28/06/2026
💡 ဆိုလာတပ်ပြီးမှ မီးလောင်မှာ ကြောက်နေပါသလား? ဒါဆိုရင် DC Arc Fault အကြောင်း သိထားဖို့ လိုပါပြီ။
ဆိုလာစနစ်တစ်ခုမှာ အဖြစ်များဆုံးနဲ့ အန္တရာယ်အရှိဆုံးအရာက "DC Arc Fault" (လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးပွားထွက်ခြင်း) ပါပဲ။ AC မီးလိုမဟုတ်ဘဲ ဆိုလာကလာတဲ့ DC မီးဟာ တစ်ခါ Arc (မီးပွား) ဖြစ်ပြီဆိုရင် အလိုလို ငြိမ်းသွားဖို့ ခဲယဉ်းပြီး မီးလောင်မှုအထိ ဖြစ်စေနိုင်ပါတယ်။
ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲ?
- အရည်အသွေးမပြည့်မီတဲ့ ခေါင်း (MC4 Connector) တွေကို သုံးမိလို့ စိမ့်ဝင်မှုရှိတာ။
- ဝါယာကြိုးတွေကို စနစ်တကျ မချည်နှောင်ဘဲ နေပူမိုးရွာထဲ ပစ်ထားလို့ ကြိုးအခွံနွှာထွက်ကုန်တာ။
- အတွေ့အကြုံမရှိတဲ့ စက်ပြင်တွေက ကြိုးတွေကို လက်နဲ့ပဲလိမ်ပြီး တွဲထားတာ။
✅ GiG Electrical ရဲ့ Safety Standard:
ကျွန်တော်တို့ GiG Electrical မှာတော့ ဒီလိုအန္တရာယ်မျိုး လုံးဝ (လုံးဝ) မရှိစေရအောင် အရည်အသွေးမြင့် MC4 Crimping Tools (ခေါင်းညှပ်ကိရိယာ) တွေကို သေသေချာချာ သုံးပါတယ်။ ဒါ့အပြင် ကာကွယ်ရေးစနစ်အဖြစ် Arc-Fault Circuit Interrupter (AFCI) ပါဝင်တဲ့ အဆင့်မြင့် အင်ဗာတာတွေကိုသာ ရွေးချယ်အသုံးပြုပေးလို့ စိတ်ချလက်ချ အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။