Blue Comet Empire Construction

Blue Comet Empire Construction 09-458460145

🏘️အိမ်တစ်လုံးရဲ့ တကယ့်အလှတရားဟာ အပြင်ပန်းဆေးရောင်တွေမှာတင် မဟုတ်ဘဲ နံရံတွေရဲ့အတွင်းမှာရှိတဲ့ အရည်အသွေးမြင့် သံကူကွန်ကရစ်...
15/02/2026

🏘️အိမ်တစ်လုံးရဲ့ တကယ့်အလှတရားဟာ အပြင်ပန်းဆေးရောင်တွေမှာတင် မဟုတ်ဘဲ နံရံတွေရဲ့အတွင်းမှာရှိတဲ့ အရည်အသွေးမြင့် သံကူကွန်ကရစ်တွေမှာ ရှိတယ်ဆိုတာ လူတိုင်းသိမှာပါ..

သို့ပေမယ့်လည်း
လူအများစုက အပြင်ပန်း ဒီဇိုင်းလှလှလေးတွေနဲ့ ဈေးနှုန်းသက်သာတာကိုပဲ သတိထားမိနေချိန်မှာကျွန်တော်ကတော့ မမြင်ရတဲ့ အုတ်မြစ်တွေရဲ့ ခိုင်ခံ့မှုနဲ့ နှစ်ပေါင်းများစွာ ကြာရှည်မယ့် စိတ်အေးချမ်းမှုအကြောင်းကိုပဲ အမြဲတမ်း ရှေ့တန်းတင်ပြီးစဉ်းစားနေမိပါတယ်၊

ဘာလို့ အဲဒီအကြောင်းကိုပဲ စဉ်းစားနေသလဲဆိုရင် ညဘက် အိပ်တဲ့အခါ အိပ်ရေးဝဝ အိပ်ချင်လို့ပါ

🤝နောက်ထပ်အကြောင်းတစ်ခုကတော့
ကျွန်တော်ကို ယုံကြည်ပြီး အလုပ်တွေအပ်နှံပေးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကြောင့်လည်း ပါသလို
ကိုယ်တည်ဆောက်ထားတဲ့ နာမည်တစ်ခုကို တန်ဖိုးထားတာကြောင့်လည်း ပါပါတယ်

အဲဒါကြောင့်
အဆောက်အဦးတွေ များများမဆောက်ရရင် နေပါစေ
ကိုယ်ဆောက်ခဲ့တဲ့နေရာတိုင်းကို နောက်ကျောလုံလုံနဲ့အချိန်မရွေး ဖြတ်သန်းသွားလာချင်ပါတယ်

အဲဒီယုံကြည်ချက်ကို ဆွဲကိုင်ပြီး ရှေ့ဆက်လျှောက်လှမ်းပါအုန်းမယ်
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

#ယုံကြည်မူတွေနဲ့ပဲရှေ့ဆက်ပါမယ်

🏃‍➡️🏃‍♂️‍➡️အများသူငါ အိမ်ပြန်နေချိန်မှာ ကျွန်တော်တို့ရဲ့ မြင်သာဆိုဒ်လေးကတော့ လုပ်ငန်းပြီးစီးမူ နောက်ကျနေတော့ ည အချိန်ထိ ...
23/01/2026

🏃‍➡️🏃‍♂️‍➡️အများသူငါ အိမ်ပြန်နေချိန်မှာ ကျွန်တော်တို့ရဲ့ မြင်သာဆိုဒ်လေးကတော့ လုပ်ငန်းပြီးစီးမူ နောက်ကျနေတော့ ည အချိန်ထိ အသက်ဝင် လှုပ်ရှားနေရဆဲပါ။

🏣🏣အချိန်နဲ့တစ်ပြေးညီ ပြီးစီးဖို့ထက် ပိုအရေးကြီးတာက ခိုင်မာပြီးစိတ်ချရမှုဖြစ်ဖို့အတွက် Blue Comet Empire Construction က ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေဟာ အသေးစိတ်ကအစ (တချို့ အရာလေးတွေ လစ်ဟင်းသွားတာကတော့ ရှိပါတယ်) စေတနာအပြည့်နဲ့ ကြိုးစားပေးတယ်ဆိုတာကတော့ ရဲရဲဝံဝံပြောရဲပါတယ် ။

🤝🤝ဒါဟာ စာချုပ်ပေါ်က ကတိကဝတ်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ကိုယ်ဆောက်ခဲ့တဲ့ အိမ် ကိုယ်ပြန်နေရဲရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ တည်ဆောက်နေသော အိမ် တစ်လုံးဖြစ်လာစေဖို့ပဲ ဖြစ်ပါတယ်။

အဲဒါကြောင့်
🏠🏠သင့်ရဲ့ စိတ်ကူးထဲက အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ချင်လို့ပဲဖြစ်ဖြစ် စိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ် မက်ဆေ့ခ်ျကနေတစ်ဆင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။

Address

Yangon
00001111

Telephone

09458460145

Website

Alerts

Be the first to know and let us send you an email when Blue Comet Empire Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Blue Comet Empire Construction:

Shortcuts

Share