27/05/2026
ခိုင်ခံ့တဲ့ အဆောက်အအုံတစ်ခုဖြစ်ဖို့ ကွန်ကရစ်လောင်းတဲ့အခါ ဒါတွေ သတိထားပါ 🏗️✨
ကွန်ကရစ်ဆိုတာ အိမ်တစ်လုံးရဲ့ အရိုးအဆစ်ပါ။ လောင်းတဲ့စနစ် တစ်ခုခု မှားယွင်းသွားရင် ရေရှည်မှာ အက်ကွဲတာ၊ ကြံ့ခိုင်မှုအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စံချိန်မီ ကွန်ကရစ်ရဖို့ ဒီအချက်တွေကို မဖြစ်မနေ ဂရုစိုက်ရပါမယ်...
🔸 အမြင့်ကန့်သတ်ချက်:
ကွန်ကရစ်ကို ၅ ပေထက် မြင့်တဲ့နေရာကနေ ပစ်ချမလောင်းရပါဘူး။ (အမြင့်ကချရင် ကျောက်နဲ့ သဲ ကွဲထွက်သွားတတ်လို့ပါ)
🔸 Vi****or အသုံးပြုခြင်း:
လေခိုပေါက်မရှိ သိပ်သည်းအောင် Vi****or သုံးရပါမယ်။ ဒါပေမယ့် အလွန်အကျွံသုံးရင် ကွန်ကရစ်အနှစ်နဲ့ ကျောက် ကွဲထွက်သွားတတ်လို့ တလွှာချင်း စနစ်တကျ လောင်းရပါမယ်။
🔸 စံချိန်စံညွှန်းများ:
ကွန်ကရစ်ရဲ့ ပျော့ပျောင်းမှု (Slump) ဟာ ၆ လက်မထက် မပိုရသလို၊ ပတ်ဝန်းကျင်အပူချိန် ၃၀°C အောက်မှာပဲ လောင်းသင့်ပါတယ်။
🔸 အဆက်အစပ် ရှောင်ခြင်း:
တိုင် (Column) တွေမှာ အဆက် (Joint) လုံးဝ မပါစေဘဲ Slab Bottom အထိ တစ်ဆက်တည်း လောင်းရပါမယ်။ Cover ကိုလည်း Drawing အတိုင်း တိတိကျကျ ထားရပါမယ်။
ဒီလို အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်အချက်လေးတွေကအစ လစ်ဟင်းမှုမရှိ စနစ်တကျ ကြီးကြပ်တည်ဆောက်ချင်တယ်ဆိုရင်တော့ Royal Three Stars Construction ကိုသာ ယုံကြည်စွာ ဆက်သွယ်လိုက်ပါခင်ဗျာ။
➖➖➖➖➖➖➖➖➖➖➖➖➖➖
"အနာဂတ်အိမ်ကလေးလှပဖို့ 𝗥𝗼𝘆𝗮𝗹 𝗧𝗵𝗿𝗲𝗲𝗦𝘁𝗮𝗿 𝗦𝗵𝘄𝗲 𝗡𝘆𝗶 𝗞𝗼 နဲ့လက်တွဲစို့"
𝗥𝗼𝘆𝗮𝗹 𝗧𝗵𝗿𝗲𝗲𝗦𝘁𝗮𝗿 𝗦𝗵𝘄𝗲 𝗡𝘆𝗶 𝗞𝗼
☎️ 𝟬𝟵 𝟴𝟴𝟭 𝟮𝟮𝟮𝟮𝟲𝟯
☎️ 𝟬𝟵 𝟳𝟱𝟮𝟳𝟱𝟮𝟯𝟱𝟱
𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞
အမှတ် (၁၀၂) ၊ DD-5၊ ဗိုလ်မှူးဗထူးလမ်း၊ ဗိုလ်မှူးဗထူးအိမ်ယာ (U-900), ၄၄ မှတ်တိုင်၊ မြောက်ဒဂုံ။
𝙊𝙛𝙛𝙞𝙘𝙚 (2) : အမှတ် (၁၁၀၆)၊ သုဓမ္မာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
𝙊𝙛𝙛𝙞𝙘𝙚 (3) :တိုက် (A)၊အခန်း(705)၊ စွယ်တော်စီးတီးကွန်ဒို။