24/08/2026
ပုဂံဘုရားများ ဗိသုကာစစ်တမ်း မေတ္တာလက်ဆောင်
၂၄၊ ဩဂုတ်၊ ၂၀၁၆ မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးပြီးနောက် ပြုလုပ်ခဲ့တဲ့ Bagan Architecture Inventory – 2016 မှ ထွက်ပေါ်လာတဲ့ ရလဒ်များ၊ အချက်အလက်များကို ငလျင်တစ်နှစ်ပြည့်အဖြစ် ၂၇၊ ဩဂုတ်၊ ၂၀၁၇ တွင် ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှု ၁၀ နှစ်ပြည့်မှာတော့ BAI-2016 မှ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အချက်အလက်များနဲ့အတူ စစ်တမ်းလုပ်ငန်း လုပ်ဆောင်ခဲ့ကြပုံများ ပါဝင်တဲ့ “ပုဂံဘုရားများ ဗိသုကာစစ်တမ်း” စာအုပ် ထုတ်ဝေနိုင်ခဲ့ပါပြီ။ Bagan Architecture Inventory - 2016 မှာ ပါဝင်ခဲ့တဲ့ ဗိသုကာများအားလုံးရဲ့ အားထုတ် ကူညီဆောင်ရွက်ခဲ့ကြမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ပါဝင်ခဲ့သူများ အားလုံးကို “ပုဂံဘုရားများ ဗိသုကာစစ်တမ်း” စာအုပ် မေတ္တာလက်ဆောင် ပေးသွားမှာလည်း ဖြစ်ပါတယ်။
မိမိတို့ရဲ့ အားထုတ်ကူညီ ဆောင်ရွက်ခဲ့မှုကတဆင့် ရရှိလာတဲ့ ရလဒ်၊ အချက်အလက်များကို လေ့လာသိမ်းဆည်းထားဖို့၊ ကြုံတောင့်ကြုံခဲ စစ်တမ်းကောက်ယူမှု လုပ်ငန်းစဉ်မှာ တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့မှုကို အမှတ်တရ သိမ်းဆည်းထားနိုင်ဖို့၊ စာအုပ်လေးကို ပြန်တွေ့ရတဲ့အခါတိုင်း BAI-2016 မှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ကာလအပိုင်းအခြား၊ အမှတ်တရတွေဆီ ပြန်လည်ရောက်ရှိသွားသလို ခံစားနိုင်ဖို့ “ပုဂံဘုရားများ ဗိသုကာစစ်တမ်း” စာအုပ် မေတ္တာလက်ဆောင် ဒီနေ့က စပြီး ထုတ်ယူနိုင်ပါပြီ။
🎁 စာအုပ် မေတ္တာလက်ဆောင် ထုတ်ယူရန် 🎁
BAI-2016 မှာ ပါဝင်ခဲ့တဲ့ ဗိသုကာများအနေနဲ့ ဖော်ပြပါ နေရာများသို့ ဆက်သွယ်ပြီး စာအုပ်လက်ဆောင်များ ထုတ်ယူနိုင်ပါပြီ။
👉 မြန်မာနိုင်ငံ ဗိသုကာအသင်း
AMA Page Messenger
https://m.me/1167664579760731
📧 [email protected]
☎️ 09 265465884
🗓️ ရုံးဖွင့်ရက်
တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ
ဗုဒ္ဓဟူး (WFH)
🕙 ရုံးချိန်
မနက် ၁၀ နာရီမှ ညနေ ၃ နာရီ
📌 အမှတ် ၂၂၈/၂၃၄၊ တတိယထပ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။
👉 BAI-2016 Page Messenger
https://m.me/100064499569853
👉 ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်းစာအုပ်တိုက်
Contempo-Horizon Messenger
https://m.me/725360620653221
#ပုဂံဘုရားများဗိသုကာစစ်တမ်း