Millimetre - Structural Engineer

เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

Millimetre - Structural Engineer Structural Design Training
by Millimetre - Training & Design Group https://www.facebook.com/YoungEngineerFromMyanmar

Next Generation … ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ တီချယ်ကြီး Tin Tin Win ရဲ့ တန်ဖိုးရှိတဲ့ Thesis Powerpoint လေးတစ်ခုတွေ့လို့ပ...
27/09/2026

Next Generation …

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ တီချယ်ကြီး Tin Tin Win ရဲ့
တန်ဖိုးရှိတဲ့ Thesis Powerpoint လေးတစ်ခုတွေ့လို့ပါ ..

Topic က Structural Identification အပိုင်းဖြစ်ပါတယ် …
၅ ထပ်တိုက်နဲ့ ၁၀ ထပ်တိုက် (၂) လုံးကိုလုပ်ပြထားပါတယ်

Structural Dynamic အခြေခံသင်ဖူးတဲ့
Civil Engineer နဲ့ Structure Engineer တွေအတွက်
လေ့လာစရာကောင်းတဲ့ Presentation လေးတစ်ခုပါပဲ ..

ဒါလေးမြင်မှ Structural Dynamics ကို
တီချယ်ကြီးနဲ့ သာ မြန်မာလို သင်ကြားခွင့်ရခဲ့ရင် ..
ကောင်းမယ်လို့ နှမြောတသသတွေးမိပါသေးတယ် …

ဒါတွေက မြန်မာမှာ အထူးသဖြင့် facebook လို
Digital Platform မှာ Structural Engineer တွေလည်း
သိပ်ပြောလေ့ပြောထရှိကြတဲ့ topic မျိုးမဟုတ်ပါဘူး …

• Frequency Band
• Estimating Rayliegh damping
• FFT (Fast Fourier Transform)
• Structural Health Monitoring

တကယ်လို့တီချယ်ကြီးနဲ့ စာသင်ခဲ့ဖူးတဲ့သူတွေရှိရင်လည်း
Powerpoint လေးတွေ ပြန်မျှဝေပေးဖို့တောင်းဆိုပါတယ် ..

မြန်မာက စီနီယာအင်ဂျင်နီယာကြီးတွေထဲမှာလည်း
SI (and/ or) SHM တွေလုပ်နိုင်၊ လုပ်ခဲ့ဖူးတဲ့သူတွေ
ရှိခဲ့ဖူးတယ်ဆိုတာ Next Gen တွေသိစေချင်လို့ပါ …

ကျနော်တို့တွေကိုယ်တိုင် ဘာလို့မသိခဲ့လဲဆိုတာလဲ
တစ်ချက်ပြန်တွေးမိပါတယ် … အားနည်းချက်ကတော့
အားလုံးတစ်စုတစ်စည်းထဲ knowledge transfer လုပ်လို့
ရနိုင်တဲ့ နေရာကောင်းကောင်းမရှိခဲ့တာလို့ပဲမြင်ပါတယ် …
(အခုထိလည်း ရှိလာဖို့တော့လဲမမြင်သေးပါဘူး … )

တီချယ်ကြီးကတော့ GSGDE ဆိုတဲ့
Group လေးကို initiate စလုပ်ခဲ့ပါသေးတယ် …
ဒါပေမယ့်လည်း covid မှာတီချယ်ကြီးဆုံးပါးသွားပြီး
နောက်မျိုးဆက်တွေလည်း ဆက်မလုပ်နိုင်တော့ပဲ
ရပ်တန့်သွားခဲ့ပါတယ် …

ဘာပဲဖြစ်ဖြစ် တီချယ်ကြီး Tin Tin Win ကိုတော့ …
Civil Engineer လောကရဲ့ ကြယ်တစ်ပွင့်အဖြစ်မှတ်မိနေမှာပါပဲ …

✅ Deadline for Download Link (30.9.2026)
https://drive.google.com/drive/folders/1cSxgQyJz9amDL06FYGOZqGm9QkgDMQ8p?usp=sharing

(Download ဖို့ request ကိုနှိပ်လိုက်ပါ)

Posted on 27.9.2026
Millimetre - Training & Design Group

26/09/2026

minimum column = C12x12 နဲ့လုံလောက်ပြီလား ?

Structural Design by Millimetre Team …
26/09/2026

Structural Design by Millimetre Team …

Tomorrow Sunday 27.9.2026
26/09/2026

Tomorrow Sunday 27.9.2026

China က ကူမင်းလေဆိပ်ကလည်း Seismic Isolation System … နဲ့ပါပဲ … Vibration ဒဏ်ကိုလည်း မူလထက် 50% .. Seismic ဒဏ်ကိုလည်း 50%...
25/09/2026

China က ကူမင်းလေဆိပ်ကလည်း
Seismic Isolation System … နဲ့ပါပဲ …

Vibration ဒဏ်ကိုလည်း မူလထက် 50% ..
Seismic ဒဏ်ကိုလည်း 50% လျှော့ချပေးတယ် …

ဒါမျိုး Design လက်ရာကို လွန်ခဲ့တဲ့ .. ၁၄ နှစ်၊
2008 ကတည်းက လုပ်ခဲ့ကြတာဖြစ်ပါတယ် …

Structural Design ကိုတော့ …
နာမည်ကြီး Design Firm - Arup ကလုပ်တာပါ

Architect Firm -
Skidmore, Owings & Merrill (SOM).

ထူးခြားချက်က .. ပြတ်ရွေ့ (၂) ခုနဲ့ ကပ်နေတာပါ
Xiaojiandng Fault နဲ့ 12 km ပဲဝေးပါတယ် …
Magnitude 7 to 8 အထိ လှုပ်နိုင်တဲ့နေရာမျိုးမှာ
ဒီလောက်ကြီးတဲ့ Airport Project ကိုလုပ်ထားတာပါ …

2012 ခုနှစ်အထိတော့ သူက one of the world's
largest single-story base-isolated buildings ပါပဲ ..

Facebook မှာ စာရှည်ရင်းမဖတ်ကြလို့ …
အသေးစိတ်ကိုတော့ မူရင်းမှာပဲ ဆက်ဖတ်ပါ …

Telegram > https://t.me/millimetretraining

Paper >https://wcee.nicee.org/wcee/article/14_05-01-0558.PDF

Posted on 25.9.2026
Engr. Aung Myat Thu

24/09/2026
GEM လဲ Ai နဲ့ ပေါင်းနေပြီ ..
22/09/2026

GEM လဲ Ai နဲ့ ပေါင်းနေပြီ ..

RAM-connection design https://www.facebook.com/share/p/1DgK1Fz1dv/
21/09/2026

RAM-connection design

https://www.facebook.com/share/p/1DgK1Fz1dv/

Steel Structure တွေမှာ
Connection Design ကအသက်ပါပဲ …

Steel Frame Design နဲ့ Steel Connection Design က
ခေါင်းနဲ့ပန်းလိုပဲ ခွဲထားလို့မရတဲ့ concept ဖြစ်ပါတယ် …

Page မှာမကြာခဏ တောင်းဆိုလာတဲ့သူတွေရှိလာလို့
RAM-connection design သီးသန့်စီစဉ်ပေးလိုက်ပါတယ်
စုစုပေါင်း .. lecture (၁၀) ခုပါဝင်ပါမယ် …

Day 1 – First step to Steel Structure Industry
Day 2 – Tension member
Day 3 – Compression member
Day 4 – Basic Connection Theory
Day 5 – Stability of Steel Structure
Day 6 – 2D Analysis
Day 7 – Base Plate (AISC Design Guide)

RAM 1 – Shear Connection
RAM 2 – Moment Connection
RAM 3 – Base Plate Connection

Training Fees = 1 lakh
Early Bird Fees = 0.7 lakh

✅Important Note✅
Early Bird Fees ရယူရန် … comment မှာ
Early Bird ဟုရေးပါ … ရေးပြီးအချိန်မှစ၍
24 hour အတွင်း သင်တန်းကြေးသွင်းရပါမယ် ..

Video Class ဖြစ်ပါတယ် …
1 year membership လေ့လာဖို့ (၁) နှစ်အချိန်ရမယ် ..

Video Class ဆိုပေမယ့် …
စာမေးချင်တာရှိရင် ဆရာဦးအောင်မြတ်သူကို
Zoom meeting (1 hour) request လုပ်နိုင်ပါတယ် ..

Viber မှ ဆက်သွယ်ရန် -
+66 992781605

21/09/2026

အဆောက်အဦ ဆောက်လုပ်ခွင့် လိုင်စင် ၊လက်မှတ်မရှိပဲ လုပ်ကိုင်ပါက ထောင် ၃ နှစ် ၊ ဒဏ်ငွေ သိန်း ၅၀ ချမှတ်ခံရမယ်

စက်တင်ဘာ ၂၁ ၊ ၂၀၂၆
CC (VOM)

အဆောက်အဦဆောက်လုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်၊လက်မှတ် မရှိပဲ ဆောက်လုပ်ပါက ဥပဒေအရ ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ၊ ဒဏ်ငွေ သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရမယ်လို့ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅၈ အရ သိပါတယ်။

ပုဒ်မှာ ၅၈ မှာ ပြဌာန်းထားတာက မည်သည့်တည်ဆောက်သူ၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တတိယအဖွဲ့အစည်းမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရဆိုပြီး ရေးထားပါတယ်။

အဲဒီအချက်ကို ဖောက်ဖျက်ကျုးလွန်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

" အခု အင်ဂျင်နီယာတွေလဲ လက်မှတ် အပြေးအလွှားလုပ်နေရတယ် ။ အင်ဂျင်နီယာ မဟုတ်တဲ့လူတွေလဲ ကန်ထရိုက် လိုင်စင်နဲ့ Company ထောင်ဖို့ လုပ်နေရတယ် ဆောက်ပေးမယ့် လူကလဲ လက်မှတ်၊လိုင်စင်မရှိရင် ဆောက်ပေးခွင့်မရှိဘူး။ အိမ်ရှင်ကိုယ်တိုင်ဆောက်ရင်တောင်ဆောက်ပေးမယ့် တာဝန်ခံက လက်မှတ်ရှိရမယ်။ ရပ်ကွက်ထဲ ဆောက်တဲ့လူတွေလဲ လက်မှတ်လိုမယ်။ ကန်ထရိုက်တာလိုင်စင်။ Company လိုင်စင်လိုမယ်။ " လို့ အင်ဂျင်နီယာ တယောက်က ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ အဆောက်အဦ ဆောက်လုပ်မယ့် အင်ဂျင်နီယာတွေအနေနဲ့ အင်ဂျင်နီယာကောင်စီလက်မှတ် နဲ့ စည်ပင်ကထုတ်ပေးတဲ့ အသိအမှတ်ပြုလုပ်ငန်းလိုင်စင် လက်မှတ် ရှိဖို့လိုအပ်တယ်လို့ သိရပါတယ်။

အင်ဂျင်နီယာမဟုတ်တဲ့ အခြား ဆောက်လုပ်ရေးလုပ်ငန်းရှင် ၊ ကန်ထရိုက်တွေကတော့ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ တရားဝင်မှတ်ပုံတင်ထားခြင်း ၊ အိုးအိမ်ဌာနက ထုတ်ပေးထားတဲ့ ကန်ထရိုက်တာလိုင်စင်၊ စည်ပင်ဌာနက ထုတ်ပေးတဲ့ အသိအမှတ်ပြုလုပ်ငန်းလိုင်စင် လက်မှတ် လိုအပ်တယ်လို့ ကနဦးသိရပါတယ်။

ဒါပေမယ့် လက်ရှိမြေပြင်မှာက ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ခွင့်အတွက် လုပ်ငန်းလိုင်စင် ၊ လက်မှတ် လျှောက်ထားရာမှာ အသိအမှတ်​ပြု လက်မှတ်ထုတ်ထုတ်ပေးမှုက ကြာမြင့်မှုရှိနေတာကြောင့် အဆင်မပြေကြဘူးလို့ သိရပါတယ်။

" အခုအနေအထားက အကုန် ဘေးကြပ်နံကြပ်ဖြစ်ကုန်တာပေါ့လက်မှတ်လုပ်ဖို့ ငွေလိုမယ်အချိန်စောင့်ရမယ်။" လို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာအဆောက်အဦ ဆောက်လုပ်ခွင့် လုပ်ငန်းလိုင်စင် ၊ လက်မှတ်ရှိမှ ဆောက်လုပ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်ကြောင့် ကန်ထရိုက်တာတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ဒါအပြင် ပုဒ်မ ၅၉ အရလည်း မည်သူမျှ တည်ဆောက်ရေးလုပ်ငန်းအတွက် ခွင့်ပြုချက်ရရှိရန် တင်ပြရာမှာ မမှန်ကန်တဲ အထောက်အထားတွေနဲ့ တင်ပြလျှောက်ထားပါကလည်း ငွေဒဏ် သိန်း ၁၀၀ ထက်မပိုသောငွေဒဏ် ဖြစ်စေ ၊ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်လုံးချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

အလားတူ ပုဒ်မ ၆၀ အရ အဆောက်အအုံတည်ဆောက်ရာမှာလည်း မူလခွင့်ပြုသတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံပါ အထပ်အမြင့် သို့မဟုတ် အထပ်အရေအတွက်ထက်ကျော်လွန်ပြီး တည်ဆောက်ပါက ထောင် ၃ နှစ်ချမှတ်ရမယ့်အပြင် ငွေကျပ်သိန်း ၂၀၀ ထက်မပိုသော ဒဏ်ငွေနဲ့ မူလခွင့်ပြုသတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံထက် ကျော်လွန်တည်ဆောက်ထားတာကို ဖျက်သိမ်းရမယ်လို့ ပြဌာန်းထားပါတယ်။

ဓာတ်ပုံ - ဝန်ကြီးဌာန

VOM TelegramChannel: https://t.me/VOMNEWS2023/26633

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.



#ဆောက်လုပ်ရေးကဏ္ဍ #ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ #တည်ဆောက်ခွင့်လက်မှတ် #အင်ဂျင်နီယာ #ကန်ထရိုက်တာ

ပိတ်ရက်မှာ အလကားမနေပဲ .. Machine Learning … စလေ့လာဖို့ … သင်တန်းတစ်ခု join ထားဖြစ်တယ် … Ai ထက် .. Automation အပိုင်းကိုတ...
20/09/2026

ပိတ်ရက်မှာ အလကားမနေပဲ ..
Machine Learning … စလေ့လာဖို့ …
သင်တန်းတစ်ခု join ထားဖြစ်တယ် …

Ai ထက် .. Automation အပိုင်းကိုတော့ ….
ပိုပြီး လက်တွေ့ ကိုယ်တိုင် လုပ်တတ်ချင်မိပြီ ..

1950 နဲ့ 2050 အထိ နှစ် ၁၀၀ ကာလကြားမှာ
ရောက်နေတာဖြစ်လို့ လိုက်ရင် မှီပါသေးတယ် …

Super Intelligence (S.I) မပေါ်မချင်းမှီသေးတယ်။

20.9.2026

ที่อยู่

Ban Bang Na

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Millimetre - Structural Engineer โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Millimetre - Structural Engineer:

ทางลัด

แชร์