာဝန်ယူတည်ဆောက်မည့် project
05/08/2024

မြောက်ဥက္ကလာ သန္တာ လမ်းမ ကြီး ပေါ်တွင်တာဝန်ယူတည်ဆောက်မည့် project

လှိုင်သာယာ 124 မှတ်တိုင်အနီး အနော်ရထာလမ်းပေါ်ရှိ 3 Storyed RCC Building...လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ......
05/08/2024

လှိုင်သာယာ 124 မှတ်တိုင်အနီး အနော်ရထာလမ်းပေါ်ရှိ 3 Storyed RCC Building...လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ......

29/07/2024

မင်္ဂလာပါ🙏🙏🙏
ChanthartheikDi Co.,Ltdမှ လူကြီးမင်းတို့အတွက် ဆောက်လုပ်ရေးနဲ့ပတ်သက်သော လုပ်ငန်းများကို ဝန်ဆောင်မူပေးနေပါသည်ခင်ဗျ🙏🙏🙏🙏

🤝ဝန်ဆောင်မူများကတော့🤝
*Structure Drawing & Archi Drawing ရေးဆွဲပေးခြင်း
*RSE လက်မှတ်ရေးထိုးပေးခြင်း
*Construction,Decoration&Renovation
*M&E Engineering Service
🤝PAE ဖြင့် လူကြီးမင်းတို့အတွက်ခိုင်ခန့်လှပသပ်ရပ်သော အဆောက်အဦတစ်ခုဖြစ်ဖို့အတွက်တာဝန်ယူတည်ဆောက်ပေးနေပါသည်။
🏛 1sqft 55000(ရေမီး၊ဆေးမပါအကြမ်းထည်)
🏛 1 sqft 70000(ရေမီး၊ဆေးအပြီးအသင့်နေထိုင်)
🏛 1 sqft 80000(ရေမီး၊ဆေး၊Bath&WC ကြွေပြားခင်းအပြီး)
🏛 1 sqft 85000(ရေမီး၊ဆေးကြမ်းခင်းကြွေပြားခင်းခြင်း၊Bath & WC ကြွေပြားအပြီး)

****Roof Slab ဖြင့်စျေးနူန်းများမဟုတ်ပါ****
အသုံးပြုမည့် Material Test Result များကိုလည်းတင်ပြပေးပါသည်
လူကြီးမင်းတို့၏ အဆောက်အဦ၊ဂိုဒေါင်များ၊ခိုင်ခန့်လှပသော အိမ်များ အတွက်၊ ကျွန်တော်တို့ ChanTharTheikDi Co;Ltd မှတာဝန်ယူတည်ဆောင်ရွက်ပေးပါသည်။
👷လုပ်ငန်းခွင်ကျွမ်းကျင်အင်ဂျင်နီယာများဖြင့်အနီးကပ်အချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ👷‍♀️

28/07/2024

လမ်းများတည်ဆောက်ရာတွင်အသုံးပြုသည့်
( ကတ္တရာလွှာ )အမျိုးအစား
မြန်မာနိုင်ငံလမ်းတည်ဆောက်ရေးလုပ်
ငန်းများတွင်အသုံးပြုနေသောကတ္တရာ
လွှာအမျိုးအစား { 5 }မျိုးရှိပါသည်။
(1) ကနဦးကတ္တရာလွှာ { prime coat }
(2) ကတ္တရာဆက်လွှာ {Tack coat }
(3) ကတ္တရာမျက်နှာပြင်ပိတ်လွှာ { Seal
Coat {သို့ } Surface Dressing
{သို့ } Surface Treatment }
(4) Pe*******on Macadam { pen •
Mac • }
(5) ကတ္တရာကွန်ကရိ{Asphalt -
Concrete }
------- ------ --------
(1)ကနဦးကတ္တရာလွှာ {Prime Coat }
ကတ္တရာမပါသောအခြေခံလွှာအမျိုးမျိုး
ပေါ်တွင် မျက်နှာပြင်လွှာမခင်းမီ ဖြန်းရ
သောကတ္တရာပါးပါးအလွှာဖြစ်ပါသည်။ ယင်းအလွှာဖြန်းရသည့် ရည်ရွယ်ချက်များမှာ -
~အခြေခံလွှာမျက်နှာပြင်ရှိ ပစ္စည်းများ
ကိုဖုံးအုပ်ရန်နှင့် ယင်းပစ္စည်း တစ်ခုနှင့်
တစ်ခုစွဲကပ်နေစေရန်
~အခြေခံလွှာ မျက်နှာပြင်ခိုင်မြဲစေရန်
~အခြေခံလွှာမျက်နှာပြင်ကို ဖြတ်၍ရေ
မဝင်စေရန်
~အခြေခံလွှာအောက်တွင်ရေရှိပါက ရေ
များမတက်လာစေရန်
~အခြေခံလွှာမျက်နှာပြင်နှင့် အပေါ်၌
တည်ဆောက်မည့်မျက်နှာပြင်လွှာတို့
တွယ်ကပ်နေစေရန်
~တည်ဆောက်မည့်မျက်နှာပြင်လွှာသည်
ကတ္တရာမျက်နှာပြင်ပိတ်လွှာဖြစ်ပါက
ယင်းမျက်နှာပြင်လွှာ အတွက်ဖြန်းသော
ကတ္တရာများအခြေခံလွှာအတွင်းသို့မ
ဝင်စေရန်
~အကယ်၍ အခြေခံလွှာအပေါ်၌ တည်
ဆောက်မည်မျက်နှာပြင်လွှာကိုအ
ကြောင်းတခုခုကြောင့်မတည်ဆောက်
နိုင်သေးပါကမိုးရေနှင့်သွားလာသော
ယာဉ်များ၏ သက်ရောက်မှုဒါဏ်ကို
ယာယီခံနိုင်ရန်ဖြစ်ပါသည်။
~ဤအခြေအနေ၌ ကနဉီး ကတ္တရာလွှာ
ပေါ်တွင် သန့်သော သဲခြောက်ကို ဖြန့်ပြီး
ကြိတ်ကာဖုံးထားရပါမည်။
~ကတ္တရာဖြန်းနှုန်းမှာ 0.3-1.1 kg/
square meter(0.07-0.2 gal/square
yard)ဖြစ်ပါသည်။သုံးရမည့် ကတ္တရာ
အမျိုးအစားမှာ အရည်ကျဲသော Cut-
back or Bitumen Emulsion ဖြစ်
ပါသည်။
--------
(2)ကတ္တရာဆက်လွှာ(Tack Coat)
~ကတ္တရာပါသောအခြေခံလွှာ(သို့)ကတ္တ
ရာလမ်းဟောင်းပေါ်၌မျက်နှာပြင်လွှာ
တစ်မျိုးမျိုးတည်ဆောက်မည်ဖြစ်ပါက
အပေါ်လွှာနှင်အောက်လွှာတွယ်ကပ်မိ
စေရန်ကတ္တရာပါးပါးဖြန်းရပါမည်။
~ယင်းအလွှာကိုကတ္တရာဆက်လွှာ(Tack Coat)ဟုခေါ်ပါသည်။ကတ္တရာဖြန်းမှာ-
0.07-0.15 gal/yd^2 ဖြစ်ပြီး Bitumen
Emulsion ကိုအသုံးပြုရပါသည်။
------------
(3)ကတ္တရာမျက်နှာပြင်ပိတ်လွှာ(Seal
Coat or Surface Dressing or
Surface Treatment)
ကနဦးလွှာဖြန်းထားသော အခြေခံ လွှာ(သို့)ကတ္တရာဆက်လွှာဖြန်းထားသော
ကတ္တရာလွှာပေါ်တွင်ကတ္တရာဖြန်းပြီး
ကျောက်ဇကွဲ(Chipping)ဖြန့်ခင်းကြိတ်ထားသောအလွှာဖြစ်ပါသည်။ယင်း
အလွှာသည်အင်အားဖြည့်လွှာမဟုတ်သော်လည်းမူရင်းလမ်းလွှာများ၏အင်အားကိုမလျှော့စေရန်ထိန်းသိမ်းပါသည်။
ယင်းအလွှာတည်ဆောက်ရခြင်း၏
ရည်ရွယ်ချက်မှာ-
~အခြေခံလွှာ(သို့)ကတ္တရာလမ်းဟောင်း
သို့ရေစိမ့်၀င်မှုမှကာကွယ်ရန်
~အခြေခံလွှာ(သို့)ကတ္တရာလမ်းဟောင်း
ရှိပွနေသောကျောက်များကိုတွယ်ကပ်
တည်ငြိမ်သွားစေရန်
~လမ်းမျက်နှာပြင်ချောမွတ်ခြင်းမှကြမ်း
လာစေရန်နှင့်
~မျက်နှာပြင်လွှာမတည်ဆောက်နိုင်မှီ
လက်ရှိအခြေအနေကိုထိန်းသိမ်းထား
ရန်တို့ဖြစ်ပါသည်။
~ ကတ္တရာဖြန်းနှုန်းမှာ 0.2-0.25
gal/yd^2 ဖြစ်ပြီးအသုံးပြုသင့်သော
ကတ္တရာအမျိုးအစားများမှာ Cut-back
Bitumen,Bitumen Emulsion နှင့်
အမာဆုံးPe*******on Grade 80/100
အထိဖြစ်ပါသည်။
-----------
(4)Pe*******onMacadam
(Pen.Mac)
မြန်မာနိုင်ငံ၌အသုံးအများဆုံးမျက်နှာ
ပြင်လွှာဖြစ်ပါသည်။အဆင့်ဆင့်တည်ဆောက်ပုံမှာ-
~ရှေးဦးစွာအကြီးဆုံးအရွယ်၂လက်မနှင့်
အောက်ရှိသောခွဲကျောက်များကိုဖြန့်
ခင်းပြီးတည်ငြိမ်စေရန်ကြိတ်ပါသည်။
~ကတ္တရာဖြန်းပါသည်။
~အကြီးဆုံးအရွယ်၃/၄လက်မရှိသော
ညှပ်ကျောက်(Key Stone)ကိုဖြန့်ခင်း
ပြီးကြိတ်ပါသည်။
~ခွဲကျောက်လွှာနှင့်နစ်၀င်ကပ်ခြင်းမရှိ
သောညှပ်ကျောက်များကိုလှဲထုတ်ပစ်
ရပါသည်။
~ကတ္တရာထပ်ဖြန်းပြီးကျောက်ဇကွဲ
(Chipping) ဖြန့်လျှက်ကြိတ်ပါသည်။
မျက်နှာပြင်ပိတ်လွှာခင်းခြင်းဖြစ်ပါ
သည်။
ဤမျက်နှာပြင်လွှာမျိုး(၂)မျိုးရှိပါ
သည်။ Semi-grout pen •mac နှင့်
Fully •grout pen •mac ဟူ၍ဖြစ်ပါ
သည်။
ယင်း(၂)မျိုးမှာမျက်နှာပြင်လွှာတွင်းသုိ့
ကတ္တရာဝင်သည်အနက်ပေါ်မူတည်၍
ခေါ်ခြင်းဖြစ်ပါသည်။ပုံမှန်အားဖြင့်ယင်း
အလွှာကျစ်လစ်ပြီးအထူမှာ ၃"မှ ၄"ရှိ
ပါသည်။
ဥပမာ -အလွှာ၏အထူတဝက်အထိ
ကတ္တရာဝင်ရန်ဖြန်းပါကSemi - group
ဟုခေါ်ပြီးအလွှာအောက်ခြေထိဝင်ရန်
ဖြန်းပါက Fully -groutဟုခေါ်ပါသည်။
ကတ္တရာဖြန်းနှုန်းမှာ Semi -gtout အ
တွက် 0•5 gal/yd2 ဖြစ်ပြီး Fully -
grout အတွက် 0•5 gal/yd2/in ဖြစ်ပါ
သည်။Semi - grout တွင်ကတ္တရာစိမ့်ဝင်မှု့တစ်ဝက်အထိသာရောက်နေစေရန်အ
လွှာ၏အောက်ခြေတစ်ဝက်အထိ voids
များတွင်ကျောက်မှုန်များ၊သဲများဖြင့်ပြည့်နေစေရန်လုပ်ထားရပါသည်။ အသုံးပြု
သင့်သည့်ကတ္တရာအမျိုးအစားများမှာ
Cut-back နှင့်အမာဆုံး pe*******on
Grade 80/100 ထိကတ္တရာတို့ဖြစ်ပါ
သည်။
--------
(5)ကတ္တရာကွန်ကရစ် (Asphalt -
Concrete )မျက်နှာပြင်လွှာ
ဤကတ္တရာမျက်နှာပြင်အမျိုးအစား
မှာ pen - mac မျက်နှာပြင်လွှာထက်အင်အား တစ်ဆခွဲ မှ နှစ်ဆခွဲကောင်း
သောအမျိုးအစားဖြစ်ပါသည်။
ယာဉ်သွားလာမှု့့ပမာဏအလေးချိန်
များသောလမ်းများ၌အသုံးပြုကြပါသည်
ယင်းအလွှာတွင်ကတ္တရာ ၊ အရွယ်စုံ
လင်သောခွဲကျောက် {အကြီးဆုံးအရွယ်
၃/၄"} ၊ သဲ ၊ဘိလပ်မြေ {သို့} ထုံးတို့ပါ ဝင်သည်။ခွဲကျောက်အရွယ်အစားစုံလင်
သဖြင့်ယင်းအလွှာ၏အင်အားသည်ခွဲ
ကျောက်အင်အားပေါ်အဓိကမှီနေပါသည်
ကတ္တရာနှင့် Filler ခေါ် သဲ ၊ဘိလပ်မြေ
{သို့}ထုံးရောနှောစုစည်းမှု့့ {Mortar}အင်
အားပေါ်အနည်းငယ်သာ အမှီပြုနေပါ
သည်။
ပါဝင်သောကတ္တရာရာခိုင်နှုန်းမှာစုစု
ပေါင်းအလေးချိန်၏ ၅•၀% မှ ၇•၅ %ထိ
ရှိပါသည်။စက်ဖြင့်ရောစပ်ရပြီးစက်ဖြင့် ဖြန်းခင်းကြိတ်ရသောမျက်နှာပြင်လွှာအ
မျိုးအစားဖြစ်ပါသည်။ Voids ခေါ်လေ
ဟာနယ်နည်းပါသည်။
လမ်းသုတေသန
မှ
( လေ့လာမိရာအဖြာဖြာ)

28/07/2024

ဘိလပ်မြေအကြောင်း ဖတ်မှတ်မိသမျှ

of Cement

Type (1) - Ordinary Portland Cement ( လက်ရှိအများဆုံးအသုံးပြုနေသော ဘိလပ်မြေ)

Type (2) - Moderate Sulphate and Heat Cement (ဆာလ်ဖိတ် ခံနိုင်ရည်နှင့် အပူထွက်ရှိမှုနည်းသော ဘိလပ်မြေ)

Type (3) - Rapid Hardening Cement (ကွန်ကရစ်ခံနိုင်အား အမြင့်ဆုံးရရှိသော ဘိလပ်မြေ)

Type (4) - Low Heat Cement (အပူထွက်ရှိမှုနှုန်း နည်းသော ဘိလပ်မြေ)

Type (5) - Sulphate Resisting Cement (Sulphate ထိခိုက်မှုကို ခံနိုင်စေသော ဘိလပ်မြေ)
-------------------

of Cement

Ordinary Portland Cement (OPC) ခေါ် သာမန်ဘိလပ်မြေအမျိုးအစားကို ဖိနှိပ်ခံနိုင်အားအပေါ်မူတည်၍ 325, 425, 525 ဆိုပြီး Grades တွေသတ်မှတ်ထားပါတယ်။ ဘိလပ်မြေဖိနှိပ်ခံနိုင်အားကို စမ်းသပ်ရန်အတွက် ဘိလပ်မြေနှင့်သဲကို (1 : 2.75) အချိုးဖြင့်ရောစပ်၍ ရေအချိုးအား ဘိလပ်မြေပမာဏ၏ (0.485) ဖြင့် ရောစပ်ပြီး 3" x 3" x3" mould တုံးများတွင် ဖိသိပ်၍ အပူချိန် 27±2°C နှင့်စိုထိုင်းဆ 90% တွင် ၂၄နာရီထားရသည်။ ထို့နောက် သန့်စင်သောရေတွင် စိမ်ထားပြီး စမ်းသပ်မည့်နေ့တွင် ထုတ်၍ တစ်ကြိမ်လျှင် (၃)လုံးစီ ဖိအားပေးစမ်းသပ်သည်။ ရလဒ်ကို ပျမ်းမျှယူရသည်။ 525 ဘိလပ်မြေအတွက် အနည်းဆုံးရရှိရမည့် ရလဒ်များမှာ
3 days strength = 27 Mpa
7 days strength = 37 Mpa
28days strength= 52.5 Mpa တို့ဖြစ်သည်။

Grade 32.5 Cement ဆိုသည်မှာ အဆိုပါဘိလပ်မြေဖြင့်ပြုလုပ်ထားသော နမူနာကို 28 days strength test ပြုလုပ်ပါက 32.5 Mpa ( Grade 32.5 = 4713 psi) ထက် မနည်းရပါ။

Grade 42.5 Cement ဆိုသည်မှာ အဆိုပါဘိလပ်မြေဖြင့်ပြုလုပ်ထားသော နမူနာကို 28 days strength test ပြုလုပ်ပါက 42.5 Mpa ( Grade 42.5 = 6163 psi) ထက် မနည်းရပါ။

Grade 52.5 Cement ဆိုသည်မှာ အဆိုပါဘိလပ်မြေဖြင့်ပြုလုပ်ထားသော နမူနာကို 28 days strength test ပြုလုပ်ပါက 52.5 Mpa ( Grade 52.5 = 7613 psi) ထက် မနည်းရပါ။
(1Mpa = 145 psi)

ဘိလပ်မြေအမျိုးအစားများကို သူ့နေရာနှင့်သူ အသုံးပြုရန် လိုအပ်၏။ Grade 325 Cement ကို ဖိနှိပ်အားမခံရသော သာမန်ပန်းရံလုပ်ငန်းများတွင်အသုံးပြုကြပြီး Grade 425 Cement ကို သာမန်လူနေအိမ်များ၏ သံကူကွန်ကရစ်လုပ်ငန်းများတွင် သတ်မှတ်အချိုးအစားဒီဇိုင်းဖြင့် သုံးသည်။ Grade 525 Cement ကို ဖိနှိပ်အားမြင့်မားစွာခံနိုင်ရန်လိုအပ်သော သံကူကွန်ကရစ်တံတားကြီးများ၊ ရေကာတာကြီးများ၊ အထပ်မြင့်အဆောဘိလပ်မြေအကြောင်း ဖတ်မှတ်မိသမျှ

of Cement

Type (1) - Ordinary Portland Cement ( လက်ရှိအများဆုံးအသုံးပြုနေသော ဘိလပ်မြေ)

Type (2) - Moderate Sulphate and Heat Cement (ဆာလ်ဖိတ် ခံနိုင်ရည်နှင့် အပူထွက်ရှိမှုနည်းသော ဘိလပ်မြေ)

Type (3) - Rapid Hardening Cement (ကွန်ကရစ်ခံနိုင်အား အမြင့်ဆုံးရရှိသော ဘိလပ်မြေ)

Type (4) - Low Heat Cement (အပူထွက်ရှိမှုနှုန်း နည်းသော ဘိလပ်မြေ)

Type (5) - Sulphate Resisting Cement (Sulphate ထိခိုက်မှုကို ခံနိုင်စေသော ဘိလပ်မြေ)
-------------------

of Cement

Ordinary Portland Cement (OPC) ခေါ် သာမန်ဘိလပ်မြေအမျိုးအစားကို ဖိနှိပ်ခံနိုင်အားအပေါ်မူတည်၍ 325, 425, 525 ဆိုပြီး Grades တွေသတ်မှတ်ထားပါတယ်။ ဘိလပ်မြေဖိနှိပ်ခံနိုင်အားကို စမ်းသပ်ရန်အတွက် ဘိလပ်မြေနှင့်သဲကို (1 : 2.75) အချိုးဖြင့်ရောစပ်၍ ရေအချိုးအား ဘိလပ်မြေပမာဏ၏ (0.485) ဖြင့် ရောစပ်ပြီး 3" x 3" x3" mould တုံးများတွင် ဖိသိပ်၍ အပူချိန် 27±2°C နှင့်စိုထိုင်းဆ 90% တွင် ၂၄နာရီထားရသည်။ ထို့နောက် သန့်စင်သောရေတွင် စိမ်ထားပြီး စမ်းသပ်မည့်နေ့တွင် ထုတ်၍ တစ်ကြိမ်လျှင် (၃)လုံးစီ ဖိအားပေးစမ်းသပ်သည်။ ရလဒ်ကို ပျမ်းမျှယူရသည်။ 525 ဘိလပ်မြေအတွက် အနည်းဆုံးရရှိရမည့် ရလဒ်များမှာ
3 days strength = 27 Mpa
7 days strength = 37 Mpa
28days strength= 52.5 Mpa တို့ဖြစ်သည်။

Grade 32.5 Cement ဆိုသည်မှာ အဆိုပါဘိလပ်မြေဖြင့်ပြုလုပ်ထားသော နမူနာကို 28 days strength test ပြုလုပ်ပါက 32.5 Mpa ( Grade 32.5 = 4713 psi) ထက် မနည်းရပါ။

Grade 42.5 Cement ဆိုသည်မှာ အဆိုပါဘိလပ်မြေဖြင့်ပြုလုပ်ထားသော နမူနာကို 28 days strength test ပြုလုပ်ပါက 42.5 Mpa ( Grade 42.5 = 6163 psi) ထက် မနည်းရပါ။

Grade 52.5 Cement ဆိုသည်မှာ အဆိုပါဘိလပ်မြေဖြင့်ပြုလုပ်ထားသော နမူနာကို 28 days strength test ပြုလုပ်ပါက 52.5 Mpa ( Grade 52.5 = 7613 psi) ထက် မနည်းရပါ။
(1Mpa = 145 psi)

ဘိလပ်မြေအမျိုးအစားများကို သူ့နေရာနှင့်သူ အသုံးပြုရန် လိုအပ်၏။ Grade 325 Cement ကို ဖိနှိပ်အားမခံရသော သာမန်ပန်းရံလုပ်ငန်းများတွင်အသုံးပြုကြပြီး Grade 425 Cement ကို သာမန်လူနေအိမ်များ၏ သံကူကွန်ကရစ်လုပ်ငန်းများတွင် သတ်မှတ်အချိုးအစားဒီဇိုင်းဖြင့် သုံးသည်။ Grade 525 Cement ကို ဖိနှိပ်အားမြင့်မားစွာခံနိုင်ရန်လိုအပ်သော သံကူကွန်ကရစ်တံတားကြီးများ၊ ရေကာတာကြီးများ၊ အထပ်မြင့်အဆောက်အအုံကြီးများ၏ Main Structure Member များတွင် သတ်မှတ်အချိုးအစား Mix Designအတိုင်း ဖျော်စပ်အသုံးပြုကြသည်။

Address

No. 23, Baho Road, 13 Quarter, Hlaing Township, Yangon Region
Yangon

Website

Alerts

Be the first to know and let us send you an email when Chan Thar Theik Di Construction.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category