14/06/2021
Air cond installation တွင် ဂရုစိုက်ရမည့်အချက်များ (wall mounted splite types)
1.
Indoor unit တပ်ဆင်ရာတွင် အခန်းတစ်ခန်းလုံးကို လေဖြန်းဖြူးနိုင်မည့်နေရာနှင့် အခန်းတွင်နေမည့်လူတွေကို လေတိုက်ရိုက် မထိသည့်နေရာကို ရွေးချယ်ရမည်။TV,radio and electronics ပစ္စည်းများနှင့် အနည်းဆုံး 3ft ပေ ကွာရမည်။ Air con အောက်တွင်ရေစိုလျှင် ပျက်စီးတတ်သော ပစ္စည်းများ မထားရပါ။
2.
Indoor to celling= 4"၊ Indoor to floor=7'6"၊ Indoor to left or right side=6" ဒါတွေကတော့အနည်းဆုံးခွာရမည့် အကွာအဝေးတွေဖြစ်ပါတယ်။ Air con design ပေါ်မူတည်၍အကွာအဝေးတွေဟာ မတူနိုင်ပါဘူး။
3.
Out door တပ်ဆင်ရာတွင် indoor unit နှင့်အနီးဆုံးနေရာ၊ လေဝင်လေထွက်ကောင်းသည့်နေရာ၊ Installation and service ပြုလုပ်ရာတွင် လွယ်ကူ၍ အန္တာရာယ်ကင်းသည့်နေရာတို့ကို ရွေးချယ်တပ်ဆင်ရမည်။ နေ့ဘက်အများဆုံးအသုံးပြုမည့် outdoor များ ကိုနေရောင် တိုက်ရိုက်ကျသည့်နေရာများတွင် မတပ်ဆင်ရပါ။ Outdoor တပ်ဆင်ရာတွင် outdoor ကထွက်လာတဲ့လေပူသည် outdoor ကို ပြန်မပူရန် သတိထားတပ်ဆင်ရပါမည်။
4.
Outdoor ကို indoor ရဲ့အပေါ် (သို့မဟုတ်) အောက် 15ft ပေ အတွင်းတပ်ဆင်နိုင်သည်။ Outdoor သည် indoor ရဲ့အပေါ်မှာရှိလျှင် compressor oil တွေအလွယ်တကူ outdoor ဆီသို့ပြန်နိုင်ရန် oil loop/P-Trap တွေကို suction pipe မှာတပ်ဆင်ပေးရပါတယ်။
5.
Indoor နှင့် outdoor တပ်ဆင်သည့်အခါ ရေချိန်ညီ တပ်ဆင်ရပါမည်။ indoor မှ ကြေးပိုက်ထွက်ဖို့ အပေါက်ဖောက်လျှင် နံရံရဲ့ အပြင်ဘက်ကိုအနည်းငယ်စောင်း၍ဖောက်ပါ။ စောင်းဖောက်ရသည့်အကြောင်းအရင်းမှာ မိုးရွာလျှင် အပြင်မှအတွင်းသို့ မိုးရေမဝင်ရန်၊ drain pipeရေဆင်းကောင်းရန်ရည်ရွယ်ပါတယ်။အပေါက်ဖောက်လျှင် 2"/2'5" holesowe များကိုအသုံးပြု၍ဖောက်ပါ။
6.
ရေဆင်းပိုက် drain pipe တပ်ဆင်ရာတွင် horizontal ရေပြင်ညီဖြစ်လျှင် ရေထွက်မည့်ဘက်ကိုအနည်းငယ်စောင်းထား၍တပ်ဆင်ရမည်။ Drain pipe ကို P.V.C ပိုက်များကို အသုံးပြုပါ။ ပိုက်ပျော့ flexible pipe များအသုံးမပြုသင့်ပေ။
7.
Air con တပ်ဆင်ရာတွင် copper pipe line သည်စက်ရဲ့သတ်မှတ်ထားတဲ့ အရှည်ထက် ကျော်၍ မဆင်ရပါ။ Wall mounted types 1.0Hp, 1.5Hp, 2.0Hp max pipe အရှည် =15m 50ft ပေ အများဆုံးပေးထားသည်။ Copper pipe တပ်ဆင်ရာတွင် 90 ပိုက်အကွေးတွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် တပ်ဆင်ရပါမည်။ Copper pipe 90 အကွေးကို 1.0hp, 1.5hp တွေမှာ 7 ကွေးထက်မပိုဖို့ တစ်ချို့ brandတွေမှာ သတိပေးထားပါတယ်။ စက်အများစုမှာတော့ ပိုက်အတိုဆုံး သတ်မှတ်လေ့မရှိပါ။ ပိုက်တိုလေ စက်ရဲ့လုပ်ဆောင်ချက်ပိုကောင်းပါတယ်။ [ဥပမာ- ¼" 1ft ရှိတဲ့ပိုက်နဲ့ ရေစုပ်တာနဲ့ 10ft ရှိတဲ့ပိုက်နဲ့ ရေစုပ်ရင် ဘယ်ဟာပိုလွယ်မလဲ။]
မှတ်ချက်။ ။ပိုက်တိုလျှင် အသံဆူပါ မည်။
8.
Insulation pipe တွေကို ကြေးပိုက်တစ်ချောင်းချင်း စွပ်လျှင်ပိုကောင်းပါတယ်။ အဆောက်အအုံရဲ့အပြင်ဘက်ဖြစ်လျှင် insulation pipe များအလွယ်တကူ မပျက်စီးရန် Trunking များကို အသုံးပြုရပါမည်။ Control wire တပ်ဆင်ရာတွင် earth wire မြေစိုက်ကြိုးများကိုလည်း ဂရုတစိုက်တပ်ဆင်ရပါမည်။
9.
ကြေးပိုက် connetion join များကိုဆက်ရာတွင် torque wrench များကိုသာအသုံးပြုသင့်ပါတယ်။ကြေးပိုက် flare join တွေကိုကြပ်ရာတွင် အကြပ်လွန်လျှင်ကြေးခေါင်းကွဲ၊ flare ပြတ်၍ gas ယိုစိမ့် တတ်သည်။ ကြပ်အားလျှော့လျှင်လည်း gas ယိုစိမ့်တတ်ပါသည်။
10.
ကြေးပိုက်တွေဆက်ပြီးလျှင် indoor နှင့် copper pipe ပိုက်အတွင်းရှိလေများကို vacuum pump ဖြင့်စုပ်ထုပ်ရပါမည်။ vacuum pump မဆွဲလျှင်လေနှင့် gas ရောနှော၍ အအေးနှုန်းတွေ ပေါတတ်ပါတယ်။မှတ်ချက်။ ။vacuum မဆွဲမှီ လိုအပ်လျှင် nitrogen pressure test လုပ်ရပါမည်။
11.
Vacuum ဆဲဲပြီးလျှင် outdoor ရှိ gas value တွေဖွင့်၍ ဆပ်ပြာမြှုပ်ဖြင့်အပေါက်စမ်းရပါမည်။ wire ကြိုးများတပ်ဆင်ပြီးလျှင် စတင်စမ်းမောင်းရမည်။
12.
Air con အများတွင် စက်ရုံကထည့်ပေးလိုက်သည့် gas ပမာဏသည် brand အလိုက်ကွာသည်။ Air con အသစ်တွင် copper pipe 15ft (or) 30ft (or) 50ft အတွက် gas ပါလေ့ရှိသည်။ ထို့ကြောင့် air con အသစ်တပ်ဆင်ရာတွင် ကြေးပိုက်တိုလျှင် gas လျှော့ရန် လိုအပ်ပါသည်။ gas များနေလျှင် အေးမည်မဟုတ်ပါ။သတ်မှတ် ကြေးပိုက်ထက်ရှည်နေလျှင် gas ထပ်ထည့်ရန်လိုအပ်ပါသည်။
13.
စမ်းသပ်ပြီးစီးချိန်တွင် voltge V, current A, gas pressure, indoor in/out temperature, outdoor in/out temperature, environment temperature တို့မှတ်တမ်းတင်၍ air con ရှိ တစ်နေရာရာတွင်ကပ်ထားရမည်။
✳ Air con တပ်ဆင်ရာတွင် သတိထားစရာမြောက်များစွာကျန်ပါသေးသည်။ အရေးကြီးသည့်အချက်များကိုမျှဝေခြင်းဖြစ်ပါသည်။