Golden Gate Global Myanmar Pte ltd

Golden Gate Global Myanmar Pte ltd http://www.g3ggolden.com/ #.VCPE6wwzLNE.facebook

ကန်ထရိုက် ကုမ္ပဏီနဲ့ အိမ်တစ်လုံးဆောက်လုပ်တော့မယ့်အခါ ရွေးချယ်မှုမမှားရလေအောင် ကန်ထရိုက်တာ ရွေးချယ်ပုံ လေးတွေကို G3G မှ တ...
26/05/2026

ကန်ထရိုက် ကုမ္ပဏီနဲ့ အိမ်တစ်လုံးဆောက်လုပ်တော့မယ့်အခါ ရွေးချယ်မှုမမှားရလေအောင် ကန်ထရိုက်တာ ရွေးချယ်ပုံ လေးတွေကို G3G မှ တင်ဆက်ပေးလိုက်ပါတယ်။

၁။ ယခင်လက်ရာကို မျက်မြင်စစ်ဆေးပါ

စကားထက် သူတို့တကယ်ဆောက်ခဲ့ဖူးတဲ့ အိမ်တွေရဲ့ အရည်အသွေးနဲ့ အိမ်ရှင်တွေရဲ့ Feedback ကို အရင်စုံစမ်းပါ။

၂။ ဈေးပေါလွန်းရင် သံသယရှိပါ

ဈေးကွက်ပေါက်ဈေးထက် အရမ်းသက်သာနေရင် ပစ္စည်းညံ့သုံးတာ ဒါမှမဟုတ် နောက်ပိုင်းမှ အပိုကြေးတွေ တောင်းတာမျိုး ဖြစ်တတ်ပါတယ်။ BOQ (Bill of Quantities) စာရင်း သေချာနှိုင်းယှဉ်ပါ။

၃။ စာချုပ်စာတမ်း တိကျပါစေ

နှုတ်ကတိမယုံပါနဲ့။ သုံးမယ့်ပစ္စည်းအမျိုးအစား၊ ကြာမြင့်မည့်အချိန်နဲ့ အာမခံချက် (Warranty) ကို စာချုပ်မှာ အတိအကျချုပ်ပါ။

၄။ ငွေကို အဆင့်လိုက်ခွဲပေးပါ

အလုပ်မစခင် အကြိုငွေ (Advance) အများကြီး မပေးပါနဲ့။ လုပ်ငန်းပြီးစီးမှု အပိုင်းအလိုက် (Payment Stages) သေချာခွဲပြီးမှ ငွေချေပါ။

စနစ်တကျနဲ့ မိတ်ဆွေတို့ လိုအပ်ချက်အတိုင်း အတိအကျ လှပခိုင်ခန့်တဲ့ တိုက်အိမ်နဲ့ အဆောက်အဦတွေ ဆောက်လုပ်ချင်တယ်ဆိုရင်တော့ ဆောက်ဖူးသမျှအိမ်ရှင်တိုင်းရဲ့ ကျနပ်မှုတွေကို ရရှိထားတဲ့ G3G Construction နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ပါပြီ။

𝐆𝐎𝐋𝐃𝐄𝐍 𝐆𝐀𝐓𝐄 𝐆𝐋𝐎𝐁𝐀𝐋 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐏𝐓𝐄., 𝐋𝐓𝐃.


🏢 Office (7), The Central Boulevard, corner of the Inya Lakefront, inside The Central compound, Yangon, Myanmar
☎️ 09 777736802, 09 777758914


🏢 10 Anson Road #19-06A International Plaza, S’pore (079903)

အိမ်တစ်လုံးရဲ့ နံရံတွေ ခိုင်ခံ့ဖို့နဲ့ အင်္ဂတေတွေ ကွာမကျဖို့ဆိုရင် လုပ်ဆောင်မယ့် လုပ်ငန်းအမျိုးအစားအလိုက် ဘိလပ်မြေနဲ့ သဲ...
23/05/2026

အိမ်တစ်လုံးရဲ့ နံရံတွေ ခိုင်ခံ့ဖို့နဲ့ အင်္ဂတေတွေ ကွာမကျဖို့ဆိုရင် လုပ်ဆောင်မယ့် လုပ်ငန်းအမျိုးအစားအလိုက် ဘိလပ်မြေနဲ့ သဲကို စနစ်တကျ အချိုးကျစပ်ဖို့ လိုပါတယ်။ အသုံးအများဆုံး စံနှုန်းအချိုးအစားတွေကို အလွယ်မှတ်ရအောင် G3G မှ ဖော်ပြပေးလိုက်ပါတယ်။

(၁) အုတ်စီတဲ့နေရာမှာ (Bricklaying)

▸အချိုးအစား - ၁ : ၄ (သို့မဟုတ်) ၁ : ၅

ဘိလပ်မြေ (၁) ဆနှင့် သဲ (၄) ဆ သို့မဟုတ် (၅) ဆ ရောစပ်ရပါမယ်။ ဒါဟာ အုတ်နံရံတွေကို အချင်းချင်း မြဲမြံစွာ တွယ်ကပ်စေဖို့ အကောင်းဆုံး အချိုးအစားပါ။

(၂) အပြင်နံရံ ဆေးသုတ်ခါနီး အင်္ဂတေကိုင်တဲ့နေရာမှာ (External Plastering)

▸အချိုးအစား - ၁ : ၄

အပြင်နံရံတွေဟာ မိုးဒဏ်၊ လေဒဏ်နဲ့ နေပူဒဏ်ကို တိုက်ရိုက်ခံရတာကြောင့် ပိုမိုခိုင်ခံ့ပြီး ရေစိမ့်မှုသက်သာစေဖို့ ဘိလပ်မြေ (၁) ဆ၊ သဲ (၄) ဆ ခပ်ကြမ်းကြမ်း အချိုးကို သုံးရပါတယ်။

(၃) အိမ်ထဲက အတွင်းနံရံ အင်္ဂတေကိုင်တဲ့နေရာမှာ (Internal Plastering)

▸အချိုးအစား - ၁ : ၅ (သို့မဟုတ်) ၁ : ၆

အတွင်းနံရံတွေကတော့ ရာသီဥတုဒဏ် တိုက်ရိုက်မခံရလို့ နံရံမျက်နှာပြင် ချောမွေ့လှပစေဖို့အတွက် ဘိလပ်မြေ (၁) ဆကို သဲ (၅) ဆ သို့မဟုတ် (၆) ဆအထိ သုံးနိုင်ပါတယ်။

**💡 အကြံပြုချက် (Tip)

စပ်တဲ့နေရာမှာ သုံးတဲ့ သဲဟာ ရုန်းထွက်နေတဲ့ ရွှံ့ညွန်တွေ၊ ဖုန်မှုန့်တွေ ကင်းစင်တဲ့ သဲသန့်သန့် ဖြစ်ဖို့ လိုပါတယ်။
ရေထည့်တဲ့အခါမှာလည်း အရမ်းများသွားရင် အင်္ဂတေရဲ့ ခိုင်ခံ့မှုအား (Strength) ကျဆင်းသွားနိုင်လို့ အနေတော်ပဲ ထည့်စပ်ရပါမယ်။

အချိုးအစား တိကျမှ လက်ရာလည်းလှ၊ အိမ်လည်း ရေရှည်ခိုင်ခံ့မှာ ဖြစ်ပါကြောင်း G3G Construction မှ တင်ဆက်ပေးလိုက်ရပါတယ်။

မိတ်ဆွေတို့ ဆောက်လုပ်မယ့် မိသားစုအိမ်လေးတွေကို နေချင်စဖွယ် အလှပဆုံးနဲ့ အခိုင်ခန့်ဆုံး လိုချင်ရင်တော့ G3G ကိုအခုပဲ ဆက်သွယ်တိုင်ပင် ဆွေးနွေးနိုင်ပါပြီ။

𝐆𝐎𝐋𝐃𝐄𝐍 𝐆𝐀𝐓𝐄 𝐆𝐋𝐎𝐁𝐀𝐋 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐏𝐓𝐄., 𝐋𝐓𝐃.


🏢 Office (7), The Central Boulevard, corner of the Inya Lakefront, inside The Central compound, Yangon, Myanmar
☎️ 09 777736802, 09 777758914


🏢 10 Anson Road #19-06A International Plaza, S’pore (079903)

ဒီတစ်ပါတ်တော့ အိမ်ဆောက်လုပ်တော့မယ့် မိသားစုများအတွက် အိမ်တစ်လုံး မဆောက်ခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ စာရွက်စာတမ်းတွေကို တ...
18/05/2026

ဒီတစ်ပါတ်တော့ အိမ်ဆောက်လုပ်တော့မယ့် မိသားစုများအတွက် အိမ်တစ်လုံး မဆောက်ခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ စာရွက်စာတမ်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

မြေပိုင်ဆိုင်မှု အထောက်အထားများ
-----------------------------------

✦ မြေဂရန် (Grant): သက်တမ်းရှိရပါမည်။

✦ မြေပုံနှင့် မြေရာဇဝင် (Form 105): အိမ်ဆောက်ရန်အတွက် (၆) လအတွင်း ထုတ်ထားသည့် မြေပုံ။

✦ အရောင်းအဝယ်စာချုပ်: တရားဝင် မှတ်ပုံတင်ထားသည့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ။

တစ်ကိုယ်ရေ အထောက်အထားများ
----------------------------------

✦ အိမ်ပိုင်ရှင်၏ မှတ်ပုံတင် (NRC) နှင့် သန်းခေါင်စာရင်း။

✦ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အိမ်ဆောက်ခွင့်ထောက်ခံစာ။

✦ ဘေးအိမ်များ၏ ကန့်ကွက်ရန်မရှိကြောင်း သဘောတူညီချက် (လိုအပ်ပါက)။

💡 နောက်ဆုံး အကြံပြုချင်တာလေးကတော့ စာရွက်စာတမ်း မစုံလင်ဘဲ အိမ်ဆောက်လုပ်ရင် ပိတ်သိမ်းခံရတဲ့ အထိဖြစ်ပွားနိုင်လို့ လိုင်စင်ရ အင်ဂျင်နီယာများနှင့် သေချာတိုင်ပင်ပြီး ကြိုတင်လျှောက်ထားနိုင်ပါက အကောင်းဆုံးဖြစ်ပါတယ်နော်။

𝐆𝐎𝐋𝐃𝐄𝐍 𝐆𝐀𝐓𝐄 𝐆𝐋𝐎𝐁𝐀𝐋 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐏𝐓𝐄., 𝐋𝐓𝐃.


🏢 Office (7), The Central Boulevard, corner of the Inya Lakefront, inside The Central compound, Yangon, Myanmar
☎️ 09 777736802, 09 777758914


🏢 10 Anson Road #19-06A International Plaza, S’pore (079903)

အိမ်ဆောက်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ အိမ်ငှားတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် "အပေါ်ထပ်မှာ နေမလား၊ အောက်ထပ်မှာ နေမလား" ဆိုတာ စဉ်းစား...
13/05/2026

အိမ်ဆောက်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ အိမ်ငှားတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် "အပေါ်ထပ်မှာ နေမလား၊ အောက်ထပ်မှာ နေမလား" ဆိုတာ စဉ်းစားရခက်တဲ့ ပြဿနာတစ်ခုပါ။ အထပ်တိုင်းမှာ သူ့အားသာချက်နဲ့သူ ရှိနေတာမို့ ဘယ်ဟာက သင့်အတွက် ပိုအဆင်ပြေမလဲဆိုတာ ကြည့်ရအောင်။

#အပေါ်ထပ် မှာ နေရခြင်းရဲ့ #အားသာချက်များ

✦ ကိုယ်ပိုင်လွတ်လပ်ခွင့် (Privacy): လမ်းပေါ်က ဆူညံသံတွေနဲ့ ဝေးပြီး လူအဝင်အထွက် မမြင်ရတဲ့အတွက် ပိုပြီး Privacy ရပါတယ်။

✦ လေဝင်လေထွက်နဲ့ အလင်းရောင်: အထပ်မြင့်လေလေ လေဝင်လေထွက် ပိုကောင်းလေဖြစ်ပြီး သဘာဝအလင်းရောင်ကို ပိုရရှိစေပါတယ်။

✦ ရှုခင်း (View): အပေါ်ထပ်ကနေ ကြည့်ရင် မြင်ရတဲ့ ပတ်ဝန်းကျင်ရှုခင်းက စိတ်ကို ပိုပြီး ကြည်လင်စေပါတယ်။

#အောက်ထပ် မှာ နေရခြင်းရဲ့ #အားသာချက်များ

✦ သွားလာရ လွယ်ကူခြင်း: လှေကားတက်စရာ မလိုတဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် ပိုဘေးကင်းပြီး အဆင်ပြေပါတယ်။

✦ အေးမြမှု: များသောအားဖြင့် အောက်ထပ်တွေဟာ အပေါ်ထပ်တွေထက် ပိုပြီး အေးမြတတ်ပါတယ်။ (အမိုးကလာတဲ့ အပူဒဏ်ကို တိုက်ရိုက်မခံရလို့ပါ)။

✦ ပစ္စည်းအပြောင်းအရွှေ့: ဈေးဝယ်လာတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ပရိဘောဂတွေ သယ်ယူတဲ့အခါ အပင်ပန်းသက်သာစေပါတယ်။

💡 အကြံပြုချက်:
အကယ်၍ သင်က အေးအေးဆေးဆေးနဲ့ Privacy ကို အသားပေးသူဆိုရင် အပေါ်ထပ် ကို ရွေးချယ်သင့်ပြီး၊ မိသားစုအစုံအညီနဲ့ သွားလာရလွယ်ကူမှုကို ဦးစားပေးရင်တော့ အောက်ထပ် က အသင့်တော်ဆုံးပါပဲ။

𝐆𝐎𝐋𝐃𝐄𝐍 𝐆𝐀𝐓𝐄 𝐆𝐋𝐎𝐁𝐀𝐋 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐏𝐓𝐄., 𝐋𝐓𝐃.


🏢 Office (7), The Central Boulevard, corner of the Inya Lakefront, inside The Central compound, Yangon, Myanmar
☎️ 09 777736802, 09 777758914


🏢 10 Anson Road #19-06A International Plaza, S’pore (079903)

တိုက်ခန်းတွေမှာ ဖြစ်ဖြစ်၊ လုံးချင်း တိုက်အိမ်တွေမှာ ဖြစ်ဖြစ် အပေါ်ထပ်နေနဲ့ အောက်ထပ် ဘယ်ဟာနေမလဲ ရွေးဖို့ လိုအပ်လာတဲ့အခါ ဘ...
12/05/2026

တိုက်ခန်းတွေမှာ ဖြစ်ဖြစ်၊ လုံးချင်း တိုက်အိမ်တွေမှာ ဖြစ်ဖြစ် အပေါ်ထပ်နေနဲ့ အောက်ထပ် ဘယ်ဟာနေမလဲ ရွေးဖို့ လိုအပ်လာတဲ့အခါ ဘယ်အထပ်ကို ရွေးချယ်ကြမလဲ ဆိုတာလေးကို ပြောခဲ့ကြပါအုံး။

ဘာကြောင့်အပေါ်ထပ်ကို ရွေးချယ်ချင်တာလဲ? ဘာကြောင့် အောက်ထပ်ကို ရွေးချယ်ရတာလဲဆိုတာလေးလည်း အခြား သူတွေသိရအောင် comment မှာ ရေးပေးခဲ့ကြပါအုံးနော်။

နောက်အပါတ်မှာတော့ အပေါ်ထပ်နဲ့ အောက်ထပ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို G3G က တင်ဆက်ပေးမှာဖြစ်လို့ Page မှာ စောင့်ကြည့်ပေးကြပါ။

𝐆𝐎𝐋𝐃𝐄𝐍 𝐆𝐀𝐓𝐄 𝐆𝐋𝐎𝐁𝐀𝐋 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐏𝐓𝐄., 𝐋𝐓𝐃.


🏢 Office (7), The Central Boulevard, corner of the Inya Lakefront, inside The Central compound, Yangon, Myanmar
☎️ 09 777736802, 09 777758914


🏢 10 Anson Road #19-06A International Plaza, S’pore (079903)

✨🌷 ယနေ့ မေလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် အမေများနေ့မှာ ကမ္ဘာပေါ်ရှိ အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့  G3G မှ ဆုတောင်းပေ...
10/05/2026

✨🌷 ယနေ့ မေလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် အမေများနေ့မှာ ကမ္ဘာပေါ်ရှိ အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ G3G မှ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 💖
ကမ္ဘာပေါ်ရှိ အမေများရဲ့ မမောမပန်း ကြိုးစားအားထုတ်မှုတွေ၊ အနစ်နာခံမှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုစွာဖြင့် ပျော်ရွှင်စရာ အမေများနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏💐

အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင် ဖြစ်ဖြစ်၊ အိမ်လွှဲပြောင်းရောင်းဝယ်တာပဲဖြစ်ဖြစ် "စတုရန်းပေ (sqft)" ဆိုတဲ့ စကားလုံးကို အမြဲ...
09/05/2026

အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင် ဖြစ်ဖြစ်၊ အိမ်လွှဲပြောင်းရောင်းဝယ်တာပဲဖြစ်ဖြစ် "စတုရန်းပေ (sqft)" ဆိုတဲ့ စကားလုံးကို အမြဲကြားရမှာပါ။ ဒီတွက်နည်းလေးကို သိရှိထားခြင်းက ကုန်ကျစရိတ်ကို မှန်းဆရာမှာ အများကြီး အထောက်အကူပြုနေတဲ့ အတွက် G3G ကနေ တင်ဆက်ပေးလိုက်ပါတယ်။

✅ စတုရန်းပေ ဆိုတာ ဘာလဲ?စတုရန်းပေဆိုတာ ဧရိယာ (အကျယ်အဝန်း) ကို တိုင်းတာတဲ့ ယူနစ်တစ်ခုပါ။

ပုံသေနည်း - အလျား (Length) x အနံ (Width) = စတုရန်းပေ (Square Feet)

ဥပမာအနေနဲ့ ဆောက်လုပ်မယ့် အိမ်က အလျား ပေ ၄၀ ရှိပြီး၊ အနံ ပေ ၂၀ ရှိပါက 40'x20'= 800 Square Feet (စတုရန်းပေ) ဖြစ်ပါတယ်။

သတိထားရမယ့် အချက်ကတော့ စတုရန်းပေတွက်တဲ့နေရာမှာ ယူနစ် တူမှသာ တွက်လို့ရမှာဖြစ်ပါတယ်။ အလျားကို "ပေ" နဲ့ တိုင်းရင်၊ အနံကိုလည်း "ပေ" နဲ့ပဲ တိုင်းရပါမယ်။ လက်မနဲ့ ရောတွက်လို့ မရပါဘူး။ အကယ်၍ တွက်ချက်မှုတထဲမှာ လက်မ (inches) ပါလာရင်တော့ လက်မကို ပေဖွဲ့ပြီး တွက်ပေးရပါတယ်။

ဥပမာ - အလျားက ၁၀ ပေ ၆ လက်မ ဖြစ်နေရင် ၆ လက်မကို ပေဖွဲ့ဖို့ ၁၂ နဲ့ စားပေးရပါတယ်။ 6/12=0.5' ဖြစ်ပါတယ်။ ဒါကြောင့် ၁၀.၅ ပေ လို့ ယူတွက်ရမှာဖြစ်ပါတယ်။

ပုံသဏ္ဍာန် မမှန်တဲ့ မြေကွက်များ: အဝိုင်းတွေ၊ တြိဂံပုံစံ မြေကွက်တွေအတွက်ဆိုရင်တော့ ပိုမိုရှုပ်ထွေးတဲ့ တွက်ချက်မှုတွေရှိတဲ့အတွက် အင်ဂျင်နီယာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်တွက်ချက်တာက အကောင်းဆုံးပါ။

မိတ်ဆွေတို့ ဆောက်လုပ်မယ့် မိသားစုအိမ်လေးတွေကို နေချင်စဖွယ် အလှပဆုံးနဲ့ အခိုင်ခန့်ဆုံး လိုချင်ရင်တော့ G3G ကိုအခုပဲ ဆက်သွယ်တိုင်ပင် ဆွေးနွေးနိုင်ပါပြီ။

𝐆𝐎𝐋𝐃𝐄𝐍 𝐆𝐀𝐓𝐄 𝐆𝐋𝐎𝐁𝐀𝐋 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐏𝐓𝐄., 𝐋𝐓𝐃.


🏢 Office (7), The Central Boulevard, corner of the Inya Lakefront, inside The Central compound, Yangon, Myanmar
☎️ 09 777736802, 09 777758914


🏢 10 Anson Road #19-06A International Plaza, S’pore (079903)

အဆောက်အဦ ဆောက်နေတဲ့ လုပ်ငန်းခွင်တွေမှာ အုတ်တွေကို ရေလောင်းရတဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ G3G ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ၁။...
07/05/2026

အဆောက်အဦ ဆောက်နေတဲ့ လုပ်ငန်းခွင်တွေမှာ အုတ်တွေကို ရေလောင်းရတဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ G3G ကနေ တင်ဆက်ပေးလိုက်ပါတယ်။

၁။ အစိုဓာတ်ကို ထိန်းညှိပေးခြင်း
အုတ်ဆိုတာ ရေစုပ်ယူမှု အားကောင်းတဲ့ ပစ္စည်းပါ။ အုတ်က ခြောက်သွေ့နေရင် အင်္ဂတေ (Mortar) ထဲမှာပါတဲ့ ရေဓာတ်ကို အုတ်က စုပ်ယူသွားတတ်ပါတယ်။ အဲဒီအခါ အင်္ဂတေက ပုံမှန်အတိုင်း မာခဲခွင့်မရတော့ဘဲ ကြွပ်ဆတ်ပြီး အက်ကြောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အုတ်ပေါ်ကိုရေကြိုလောင်းထားရပါတယ်။

၂။ အင်္ဂတေနဲ့ အုတ် ပိုမိုမြဲမြံစေခြင်း
အုတ်မှာ ရေဓာတ်ပြည့်ဝနေမှသာ အင်္ဂတေနဲ့ အုတ်ကြားမှာ ဓာတ်ပြုမှု ကောင်းကောင်းဖြစ်ပြီး တစ်သားတည်း ကပ်သွားမှာပါ။ ဒါမှသာ နံရံက ခိုင်ခိုင်မာမာနဲ့ ဝန်အားကို ကောင်းကောင်း ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။

၃။ ဖုန်နဲ့ အညစ်အကြေးများကို ဖယ်ရှားပေးခြင်း
အုတ်မှာ ကပ်နေတဲ့ ဖုန်မှုန့်တွေက အင်္ဂတေနဲ့ အုတ်ကြားမှာ အလွှာတစ်ခုလို ခံနေတတ်ပါတယ်။ ရေလောင်းလိုက်ခြင်းအားဖြင့် ဒီဖုန်တွေကို ဖယ်ရှားပြီးသားဖြစ်လို့ အကပ်နှုန်း (Bonding) ကို ပိုကောင်းစေပါတယ်။

နောက်ထပ် အကြံပြုချက်လေးကတော့ အုတ်စီခါနီးမှ ရေလောင်းတာထက် အုတ်တွေကို အနည်းဆုံး (၂) နာရီကနေ တစ်ညကြိုပြီး ရေဝအောင် လောင်းထားတာ ဒါမှမဟုတ် နှစ်ထားတာက အကောင်းဆုံးပါပဲ။

မိတ်ဆွေတို့ ဆောက်လုပ်မယ့် မိသားစုအိမ်လေးတွေကို နေချင်စဖွယ် အလှပဆုံးနဲ့ အခိုင်ခန့်ဆုံး လိုချင်ရင်တော့ G3G ကိုအခုပဲ ဆက်သွယ်တိုင်ပင် ဆွေးနွေးနိုင်ပါပြီ။

𝐆𝐎𝐋𝐃𝐄𝐍 𝐆𝐀𝐓𝐄 𝐆𝐋𝐎𝐁𝐀𝐋 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐏𝐓𝐄., 𝐋𝐓𝐃.


🏢 Office (7), The Central Boulevard, corner of the Inya Lakefront, inside The Central compound, Yangon, Myanmar
☎️ 09 777736802, 09 777758914


🏢 10 Anson Road #19-06A International Plaza, S’pore (079903)

မိုးဦးကျပြီဆိုတော့ အိမ်ရှင်တို့အတွက် မိုးမများခင်အချိန်လေးမှာ အိမ်တစ်လုံးအတွက် ကြိုတင်စစ်ဆေးထားသင့်တဲ့ လုပ်ဆောင်ချက်လေး...
05/05/2026

မိုးဦးကျပြီဆိုတော့ အိမ်ရှင်တို့အတွက် မိုးမများခင်အချိန်လေးမှာ အိမ်တစ်လုံးအတွက် ကြိုတင်စစ်ဆေးထားသင့်တဲ့ လုပ်ဆောင်ချက်လေးတွေကို တင်ပြပေးလိုက်ရပါတယ်။

၁။ အမိုးပြားများ ကွဲအက်/ဟနေခြင်း ရှိ၊ မရှိ စစ်ဆေးပါ

အမိုးသွပ်ပြား (သို့မဟုတ်) အမိုးကြွေပြားများမှာ သံချေးတက်ပြီး ပေါက်နေတာမျိုး၊ လေတိုက်လို့ လန်နေတာမျိုး ရှိနိုင်ပါတယ်။ အထူးသဖြင့် အမိုးဆက်ကြောင်း (Flashing) တွေမှာ ဟနေတာမျိုးရှိရင် အဲဒီနေရာကနေ မိုးရေစိမ့်ဝင်ဖို့ အခွင့်အလမ်း အများဆုံးပါပဲ။

၂။ အမိုးသံမှို နှင့် ဝါရှာ (Washer) များ အခြေအနေ

အမိုးယိုရတဲ့ အဓိကတရားခံတစ်ခုကတော့ သံမှိုပေါက်တွေပါပဲ။ သံမှိုမှာတပ်ထားတဲ့ ရာဘာဝါရှာလေးတွေဟာ အပူရှိန်ကြောင့် ကြွပ်ဆတ်ပြီး ပျက်စီးသွားတတ်ပါတယ်။ ဒါတွေကို အသစ်လဲတာမျိုး ဒါမှမဟုတ် Waterproofing sealant (မိုးကာစေး) နဲ့ ဖုံးအုပ်ပေးဖို့ လိုအပ်ပါတယ်။

၃။ ရေတံလျှောက် (Gutter) များ သန့်ရှင်းရေး

သစ်ရွက်ခြောက်တွေ၊ ဖုန်မှုန့်တွေနဲ့ ပိတ်ဆို့နေတဲ့ ရေတံလျှောက်ဟာ မိုးကြီးတဲ့အခါ ရေလျှံပြီး အိမ်ထဲကို ရေပြန်ဝင်စေတတ်ပါတယ်။ ဒါကြောင့် မိုးမရွာခင် ရေတံလျှောက်ထဲက အမှိုက်တွေကို အကုန်ဖယ်ရှားထားပါ။

၄။ အိမ်အတွင်းဘက် မျက်နှာကြက်ကို ကြည့်ပါ

အမိုးပေါ်မတက်ခင် အိမ်ထဲက မျက်နှာကြက် (Ceiling) တွေကို အရင်ကြည့်ပါ။ မျက်နှာကြက်မှာ ရေကွက်လို အစွန်းအထင်းတွေ ရှိနေပြီဆိုရင် အပေါ်မှာ အမိုးစိမ့်နေတာ သေချာသလောက် ရှိနေပါပြီ။ ဒါကို ကြိုသိရင် မိုးမသည်းခင် ပြုပြင်ရတာ ပိုလွယ်ကူပါတယ်။

၅။ အိမ်အနီးအနားက သစ်ကိုင်းများ

အမိုးနဲ့ ထိစပ်နေတဲ့ သစ်ကိုင်းအကြီးကြီးတွေရှိရင် မုန်တိုင်းဒဏ်ကြောင့် အမိုးပေါ် ပြုတ်ကျတာမျိုး ဒါမှမဟုတ် လေတိုက်တိုင်း ပွတ်တိုက်ပြီး အမိုးပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမိုးနဲ့ မလွတ်တဲ့ သစ်ကိုင်းတွေကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားသင့်ပါတယ်။

မိတ်ဆွေတို့ ဆောက်လုပ်မယ့် မိသားစုအိမ်လေးတွေကို နေချင်စဖွယ် အလှပဆုံးနဲ့ အခိုင်ခန့်ဆုံး လိုချင်ရင်တော့ G3G ကိုအခုပဲ ဆက်သွယ်တိုင်ပင် ဆွေးနွေးနိုင်ပါပြီ။

𝐆𝐎𝐋𝐃𝐄𝐍 𝐆𝐀𝐓𝐄 𝐆𝐋𝐎𝐁𝐀𝐋 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐏𝐓𝐄., 𝐋𝐓𝐃.


🏢 Office (7), The Central Boulevard, corner of the Inya Lakefront, inside The Central compound, Yangon, Myanmar
☎️ 09 777736802, 09 777758914


🏢 10 Anson Road #19-06A International Plaza, S’pore (079903)

❝အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့❞၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ (ကမ္ဘာ့အလုပ်သမားနေ့)ကို Golde...
30/04/2026

❝အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့❞
၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ (ကမ္ဘာ့အလုပ်သမားနေ့)ကို Goldel Gate Global Myanmar Pte., Ltd မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
နေရာဒေသ နယ်ပယ်အသီးသီး နှင့် ကဏ္ဍအသီးသီးတွင် လုပ်ငန်းတာဝန်အသီးသီးကို ကြိုးစားလုပ်ကိုင်နေကြသော ကာယ၊ ဉာဏ အလုပ်သမားများနှင့်ဝန်ထမ်းများအားလုံး ကျန်းမာရွှင်လန်းကာ လိုအင်ဆန္ဒများပြည့်ဝကြပြီး အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်.....

#အလုပ်သမားနေ

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့လေးကတော့ မြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဗောဓိပင်ထက်၌ ဘုရားအဖ...
29/04/2026

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့လေးကတော့ မြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဗောဓိပင်ထက်၌ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းဆိုတဲ့ "ထူးခြားချက် ၄ မျိုး" နဲ့ ပြည့်စုံနေတဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဖြစ်ပါတယ်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ ဗောဓိညောင်ရေ သွန်းလောင်းခြင်းနဲ့အတူ အားလုံးပဲ ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ရပါတယ်။

Address

Shop Building-34, No 7-8, Kabar Aye Pagoda Road, The Central Boulevard , Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 00:00 - 23:59

Telephone

959250444947

Alerts

Be the first to know and let us send you an email when Golden Gate Global Myanmar Pte ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share